أول 200 سطر.
နင်က ဘယ်သူလဲ
အခန်း ၂ မင်းကိုလွမ်းတဲ့အကြောင်းပြောချင်တယ်
ခုနက ဘယ်သူလဲ
လိပ်စာမှားနေတာ
ဒါဆိုဘာဖြစ်လို့ သူနဲ့ အကြာကြီး စကားပြောနေတာလဲ
သူရှာနေတဲ့သူ အိမ်ပြောင်းသွားတာကို ရှင်းပြနေတာ
ဒါပေမဲ့ သူ ဘဟာရှာအင်ဒိုနီးရှားစကား ပြောနေတာကိုကြားလိုက်တယ်
တော်တော်တိုက်ဆိုင်တယ်နော် လိပ်စာမှားတယ် သူက ဘဟာရှာစကားပြောနိုင်တယ်
ဒီတော့ ဘာဖြစ်လဲ
ဘယ်ဘာသာစကားပဲဖြစ်ဖြစ် အဆင်ပြေတယ် နင်နဲ့မဆိုင်ပါဘူး
အခု ဘယ်ကိုသွားရမှာလဲ ထရွိုင်နဲ့ ပြခန်းမှာတွေ့ရဦးမယ်
အဆင်ပြေလား
အမေက ရိန်နာ့ကို ဘာဖြစ်လို့ ဒီလွှတ်လိုက်တာလဲ
ဒီမှာသောက်လိုက် နွေးသွားလိမ့်မယ်
နင့်နာမည်က ရိန်နာလား
ဘာဖြစ်လို့လဲ ထူးဆန်းလို့လား
မဟုတ်ပါဘူး
အဆင်ပြေရဲ့လား မဟုတ်တာမေးမိတဲ့အတွက် တောင်းပန်ပါတယ်
အဆင်ပြေတယ်ဆိုရင် နင် ငိုမှာမှမဟုတ်တာ
နင့်စိတ်ထဲမှာ ပြောစရာရှိရင်
ပွင့်ပွင့်လင်းလင်းပြောနော်
ဒါပေမဲ့ ငါ့ကိစ္စတော့မဟုတ်ပါဘူး
ငါ့ကို ထီးဆောင်းပေးတဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်
ကျေးဇူးအများကြီးတင်ပါတယ် ဒီမှာ အင်ဒိုနီးရှားကလူနဲ့တွေ့ရတဲ့အတွက် ဝမ်းသာတယ်
ရပါတယ်
ငါသွားတော့မယ်
သေချာဂရုစိုက်ဦးနော် ဒါ ဂျကာတာမဟုတ်ဘူး
ထီးကို နင်ပိုလိုအပ်မှာပေါ့
နင် မိုးမိမှာပေါ့
ကိစ္စမရှိပါဘူး ငါက မိုးရေကြိုက်တယ်
မိုးရေက ပြဿနာအားလုံးကို ဆေးကြောပေးနိုင်တယ်
အဆင်ပြေလား
ဖွင့်ပေးမယ်
အကူအညီတွေဘာတွေလိုရင်..
ငါ့ကိုရှာလို့ရမယ့်နေရာကို နင်သိပါတယ်
ဖုန်းဆက်ဖို့ ဝန်လေးမနေနဲ့နော်
တာ့တာ
အခု ဘယ်ကိုသွားရမှာလဲ
အရုဏ်ဦးနေခြည် ဇာတ်လမ်းတွဲ
ဒိန်ချဉ် ခရစ်ပီ ဝေဖာ
အရင်ဆုံး ကျွန်မစဉ်းစားမိတာက..
ကျွန်မရဲ့နေ့ရက်တွေဟာ ဒီမတ်စ်ကို စတွေ့ခဲ့တုန်းကလိုပါပဲ
ကျွန်မစိတ်တွေရှုပ်ထွေးနေတယ် ရန်ဂါက ကျွန်မ ဒီလာတာကို ဘာဖြစ်လို့မကြိုက်တာလဲ
သူနဲ့ဒီမတ်စ်နဲ့ တော်တော်ကွာတာကို သိပါတယ်
ဒါပေမဲ့ ကျွန်မကိုသူတွေ့တဲ့အချိန်မှာ အရမ်းဒေါသထွက်သွားမယ်လို့ မထင်ခဲ့ဘူး
နယူးယောက်ကို သူပြန်မသွားခင်အချိန်ထိ သူကျွန်မကို ချစ်နေတယ်ဆိုတာ ခံစားမိတယ်
ဒါပေမဲ့ အခု သူက ကျွန်မကို ဖယ်ထုတ်လိုက်တာလား
ဒီနေရာကို သဘောမကျဘူး
ဘာကူညီပေးရမလဲရှင့်
- ရှင်နဲ့အတူ ဓာတ်ပုံရိုက်လို့ရမလား - ရပါတယ်
- ကျေးဇူးပါ - ရပါတယ်
ဘယ်လိုလဲ ဘာတွေအသည်းအသန်ဖြစ်နေတာလဲ
နည်းနည်းအနားယူပါဦး သိပ်ပြီး အာရုံစိုက်မနေနဲ့
အသည်းအသန်လုပ်နေမှဖြစ်မှာ
ဘာပဲဖြစ်ဖြစ် ပြပွဲကနေ အောင်မြင်မှု ကြီးကြီးမားမားရမယ်လို့ ယုံကြည်တယ်
ပန်းချီဆရာအနေနဲ့ ငါနာမည်ရလာတဲ့အခါ မင်းက ရင်းနှီးမြှုပ်နှံပြီး..
ပိုက်ဆံတွေ သဲ့ယူတော့
- ပိုက်ဆံက ငါ့အတွက်ပဲ - အဲဒီလိုမလုပ်နဲ့လေ ခွဲယူရမှာပေါ့
မင်းကို ယုံကြည်တယ်နော် မင်းက အမြဲတမ်းသေချာအလုပ်လုပ်တယ်
ပြောဦးမယ် အလုပ်တွေဖိလုပ်နေရလို့ အပန်းဖြေခရီးသွားဖို့ မပျက်စေနဲ့နော်
မဖြစ်နိုင်တာကွာ မင်းမမှတ်မိဘူးလား
နေ့တိုင်းက အားလပ်ရက်ပဲ
ဒါပဲပေါ့ မင်းကိုယုံကြည်တယ်နော်
နောက်နေတာလား
ဒါ မီသာလား
ဒီနားမှာလာထိုင်
- သူ့ပုံကို ဘယ်တုန်းကစဆွဲတာလဲ - ဒီမှာလာထိုင်
ကြည့်လိုက်ဦး
လှတယ်မဟုတ်လား မင်းအတွက် ဆွဲပေးထားတာ
- ငါကမင်းရဲ့ အချစ်ဆုံးသူငယ်ချင်းမဟုတ်လား - ဘာအတွက်ဆွဲပေးတာလဲ
- ဘာအတွက်လဲ - ကြည့်လိုက်ပါဦး
မင်းရဲ့အသည်းကျော်လေး မီသာလေ
- တော်စမ်းပါ - ဘယ်လိုဖြစ်တာလဲကွ
အခု ဘယ်ကိုသွားရမှာလဲ
၈၁ လမ်း ဘရွတ်ကလင်း နယူးယောက်
ဘရတ်ဒ်ဝေးလမ်း ၁၇၀၁ အီး နယူးယောက်မြို့
ကမ္ဘာမှာ ပျော်စရာအကောင်းဆုံးက ဒန်းစီးရတာပဲ
ငါ ငယ်ငယ်တုန်းကဆိုရင်
မျက်လုံးမှိတ်ပြီး ဒန်းစီးရတာကို အရမ်းကြိုက်တာ
ပျံသန်းနေရသလို ခံစားရတယ်
- အတူတူလွှဲမယ် - စမယ်
၁..၂..
နင်က ငါနဲ့အတူ အမြဲရှိနေမှာပါ ဒီမတ်စ်ရယ်
နင်တကယ်ရှိပါစေလို့ မျှော်လင့်ပါတယ်
ကောင်းကင်ဘုံကို နင်မသွားခင် နင်နဲ့တွေ့ခဲ့ရတာ အရမ်းဝမ်းသာတယ်
အဲဒီမှာ ငါ့ကိုစောင့်နေနော်
ငါ့ကိုခွင့်လွှတ်ပေးပါ
အရုဏ်ဦးနေခြည်ကို ငါကြည့်လို့ရအောင် ဒီမျက်လုံးတွေကို နင်ပေးခဲ့တယ်
ငိုဖို့အတွက် ပေးခဲ့တာမဟုတ်ဘူး
ငါ့ဖုန်းဘယ်ရောက်သွားတာလဲ
ငါ့ဖုန်း..
- ပြောပါ - ဒီမှာရှင့်
အဲဒီနားမှာအားသွင်းထားတဲ့ ကျွန်မဖုန်းကို တွေ့မိသေးလား
စိတ်မကောင်းပါဘူးဗျ ဘာဖုန်းမှမတွေ့ပါဘူး
- ဒီနားမှာ မတွေ့မိဘူးလား - မတွေ့ပါဘူးဗျ
နင်အရမ်းကံကောင်းတယ် ရိန်နာက နင့်ကိုအရမ်းချစ်တယ်နော်
ဒါပေါ့ အန်တီဖလော်ရာ့ကို အကုန်လုံးချစ်ကြတယ်လေ
သူက အရမ်းချစ်ဖို့ကောင်းတယ်
ရန်ဂါနဲ့ ဓာတ်ပုံတွဲရိုက်ပြီး မပို့သေးဘူးနော်
သူနဲ့ရိန်နာနဲ့ တွဲရိုက်ထားတဲ့ပုံကို ပို့ပြီးပြီလား
- ကြည့်ကြည့်လိုက်ဦး - အခုထိတော့ ဘာမှမပို့သေးဘူး
- မပို့သေးဘူးလား - ဟုတ်တယ် မပို့သေးဘူး
အလုပ်တွေများပြီး မေ့နေကြတာဖြစ်မှာပါ
ဟုတ်သားပဲ အရမ်းကြာနေပြီဆိုတော့ ပြောစရာစကားတွေ အများကြီးရှိနေကြမှာ
- ရန်ဂါ့ဆီကနေ တောင်းလိုက်ဦးမယ် - ပြီးရင် ပို့ပေးဦးနော်
ဒီကောင်မလေးက အရမ်းချစ်ဖို့ကောင်းတယ်
- သန့်စင်ခန်းသွားလိုက်ဦးမယ် - အင်း
အမေပြောပါ
ဘာဖြစ်လို့ ဖုန်းမဆက်တာလဲ ရိန်နာနဲ့တွေ့ပြီးပြီလား
တွေ့ပြီးသွားပြီ ဘာဖြစ်လို့ သူ့ကို ဒီလွှတ်လိုက်ရတာလဲ
ဘာဖြစ်လို့လဲ
- အခု သူဘယ်မှာလဲ - သွားပြီ
သွားပြီဟုတ်လား ဘယ်ကိုသွားတာလဲ
မသိဘူးလေ
အင်ဒိုနီးရှားပြန်ဖို့ ပြောလိုက်တယ်
ဒုက္ခပါပဲ
လုပ်ရက်လိုက်တာ ရန်ဂါရယ် ယူအက်စ်မှာ သူတစ်ယောက်တည်းလေ
- သူသွားဖို့.. - ရန်ဂါလား
ရိန်နာနဲ့ စကားပြောဦးမယ် သူ့ကို အရမ်းလွမ်းနေပြီ
ရိန်နာ အိပ်ပျော်နေတယ်တဲ့
- အိပ်နေတာလား - ဟုတ်တယ်
စံတော်ချိန်ဇုန်ကို ဖြတ်သန်းလိုက်ရလို့ ပင်ပန်းနေတာဖြစ်မှာပေါ့
ရိန်နာနိုးတာနဲ့ ဖုန်းဆက်လိုက်နော်
သူနိုးရင် ပြောဦးနော်
ရိန်နာ့ကို သေချာစောင့်ရှောက်ပါ
ဟုတ်ပြီလား
ချစ်တယ်သား တာ့တာ
ရိန်နာက ဘယ်သူလဲကွ
သူက ဘယ်သူလဲ မင်းရဲ့အသစ်လေးလား
တော်တော်လှတယ်
အဲဒီနားမှာ ငါဆင်းလိုက်မယ်
တိုဘီက မက်ဆေ့ခ်ျတောင် ပို့မထားခဲ့ဘူး
ဘာမှမသိရဘူး
အဲဒီကိစ္စမဟုတ်ပါဘူး
တိုဘီ့ကိစ္စမေးချင်တာ မဟုတ်ဘူးလား
တိုဘီ့အကြောင်းကို ရိန်နာ တစ်ချိန်လုံးမေးနေလို့ပါ
မနေ့ကတည်းက သူ့အကြောင်းကို တခြားသူတွေလည်း မေးနေတာ
သူရှိတဲ့နေရာကို ငါမသိဘူး
သူ့အကြောင်း ဘယ်သူ့ကိုမေးရမှာလဲ
ဘာဖြစ်လို့ ကျွန်မအတွက်စာမချန်ခဲ့လဲဆိုတာ သူပြောပြခဲ့သေးလား
နင်စိတ်လှုပ်ရှားနေလို့ပါ
သူက နင့်ကိုချစ်တာပါ
နင့်ကိုထားခဲ့ဖို့ သူကြိုတင်ပြီး စီစဉ်ခဲ့တာမဟုတ်တာ သေချာပါတယ်
ဒါဆိုသူက ရိန်နာ့ကို ဆက်သွယ်ခဲ့တယ်ပေါ့
သူ့အချစ်ဆုံးသူငယ်ချင်းအနေနဲ့ ဆက်သွယ်တာဖြစ်မှာပါ
သူငယ်ချင်းအနေနဲ့ ဆွေမျိုးအနေနဲ့ သူရင်ဖွင့်လို့ရတာပေါ့
နင်က ပိုအဆင့်မြင့်ပါတယ်
နင်က တိုဘီရဲ့ကောင်မလေးလေ
သူချစ်ရတဲ့သူလေ
ကိုယ့်ကိုယ်ကို အဲဒီအဆင့်တွေနဲ့ တန်းမညှိစမ်းပါနဲ့
အဲဒီလိုဆိုရင် နင်ကလည်း သူ့သူငယ်ချင်းပဲမဟုတ်လား
- နင့်အတွက် စာချန်ခဲ့လား - မချန်ပါဘူး
အဖြစ်နိုင်ဆုံးအဖြေကတော့ ငါ့ကို သူမချစ်ဘူးဆိုတာပဲ
ကြည့်လိုက်ဦး
ရိန်နာနဲ့ဂွင်နီတို့ထဲက တစ်ယောက်ယောက်ရမှာပါ
အဲဒီလူထွက်ပြေးသွားတာ ဒါတွေကြောင့်ပဲဖြစ်မယ်
နင်တစ်ယောက်တည်းကိုပဲ တိုဘီမရွေးချယ်တာ
ဒီနေ့ခေတ်ကောင်မလေးတွေက ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောကြတယ်
တစ်ခုခုပြောဦးလေ
နားမလည်နိုင်တော့ဘူး သူစဉ်းစားပုံကို နားမလည်တော့ဘူး
သူ့ဘေးမှာဝိုင်းနေတဲ့ ကောင်မလေးတွေအများကြီးပဲ
ဒါပေမဲ့ ဘာဖြစ်လို့ ရိန်နာ့ကိုပဲ တမ်းတမ်းစွဲဖြစ်နေတာလဲ
သိပြီ
ဒီအကြောင်းကို ကြိုသိခဲ့ရရင် သူ့ကို အလုပ်ဖြုတ်ပစ်မှာ
သူက မိန်းကလေးတွေကို စိတ်ပျက်ခံစားရအောင်လုပ်နေတာ
မျှော်လင့်ချက်အမှားတွေပေးပြီးတော့ သူတို့ကို ထားခဲ့တာ
မိန်းကလေးတွေတင်မကဘူး
သူ့ကြောင့် မိန်းမလျာတစ်ယောက်လည်း အလုပ်ထွက်သွားတယ်
နားမလည်တော့ဘူး
နင်က အရမ်းငယ်သေးပါတယ် ရှေ့ဆက်ရမယ့်ဘဝက အများကြီးကျန်သေးတယ်
ရှေ့ဆက်သွားရမယ်
နှလုံးသားတံခါးကိုထပ်ဖွင့်ပြီး ကိုယ်နဲ့လိုက်ဖက်မယ့်သူကိုရှာ
နင့်ကိုပံ့ပိုးပေးနိုင်မယ့် ပျော်အောင်ထားပေးနိုင်မယ့်သူကိုရှာ
အဲဒီလိုလူမျိုးကိုရှာနော်
မေးချင်တာက.
အဲဒီလိုလူမျိုးကရော ဒီကမ္ဘာပေါ်မှာရှိလို့လား
ဟေ့လူကြီး
နေကောင်းရဲ့လား
- ကောင်းပါတယ် - အင်း
တိတ်တိတ်ပုန်းလက်တွဲခဲ့တာ ၃ လတောင်ရှိသွားပြီနော်
ဘာဖြစ်လဲ
နင်ပြောတော့ ငါ့ကိုရန်ဂါကြည့်လိမ့်မယ်ဆို ပိုပြီးတော့တောင် လျစ်လျူရှုလာသေးတယ်
အဲဒီလိုပြောထားမှ ငါ့ဆီကို နင် ခဏခဏလာမှာပေါ့
ဟုတ်တယ်မဟုတ်လား
နင်မေ့နေပြီလား သူက နင်အချစ်ဆုံးသူငယ်ချင်းလေ
ဘာဖြစ်လဲ ငါကယောက်ျားလေးလေ ကိုယ့်ဆီရောက်လာတဲ့..
မိန်းမလှလေးကို ဥပေက္ခာပြုထားဖို့ လိုလို့လား
နင့်ကို တစ်ခုမေးချင်တယ်
ဘာဖြစ်လို့ သူ့နောက်ကိုလိုက်နေတာလဲ
- တကယ်သိချင်တာလား - ဟုတ်တယ်
ငါက စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ယောက်ျားလေးမျိုးကို သဘောကျတာ
စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ ယောက်ျားမျိုး
ပြပွဲက နောက်လဖွင့်မှာ
ပန်းချီကားအသစ် ၁၅ ကားလောက် ပြင်ဆင်ပြီးပြီ
တစ်ကားက အင်ဒိုနီးရှားပန်းချီဆရာဆီက ကျန်တာတွေက ဒေသခံပန်းချီဆရာဆီက
- ဘယ်လိုသဘောရလဲ - အဆင်ပြေပါတယ်
လုံးဝကွက်တိပဲ ဒီအတိုင်းဆက်လုပ်မယ်
- ဆောရီးပါ - ရပါတယ် ကိုင်လိုက်ပါ
ကျွန်တော့်အမေဆက်တာ
ဟုတ်အမေ
No comments yet. Be the first to leave one.