The Last Ship

The Last Ship

تنزيل الترجمة Burmese

الموسم 2

معلومات الإصدار

The Last Ship (2015) Season 02 Episode 11-13 Myanmar
تعليق من kikywebsite

الوسوم

other
نشرت في: 2019-06-15
تنزيلات: 35
ضعاف السمع: No

معاينة ترجمة Burmese

أول 200 سطر.

ရေထဲမှာ ၂ လောင်း ထပ်တွေ့ရတယ်

ကလေးအလောင်းနဲ့တူတယ်

ရင်နာလိုက်တာ

ကြားတယ် အတည်ပြုပါတယ်

ဆိပ်ကမ်း-၂ ပတ်ဝန်းကျင်မှာ မီးငြှိမ်းဖို့နဲ့ကယ်ဖို့လိုတယ်

မီးလောင်တာ အများကြီးပဲ အထဲမှာလူတွေပိတ်မိနေတယ်

ကျွန်မသမီးကို ရှာပေးပါ

သူ့နာမည် အန်နာဘဲလ် တောင်းပန်ပါတယ်

သူတို့ကို မတွေ့ဘူး သင်္ဘောပေါက်ကွဲသွားတယ်

မြန်မြန်လာပါ

နယူးအော်လင်းစ် ရဲတပ်ဖွဲ့က တပ်ကြပ်ကြီးထရုပြောနေတယ်

လုံခြုံရေး တပ်ဖွဲ့ဝင်အားလုံး အမြန်ဆုံးသတင်းပို့ပါ

- အခြေအနေသိချင်တယ် - ကြားတယ်..ဆိုးတယ်

အလိုလေး

- ရေတပ်ကလုပ်လိုက်တာ - ပိတ်လိုက်တော့

ဆိုနာအခြေအနေ ဘယ်လိုလဲ

တိုပီဒိုထိလို့ ဆိုနာရဲ့ အအေးပေးစနစ် ပျက်ဆီးတယ်

ပြင်လို့ရတယ်ဆိုပေမယ့် မြန်မြန်တော့ မပြီးနိုင်ဘူး

ဆိုနာမပါဘဲ ပင်လယ်ထွက်ရင်

ရေငုပ်သင်္ဘော လိုက်လာမှာ သတ်သေသလိုပဲဖြစ်မယ်

နယူးအော်လင်းစ် မီးလောင်နေပြီ ငါတို့ဘာမှ မလုပ်ပေးနိုင်ဘူး

ဖြတ်ပြောခွင့်ပြုပါ သမ္မတကြီး

ဆိုနာဘော်ယာတွေကို ရဟတ်ယာဉ်နဲ့ချပြီး

သွားမယ်ဆိုရနိုင်တယ်

အဝေးထိန်းဆိုနာပါ

ဆိုနာစက်ပြန်မကောင်းခင် မရှိသုံးသုံးတဲ့သဘောပေါ့

အချိန်နည်းနည်းတော့ရမယ်

ဘော်ယာတွေလိုက်ချမယ် ရေငုပ်သင်္ဘောကို ရှာမယ်

- ဘော်ယာတွေလိုက်ချမယ် - ဆိုနာစက်ကို ပြန်ပြင်ကြ

မြေပြင်အဖွဲ့က နယူးအော်လင်းစ်က ပြည်သူတွေကိုသွားကူညီပေးမယ်

- ဟုတ်ကဲ့ ဆရာ - နားလည်ပါတယ်

ဘော်ယာတွေမြန်မြန်တင်ပြီး ရဟတ်ယာဉ်တက်တော့

မြွေဟောက်အဖွဲ့..အခြေအနေပြောပါ

ဆရာ..ကျွန်တော်တို့ တစ်ညလုံးအလုပ်လုပ်နေတယ်

ရေထဲကဆည်တင်ထားတဲ့ ဒဏ်ရာရသူတွေများတယ်

ကမ်းခြေမှာ တတ်နိုင်သလောက် ကူညီပေးနေပါတယ်

ရမ်ဆီနဲ့ သူ့လူတွေကို မြင်လား

မမြင်ဘူး ဆရာ

ဒီလူတွေက မကူးစက်သူမဟုတ်ဘူး သူတို့ဘာဖြစ်သွားမှန်းမသိဘူး

- မတွဲနဲ့ - နေဦး

- ရောဂါကူးကုန်မယ် - ရောဂါမရှိပါဘူး

ခင်ဗျား ဒဏ်ရာရထားတယ် ကူညီခွင့်ပေးပါ

- လာ - ဟေး..ထိုင်မနေနဲ့

အလုပ်လုပ်

မျောပါလာတဲ့ ပစ္စည်းတွေကြားမှာ မိုင်းအပိုင်းအစလည်းတွေ့တယ်

သင်္ဘောဝမ်းဗိုက်မှာကပ်ပြီး ခွဲလိုက်တာဖြစ်နိုင်တယ်

အကူအညီတွေလာနေပြီ

ရမ်ဆီရဲ့တပည့်တွေက သင်္ဘောတွေမှာ ဗုံးကပ်တယ်

ကျွန်တော်တို့ရောက်လာတော့ ဖောက်ခွဲလိုက်တာပေါ့

ကယ်ဆယ်မှု ဆက်လုပ်ပြီး သတင်းတင်ပြပါ

နောက်ထပ်ထုတ်လွှင့်မှု ဖမ်းယူရရှိပြန်ပြီ

ဖွင့်ပြပါ

ပြည်သူများ နားထောင်ပေးပါ ကျုပ်နာမည် ရှောင်ရမ်ဆီ

ဗြိတိသျှတော်ဝင်ရေတပ်ရဲ့ လက်ထောက်တပ်မှူးပဲ

အမေရိကန်ရေတပ်ရဲ့ မဟာမိတ်အနေနဲ့လာတာပါ

ဒါပေမဲ့ သူတို့အကြောင်း အဖြစ်မှန်ကိုသိရတော့

ထိတ်လန့်တုန်လှုပ်မိတယ်

- အသက်ဖြေးဖြေးရှူ - ဓါတ်ခွဲခန်းမှာ ထုတ်ထားတဲ့

သူ့ကိုခဏကြည့်ထား

ဗိုင်းရပ်စ်ကို ဖြန့်လိုက်တာ ခင်ဗျားတို့စစ်တပ်ပါပဲ

အဲဒီကိစ္စကို အစိုးရက ဖုံးကွယ်ထားပေးတယ်

ခုလောက်ဆို ခင်ဗျားတို့လည်း အရပ်သားတွေရိုက်ထားတဲ့

ဗီဒီယိုကို ကြည့်ပြီးလောက်ပြီ

အမေရိကန်အလံလွှင့်ထားတဲ့ အမေရိကန်စစ်သင်္ဘောက

နယူးအော်လင်းစ်ကို တိုက်ခိုက်တယ်

ဒါပေမဲ့ ရေတပ်ရဲ့လုပ်ရပ်က ပြည်သူတွေနဲ့ မဆိုင်ပါဘူး

နိုင်ငံကို သိမ်းပိုက်ဖို့ လျှို့ဝှက်ကြံစည်တဲ့ ကိစ္စမှာ

ဒီသင်္ဘောက အရေးပါနေတယ် ခင်ဗျားတို့သေမှ သူတို့ရပ်မှာ

အစိုးရသစ် တစ်ရပ်ကို သူတို့ဖွဲ့စည်းလိမ့်မယ်

ကြားရတာ ရင်နာစရာကောင်းတယ်

အစိုးရသစ် တစ်ရပ်ဆိုတဲ့ အသုံးအနှုန်းကို ကြိုက်တယ်

- ယုံနိုင်ဖို့တောင်ခက်ပါတယ် - ထင်တာပဲ

မကြာခင် ဗိုင်းရပ်စ်ဖြန့်ခဲ့တဲ့ အမေရိကန်ရေတပ်အကြောင်း

နောက်ထပ် ပေါ်လာပါလိမ့်မယ်

အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ ဟန်းဖုန်းကွန်ယက်ကို

- ကျုပ်တို့ ပြုလုပ်ထားတာပါ - ဗဲလ်ကရီ အဆင်ပြေလား

ထုတ်လွှင့်မှု အဆင်ပြေတယ်

ဒေတာအားလုံး တင်လိုက်ပါပြီ

ခင်ဗျားတို့မှာ အားကိုးစရာရှိတယ်

အမေရိကန်ပြည်သူတွေကို ဗြိတိသျှတွေ ပစ်မထားပါဘူး

ဆစ်ဂနယ်က ကုန်းမြေပေါ်ကလာတာ

ဘလူးတုနည်းပညာလိုပဲ ဒါပေမဲ့ အဝေးကြီးကို ထုတ်လွှင့်လို့ရတယ်

လူသေအက်ပလီကေးရှင်း မလိုအပ်ဘူးလား

ဟင့်အင်း သင်္ဘောပေါက်ကွဲတဲ့ ဗီဒီယိုလိုပဲ

ဟန်းဖုန်းရှိတဲ့လူတိုင်း ဖမ်းယူကြည့်ရှုလို့ရတယ်

သူတို့ ဘယ်လိုလုပ်မှန်းမသိဘူး

ယူအက်စ်အက်စ်နေသန်ဂျိမ်းစ်ရဲ့ ရေယာဉ်မှူးက

အမေရိကန်သမ္မတကို ပြန်ပေးဆွဲသွားတယ်

တိုင်းပြည်ပျက်အောင် လုပ်ဆောင်နေပါတယ်

နားထောင်

ခင်ဗျားတို့ဆီ ကျုပ်တို့လာပြီ

ဥပဒေမဲ့လုပ်ရပ်လုပ်ပြီး ပုန်းနေလို့မရဘူး

ခင်ဗျားတို့ဘယ်ကိုပြေးပြေး အန္တရာယ်ကင်းမယ်မထင်နဲ့

အလုပ်ရှုပ်နေတဲ့ ရှင့်ကို အလုပ်ထပ်ပေးသလိုဖြစ်ပြီ

ဒေါက်တာရီယိုစ်ဆီ သွားလို့ရတယ် ဒါပေမဲ့..

မသွားချင်ဘူး

ဆရာဝန်က ကိုယ်ဝန်ကိုစစ်မှာ

စိတ်ထဲတစ်မျိုးကြီးပဲ

ကိုယ်ဝန်က လနုသေးလို့ပါ

စိတ်ချပါ အားလုံးက သာမန်အနေအထားပါပဲ

စိတ်ပူစရာမရှိပါဘူး

ကျွန်မ..

ကျွန်မ တတ်နိုင်တဲ့အချိန်အထိ

သင်္ဘောပေါ်မှာ ကူညီချင်တယ်

ကျွန်မ နားလည်ပါတယ်

တောင်းပန်ပါတယ်

ရပါတယ်

ကျေးဇူးပါ

အကုန်လုံးအတွက်

သတိ

ဆရာ

နှောင့်ယှက်သလိုဖြစ်သွားလား

မဖြစ်ပါဘူးဆရာ

၅ မိနစ်အတွင်း အလုပ်ပြန်လုပ်မှာပါ

ကောင်းပြီ

ကုသနည်းအသစ်ကို ကမ္ဘာနဲ့ မိတ်ဆက်ပေးနိုင်ဖို့

အချိန်ဘယ်လောက် လိုသေးလဲ

ကျွန်မပြောထားသလိုပဲပေါ့

လူနေထူထပ်တဲ့ မြို့တစ်မြို့ကို သင်္ဘောကပ်ပြီးတာနဲ့

ဆေးထိုးထားတဲ့ လူတွေ ကမ်းပေါ်တက်ပြီး

ပြည်သူတွေနဲ့ အနီးကပ်စကားပြောမယ်

လက်ဆွဲနှုတ်ဆက်မယ် ဖက်မယ်

လူတစ်ယောက်ကနေ ၂ ယောက်ကိုကူးစက်မယ်

ပြီးတော့ နောက် ၂ ယောက် ထပ်ကူးစက်မယ်

ဆက်တိုက်ကူးစက်ပြီးရင်

ရမ်ဆီလည်း ဘာမှမတတ်နိုင်တော့ဘူး

ကူးစက်ကုသဆေးကို ခင်ဗျားကိုယ်မှာထိုးထားတယ်

ဒီတော့ သင်္ဘောတစ်စင်းလုံး ကူးစက်ပြီးသားဖြစ်ပြီပေါ့

မဖြစ်ပါဘူး

အရင်ဆေးထိုးထားတဲ့သူတွေ ကူးစက်ဆေးကို ထပ်ထိုးရမယ်

ဒါဆိုလည်း မြန်မြန်ထိုးပေးပါ

ဆေးစွမ်းပြတဲ့အချိန်က ၅ ရက်နဲ့ ၈ ရက်ကြားပဲရှိတယ်

ဆေးကိုကြိုပြီး မထိုးထားချင်ဘူး

ရှင့်ကို မလေးစားလို့မဟုတ်ဘူး

ကုန်းမြေပေါ်တက်မှာ သေချာမှ ဆေးထိုးပေးတာ ကောင်းလိမ့်မယ်

ကောင်းပြီ

ရေယာဉ်မှူး

ရမ်ဆီ ဆာဗာထဲကရသွားတဲ့ ဒေတာတွေထဲမှာ

ဓါတ်ခွဲခန်း တည်နေရာအပြင် နောက်ထပ်ပါတယ်

ရောဂါစတင်ပျံ့နှံ့တဲ့အချိန်မှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို

သူကပြုပြင်ပြောင်းလဲပြီး အစိုးရလက်ချက်လိုလုပ်တယ်

ဒီတစ်ခုကို ဖတ်ကြည့်လိုက်ပါ

နှာခေါင်းပြာ စီမံကိန်းဟုတ်လား

အာတိတ်ဒေသသွားတဲ့ စစ်သားတွေကိုခေါ်တာ

ကျုပ်တို့ စစ်ဆင်ရေးရဲ့ နာမည်ပဲ

ရှေးဦးမျိုးစိတ်ကို အာတိတ်ဒေသမှာ သွားယူခဲ့ရတာပဲ

ဒါပေမဲ့ ဒီနာမည်ကို ပထမဆုံးကြားဖူးတာပဲ

ကျွန်တော်တို့အတွက်တောင် လျှို့ဝှက်ဖြစ်နေတယ်

ကျွန်တော်တို့က ကုသဆေးဖော်ဖို့ ဗိုင်းရပ်စ်ကို သွားရှာတာမဟုတ်ဘူးလို့

ရမ်ဆီ သတင်းဖြန့်လိမ့်မယ်

လျှို့ဝှက်စစ်ဆင်ရေးတွေက အဲဒီပြဿနာရှိတယ်

- လူတွေက ထင်ချင်သလိုထင်တာ - သူက အဲဒီလို လုပ်တော့မှာပဲ

အမှန်နဲ့ အမှားကိုရောပြီး ပြည်သူတွေကို ဝါဒဖြန့်မယ်

ပြည်သူတွေက ကျုပ်တို့ကို လက်မခံအောင် လုပ်မယ်

သူ့မှာ အကူအညီရှိတယ်

နယူးအော်လင်းစ် ဗီဒီယိုမှာလည်း

ဒီတံဆိပ်ပါတယ် မဟုတ်လား

ဗဲလ်ကရီကို ထိန်းချုပ်သူက ကွန်ရက်ပ်ိုင်းအရမ်းကျွမ်းတယ်

အနီးအနားကဖုန်းတွေ မက်ဆေ့ခ်ျပို့တဲ့ ကွန်ယက်မဟုတ်တော့ဘူး

- ကွန်ယက်ကြီးတစ်ခုဖြစ်လာပြီ - ရေငုပ်သင်္ဘောပေါ်မှာ

လက်နက်နည်းလာပြီဆိုတော့ ပြည်သူအကူအညီကိုယူတာပဲ

ကွန်ယက်ထဲကို ခိုးဝင်ပြီး အဲဒီကွန်ယက်ကို ပိတ်ရမယ်

ဟင့်အင်း ကွန်ယက်ကိုထိန်းချုပ်ပြီး ငါတို့ ဝါဒဖြန့်ဖို့ အသုံးချရမယ်

ငါက ပြန်ပေးဆွဲခံရတယ်လို့ ရမ်ဆီက ပြောထားတယ်

ကွန်ယက်ကို ရအောင်ယူပေး ပြည်သူတွေကို ငါမိန့်ခွန်းပြောမယ်

ငါ့အကြောင်း မင်းတို့အကြောင်း ရမ်ဆီအကြောင်း အကုန်ပြောပြမယ်

ပြည်သူတွေ ငါတို့ဘက်ပါလာရင်

ရေငုပ်သင်္ဘောကို အနိုင်ယူဖို့ အင်အားများသွားပြီ

လာကြ သောက်ရေရှာမယ်

ဒီလူတွေကို တတ်နိုင်သလောက် ကူညီပေးလိုက်ပါ

ငါ့ပစ္စတိုကိုကြည့်မနေနဲ့ မင်းမျက်လုံးကို ဖောက်လိုက်မယ်

နယူးအော်လင်းစ်ကလူတွေ ကားတွေနဲ့ရောက်လာပြီ

အသက်ရှင်သူတွေအတွက် ရေနဲ့စားစရာ ပါလာတယ်

ကောင်းတာပေါ့ အကူအညီရတယ်

- သူတို့ ဗီဒီယိုကြည့်ပြီးပြီလား - မကြည့်ရသေးဘူးထင်တယ်

နောက်ထပ် ထုတ်လွှင့်မှုမရှိဘူး ဒါပေမဲ့ ဆစ်ဂနယ်ရှိနေသေးတယ်

ဘယ်ဘက်ကိုပဲချိန်ချိန် ဆစ်ဂနယ်အားက မပြောင်းဘူး

အနီးဆုံး ဖုန်းပေါ်မူတည်ပြီး

ဆစ်ဂနယ်အနည်းအများဖြစ်တယ်

နယူးအော်လင်းစ်မှာရော မင်းတို့လူတွေရှိသေးလား

ဟင့်အင်း ဖလော်ရီဒါအပြင်ကို ပထမဆုံးရောက်ဖူးတာပဲ

- ဒီနေရာမှာ ဆစ်ဂနယ်ပိုပြင်းတယ် - ကျုပ်မဟုတ်ဘူးနော်

ပိုပြင်းလာပြီ

ပိုပြင်းလာပြီ

ဒီနေရာပဲ ဆစ်ဂနယ် ၁၀၀ ရာခိုင်နှုန်းရှိတယ်

အိုကေ အခြေအနေတင်ပြပါ

ဆိုနာ..ဘော်ယာတွေနဲ့ ဆက်သွယ်လို့ရလား

ဟင့်အင်း ဆိုနာပျက်နေတော့

ရဟတ်ယာဉ်က တစ်ဆင့်ပဲ ဆက်သွယ်လို့ရတယ်

တိတ်ဆိတ်နေတုန်းပဲ

- ရေပြင်အခြေအနေ - မတွေ့သေးဘူး

မြွေဟောက်..မြွေပွေးပြောနေတယ် နောက်တစ်နေရာရွှေ့ပါ

- မြွေဟောက်အဖွဲ့ကြားတယ် - ဗဲလ်ကရီ ဆစ်ဂနယ်ကိုရှာဖို့

မြေပြင်အဖွဲ့က တော်တော်လေး ကူညီပေးတယ်

ထုတ်လွှင့်တဲ့နေရာကို ခန့်မှန်းလို့ရပြီ

မြောက် ၂၈ ဒီဂရီ ၃၃ မိနစ် အနောက် ၈၉ ဒီဂရီ ၂၂ မိနစ်

အဲဒီနေရာမှာ ကုန်းမြေမရှိဘူး သင်္ဘောတစ်စင်းဖြစ်မယ်

အဲဒီနေရာကို ကြည့်ချင်တယ်

ရဟတ်ယာဉ်က ဘော်ယာတွေသွားချတယ်

အဲဒီနေရာကိုကြည့်ဖို့ ဒရုန်းပဲလွှတ်လိုက်တော့

More Burmese subtitles for The Last Ship

التعليقات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left