أول 200 سطر.
အခုပဲ ဆယ်ရာ့ဆီဖုန်းဆက်ပြီး ကလေးအဖေက ငါမဟုတ်ဘူးလို့ပြောစမ်း
- အခုဆက် - မဆက်ဘူး
- အခုဆက်လို့ ပြောနေတယ်နော် - မဆက်နိုင်ဘူး
- အခုဆက် - ရှင့်လိုကောင်ကို ကြောက်မယ်ထင်နေလား
- အခုဆက် - မလုပ်နဲ့
သွားစမ်း
ရန်ဂါ
အချစ်ရယ်
နိုးလာပြီလား
ငါရော အန်တီစင်ဒီပါ ဘယ်လောက်ထိစိတ်ပူနေလဲ သိရဲ့လား
ငါရှိပါသေးတယ်
နင့်ကိုကတိပေးထားတယ် မဟုတ်လား
ဆံပင်တွေ အရမ်းကျွတ်နေလား
ရန်ဂါကို ဘယ်လိုလုပ်ပြီး ရှင်းပြလို့ရပါ့မလဲ
ရန်ဂါ
သားသိပါတယ်
ဒီမက်စ်ကို အမေဆုံးရှုံးခဲ့တုန်းက
ဘယ်လောက်တောင် စိတ်ထိခိုက်လိုက်ရလဲ
အခုသားလေးကိုပါ အမေဆုံးရှုံးရရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါဦး
အစကတည်းက
သားဖြစ်နေတဲ့ ရောဂါကိုလည်း အမေ့ကိုမပြောပြဘူး
အမေစိတ်ထိခိုက်မှာစိုးလို့
သားမပြောဘဲ ထားထားတာမဟုတ်လား
အမေကောင်းကောင်း နားလည်ပါတယ်
ဒါပေမဲ့ သားသိထားသင့်တယ်လေ ရန်ဂါ
အမေ့ကို ဘယ်လိုပျော်အောင် လုပ်မလဲဆိုတာတော့ သားသိထားသင့်တာပေါ့
ငါ့သား အောင်မြင်တဲ့သူကြီး ဖြစ်လာဖို့လည်း အမေမမျှော်လင့်ဘူး
အမေ့အတွက် မြေးလေးတစ်ယောက် မွေးပေးဖို့လည်း မမျှော်လင့်ဘူး
အသက်ဆက်ရှင်ဖို့
သားကြိုးစားနေရတာတွေ မြင်နေတာနဲ့တင် အမေလုံလောက်ပါပြီ
ဒီရောဂါဆိုးကြီးကို လွန်မြောက်အောင် သားကြိုးစားပါကွယ်
အမြန်ဆုံးနေကောင်းအောင် ကြိုးစားပါ
အဲဒီလိုမှ အမေလည်းတကယ် ပျော်ရမှာလေ သားလေးရယ်
ဒါကမိဘအနေနဲ့ အမေလုပ်ပေးနိုင်တဲ့ အတည်ပြုစာပဲ
ဒါပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်က သားအပေါ်ပဲမူတည်တယ် ရန်ဂါ
အမေပျော်ရွှင်ရဖို့က သားအတွက်
ဘယ်လောက်အရေးကြီးလဲ
ကျွန်မဘာဖြစ်သွားတာလဲ ဆရာမ
ကျွန်မကလေးကော ဘယ်လိုဖြစ်သွားပြီလဲ
မီသာ
သမီးသွေးတွေဆင်းတာ အခြေအနေ တော်တော်ဆိုးတယ်
သမီးနဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်ကို ကယ်တင်နိုင်ဖို့
ဆရာမမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး
တောင်းပန်ပါတယ်
မီသာ
မီသာ..
မရှိတော့ဘူး အဖေ
ကလေး မရှိတော့ဘူး
ကလေးလေးမှာက ဘာအပြစ်မှ မရှိပါဘူး အဖေရယ်
သမီးမဟုတ်တဲ့ တခြားတစ်ယောက် ဗိုက်ထဲမှာ ရှိနေသင့်ခဲ့တာ
အခုသမီးဆီကနေ ပြန်ထွက်သွားပြီ
သမီးပြောတာ မှန်တယ် မီသာ
ကလေးလေးမှာက အပြစ်မရှိဘူး
သူ့အမှားတစ်ခုမှ မပါဘူး
အဲဒီကလေးက အဖေ့မြေးလေ
သမီးပျော်ရွှင်အောင် အဖေ မထားပေးနိုင်တာ အဖေ့အပြစ်ပေါ့
သမီးအတွက် အဖေကောင်းတစ်ယောက် မဖြစ်ခဲ့လို့ပဲ
အကုန်လုံး သမီးရဲ့အပြစ်တွေပါ
အဖေပြောသမျှကို သမီးနားမထောင်ခဲ့ဘူး
သမီးဘဝအတွက်တော့
ဘာက အကောင်းဆုံးလဲဆိုတာကို
သမီးကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်
ရန်ဂါ့ကို ဆရာနားလည်ဖို့ ကြိုးစားကြည့်တယ်
ကိုယ့်ကိုယ်ကို စိတ်ပျက်လောက်အောင် ဖြစ်နေတယ်ဆိုတာလည်း နားလည်တယ်
ဒီမက်စ်တုန်းက ဆရာ မကယ်တင်ပေးနိုင်ခဲ့ဘူး
ဒါပေမဲ့အခုတော့ ဆရာတို့အတွက် တခြားအစီအမံတွေ ရှိကောင်းရှိနိုင်ပါတယ်
ဆရာပွင့်ပွင့်လင်းလင်း ပြောမယ်နော်
အခုမင်းရဲ့အခြေအနေက
ပိုပိုဆိုးလာနေပြီ
အမြန်ဆုံး ဓာတ်ကင်ကုသမှ ဖြစ်တော့မယ် ရန်ဂါ
ဒေါက်တာ
ဒီမက်စ်တုန်းကလည်း ဆရာ ကြိုးစားပြီး ကယ်တင်ပေးခဲ့တယ်
ကျွန်တော့်အမေကိုလည်း ကူညီပေးခဲ့တယ်
အခုကျွန်တော့်အခြေအနေကိုလည်း ပူနေရပြန်ပြီ
ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ချက်မချခင်
အမေနဲ့ ရိန်နာ့ကိုဒီကိုခဏလောက် ခေါ်ပေးပါလား ဆရာ
အမေ
ဒေါက်တာဆူယာနဲ့ ကျွန်တော် ပြောပြီးပါပြီ
ဓာတ်ကင်ကုသမှု ခံယူပါ့မယ်
ဒါပေမဲ့ တစ်ခုတော့ရှိတယ်
ဘာများလဲ
ဘာရှိတာလဲ ပြောလေ..သားလေး
ရိန်း
ငါ့ကိုတော့နင် စွန့်လွှတ်မယ်မဟုတ်လား
ငါ့ဘေးက ထွက်သွားစေချင်ပြီ ရိန်း
ငါတို့အကြောင်းတွေ အကုန် မေ့ပစ်လိုက်ပါတော့
ကျွန်မကို ခွင့်လွှတ်နိုင်မှာမဟုတ်မှန်း သိပါတယ်
တယ်ဂါ့ကို စိတ်ညစ်အောင် လုပ်ရုံတင်မကဘူး
အန်တီ့ကိုပါ စိတ်ပျက်စေမိပြီ
ကျွန်မကိုယ်ဝန်လွယ်ထားရတဲ့ တစ်လျှောက်လုံး
တယ်ဂါ့ကလေးပဲလို့ သိထားတာ မဟုတ်လား
မဟုတ်ဘူး မီသာ
တယ်ဂါက ငါ့ကိုအကုန်လုံး ပြောပြထားပြီးပါပြီ
မင်းတို့တွေကို ငါမမုန်းပါဘူး
ငါ့ဆီက ခွင့်လွှတ်ဖို့လည်း တောင်းခံစရာမလိုဘူး
မီသာ
ငါလည်းဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး
သေချာတာတစ်ခုကတော့ နင့်အပေါ်ကို သူတော်တော် ရက်စက်လွန်းတာပဲ
ဒါပေမဲ့ နင်အားတင်းထားမှ ဖြစ်မယ်နော် မီသာ
နင့်အပြစ်မဟုတ်ပါဘူး ဆယ်ရာ
ငါ့လုပ်ရပ်မှန်ခဲ့လို့ပဲ
စိတ်သက်သာရာ ရမိပါတယ်
အဲဒီကောင် လှည့်စားတာ နင်မခံရခင် တားဆီးလိုက်နိုင်တာ
ငါ့အတွက် အရေးအကြီးဆုံးအရာ ဆုံးရှုံးသွားရရင်တောင် ကျေနပ်ပါတယ်
ငါလည်းကြားရတာ စိတ်မကောင်းပါဘူးကွယ်
တကယ် အရမ်းကိုစိတ်မကောင်း ဖြစ်မိတယ်
ဒါပေမဲ့ အားတင်းထားမှဖြစ်မယ်နော် မီသာ
ငါဒီလိုလုပ်ရတဲ့ အကြောင်းရင်းကို မင်းလည်းသိချင်မှာပဲ
ဘာလို့နင့်ကို ငါ့နားက ထွက်သွားခိုင်းလဲဆိုတာလေ
ရိန်း
နင်နဲ့ ငါ့အမေနှစ်ယောက်စလုံးမှာ တူညီတဲ့အချက်တွေ အများကြီးရှိတယ်
ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းကို စောင့်နေကြတာပဲ
ဘယ်တော့မှဖြစ်မလာနိုင်တဲ့ အလှည့်အပြောင်း ဟုတ်လား
ဒီမက်စ်နဲ့ နင့်ရဲ့ဖြစ်တည်မှုက ငါ့အတွက် ဆန်းကြယ်တယ်လို့မထင်ဘူးလား
နင့််ဘဝမှာ လူနှစ်ယောက်တည်းကိုပဲ ချစ်တယ်လို့ ပြောဖူးတယ်နော်
နင်ချစ်တဲ့သူက ဘယ်သူဆိုတာ အရေးမကြီးပါဘူး
နင်ကိုယ်တိုင် ကြိုးစားပြီး နေသင့်တာပါ ရိန်း
တစ်ခုရှိသေးတယ်
အခုလို နင့်ကိုထွက်သွားခိုင်းရတာလည်း ငါနင့်ကို အရမ်းချစ်လို့ပါ
ရန်ဂါ
ငါတကယ်ပဲ နင့်ကို ထားသွားချင်တယ်ဆိုရင်
နယူးယောက်မှာ နင်ထွက်သွားလို့ ပြောကတည်းက ထွက်သွားတာကြာပြီပေါ့
ငါဘာလုပ်မိလို့လဲ
ကံကြမ္မာအလှည့်အပြောင်းလေး ဖြစ်လာနိုင်တယ်လို့ ယုံကြည်လို့ ဒီတိုင်းလေးပဲစောင့်နေတာ
နင်နေပြန်ကောင်းလာနိုင်တာပဲလေ
အသက်တွေအရှည်ကြီး နေသွားနိုင်တာပဲလေ
ရန်ဂါ
ဒီမက်စ်ကဘာလို့ သူ့မျက်လုံးနှစ်လုံးစလုံး ငါ့ကိုပေးခဲ့လဲ သိလား
နင့်ကိုအမြဲ မြင်နေနိုင်အောင်လို့လေ
ရှက်ဖို့ကောင်းလိုက်တာ
မီသာဆိုတာ ဘယ်သူလဲ
ထရွိုင်
ငါ့ဖောက်သည်တွေကို ဘယ်လောက်တောင် ပြောထားလိုက်ရလဲ
အခုကျ ငါ့မိသားစုကိုပါ အရှက်ခွဲပြီ
ကုမ္ပဏီမှာ မင်းဥက္ကဌရာထူး ရအောင်လို့ ငါလုပ်ပေးနေတာကွ
ဆယ်ရာနဲ့လက်ထပ်လိုက်ရင် မိသားစုအတွက်လည်း ဂုဏ်တက်ရမှာ
အခုကျတော့
ငါ့ဖောက်သည်တွေရှေ့မှာ ငါဘယ်လောက် မျက်နှာပျက်သွားရလဲ မင်းသိလား
မင်းရဲ့တပ်မက်စိတ်က မင်းကို ပြန်နှိပ်စက်သွားတာပဲ
တိရစ္ဆာန်လိုပဲ
ဒီအိတ်ကကော ဘာလဲ ဘယ်ကိုသွားမှာလဲ
ထရွိုင်ရယ် မသွားပါနဲ့
ငါ့ကိုပိုပြီး အရှက်ရအောင် လုပ်နေတာလား
နယူးယောက်ကိုပဲ ပြန်သွားတော့မှာပါ
ဆယ်ရာ့ကို စေ့စပ်ပွဲဆက်လုပ်ခိုင်းဖို့ မပြောဆိုတတ်တော့ပါဘူး
နယူးယောက်ကို ပြန်မယ်ဟုတ်လား
မင်းဘာသာမင်း စိတ်ကြိုက်ဆိုးလို့ရတယ် ထရွိုင်..အရူးတော့မဖြစ်စေနဲ့
ဒီလောက်ကြီးမားတဲ့ အမှားကိုလုပ်ထားတာ အခုမင်းပြန်ပြုပြင်ရမယ်
မင်းသယ်သွားမယ့်အိတ်ကို ငါမီးရှို့လိုက်ရမလား
အဲဒါမှ မင်းပြဿနာတွေ ရှင်းနိုင်မှာလား
ဒီပြဿနာတွေ ရှင်းလို့မပြီးမချင်း မင်းဘယ်မှထွက်သွားလို့မရဘူး ထရွိုင်
နယူးယောက်မှာ ရှိကတည်းက ငါ့အခြေအနေကို နင်သိပြီးသားပဲ
အဲဒါကို ဘာလို့အချိန်တွေ ဖြုန်းနေရတာလဲ
ငါ့ဘေးနေပြီး အချိန်ထပ်မဖြုန်းသင့်တော့ဘူး
ပြီးတော့ တခြားသူတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောစရာရှိတာပြောသင့်တယ်
အန်တီတို့ကို ဒေါက်တာဆူယာလည်း ခဏခဏပြောပြီးပြီလေ
ရန်ဂါ့ရဲ့အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတာတဲ့
သမီးနောက်ဆုတ်ချင်တယ်ဆိုရင်လည်း
အချိန်ရှိပါသေးတယ်
သမီးအတွက် အကောင်းဆုံးဆိုတာကိုလည်း စဉ်းစားရဦးမှာပေါ့
ငါလည်း ဘာပြောရမှန်းကို မသိတော့ပါဘူး ရန်ဂါရယ်
လောလောဆယ်စိတ်ထဲမှာ ခံစားနေရတာတွေက အများကြီးပဲ
ဘာတွေဘယ်လိုဖြစ်လဲ ဆိုတာတောင် မပြောပြတတ်လောက်အောင်ပဲ
ရိန်း မင်းသိတဲ့အတိုင်းပဲ
နင့်အပေါ်ငါ တော်တော်လေး ဆိုးခဲ့မိတယ်
ရိန်း
ဆေးရုံကို ပြန်မသွားချင်တော့ဘူးလား
ရိန်း ဒီလိုကြီးဝမ်းနည်းမနေပါနဲ့ဟယ်
ရန်ဂါ ငါ့ကိုဒီလိုတွေပြောတာနဲ့ ပတ်သက်ပြီး
ငါနည်းနည်းမှ မအံ့ဩမိတော့ဘူး ဂွင်
အခုငါ့စိတ်ထဲမှာလေ
သူ့ကိုတစ်နေ့ ဆုံးရှုံးရမယ်လို့ပဲ တွေးနေမိတယ်
ရိန်းရယ်..
ဂွင်..ငါလေ ဒီလောက်လွယ်လွယ်ကူကူ လက်မလျှော့ချင်ဘူး
ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ခုခံကြည့်ချင်သေးတယ်
ဒါပေမဲ့ အခုတော့ငါတော်တော် ပင်ပန်းနေပြီ ဂွင်
ကြိုးစားပြီး တိုက်ပွဲမဝင်ချင်တဲ့သူအတွက်
ကိုယ်က ကြိုးစားပမ်းစားလုပ်ပေးနေရတာ အရမ်းပင်ပန်းတယ် ဂွင်ရယ်
နင်ခံစားနေရတာတွေ ငါနားလည်ပါတယ်
ဒါပေမဲ့ ဒီလိုတော့ နေလို့မဖြစ်သေးဘူးလေ
နင်လက်လျှော့လို့မဖြစ်ဘူး ရိန်း
အစကတည်းက တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းရင်းကို အမြဲပြန်အမှတ်ရလေ
နင်ကတစ်ယောက်တည်းလည်း ဖြစ်ပါတယ် ခဏလောက်နှလုံးသားကို အနားပေးလိုက်လေ
ဒီလိုကြီးတော့ မနေသင့်ဘူးလေ ရိန်း
အေးပါ ဂွင် နင်ပြောတာမှန်ပါတယ်
ဒါပေမဲ့ငါက သူနဲ့ပဲတစ်ချိန်လုံးအတူတူ ရှိနေခဲ့တာ နင်လည်းသိတာပဲ
သူ့စိတ်ထဲမှာ ဘာရှိလဲ အခုငါမသိဘူး
သူ့နောက်ကို ငါကလိုက်လေလေ သူ့ဘေးနား ပိုရှိချင်လေလေ
သူကငါနဲ့ဝေးရာကို ထွက်သွားချင်လေလေ ဖြစ်နေပြီ
ပြီးတော့ သူနေပြန်ကောင်းလာဖို့ ငါကအကုန် ကြိုးစားပေးချင်ပေမဲ့လည်း
သူကတော့..
ငါနဲ့ဝေးဖို့အကြောင်းကိုပဲ တစ်ချိန်လုံး စဉ်းစားနေတာ
နင်ကလည်း..
တစ်ခုတော့ မှတ်ထားရမယ်
ရန်ဂါလောက် စိတ်မာတဲ့သူကို ချစ်တတ်လာအောင် နင်ပဲလုပ်နိုင်တာလေ
သူ့နှလုံးသားကို
နင်ပိုင်ပြီးသားမို့ သူ့ကိုဒီလိုတွေ သင်ပေးစရာမလိုပါဘူး ရိန်း
ဒါပေမဲ့ အချစ်ဆိုတဲ့အရာမှာ နင်ဘယ်တော့မှ မကျရှုံးကြောင်း
ငါကပြစေချင်တာပါ
ငါ့ကိုကတိပေးပါ ရိန်း
No comments yet. Be the first to leave one.