أول 200 سطر.
သမီးမွေးလာတည်းက..
ဖေဖေကသမီးအတွက်တော့..
အကောင်းဆုံးဖခင်ပါပဲ
သမီးပြောချင်တာကတော့ ဖေဖေ့ကိုအရမ်းချစ်ပါတယ်
မိုက်ကယ်ဂျက်ဆင်ရဲ့ လွမ်းဆွတ်ခြင်းအခမ်းအနားမှာ
ပရိသတ်သန်းပေါင်းများစွာဟာ
သမီးဖြစ်သူရဲ့နာကျင်မှုကို မျှဝေခံစားခဲ့ကြပါတယ်
သူ့ရဲ့အချိန်မတိုင်ခင်သေဆုံးမှုအပေါ်
အကြီးအကျယ်ငြင်းခုံရင်း နာကျင်မှုက ဆက်လက်အဓွန့်ရှည်ခဲ့ပါတယ်
၂ နှစ်ကြာပြီးနောက် လော့စ်အိန်ဂျလိစ်မြို့မှာ ၆ ပတ်ကြာစစ်ဆေးပြီး
မိုက်ကယ်ဂျက်ဆင်ရဲ့ဆရာဝန် ကွန်ရတ်ဒ်မာရေးကို
အသက် ၅၀ အရွယ် မိုက်ကယ်သေဆုံးမှုအတွက် အပြစ်ရှိကြောင်း အမိန့်ချခဲ့ပါတယ်
မာရေးဟာ မိုက်ကယ်ဂျက်ဆင်ကို အရိုပိုဖော အန္တရာယ်ရှိတဲ့ပမာဏ..
ထိုးသွင်းခဲ့ကြောင်း တရားရုံးမှ တွေ့ရှိခဲ့ပါတယ်
ဆေးရုံတွေမှာပဲ ခွင့်ပြုထားတဲ့ ပြင်းထန်တဲ့ မေ့ဆေးတစ်မျိုးဖြစ်ပါတယ်
မည်သည့် ကျွမ်းကျင်ဆရာဝန်မှ..
အရေးပေါ်အသက်ရှူလမ်းကြောင်းကိရိယာ မရှိဘဲ ဒီမေ့ဆေးကို ထိုးသွင်းမှာမဟုတ်ပါဘူး
ဟုတ်ကဲ့ ကျေးဇူးပါ
တကယ်ပျက်သွားပြီ
- ခင်ဗျားလုပ်လိုက်တာလား - မလုပ်ပါဘူး
- သေချာလား - ဟုတ်ကဲ့
အထက်ပါလုပ်ရပ်အရ ကျွန်တော်တို့ ဂျုရီအဖွဲ့မှ
တရားခံ ကွန်ရတ်ဒ်ရောဘတ်မာရေးသည်
လူသေမှုတွင် မရည်ရွယ်ဘဲ အပြစ်ရှိကြောင်း တွေ့ရှိပါတယ်
ကွန်ရတ်ဒ်မာရေးကို ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပြီး
အန္တရာယ်ရှိသူလို့ အမည်တပ်ခဲ့ပါတယ်
ဆေးကုသခွင့် ပိတ်ပင်ခံရမှာပါ
မိုက်ကယ်ဂျက်ဆင်ရဲ့သူမတူတဲ့ဘ၀နဲ့
မမျှော်လင့်တဲ့သေဆုံးခြင်း ပုံပြင်ဇာတ်လမ်းရှည်ကြီးဟာ
တခန်းရပ်ခဲ့ပါတယ်
အအောင်မြင်ဆုံး ဖျော်ဖြေသူလို့ တရားဝင်အသိအမှတ် ပြုခံထားရတဲ့..
အဆိုတော်တစ်ယောက်ရဲ့..
နောက်ကြောင်းဖြစ်ရပ်မှန်ကို လေ့လာခြင်းပဲဖြစ်ပါတယ်
မိုက်ကယ်ဂျက်ဆင်လောက် လူစိတ်ဝင်စားအောင် လုပ်နိုင်တဲ့သူ ရှားပါတယ်
အဆိုတော်ကောင်းတစ်ယောက် တေးရေးကောင်းတစ်ယောက်
ဖျော်ဖြေသူကောင်းတစ်ယောက်တင်မဟုတ်ဘဲ
အမြင်လှဖို့ရူးသွပ်သူတစ်ဦးပါ
သိပ်အံ့သြဖို့ကောင်းတဲ့သူပါ
သူ့ရဲ့ဘ၀ အနုပညာဟာ သူများနဲ့မတူဘဲ
ထူးကဲသာလွန်မှုတွေ ရှိနေပါတယ်
ကျွန်တော်တို့ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ ထူးခြားတဲ့ဘဝဇာတ်ကြောင်းနဲ့
အချိန်မတိုင်ခင်သေဆုံးမှုကို လေ့လာသွားမှာပါ
ဘယ်လိုအရာတွေကြောင့် သူဟာ ဒီလိုလူဖြစ်လာခဲ့လဲဆိုတာရောပေါ့
လွန်ခဲ့တဲ့နှစ် ၄၀ လုံး
ဘယ်အနုပညာရှင်မှ မိုက်ကယ်ဂျက်ဆင်လောက် လေးစားခံရခြင်းနဲ့ ဝေဖန်ခံရခြင်းမရှိခဲ့ပါဘူး
သမိုင်းတစ်လျှောက် အကျော်ကြားဆုံး ပေါ့ပ်ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး
မိုက်ကယ်ဂျက်ဆင်မှာ သူမတူတဲ့ပါရမီရှိပါတယ်
ဒါပေမဲ့ အငြင်းပွားချင်စရာဘ၀မျိုးမှာ နေထိုင်ခဲ့ပြီး
အငြင်းပွားချင်စရာသေဆုံးမှုနဲ့ သေဆုံးခဲ့တယ်
ဒေါက်တာကွန်ရတ်ဒ်မာရေးကို ရုံးတင်စစ်ဆေးနေစဉ်အတွင်း
မသေဆုံးခင်တစ်လလောက်အလိုတုန်းက
စိတ်ငြိမ်ဆေးတွေအများကြီးပေးခံထားရတဲ့ လေသံနဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ တိပ်ခွေကို..
တရားရုံးမှာ ဖွင့်ပြခဲ့ပါတယ်
အဲဒီတိပ်ခွေကိုမာရေးရဲ့တယ်လီဖုန်းထဲကနေ တွေ့ရှိခဲ့တာဖြစ်ပြီး
မိုက်ကယ်ဟာ သူ့ရဲ့အသက်ကို သူ့ဆရာဝန်လက်ထဲ
ဝကွက်အပ်ခဲ့တဲ့ သက်သေအဖြစ် အသုံးပြုစွဲချက်တင်ခဲ့ပါတယ်
ကျွန်တော့်ရဲ့ဖျော်ဖြေပွဲကနေ ပရိတ်သတ်တွေ ပြန်ကြတဲ့အချိန်မှာ..
တစ်သက်မှာတစ်ခါနွှဲရတဲ့ပွဲမျိုးလို့
သူတို့တွေ ပြောကြတာမျိုးကိုပဲ ကြားချင်ပါတယ်
နောက်ဆုံးထုချေချက်မှာတော့..
ဆရာဝန်ရဲ့ပေါ့ဆမှုကြောင့် ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်မှာ
ကြယ်ပွင့်အဆိုတော် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့
တရားလိုဘက်မှ စွပ်စွဲခဲ့ပါတယ်
ကလေးတွေရဲ့ဖခင်တစ်ဦး..
ကမ္ဘာကြီးရဲ့ပါရမီရှင်တစ်ဦး ဆုံးရှုံးလိုက်ရတာပါပဲ
ဂျက်ဆင်ဟာ ဆေးစွဲသူတစ်ဦးဖြစ်တာကြောင့် သူ့ကိုယ်သူ
ပရိုပိုဖောပမာဏ လွန်ကဲစွာထိုးသွင်းခဲ့လို့ သေဆုံးရတာဖြစ်တယ်လို့
တရားခံဘက်မှလည်း ထုချေခဲ့ပါတယ်
သူ့မှာသာ ဆရာဝန်ကောင်းတစ်ယောက်ရှိခဲ့ရင်
သေရမှာမဟုတ်လောက်ဘူးလို့ ကျွန်မထင်ပါတယ်
သူ့အသက်ကို လူမှားပြီး ပုံအပ်ခဲ့တယ်လို့ ယုံကြည်ပါတယ်
မိုက်ကယ် အဲဒီဆေးကိုသုံးနေတယ်ကြားတော့
ကျွန်တော့်မိတ်ဆွေဆရာဝန်တွေဆို လန့်ဖြန့်သွားကြတယ်
ဘာလို့လဲဆိုတော့ အဲဒီဆေးကို ဆေးရုံပြင်ပမှာ
ဘယ်တုန်းကမှ အသုံးပြုခွင့်မပေးခဲ့ဖူးဘူးလို့
သူတို့တွေ ပြောပြကြပါတယ်
ကိုယ့်နည်းကိုယ့်ဟန်နဲ့ သုံးမယ်ဆိုရင်..
ကြမ္မာဆိုးကို ဖိတ်ခေါ်တာပါပဲ
ဒေါက်တာမာရေးဟာ ဆရာဝန်နဲ့လူနာဆက်ဆံရေးရဲ့..
အခြေခံအကျဆုံးမူတွေကို ချိုးဖောက်ခဲ့တယ်
ဆိုးရွားတဲ့ မေ့လျော့ပျက်ကွက်မှုပါ
မိုက်ကယ်ဂျက်ဆင်လိုလူမျိုးဟာ ဆရာဝန်ကောင်း တစ်ယောက်တော့ ရှိခဲ့သင့်တယ်
ဒေါက်တာမာရေး ထောင်ကျခြင်းနဲ့အတူ..
လူတချို့အတွက်ကတော့ မိုက်ကယ်ဟာ သူ့ကိုယ်သူ သတ်သေခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့
စွပ်စွဲချက်တွေကို မှားယွင်းကြောင်း
သက်သေပြနိုင်ခဲ့လို့ စိတ်သက်သာရာရခြင်းနဲ့အတူ
ဒေါသတွေလည်း ရောပြွန်းခဲ့ပါတယ်
သူ့အတွက်တော်တော်ခက်ခဲခဲ့တယ်
သတ်သေတာမျိုးတော့ သူမလုပ်လောက်ဘူး ပထမတစ်ချက်က
သူ့အတွက်သိပ်အရေးပါတဲ့ သူ့သားသမီးတွေကြောင့်ပေါ့
မိုက်ကယ် သူ့ကိုယ်သူအဆုံးစီရင်ခဲ့လားဆိုတာ မေးစရာမလိုတဲ့မေးခွန်းပါ
အချိန်မတိုင်ခင် အံ့အားသင့်ဖွယ် သေဆုံးခဲ့ရပေမဲ့
ပေါ့ပ်ဂီတရဲ့ဘုရင်လို့ လူသိများတဲ့
မိုက်ကယ်ဂျက်ဆင်ရဲ့ဒဏ္ဍာရီဟာ
ဆက်လက်ရှင်သန်ခဲ့ပါတယ်
ဒီတော့ သူဘာကြောင့် ကမ္ဘာကျော်ခဲ့တာလဲ သူ့ဂီတကြောင့်လား
အကနဲ့ဖက်ရှင်ကြောင့်လား
လူအာရုံစိုက်ခံရတဲ့ လူနေမှုဘ၀ကြောင့်လား
ဘာတွေကြောင့် ကမ္ဘာသိအတိုင်းအတာတစ်ခုအထိ ရောက်ခဲ့တာလဲ
မိုက်ကယ်ဂျိုးဆက်ဂျက်ဆင်ကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၂၉ ရက်
အင်ဒီယာနားပြည်နယ် စက်မှုမြို့တော်ဂယ်ရီမှာ မွေးဖွားခဲ့ပါတယ်
မွေးချင်းကိုးယောက်မှာ ၇ နှစ်ယောက်မြောက်သား ဖြစ်ပါတယ်
မိုက်ကယ်ရဲ့ဖခင် သံမဏိစက်ရုံအလုပ်သမား ဂျိုးဆက်ဂျက်ဆင်ဟာ
သူ့သားသမီးတွေရဲ့ ဂီတပါရမီတွေကို သတိထားမိခဲ့ပြီး
ဂျက်ကီ ဂျမိန်း တီတိုနဲ့ မာလန်တို့ ပါဝင်တဲ့
မိသားစုတီးဝိုင်းကို ဖွဲစည်းခဲ့ပါတယ်
၁၉၆၃ ခုနှစ်မှာ
၅ နှစ်သားသာရှိသေးတဲ့ မိုက်ကယ်ဟာ တီးဝိုင်းမှာ ပါဝင်ခဲ့ပါတယ်
ဂျိုးဟာ သိပ်စည်းကမ်းကြီးသူတစ်ယောက်ပါ
မိုက်ကယ်နဲ့ညီအစ်ကိုတစ်သိုက်ကို တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်ခဲ့ပါတယ်
နာရီပေါင်းများစွာ သီချင်းတိုက်လေ့ကျင့်မှုတွေ လုပ်ရလို့
သာမန်ကလေးဘဝ လှုပ်ရှားမှုတွေအတွက် အချိန်သိပ်မရှိခဲ့ပါဘူး
ဂျိုးကိုတွေ့ဖူးလား
ဂျိုးကို အကြိမ်တချို့တွေ့ဖူးပါတယ်
နောက်ကော
မိုက်ကယ်ရဲ့အဖေဆိုပေမဲ့
သူတို့ကလုံးဝကိုကွာခြားတယ် မြေဖြူနဲ့ဒိန်ခဲလိုပဲ
ဂျိုးရဲ့နောက်ကြောင်းကိုကြည့်မယ်ဆိုရင် သူက..
အမေရိကန်အလယ်ပိုင်းက သိပ်ဆင်းရဲတဲ့ မြို့လေးမှာ ဂဟေသမားတစ်ယောက်ဖြစ်ခဲ့တာပါ
သူ့သားသမီးတွေကို အောင်မြင်ကျော်ကြားအောင်
နောက်ကနေ မြေတောင်မြှောက်တွန်းတင်ပေးခဲ့တာပါ
မိုက်ကယ်ကတော့ သူနဲ့လုံးဝ ဆန့်ကျင်ဘက်ပုံစံပါ
သူတို့သားအဖကြားက ဆက်ဆံရေးဟာ မနွေးထွေးခဲ့ဘူးလို့ မိုက်ကယ်ကိုယ်တိုင် ပြောခဲ့ပါတယ်
ဂျိုးက သူ့သားတွေ အောင်မြင်ရမယ်ဆိုတဲ့စိတ် ထက်သန်လွန်းတော့
အစမ်းလေ့ကျင့်လို့ သီချင်းဆိုပေါက်လေးတစ်ခုလွဲရင် သို့မဟုတ်
ကကွက်မှာ ခြေတစ်လှမ်းမှားရင်တောင်
ကြမ်းတမ်းတဲ့ ကိုယ်ထိလက်ရောက် အပြစ်ပေးမှုမျိုး ရှိနိုင်ပါတယ်
မိုက်ကယ်ကိုယ်တိုင်..
သူ့အဖေရိုက်ခဲ့လို့ ကြောက်ခဲ့ရတာတွေကို ပြောပြခဲ့တယ်
ဖြန်းခနဲနေအောင်ရိုက်တယ်လို့ ပြောပါတယ်
အစမ်းလေ့ကျင့်နေတဲ့အချိန်မှာ သူ့အဖေက ခါးပတ်တစ်ခုနဲ့
အနောက်မှာထိုင်ပြီး အမှားလုပ်ရင် ရိုက်ဖို့စောင့်နေတတ်တယ်တဲ့
ဒါပေမဲ့ တဖက်မှာလည်း သူ့အဖေကို လူတော်တစ်ယောက်လို့ ပြောခဲ့ပါတယ်
စင်ပေါ်မှာ ဒါမျိုးအထင်ကြီးလောက်စရာ တင်ဆက်နိုင်အောင်
စည်းကမ်းသွင်းပေးခဲ့တဲ့အတွက်ပေါ့
ကျွန်မလေ့လာမိသလောက်ကတော့ မိုက်ကယ်က အရမ်းကို ထိခိုက်လွယ်တဲ့..
အရမ်း အရမ်းကိုထိခိုက်လွယ်တဲ့သူမျိုးပါ
ဒီတော့ မိဘတွေက သိပ်ကိုစည်းကမ်းတင်းကျပ်ရင်တောင်..
တချို့ကလေးတွေက ခံနိုင်ရည်ရှိပြီး..
တချို့ကလေးတွေအပေါ်မှာတော့ သိပ်ကို သက်ရောက်မှုများပါတယ်
လူတွေက ဒီလိုတင်းကျပ်မှုမျိုးကို တုန့်ပြန့်ပုံ မတူကြပါဘူး
တခြားညီအစ်ကိုတွေနဲ့ယှဉ်ရင်
မိုက်ကယ်အပေါ် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်သလိုမျိုး
သူတို့မှာ မခံခဲ့ရဘူးလို့ ထင်ပါတယ်
သူ့အတွက် သိပ်ထိခိုက်နာကျင်ခဲ့ရတယ်
ပြီးတော့ အဲဒီခံစားချက်ကိုလည်း သူ့ဘဝတစ်လျှောက်လုံး သယ်သွားတာ
သူ့အဖေက သူ့ကို ဖိအားပေးတယ် တွန်းအားပေးတယ်
ဒါပေမဲ့ သားတစ်ယောက်လို ဘယ်တုန်းကမှ မဆက်ဆံခဲ့ဘူး
သူ့အဖေအကြောင်းပြောတိုင်း သူ့မျက်နှာက ရှုံ့မဲ့သွားတယ်
သူ့အဖေနဲ့ပတ်သက်ပြီး သိပ်ကိုစိတ်ဖိစီးခဲ့တယ်ဆိုတာ
သူ့မျက်နှာမှာ မြင်နိုင်ပါတယ်
အဲဒါက သူ့အပေါ်မှာ ထိခိုက်တဲ့ သက်ရောက်မှု တကယ်ကိုရှိခဲ့ပါတယ်
ကလေးတစ်ယောက်နဲ့ မမျှအောင်လုပ်ခဲ့ရတယ်လို့ မိုက်ကယ်ပြောခဲ့ပါတယ်
ဒါပေမဲ့ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ သိပ်ကိုပျော်ရွှင်စွာ
သီချင်းတွေ သီဆိုကခုန်ခဲ့ရတယ်လို့လည်း ပြောပါတယ်
သူ့ရဲ့ငယ်ဘဝအကြောင်းကို ကျွန်မနဲ့ဆွေးနွေးခဲ့ဖူးတယ်
သူ့ငယ်ဘဝနဲ့ပတ်သက်ပြီး တော်တော်ပွင့်လင်းတယ်လို့ ကျွန်မထင်တယ်
သူတို့သားအဖကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး
လူတွေသိပ်မသိကြတာက သူ့အဖေကြောင့် နာကျင်မှုတချို့ရှိခဲ့ပေမယ့်
သူ့အဖေကို သူခွင့်လွှတ်တယ်ဆိုတာကိုပါ
သူ့ဆုံးသွားရချိန်မှာလည်း
သူ့အဖေနဲ့သူ သိပ်ကို ဆက်ဆံရေးပြေလည်နေခဲ့ပါတယ်
ကိစ္စအများစုကလည်း ဟိုးအရင်က ဖြစ်ခဲ့တာဆိုတော့.. ကျွန်မထင်ပါတယ်
အဲဒီတော့ မိုက်ကယ် ခွင့်လွှတ်ခဲ့ပါတယ်
သူ့အဖေသာ အဲဒီလိုမလုပ်ခဲ့ဘူးဆိုရင် မိုက်ကယ်ဂျက်ဆင်ဆိုတာလည်း
ရှိလာမှာမဟုတ်ဘူးလို့ ထင်တယ်
သူ့အဖေကို အပြစ်တင်တဲ့သူတွေထဲမှာ ကျွန်တော်မပါပါဘူး
သိပ်ဆင်းရဲတဲ့မိသားစုကို စောင့်ရှောက်ခဲ့ရတယ်
သူတွေ့တဲ့ ပါရမီကို ဆုပ်ကိုင်ပြီး
ကမ္ဘာကြီးကို ချပြခဲ့တယ်
မိုက်ကယ် အသက် ၈ နှစ်လောက်မှာ
အဖွဲ့ရဲ့ပင်တိုင်အဆိုတော်ဖြစ်လာပါပြီ
ဂျက်ဆင်ညီအစ်ကိုများဆိုတဲ့ အဖွဲ့နာမည်ကို ဂျက်ဆင် ၅ ယောက်လို့ ပြောင်းခဲ့ပြီး
အမေရိကန်အနောက်အလယ်ပိုင်းက ကလပ်တွေမှာ လှည့်လည်ဖျော်ဖြေခဲ့ပါတယ်
ဂျိုးဂျက်ဆင်က သူ့ရဲ့သားတွေကို ကြယ်ပွင့်တွေဖြစ်လာအောင် လုပ်မယ်ဆိုတဲ့
လုံးဝကို သေချာခိုင်မာတဲ့စိတ်မျိုး ရှိခဲ့တယ်
ကျွန်တော်ထင်တာတော့ မိုက်ကယ်က ညီအစ်ကိုတွေကြားထဲမှာ
သိသိသာသာကို ပါရမီအထူးခြားဆုံးဖြစ်နေတာက
သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ခဲ့တယ်ထင်တယ်
ဘာလို့လဲဆိုတော့ သူနဲ့မိုက်ကယ် ဘယ်တုန်းကမှ တရင်းတနှီးမရှိခဲ့ဘဲ
မိုက်ကယ်ကိုလည်း အမြဲတမ်း အတင်းကျပ်ဆုံးဆက်ဆံခဲ့တယ် ထင်ပါတယ်
မိုက်ကယ်ဟာ ငယ်ရွယ်တဲ့ဖျော်ဖြေသူတစ်ယောက်အနေနဲ့ အသိအမှတ်ပြုလောက်စရာ
အရည်အချင်းကို ပြသနေခဲ့ပါပြီ
ထူးကဲတဲ့အကနဲ့ ခံစားချက်ပါပါ တင်ဆက်မှုတွေကြောင့်
ပရိသတ်တွေရဲ့ နှစ်သက်မှုကို ခံခဲ့ရပါတယ်
မိုတောင်းရဲ့သီချင်းတွေနဲ့ ဂျိမ်းစ်ဘရောင်းရဲ့ I Got You သီချင်း တင်ဆက်မှုတွေနဲ့အတူ
ဒေသတွင်းပြိုင်ပွဲကြီးတစ်ခုမှာ အနိုင်ရခဲ့ပြီးနောက်..
ဂျက်ဆင် ၅ ယောက်အဖွဲ့ကို ဘယ်ရီဂေါ်ဒီက အစဉ်အလာကြီးတဲ့
မိုတောင်းတေးသံသွင်းအတွက် စာချုပ်ချုပ်ခဲ့ပါတယ်
စမုတ်ကီရော်ဘင်ဆင်ရဲ့ Who's Loving You သီချင်းကို သူဆိုနေတာ ပထမဆုံးကြားခဲ့တာ..
သူ ၁၀ နှစ်သားပေါ့..
သူဆိုပုံက ဒီကိုအရင်က ရောက်ခဲ့ဖူးသလိုပဲ
ဒီသီချင်းနဲ့ နှစ် ၅၀ လောက် အကျွမ်းတ၀င်ရှိခဲ့သလိုပဲ
နာကျင်မှုတွေ နှိပ်စက်ခံရသလိုခံစားချက်တွေကို သီချင်းထဲထည့် သီဆိုနိုင်ခဲ့တယ်
စာသားတွေထဲ ခံစားချက်တွေပါအောင် ဆိုခဲ့တယ်
မိုက်ကယ်က သိပ်ကို တော်တဲ့သူပါ
အဖွဲ့က တဟုန်ထိုးနာမည်ရလာခဲ့တယ်
သူတို့ရဲ့ I Want You Back ဆိုတဲ့ ပွဲဦးထွက်သီချင်းဟာ
အမေရိကန်တစ်နိုင်ငံလုံးမှာ နံပါတ် ၁ ချိတ်ခဲ့ပြီး
အချပ်ပေါင်းသန်းချီ ရောင်းချခဲ့ရတယ်
No comments yet. Be the first to leave one.