Magic Hour : The Series - First Season

Magic Hour : The Series - First Season

تنزيل الترجمة Burmese

الموسم 1

معلومات الإصدار

Magic Hour Season 1 Episode 08 Myanmar(Zawgyi)
تعليق من kikywebsite
အခန်း ၈ နင်က ငါ့ရဲ့အရုဏ်ဦးနေခြည်

الوسوم

other
نشرت في: 2019-04-15
تنزيلات: 6
ضعاف السمع: No

معاينة ترجمة Burmese

أول 200 سطر.

မင်းကို ယောက်ျားကတိတောင်းတာပါ

ရိန်နာ့ကို ဘဝမှာတစ်ယောက်တည်း ဘာကိုမှရင်မဆိုင်ခိုင်းပါနဲ့

မင်းကိုယ်မင်းဂရုစိုက်တာထက် သူ့ကို ပိုဂရုစိုက်ပါ

ရန်ဂါ

ရန်ဂါ ဘာဖြစ်တာပါလိမ့်

ဘာမှမဖြစ်ပါဘူး ငါအခုချက်ချင်းမသေသေးပါဘူး ရိန်

ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ

ငါက နင့်ကို နောင်နှစ်ပေါင်း ၁၀၀၀ အထိ ငါနဲ့အတူတူရှိစေချင်တာ

အဲဒါကြောင့် အဲဒီဓာတ်ပုံကြီးကို ဘေးချထားသင့်တာပေါ့

ဒီလိုလုပ်တာ ငါ့သက်တမ်းကို တိုအောင်လုပ်နေတာပဲ

ရန်ဂါ တော်ပါတော့ အဲဒီလိုမပြောပါနဲ့

ဘယ်လိုလုပ် စိတ်မပူဘဲနေနိုင်မှာလဲ နင်က ငါ့ကို ဆေးကုသမှုအကြောင်း

ဆရာဝန်အကြောင်းနဲ့ ဘယ်ဆေးရုံလဲဆိုတာတွေမှ မပြောတာ

စိတ်အေးအေးထားပါ

ငါ့ကို ပရော်ဖက်ဆာ ဒေါက်တာဆူရိုတို ကုပေးနေတာ

ဒီတစ်ဝိုက်မှာ အတော်ဆုံးဆရာဝန်ပဲ အားလုံးအဆင်ပြေပါတယ်

ဟုတ်ပြီလေ ဒါဆိုလည်း ငါ သူနဲ့တွေ့လို့ရမလား

နင့်ရဲ့ကုသမှုနဲ့ပတ်သက်ပြီး ရှေ့လျှောက်အစီအစဉ်လေး သိချင်လို့

ဆေးသွင်းကုသမှာလား ဒါမှမဟုတ်..

ခဏလေးပါပဲ နော်

အင်း.. ခက်တာက အခု သူ အနားယူနေတယ်တဲ့

- ဒါပေမဲ့ ငါစိတ်ပူတယ်လေဟာ - စိတ်ပူမနေပါနဲ့တော့

ဒီမှာ.. မီသာကိုယ်ဝန်ရတယ်လို့ ငါပြောတုန်းက ယုံခဲ့ပြီး

အခုကျတော့ မယုံနိုင်ဘူးလား

ကဲ.. ဟုတ်ပြီနော်

အခန်း ၈ နင်က ငါ့ရဲ့အရုဏ်ဦးနေခြည်

မစ်.. ငါသွားတော့မယ် မိုးချုပ်နေပြီ

မစ်ရေ မစ်

အဲဒါ ရိန်နာလား

ဟုတ်တယ်

နင့်ဖုန်းထဲမှာ ဘာလို့သူ့ပုံရှိနေတာလဲ

မသိဘူး ငါ့အဖေမိန်းမ ပို့လိုက်တာ

ဘာလို့ ပို့လိုက်မှန်းတော့မသိဘူး

- မေးလိုက်လေ - အင်း မေးမယ်

နင့်ကိုယ်ဝန် ပိုပြီးရင့်မလာခင်

နင့်မိသားစုနဲ့ သွားတွေ့ကြတာ ကောင်းမယ်မထင်ဘူးလား

စဉ်းစားကြည့်ပါဦး စင်ဒီရယ် ငါ့ကိုများ ခြိမ်းခြောက်ရဲရတယ်လို့

တကယ်အပြစ်ရှိတဲ့သူက သူဖြစ်ပြီး ခံရသူယောင်ဆောင်နေတယ်

ငါ့ကို အနှောင့်အယှက်ပေးပြီး ရှိသမျှတွေလုယူသွားတာ သူပါ

ဒီစာထဲမှာရေးထားတဲ့ပုံက ငါကပဲ အကုန်လုံးလုယူသွားသလိုလိုနဲ့

ဒီမိန်းမ တကယ်ရူးနေတာမဟုတ်ဘူးလား

ဟုတ်ပါတယ် ဒါပေမဲ့ နင်စိတ်ရှည်ရမယ် ဖလော်ရာ ဒေါသထွက်နေရင် သူနဲ့ရင်မဆိုင်နိုင်ဘူး

သူက ကြံရာမရဖြစ်ပြီး ထိတ်ပြာနေတာ

ဟုတ်တယ် ဟုတ်တယ် နင်ပြောတာမှန်တယ်

ဒါပေမဲ့နော် သူက ဂွင်နီနဲ့

ရိန်ချယ်တို့ပုံတွေ ယူသွားရဲသေးတာ

တကယ်ယူသွားတာ

တစ်နေ့ ငါ့သမီးလေးကို လုမပြေးဘူးလို့ ဘယ်သူပြောနိုင်မလဲ

အပြောအဆိုဆင်ခြင်နော် စကားနောက် တရားပါတတ်တယ်

ဒေါသထွက်နေတယ်ဆိုပေမယ့်လည်း စကားပြောတာ ဆင်ခြင်ဦး

နင်က အမေပဲလေ မဟုတ်ဘူးလား

ဒီလိုလုပ်နေမယ့်အစား ဂွင်နီနဲ့ ရိန်နာ့ကို ပိုဂရုစိုက်သင့်တယ်

ငါ့ကလေးတွေနဲ့ ခွဲရမှာ ငါအရမ်းကြောက်တာပဲ

သူက ဂွင်ချယ်နဲ့ ရိန်ချယ်နှစ်ယောက်လုံးကို နှောင့်ယှက်နေတာ

ငါ့တစ်သက်လုံး သူတို့အတွက် ပေးဆပ်လာတာ နင်လည်းသိပါတယ်

သိပါတယ် ဖလော်ရာရယ် စိတ်အေးအေးထားပါ

နင့်ကလေးတွေနဲ့ နင့်ကို ဘယ်သူကမှ မခွဲနိုင်ပါဘူး

နင်က သူတို့ရဲ့အမေအရင်းပဲ ဟုတ်ပြီလား

ဘာမှစိတ်မပူနဲ့ အိုကေ

အင်းပါ ကျေးဇူးတင်ပါတယ်နော် စင်ဒီ

ရှင့်မက်ဆေ့ခ်ျကို စာပြန်တာ စိတ်ဝင်စားလို့ အရေးလုပ်လို့မဟုတ်ဘူး

အဲဒီပုံ ကျွန်မကို ဘာလို့ပို့လဲဆိုတာနဲ့ သူဘယ်သူလဲဆိုတာပဲ မေးချင်တယ်

အထက်စီးဆန်လိုက်တာ

ဒါပေမဲ့လည်း အနည်းဆုံးတော့ စာတော့ပြန်သားပဲ

သူက နင့်ညီမပဲ ထပ်သိချင်တယ်ဆိုရင် ငါနဲ့လာတွေ့ပါ

အန်တီဒါလီယာ့မှာ ကလေးရှိတယ်လို့ အဖေ တစ်ခါမှမပြောဖူးပါဘူး

ရိန်နာနဲ့ အန်တီဒါလီယာတို့ ဘယ်လိုပတ်သက်နေတာလဲ

ရိန်နာဆိုတာကော ဘယ်သူလဲ

- ဟယ်လို ပြောပါ - ရိန်နာ

တယ်ဂါ့ဆီက ဖုန်းနံပါတ်ရတာ နင်နဲ့တွေ့ချင်တယ်

အဲဒီနေရာမှာတော့ မတွေ့နိုင်ဘူး

ရန်ဂါ့ကို အသိပေးစရာမလိုဘူး

နင့်ကိုပြောချင်တာရှိတယ်

ဆောရီး မီသာ ပြောစရာရှိတယ်ဆို

ဘာရယ်မဟုတ်ပါဘူး

ရုတ်တရက် စိတ်ကူးပေါက်လာလို့ ငါတို့ချင်းသိပ်မရင်းနှီးသေးဘူးလေ

ငါတို့နှစ်ယောက်လုံး တူညီတဲ့ လူတချို့နဲ့ ပတ်သက်နေပေမယ့်ပေါ့

တယ်ဂါနဲ့ ရန်ဂါလေ

တယ်ဂါပေါ့

သူက စိတ်ထားသိပ်ကောင်းတဲ့သူ

အချိန်တိုလေးအတွင်းမှာပဲ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာတာ

- သူ့ကြောင့်သာမဟုတ်ရင်.. - ဒါဆို နင်က

ရန်ဂါက တယ်ဂါ့လောက် စိတ်ထားမကောင်းဘူးလို့ ထင်တာလား

ဒါဆိုလည်း ဘာလို့ ဆက်နေနေသေးလဲ

ငါနားမလည်တော့ဘူး နင်က ဘယ်သူများလဲ ရိန်နာ

နင့်လို တုံးအတဲ့မိန်းကလေးမျိုး ဘာလို့ ရှိနေတာလဲ

နင့်ကောင်လေးက နင့်အပေါ် သစ္စာမရှိမှန်းလည်း သိပြီးပြီပဲ

ဒါတောင်မှ နင် သူ့ကို ဆက်ပြီး ဖက်တွယ်နေတုန်းပဲ

အိုကေ ငါ ရန်ဂါ့ကိုယ်ဝန်ကို မလွယ်ထားဘူး

ဒါပေမဲ့ ရန်ဂါက ငါနဲ့အတူ တစ်ချိန်လုံးရှိခဲ့တာ

ဆိုလိုတာက နင့်ကို သစ္စာဖောက်ခဲ့တာ

ဒါဆို ငါနဲ့ တယ်ဂါက ဘာထူးလို့လဲ

နင်က တယ်ဂါ့ကို သစ္စာဖောက်ခဲ့တာ

တယ်ဂါလည်း သူ့ကလေးကို နင်မလွယ်ထားမှန်းသိတာတောင်

နင့်ကို မစွန့်လွှတ်သေးဘူးလေ

သူကော ငါ့လို အရူးပဲလား

ဘယ်သူက ပိုပြီးရူးလဲ

သစ္စာဖောက်ခံရမှန်း သိသိကြီးနဲ့ ဆက်တွယ်ဖက်ထားတဲ့ ငါတို့က ရူးတာလား

တယ်ဂါ့ဆီက အချစ်စစ်ကိုရထားတာတောင် ဖောက်ပြန်တဲ့ နင်က ရူးတာလား

ဒီကိစ္စ ပြီးသွားပြီလို့ ထင်ပါတယ်

ငါနဲ့ အမြင်ချင်းမတူတဲ့သူကို

မိတ်ဆွေအဖြစ် မထားနိုင်ပါဘူး

အထူးသဖြင့် အချစ်စစ်အချစ်မှန်ကို ရူးမိုက်တယ်လို့ ထင်တဲ့သူပေါ့

ခဏလေး ရိန်နာ တစ်ခုကျန်သေးတယ်

ဒါလီယာဆိုတာ နင်သိလား

ဒါလီယာလား

ဒီမှာ သူ့ပုံ

သူက ဒါလီယာတဲ့ ငါ့မိထွေး ဒီလူက ငါ့အဖေ

ငါက နင့်မိထွေးကို ဘာလို့သိရမှာလဲ

သူက ငါ့ကို ဒီဓာတ်ပုံပို့လိုက်လို့ပဲ

အဲဒါ ငါနဲ့ဂွင်နီ့ပုံပဲ

ဘယ်လိုလုပ်ပြီး နင့်မိထွေးဆီမှာ ငါတို့ပုံရှိနေရတာလဲ

ငါလည်း အဲဒါပဲမေးချင်နေတာ

နင်က ဒါလီယာနဲ့ ဘယ်လိုပတ်သက်နေတာလဲ

သူက နင့်အမေတော့မဟုတ်ပါဘူးနော်

ဒီလို.. ငါလာရတဲ့အကြောင်းရင်းက ဒီကိစ္စမေးချင်လို့

ဒါက ဘာသဘောလဲ

အဲဒီစာ ဘာလို့ရလဲ မင်းသိလား

ငါဖတ်ပြီးပြီ

မင်းရဲ့ဆန္ဒက ငါ့အတွက် တာဝန်ကြီးလွန်းတယ်

အဲဒီအချိန်မတိုင်ခင် ငါဖြည့်ဆည်းပေးနိုင်.. ငါသိချင်တာ

ဘာဖြစ်လို့လဲ

တစ်အချက် မင်းကို ငါယုံလို့

နှစ်အချက်ကတော့

ငါသေတော့မှာမို့လို့

ဟုတ်တယ် ငါသေရတော့မယ်

အဲဒီတာဝန်ကို မင်းယူနိုင်မလား

ရိန်နာလည်း အရွယ်ရောက်နေတဲ့သူပဲ

သူ့ကိုယ်သူ တာဝန်ယူနိုင်တယ်မဟုတ်ဘူးလား

သူက အရွယ်ရောက်ပြီးသားတော့ဟုတ်တယ်

ဒါပေမဲ့ သူ့ကို ငါချစ်တယ်

အစတုန်းက ငါ့အမြွှာညီအစ်ကိုက သူ့ကိုစောင့်ရှောက်ဖို့ တာဝန်ပေးခဲ့တာ

သူ ဒီကိုစရောက်လာတုန်းက ငါအရမ်းရက်စက်ခဲ့တယ် သူ့ကိုနှင်ထုတ်ခဲ့တယ်

ဒါပေမဲ့ သူက သိပ်ဖြူစင်တဲ့မိန်းကလေး

မင်းနဲ့လည်း သိကျွမ်းပြီးသား မင်းလောက်ကောင်းတဲ့သူလည်း

ရှိမယ်လို့ ငါမထင်ဘူး

ရိန်နာက မင်းကိုယုံတယ် ဒီတော့ ငါလည်းယုံကြည်မယ်

အဲဒါကြောင့် သူ့ကို မင်းစောင့်ရှောက်နိုင်မယ်လို့ ငါယုံတယ်

ဒီတာဝန်ကို မင်းလက်ခံနိုင်မလား

ဘာမှမပူပါနဲ့ ငါကတိပေးတယ်

နင့်ကလေးရဲ့အဖေ ငါဖြစ်ပေးမယ်

ငါကတိပေးတယ်

ရပါတယ်

ကျေးဇူးပါပဲကွာ

ပြောပါ

ဟယ်လို ဆေးရုံကဆက်တာပါ မစ္စတာရန်ဂါ့မိသားစုနဲ့ စကားပြောလို့ရမလား

ဟုတ်ကဲ့ ဒါပေမဲ့ ရန်ဂါ အခုမရှိဘူး သူအဆင်ပြေရဲ့လား

နောက်ဆုတ်

ရန်ဂါ.. ရန်ဂါ..

ရန်ဂါ

နေပါဦး ရန်ဂါ

ရန်ဂါ

ရိန်..

ငါက နင့်ရဲ့အချစ်ဦးမဟုတ်မှန်း ငါသိပါတယ်

ဒါပေမဲ့ ငါကတိပေးတယ်

နင့်ရဲ့နောက်ဆုံးအချစ်က ငါဖြစ်စေရမယ်

လူတစ်ယောက်ရှင်သန်ဖို့လိုတဲ့ အကြောင်းရင်းက နင်ပဲ

အဲဒီလူကလည်း ငါပဲ

ငါအခုချက်ချင်းမသေသေးပါဘူး ရိန်

ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ

ငါက နင့်ကို နောင်နှစ်ပေါင်း ၁၀၀၀ အထိ ငါနဲ့အတူတူရှိစေချင်တာ

ရန်ဂါ ထပါတော့

နောင်နှစ်ပေါင်း ၁၀၀၀ အထိ အသက်ရှင်နေမယ်လို့ နင်ကတိပေးထားတယ်လေ

ငါနဲ့အတူ ဂျာကာတာကို ပြန်လိုက်ခဲ့မယ်ဆို

ရန်ဂါ ထပါတော့ဟာ ငါတောင်းပန်ပါတယ် ထပါတော့

ရန်ဂါ ထပါဦး

ရန်ဂါ

ထပါဦး ရန်ဂါရယ် မေမေလေ သားလေး

ရိန်နာ

ဒါတွေအားလုံး နင့်အပြစ်တွေပဲ

ရန်ဂါ နေမကောင်းဖြစ်နေတယ်ဆိုတာ ဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ

ဘာဖြစ်လို့ ဘာမှမပြောခဲ့တာလဲ

သူနေမကောင်းဖြစ်နေမှန်းသာ သိခဲ့ရင် သူ့ကိုကုဖို့ ဘာမဆိုလုပ်ပေးမယ့်ဟာကို

ဒါပေမဲ့ နင့်ကြောင့်..

နင့်ကြောင့် အားလုံးအခါနှောင်းသွားပြီ

နင်က လူသတ်သမား

လူသတ်သမား

ရန်ဂါ

ရန်ဂါ

မကြာခင် နင်မြင်ချင်တဲ့အတိုင်း အရုဏ်ဦးနေခြည်ကို မြင်ရတော့မယ်

အရုဏ်ဦးနေခြည်ကို ကြည့်ရတာ နင့်အတွက် ပျော်ရွှင်မှုပဲလို့ ပြောဖူးတယ်နော်

ငါ့ကို ဒီခေါ်လာပေးတာ ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ရမှာ ငါပါ

နင်နဲ့ ဒီးမတ်စ်တို့ကျေးဇူးကြောင့် ငါအများကြီး သင်ခန်းစာရခဲ့တယ်

မျှော်လင့်ချက်လည်းရှိလာတယ်

နင်က ဒီမတ်စ်အတွက်.. တစ်စုံတစ်ယောက်အတွက် မျှော်လင့်ချက်မို့လေ

ဒီမတ်စ်က သူ့မျက်လုံးတွေပေးခဲ့လို့ နင် မြင်ခွင့်ရခဲ့တယ်

ငါက သူ့လောက်တော့ မပေးနိုင်ပေမယ့်

ဒီမတ်စ်မှာရှိခဲ့တဲ့အရာတွေ ငါ့ဆီမှာ ရှိပါတယ်

အဲဒီအရာတွေက ဘာလဲဆိုတော့ နင်နဲ့ မျှော်လင့်ချက်ပဲ

ကျေးဇူးတင်ပါတယ်

မျှော်လင့်ခြင်းကို ဘယ်တော့မှ မရပ်တန့်လိုက်နဲ့ ရန်ဂါ

ဘာလို့လဲဆိုတော့ မျှော်လင့်ချက်က

ငါတို့တွေကို ရှင်သန်စေတာလေ

မျှော်လင့်ချက်က အံ့ဖွယ်တွေကိုလည်း ဖန်ဆင်းပေးတယ်

နာကျင်မှုတွေကို လျော့ပါးစေပြီး အမြဲတမ်းပြုံးရယ်စေနိုင်တယ်

နင်ပြုံးနေတာကို မြင်ချင်ပါတယ် ရိန်

ငါက တစ်စုံတစ်ယောက်ပြုံးရယ်ရမယ့် အကြောင်းရင်းဟုတ်

တစ်စုံတစ်ယောက်တင်မကဘူး ကောင်းကင်ကြီးရောပဲ

အရုဏ်ဦးနေမင်းကြီး ထွက်လာတော့မယ်

التعليقات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left