Spider-Man: Into the Spider-Verse

Spider-Man: Into the Spider-Verse

تنزيل الترجمة Burmese

معلومات الإصدار

Spider-Man Into the Spider-Verse 2018 720p BluRay x264 Unicode
تعليق من Arrowhead-1_1-
Changed from Zawgyi to Unicode

الوسوم

BluRay
x264
720p
720
نشرت في: 2023-06-19
تنزيلات: 180
ضعاف السمع: No

معاينة ترجمة Burmese

أول 200 سطر.

ဟုတ်ပြီ..နောက်ဆုံးတစ်ခေါက် ပြန်ပြောပါ့မယ်

ကျွန်တော့်နာမည်က ပီတာပါကာပါ

ရေဒီယိုသတ္တိကြွပင့်ကူတစ်ကောင် ကိုက်တာခံခဲ့ရပါတယ်

၁ဝ နှစ်လုံးလုံး ကျွန်တော်ဟာ

ပြိုင်ဘက်မရှိတဲ့

စပိုက်ဒါမန်းဖြစ်ခဲ့ပါတယ်

ကျန်တဲ့ဇာတ်လမ်းတော့ သိကြမှာပါ

စွမ်းအားကြီးလာတာနဲ့အမျှ တာဝန်တွေပိုကြီးလာမှာပဲ

ကျွန်တော် လူတွေကိုကယ်ခဲ့တယ် ချစ်မိသွားခဲ့တယ် မြို့တော်ကိုကယ်တင်ခဲ့တယ်

ပြီးတော့ မြို့တော်ကို ကယ်ရပြန်တယ် ထပ်တလဲလဲ ကယ်နေရတာပဲ

ပြီးတော့.. ကျွန်တော်..

ကျွန်တော် ဒါတွေလုပ်သေးတယ်

ဒီအကြောင်းတော့ သိပ်မပြောဖြစ်ကြဘူးနော်

ဒီမှာ..ကာတွန်းစာအုပ်မှာလည်းပါတယ် ကွေကာဘူးမှာလည်းပါတယ်

ခရစ္စမတ်သီချင်းအယ်ဘမ်ထုတ်သေးတယ်

ဇာတ်ဝင်တေးကလည်း အပျံစားဗျ

ရေခဲချောင်းလည်း ရောင်းသေးတယ်

ဒီထက်ပုံဆိုးပန်းဆိုးတွေဖြစ်ဖူးပါတယ်

ဒါတွေအကုန်ကြုံခဲ့ရပေမဲ့

စပိုက်ဒါမန်းဘဝကို သဘောကျနေတုန်းပဲ

ဘယ်သူက သဘောမကျဘဲနေပါ့မလဲ

ကျွန်တော် ဘယ်လောက်ပဲအထိနာပါစေ

မဖြစ်မနေပြန်ထလာနိုင်အောင် ကြိုးစားခဲ့တာပဲ

ဒီမြို့တော်ကြီးပျက်စီးမသွားအောင် ကြံ့ကြံ့ခံထားတဲ့တစ်ခုတည်းသောအရာက

ကျွန်တော်ပါပဲ

စပိုက်ဒါမန်းတစ်ယောက်ပဲရှိပါတယ်

ခင်ဗျားတို့မျက်စိရှေ့မှာပါ

မိုင်းစ်

မိုင်းစ်..ကျောင်းသွားရမယ်လေ

မိုင်းစ်

မိုင်းစ်

- မိုင်းစ် - ဟုတ်ကဲ့..

ကျောင်းသွားဖို့ ပစ္စည်းတွေထည့်ပြီးပြီလား

ဟုတ်ကဲ့

နောက်ဆုံးရှပ်တစ်ထည် မီးပူတိုက်နေတာ

မြန်မြန်လုပ်ကွာ ငါ့သားက လူကြီးဖြစ်နေပြီပဲ ဆရာတွေ သိသွားအောင်ပြလိုက်စမ်းပါ

မိုင်းစ်

ကျွန်တော့် လက်ပ်တော့ ဘယ်မှာလဲ

အဖေ ကားမောင်းပို့ရမယ်ဆိုရင် အခုသွားမှဖြစ်မယ်နော်

ရပါတယ် အဖေ လမ်းလျှောက်သွားလိုက်မယ်

- ဒီတစ်ခါတော့ ကားသမားသွားနှင့်ပြီနော် - ရပါတယ်

- မိုင်းစ် သွားကြမယ်လေ - ခဏလေးပါ

- သွားကြမယ် - ခဏလေးပါ

- အမေ..ကျွန်တော်သွားတော့မယ် - ခဏလေးပါကွယ်

သောကြာနေ့မှတွေ့မယ်နော်

ဟာ..ပြန်ရောက်လာပြီပေါ့ ဘယ်လိုလဲ ကိုယ့်ညီ

ဒီအတိုင်းလမ်းလျှောက်လာတာပါ နေကောင်းရဲ့လား

မိုင်းစ်..မနေ့ညက ငလျင်လှုပ်တာသိလိုက်လား

ဘာတွေပြောနေတာလဲ..မနေ့ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါတယ်

- ကျောင်းအသစ်ကဘယ်လိုလဲ - အေးဆေးပါပဲကွာ

- နင့်ကိုသတိရနေတာ မိုင်းစ် - သတိရတယ်ဆိုပဲ..ငါ ဒီမှာနေတုန်းပဲလေကွာ

နေပါဦး..ငါ့ကို သတိရတယ်ပေါ့လေ

ကွန်ထရာ

ဒုက္ခပါပဲကွာ

တကယ်ပြောတာပါ အဖေရယ် လမ်းလျှောက်သွားလည်းအဆင်ပြေပါတယ်

အဲဒီစတစ်ကာတွေခွာပြီးတဲ့ စနေနေ့ကျရင် စိတ်ကြိုက်လျှောက်သွား

အဖေလည်းတွေ့လိုက်တယ်ပေါ့ ကျွန်တော်လုပ်တာမဟုတ်ဘူးထင်တယ်

မနေ့က ကလင်တန်မှာတွေ့ခဲ့တဲ့ ၂ ခုကရော

အဲဒါတော့ ကျွန်တော်လုပ်တာပါ

ကြည့်ပါဦးကွာ ကော်ဖီဆိုင်အသစ်ပါလား

- မင်းတွေ့လား မိုင်းစ် - တွေ့တာပေါ့

- အဲဒီဆိုင်နာကဘာတဲ့လဲ - ရေမြှုပ်ပါတီ

ရေမြှုပ်ပါတီ ဟုတ်လား.. တကယ်ပါပဲကွာ

လူတွေတန်းစီနေကြပါလား မင်းတွေ့လား

တွေ့ပါတယ်

- ကော်ဖီဆိုင်လား ဒစ္စကိုခန်းလား - အဖေက အသက်ကြီးပြီလေ

မနေ့ညက ထူးခြားတဲ့ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းရခဲ့ပါတယ်

စပိုက်ဒါမန်းက ဒီကိစ္စကိုအဖြေရှာနေတယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်

စပိုက်ဒါမန်းတဲ့ ဒီလူက တစ်နေ့တစ်ခါလောက်တော့ပေါ်လာတယ်

မျက်နှာဖုံးလေးအုပ် ဟိုခုန်ဒီကူးနဲ့ ဘယ်သူ့စကားမှမနာခံဘူး မဟုတ်လား

ဟုတ်တယ် အဖေ ဟုတ်တယ်

အဲဒီအချိန်မှာ ငါ့လူတွေကတော့

အသက်နဲ့ရင်းရတယ် မျက်နှာဖုံးလည်းမပါဘူး

- ငါတို့မျက်နှာတွေမြင်နေရတယ် - မြန်မြန်မောင်း ကျွန်တော်ဒီကလေးတွေကိုသိတယ်

စွမ်းအားကြီးလာတာနဲ့အမျှ တာဝန်ကြီးလာတာပါပဲလေ

စကားပုံက ဒီလိုမဟုတ်ပါဘူးဗျာ

သူ့ပုံနဲ့ကွေကာတော့ကြိုက်သား ဒါတော့ချီးကျူးရမယ်

ဘုရားရေ..ရဲတွေက မီးနီဖြတ်မောင်းလို့ရတယ်မဟုတ်လား

ဟုတ်တယ် တချို့လူတွေလုပ်ကြတယ် မင်းအဖေက ဒီလိုလူမဟုတ်ဘူး

ဘရွတ်ကလင်းအလယ်တန်းကျောင်းကို ပြန်သွားလို့မရဘူးလား

မင်းကို ၂ ပတ်အချိန်ပေးထားပြီးပြီလေ ဒီအကြောင်းတွေမပြောချင်တော့ဘူး

ဒီကျောင်းအသစ်က အထက်တန်းစားတွေချည်းပဲ

အထက်တန်းစား ဟုတ်လား

ကျွန်တော်က သာမန်လူတွေနဲ့ သာမန်ကျောင်းပဲတက်ချင်တာ

လူ ဟုတ်လား.. သူတို့က မင်းလူတွေပဲလေ

ကျွန်တော်က ကံစမ်းမဲပေါက်သွားလို့ ဒီကျောင်းတက်ခွင့်ရတာ

မဟုတ်ဘူး မင်းလည်း တခြားလူတွေလိုပဲ ဝင်ခွင့်အောင်ခဲ့တာပဲလေ

ဒီမှာမင်းအတွက် အခွင့်အရေးရှိနေတာကို ဖျက်လိုဖျက်ဆီးလုပ်ချင်လို့လား

မင်း ဦးလေးလိုအဆုံးသတ်ချင်လို့လား

ဦးလေး အာရွန်က ဘာဖြစ်လို့လဲ သူက လူကောင်းတစ်ယောက်ပါ

ငါတို့အားလုံးက ဘဝမှာ ရွေးချယ်ရတာပါပဲလေ

အခုတော့ ကျွန်တော့်မှာ ရွေးစရာမရှိသလိုပါပဲ

မရှိဘူးကွာ

သားကို ချစ်ပါတယ် မိုင်းစ်

သိပါတယ် အဖေ သောကြာနေ့မှတွေ့မယ်

- ချစ်တယ်လို့ ပြန်ပြောရမယ်လေ - အဖေ..တကယ်ပြောနေတာလား

- အဖေ့ကိုချစ်တယ်လို့ပြောတာ ကြားချင်တယ် - ကျွန်တော်ပြောတာကြားချင်တယ်ပေါ့လေ

- အဖေ ကျောင်းလိုက်ပို့နေတာနော် - "အဖေ့ကိုချစ်တယ်"

- ဒီနေရာကိုလည်း ကြည့်ဦး - "အဖေ့ကိုချစ်တယ်"

အဖေ့ကို ချစ်တယ်

ဟုတ်ပါပြီကွာ

ဖိနပ်ကြိုးချည်လိုက်ဦး

အဖေ့ကိုချစ်တယ်တဲ့

မင်္ဂလာနံနက်ခင်းပါ အဆင်ပြေရဲ့လား

- ပိတ်ရက်တွေက ခဏလေးပဲနော် - သိပါပြီကွာတဲ့

ဘုရားရေ..မျက်နှာပူလိုက်တာ ငါတို့ဂျက်ကက်က တစ်ပုံစံတည်းပဲ

ဟေ့..နင့်ဖိနပ်ကြိုးပြေနေတယ်

ငါသိပါတယ်..တမင်မချည်တာ

XY ကို ဘယ်သူတွက်နိုင်မလဲ

ဒါကို တိယုတ္တိနည်းလို့ခေါ်တယ်

မျှော်တလင့်လင့်စာအုပ်မှာ အခန်း ၂ ခန်းဖတ်ခဲ့ပါ

ထုထည်ဖိအားအကြောင်း အိမ်စာလုပ်ခဲ့ပါ

မင်းတို့အမြင်ကို အဓိကထားပြီး စာမျက်နှာ ၅ မျက်နှာ အက်ဆေးရေးပါ

ဖြစ်နိုင်ခြေတွေ မရေမတွက်နိုင်အောင်ပါပဲ

ကျွန်မ အနီရောင်ဝတ်ထားတဲ့ စကြဝဠာတစ်ခုရှိနေနိုင်သလို

သားရေဘောင်းဘီဝတ်ထားတာလည်း ဖြစ်နိုင်ပါတယ်

မစ္စတာမိုရာလက်စ် မှောင်နေမှဝင်လာတာပေါ့ နောက်ကျပြန်ပြီနော်

အိုင်းစတိုင်းကပြောခဲ့ပါတယ် အချိန်ဆိုတာ နှိုင်းရပါတဲ့

ကျွန်တော် နောက်ကျတာမဟုတ်ဘဲ ဆရာမတို့က စောနေတာဖြစ်နိုင်ပါတယ်

စိတ်မရှိပါနဲ့... အားလုံးကတိတ်ဆိတ်နေလို့ပါ

အဲဒီမှာပဲရပ်နေမှာလား ထိုင်မှာလား

ငါတို့စကြဝဠာဟာ တကယ်တော့ အပြိုင်စကြဝဠာတစ်ခုပါပဲ

တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေတာပါ

ဖစ်ဇ်မိသားစုဖောင်ဒေးရှင်းက အဖွဲ့ဝင်တွေအားလုံးကြောင့်

- နင်ပြောတဲ့ဟာသကိုသဘောကျတယ် - တကယ်လား

သိပ်တော့မရယ်ရပါဘူး ဒါကြောင့်ပဲ ရယ်မိသွားတာ

ဒါပေမဲ့ အကွက်ကျတယ် ဒါကြောင့်သဘောကျတာ

ငါ မင်းကိုမမြင်ဖူးသလိုပဲ

ငါတို့ရဲ့ရွေးချယ်မှုတိုင်းဟာ

မရေမတွက်နိုင်တဲ့ တခြားဖြစ်နိုင်ခြေတွေကို ဖန်တီးပေးလိမ့်မယ်

တကယ်လို့များဆိုတဲ့ ဖြစ်ရပ်တွေ မရေမတွက်နိုင်အောင်ရှိလာမယ်

သုည ဟုတ်လား

ဒါမျိုးထပ်ဖြစ်ရင်ကျွန်တော့်ကို ကျောင်းထုတ်လို့ရပြီထင်တယ်

ကျွန်တော်က ဒီကျောင်းနဲ့မကိုက်ဘူးထင်ပါတယ်

မျက်နှာကိုအုပ်ထားတဲ့လူက မှန် မှား မေးခွန်းကို

ကြုံသလိုဖြေမယ်ဆိုရင်

ဘယ်နှမှတ်လောက်ရနိုင်တယ်လို့ထင်လဲ

- ၅ဝ ရာခိုင်နှုန်း - မှန်တယ်

အဖြေအားလုံးမှားဖို့ဆိုတာက အဖြေမှန်အားလုံးသိနေမှဖြစ်မယ်

မင်းက ကျောင်းထွက်ရအောင်လုပ်နေတာ

ငါ မင်းကို လုံးဝခွင့်မပြုဘူး

မင်းကို သီးသန့်အက်ဆေးတစ်ပုဒ်ရေးခိုင်းမယ်

ရူပဗေဒအကြောင်းမဟုတ်ဘူး မင်းအကြောင်းပဲ

ပြီးတော့ မင်းဘယ်လိုလူ ဖြစ်ချင်တယ်ဆိုတဲ့အကြောင်း

ဦးလေးအာရွန်.. ဦးလန့်သွားလား

မြည်းကြည့်ချင်တယ်ပေါ့..

- ကျောင်းမှာဘာတွေဖြစ်နေတာလဲ - အဆင်ပြေပါတယ် သူငယ်ချင်းတွေအများကြီးပဲ

အဲဒီမှာ သိပ်တော့မဆိုးလောက်ပါဘူး ထက်မြက်တဲ့မိန်းကလေးတွေရှိနိုင်တယ်

အဲဒီလိုကလေးမတွေ တစ်ပုံကြီးပဲနေမှာ

ဘယ်သူမှမရှိပါဘူး

ငါ့တူဖြစ်ပြီးတော့ ဘာအကွက်မှ မရွှေ့တတ်ရင်မဟုတ်သေးပါဘူး

အကွက်ရွှေ့တတ်ပါတယ်ဗျာ

အဲဒီမှာကျောင်းသူသစ်တစ်ယောက်ရှိတယ် ကျွန်တော့်ကို သဘောကျနေတာ သိတယ်မဟုတ်လား

သူ့နာမည်က ဘာတဲ့လဲ

အခုမှ အစပျိုးတုန်းပဲရှိသေးတာ

ပခုံးကို ထိရတယ်ဆိုတာသိလား

သိတာပေါ့

ဒါပေမဲ့ ပြောပြပါဦး

မနက်ဖြန် အဲဒီကောင်မလေးကိုရှာ သူ့ဆီလျှောက်သွားပြီး ဒီလိုမျိုး..

ဟေ့..

- တကယ်ပြောနေတာလား ဦးလေး - ငါပြောမယ် ဒါသိပ္ပံနည်းကျပဲ

သူ့နားကိုလျှောက်သွားရမယ် ပြီးတော့ ဟေ့..

မဟုတ်ဘူး မဟုတ်ဘူး ဟေး.. ဒီလို

ဟေး..

မဟုတ်ဘူး ဟေး..

ဟေး..

မင်းက ငါ့တူရောဟုတ်ရဲ့လားကွာ အဲဒီကလေးမလေးလား

ကျွန်တော်သွားမှထင်တယ် ဒီည စာတမ်းတစ်ခုလုပ်ရဦးမယ်

မင်း ငါ့ကိုမပြောဘဲနေတာပေါ့လေ ဒါတွေမဆွဲရသေးဘူးမဟုတ်လား

ဟုတ်တယ်.. အဖေ့အကြောင်းသိပါတယ် ဒီလိုလုပ်လို့မရဘူး

လာပါကွာ.. မင်းယုံမှာမဟုတ်တဲ့နေရာတစ်ခုရှိတယ်

သွားလို့မရဘူး သွားလို့မဖြစ်ဘူး

ကျွန်တော်တော့ ပြဿနာတက်တော့မှာပဲ

ဟာကွာ.. မင်းပန်းချီဆရာက ခိုင်းတာလို့ပြောလိုက်

- ဒီနေရာအကြောင်းကို ဘယ်လိုသိလဲ - ဒီအောက်မှာ အင်ဂျင်နီယာပိုင်းလုပ်ဖူးတယ်

ဘယ်လိုလဲ

အေးပါကွာ ငါတို့အမျိုးတော်မှန်းသိပါတယ်

ဘရွတ်ကလင်း

ဒီနံရံပေါ်မှာ သမိုင်းကြောင်းတွေရှိနေတယ်

တကယ့်နေရာသစ်ပဲ

အခုတော့ မင်းစိတ်ကြိုက်ပဲ မိုင်းစ်

ဖြည်းဖြည်းလုပ်ပါကွာ

ဒီလိုမှပေါ့

အခု မင်းတွေ့ပြီလား အမှားလုပ်မိတယ်ဆိုတာ ဖြစ်တတ်တာပဲ

တကယ့် မိုင်းစ်အစစ်က ပုန်းနေရာကထွက်လာတော့မယ်

ဒီမျဉ်းကို တခြားအရောင်နဲ့ဖြတ်ဆွဲလိုက်

ကူရဦးမလား

ဆေးစက်ချဆွဲမလား

ဒီလိုလုပ်ရင်လည်း မဆိုးဘူး မဟုတ်ရင်တော့ ဆက်ဆွဲသွားမှဖြစ်မယ်

ဒါတော့ တမင်လုပ်တာပဲ

- တစ်မျိုးကြီးဖြစ်နေလား - မဖြစ်ပါဘူး

မိုင်းစ် မင်းဆွဲထားတာကို ခံစားမိပါတယ်

ဟုတ်တယ်..မင်းအဖေနဲ့ငါလည်း အရင်က ဒီလိုလုပ်ခဲ့ဖူးတယ်

- မလိမ်ပါနဲ့ဗျာ - တကယ်ပြောတာ

နောက်တော့ သူက ရဲထဲဝင်သွားတော့ ငါလည်းမသိတော့ပါဘူး

သူက လူကောင်းတစ်ယောက်ပါ

ငါပြောချင်တာ သိတယ်မဟုတ်လား

ကဲ.. လာတော့ကွာ ငါသွားစရာရှိသေးတယ်

မိုင်းစ် သွားကြစို့

ထူးဆန်းလိုက်တာ

More Burmese subtitles for Spider-Man: Into the Spider-Verse

التعليقات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left