Prvních 200 řádků.
ရိုမန်ကက်သလစ် မကောင်းဆိုးဝါးနှင်ခြင်း မှတ်တမ်းများကို ဗာတီကန်က ခွင့်မပြုပါ
ဤမှတ်တမ်းရိုက်ကူးရာတွင် ဗာတီကန်အသင်းတော်မှ
ထောက်ခံပေးခြင်း ကူညီခြင်းများ မရှိခဲ့ပါ
၁၉၈၉ ခုနှစ် အောက်တိုဘာ ၃၀
တောင်ဟတ်ဖို့ရဲဌာန ၉၁၁ ကပါ ဘာအရေးပေါ်ကိစ္စ ဖြစ်တာလဲ
၃ ယောက်.. လူ ၃ ယောက်
လူ ၃ ယောက်လား မဒမ် ဘာဖြစ်တာလဲ ဒဏ်ရာရထားလား
လူ ၃ ယောက် လူ ၃ ယောက်သေသွားတယ်
သေသွားတယ်လို့ပြောတာလား
ငါသတ်လိုက်တာ ရဲတွေ လွှတ်လိုက်ပါ
မဒမ် နေပါဦး ဘယ်သူ့ကို သတ်လိုက်တာလဲ
အားလုံးကိုသတ်လိုက်တာ
မဒမ်.. မဒမ်
ရဲဌာန၏အခင်းဖြစ်ရာနေရာမှတ်တမ်း မကူးယူရ
ရဲအုပ်ဒရေးဖတ်စ် ကိုယ်ပိုင်နံပါတ် ၃၅၂၅ ဝီလိုလိန်းလမ်း အမှတ် ၁၇၄ မှာပါ
ဧည့်ခန်းလို့ထင်ရတဲ့ အခန်းထဲကို ဝင်လိုက်ပါပြီ
အနေအထားကို အပေါ်လွင်ဆုံး ပြောရမယ်ဆိုရင်
ဖရိုဖရဲအနေအထားဖြစ်နေပါတယ် ဂရုစိုက်လျှောက်ပါ
မီးဖိုခန်းကလည်း ဖရိုဖရဲဖြစ်နေပါတယ်
လှေကားခွင်ကို သွားတဲ့လမ်းမှာ ပထမမြောက်သေဆုံးသူကို တွေ့ပါတယ်
ကြမ်းပြင်ပေါ်မှာ လက်နက်တွေ့တယ်
ပထမမြောက်သေဆုံးသူဟာ မြောက်ဘက်ကို မျက်နှာမူထားပါတယ်
အမျိုးသား ကိုယ်အလေးချိန် ပေါင် ၁၆၀ ခန့်
ဘယ်ဘက်နားထင်မှာ သေစေလောက်တဲ့ဒဏ်ရာရှိတယ်
အခု မြေအောက်ခန်းထဲကို ၀င်ပါပြီ
သေဆုံးသူ နောက် ၂ ယောက်ကို တွေ့ခဲ့ရတဲ့နေရာပါ
အိမ်ရဲ့မြေအောက်ခန်းထဲကို ဝင်လိုက်ပါပြီ
ဒုတိယမြောက်သေဆုံးသူကို တွေ့ပါတယ်
အမျိုးသမီး ခန့်မှန်းခြေ ပေါင် ၁၂၀ ခန့်
အနောက်ဘက်ကိုမျက်နှာမူထားတယ်
သေဆုံးသူရဲ့ညာဘက်လက်မှာ ဘာသာရေးသုံးပစ္စည်းကို တွေ့တယ်
အတင်းဆုပ်ကိုင်ထားတယ်
တောင်ဘက်ကိုဦးတည်ထားတယ်
ကြမ်းပြင်ပေါ် နောက်ထပ်လက်နက် တွေ့တယ်
တတိယမြောက်သေဆုံးသူကို တွေ့တယ်
အမျိုးသား ခန့်မှန်းခြေ ပေါင် ၂၁၀ ခန့်
ခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာရထားတယ်
ကြိုးနဲ့လည်ပင်းညှစ်ခံထားရကြောင်း သိသာနေပြီး
ကြိုးက ပြတ်သွားတာဖြစ်မယ်ထင်ပါတယ်
တံခါးမှာ သွေးတွေ စင်ထားတယ်
အခန်းအလယ်မှာ ထိုင်ခုံတစ်လုံးရှိတယ်
ထိုင်ခုံညာဘက်လက်ရန်း ကျိုးနေတယ်
ရုန်းကန်မှုကြောင့် လက်သည်းရာတွေပေါ်နေတယ်
ချုပ်နှောင်ဖို့အတွက် သိုင်းကြိုးတွေ အများကြီးတွေ့တယ်
ဒဗလျူဂျေဘီပီ ချန်နယ် ၁၁
သာသနာ့ဝန်ထမ်း ၃ ဦး သေဆုံးခဲ့တဲ့
ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် တိတ်ဆိတ်တဲ့ တောင်ဟတ်ဖို့မှာ မငြိမ်မသက်ဖြစ်ခဲ့ပါတယ်
၂၀ ရက်နေ့ တနင်္ဂနွေနေ့ ည ၁၁:၄၇ နာရီခန့်မှာ
၉၁၁ ကို အရေးပေါ်ဖုန်းဝင်လာခဲ့ပါတယ်
အဲဒီအိမ်ကနေ အလောင်း ၃ လောင်းသယ်ထုတ်ခဲ့ရတယ် ဘုန်းတော်ကြီး ၂ ပါးနဲ့ သီလရှင်တစ်ပါးပါ
တခြားသေဆုံးသူရှိဦးမလား ရှာဖွေခဲ့ပေမယ့် ထပ်မတွေ့ခဲ့ရတော့ပါဘူး
မာရီယာရိုစီဟာ သူ့အိမ်မှာဘုရားကျောင်းအဖွဲ့ အစည်းအဝေးလုပ်ခဲ့ပုံပါပဲ
သေမှုသေခင်းစုံထောက်များနဲ့ ဓါတ်ခွဲခန်း ပညာရှင်များက စုံစမ်းဖော်ထုတ်နေပါတယ်
မစ္စစ်ရိုစီကို ရဲများက ကြမ်းပြင်အောက် နေရာလွတ်မှာ ရှာတွေ့ခဲ့ပါတယ်
သတ်ရတဲ့အကြောင်းရင်းကို မခန့်မှန်းနိုင်သေးပါဘူး
ဖြစ်နိုင်ခြေတချို့တော့ ရှိပေမယ့်
ဒီတစ်ခါမှာတော့ ဘာကြောင့်ဖြစ်တယ် မဖြစ်ဘူးဆိုတဲ့
အကြောင်းရင်းကို မခန့်မှန်းလိုတော့ပါဘူး
ကျွန်မနာမည် အစ္စဘယ်လာရိုစီပါ အဲဒါက ကျွန်မအမေပါ
အမေနဲ့ပတ်သက်ပြီး အားလုံးကို သိစေချင်တာက အမေက နှလုံးသားကြီးမြတ်သူပါ
၁၉၈၉ ခုနှစ် အောက်တိုဘာ ၂၉
ဒီမှာ ကျွန်မတို့ပုံ ဒီပုံက ကျွန်မငယ်ငယ်က ရိုက်ခဲ့တာ
မြင်ရလား
ပထမဆုံးမွေးနေ့ပွဲမှာပေါ့
ကျွန်မအသက် ၆ နှစ်ပြည့်ပြီး
နောက်ပိုင်းမှ စပြီး သတိထားမိလာတာ ထင်တယ် ပြောင်းလဲလာတာကိုလေ
အမေ့စိတ်တွေဟာ တမျိုးဖြစ်လာတယ်
နောက်တော့ ခဏလောက် ပျောက်သွားသေးတယ်
သူပြန်လာတော့ သက်သာလာပြီလို့ ပြောတယ်
ဒါပေမဲ့ မဟုတ်ဘူး
ဘာဖြစ်နေလဲဆိုတာ ကျွန်မတို့ နားမလည်ဘူး
ဘယ်သူမှ မသိကြဘူး
ဒါဆို ဒီမှတ်တမ်းဗွီဒီယိုကို ဘာလို့လုပ်တာလဲ
ဘာလို့လဲဆိုတော့..
ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိချင်လို့ပါ
မာရီယာရိုစီလုပ်ခဲ့တာတွေ သူ့ရဲ့နောက်ပိုင်းဘ၀အခြေအနေတွေဟာ
အရမ်းကို ဝမ်းနည်းစရာကောင်းပြီး ရှုပ်ထွေးနေတယ်
အဲဒီလိုအခြေအနေကို ကြုံခဲ့ရတာက အခု အဲဒီအဖြစ်ဆိုးကို နားလည်ဖို့ ကြိုးစားနေတဲ့
သူ့သမီးပါပဲ
အစ္စဘယ်လာ.. ကင်မရာကိုကြည့် သမီးလေး
မစ္စစ်ရိုစီဟာ ဒီလိုလုပ်ရပ်မျိုးကို
ဘာကြောင့်များလုပ်ခဲ့တာလဲလို့ တစ်ယောက်ယောက်က ကျွန်တော့်ကိုမေးရင်
လူတွေရဲ့စိတ်ရိုင်းဝင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်မိမှာပဲ
အပြင်းစားစိတ်ကျရောဂါ ဒါမှမဟုတ် စိတ်ကစဥ့်ကလျားရောဂါ
ဒါမှမဟုတ် ပုဂ္ဂလိကထင်ယောင်မှားရောဂါ
ကျွန်တော်နားလည်တာတော့
သူရဲ့လက်ရှိ စိတ်ရောဂါမှတ်တမ်းအရ ပုဂ္ဂလိကထင်ယောင်မှားရောဂါ
ဒါပေမဲ့ ၁၉၈၇ ခုနှစ်ထဲက စစ်ဆေးလာတာ မတူညီတဲ့ရလဒ် ၇ ကြိမ်ထွက်ခဲ့တယ်လေ
ရှင်တို့တော့ထင်မှာပေါ့ ကျွန်မဆီမှာကော မျိုးရိုးပါလာမလား
ကျွန်မလည်း တစ်နေ့မှာ ရူးသွားမှာလားပေါ့
အချိန်မကျသေးလို့ပဲလားပေါ့
သူရဲ့အိမ်မှာ လူ ၃ ဦးကို ရက်ရက်စက်စက် သတ်ပြီးနောက် ၂ နှစ်အကြာမှာ
တောင်ဟတ်ဖို့ဂျူရီအဖွဲ့က မာရီယာရိုစီကို ရူးနေလို့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်
ရိုစီကို တောင်ဟတ်ဖို့ပြည်နယ်အရူးထောင်ကို ပို့လိုက်တယ်
နောက်တော့ အဲဒီနှစ်စက်တင်ဘာလမှာ အမေ့ကို အီတလီနိုင်ငံ ရောမမြို့က
စိတ္တဇရာဇဝတ်သားတွေထားတဲ့ ဆန်ထရီယို စိတ်ကျန်းမာရေးဆေးရုံကို ပြောင်းလိုက်တယ်
အီတလီကိုမှ ဘာလို့ပြောင်းရလဲလို့ ကျွန်မ မမေးခဲ့ဘူး
တကယ့်အဖြစ်အပျက်ကို မင်းအဖေ ဘယ်တုန်းက ပြောပြခဲ့တာလဲ
၂၀၀၉ မေလ ၂၃ ရက် ကျွန်မ အသက် ၂၅ နှစ်မှာ
သူဒီလိုပဲပြောခဲ့တာ သူပြောတာက..
အမေဟာ အဲဒီလူတွေကို မကောင်းဆိုးဝါးနှင်နေချိန်မှာ သတ်ခဲ့တာတဲ့
သူ့ဆီမှာပူးနေတဲ့ မကောင်းဆိုးဝါးကို ထုတ်နေတဲ့အချိန်ပေါ့
ကျိုးကြောင်းဆီလျော်ပြီး ဖြစ်နိုင်ခြေရှိတဲ့
ဖြေရှင်းချက်ကိုရှာဖို့က သိပ္ပံပညာရဲ့အလုပ်ပဲလေ
ဒါပေမဲ့ သိပ္ပံပညာက အားလုံးကို ဖြေရှင်းချက်မထုတ်နိုင်ဘူး
ဥပမာ လူတစ်ယောက်က..
မကောင်းဆိုးဝါးနှင်နေချိန်မှာ မြေပေါ်ကနေ နှစ်ပေမြင့်တက်သွားတာမျိုးပေါ့
သူ့ကို တကယ်သရဲပူးနေတယ်ထင်လားလို့ အဖေ့ကို မေးခဲ့တယ်
အဖေက မသိဘူးတဲ့
အမေလည်းသွားပြီပဲလေ အရေးမကြီးတော့ပါဘူးတဲ့
ထားလိုက်ပါတော့တဲ့
အဲဒီနောက် ၃ ရက်အကြာမှာ အဖေဆုံးသွားတယ်
အဲဒီဘုန်းတော်ကြီးတွေရဲ့ ဘုရားကျောင်းကို ဖုန်းဆက်ခဲ့တယ်
သူတို့က မပြောပြကြဘူး
သူတို့မှာ တရားဝင်ပရောဂဆရာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့
အခု မကောင်းဆိုးဝါးနှင်တဲ့ပညာကိုသင်တဲ့ ဗာတီကန်ကျောင်းကို သွားနေတာပါ
ကျွန်မအမေကိုပါ တွေ့ဖို့လေ
မင်း စိတ်လှုပ်ရှားနေလား
အင်း စိတ်လှုပ်ရှားတယ် နှစ် ၂၀ ဆိုတာအတော်ကြာခဲ့ပြီလေ
အဲဒီနောက် ရောမကဂိုဏ်းအုပ်ဘုန်းတော်ကြီးက ဆက်သွယ်လာခဲ့တယ်
အမေ့ရဲ့ကိစ္စမှာ သူတို့ရဲ့ ခွင့်ပြုချက်မပါဘူးတဲ့
အဲဒီမှာပဲ ကျွန်မအီတလီကိုသွားသင့်တယ်ဆိုတာ သဘောပေါက်လိုက်တယ်
၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၆
အဲဒီကျောင်းကို သူတို့ ဘယ်လိုများ သေချာလုပ်ထားလဲ သိချင်တယ်
ပေါ့ပျက်ပျက်မဟုတ်ဖို့ မျှော်လင့်တာပဲ
အဲဒါ စိန့်ပီတာရင်ပြင်
အဲဒီလိုမျိုးတွေပေါ့
တမန်တော်ဟောပြောချက်များ ကျောင်းတော် ဗာတီကန်မြို့
ဒီကျောင်းကို ကမ္ဘာတဝှမ်းကလူတွေက အရမ်းစိတ်ဝင်စားကြတယ်
အမေ့ရဲ့အခြေအနေကို ဒီထက်ပိုသိလာအောင် ကူညီပေးနိုင်မယ် ထင်တယ်
ရူးလောက်တဲ့ထိတ်လန့်ခြင်းမျိုးကနေ သေစေနိုင်တဲ့ ဒဏ်ရာရတဲ့အထိ ဖြစ်နိုင်တယ်
ခံရတဲ့သူတင်မဟုတ်ပါဘူး
မိသားစုဝင်တွေအပါအဝင် အဲဒီတဝိုက်က လူတွေမှာပါဖြစ်နိုင်တယ်
အထူးသဖြင့် ဘုန်းတော်ကြီးတွေပေါ့
တစ်ခါတရံမှာ လူတစ်ယောက်ကို မကောင်းဆိုးဝါးတစ်ကောင်ထက်မက ပူးနေနိုင်တယ်
အဲဒါကို မကောင်းဆိုးဝါးများစွာ ဝင်ပူးခြင်းလို့ ခေါ်တယ်
အဲဒီကိစ္စမျိုးတွေဟာ မခန့်မှန်းနိုင်လောက်အောင် သိပ်ကို အန္တရာယ်များပါတယ်
ပြီးတော့ တစ်ခါတရံ ခန္ဓာပြောင်းခြင်းလည်း ဖြစ်နိုင်တယ်
ဆိုလိုတာက မကောင်းဆိုးဝါးဟာ တစ်ယောက်ဆီကနေ တခြားတစ်ယောက်ကို ပြောင်းသွားတာမျိုးပါ
ဒီသင်တန်းရဲ့ရည်ရွယ်ချက်က ဘုန်းတော်ကြီးတွေ အရပ်သားတွေကို လက်ရှိသူတို့ရဲ့လူမှုဘ၀မှာ
မကောင်းဆိုးဝါးတွေ ရှိနေတယ်ဆိုတာကို သင်ကြားပေးတာပါ
ဥပမာပြောရရင် အီတလီတစ်နိုင်ငံတည်းမှာတင် နတ်ဆိုးကိုးကွယ်မှုတွေ ၈၀၀ ကျော်ရှိတယ်
အဲဒီမှာပြဿနာရှိလာပြီ
ပရောဂဆရာတွေ ပိုလိုလာပြီ
အပူးခံရပြီဆိုရင် စိတ်ကျန်းမာရေးကြောင့် မဟုတ်တာသေချာအောင် အရင်ဆုံး လုပ်ရပါတယ်
စိတ်ကစဥ့်ကလျားရောဂါ စိတ်ကျစိတ်ကြွရောဂါ
ဒီသင်ရိုးထဲမှာ အဲဒီအခြေအနေတွေအားလုံးကို ခွဲခြားနိုင်အောင် လုပ်ထားပါတယ်
မေမေ သမီးကိုကယ်ပါ
အနားမှာ တယောက်ယောက် ရှိနေလား ရိုဆာ
သမီးကိုကယ်ပါ
ဘယ်သူလဲ မကောင်းဆိုးဝါးလား
သူကငါ့အတွက်လို့ ပြောထားတယ်လေ
ကဲ အားလုံးပဲ ထင်မြင်ချက်တစ်ခုခုရှိလား
ဒီပုဂ္ဂိုလ်ဟာ အပူးခံထားရတာသေချာတယ်လို့ ကျုပ်ယုံကြည်တယ်
သူဟာ ဘာသာစကားမျိုးစုံပြောတယ်
နေပါဦး.. ဘာသာစကားမျိုးစုံလား ဟုတ်ရင်လည်းဟုတ်မှာပေါ့
တကယ်က စိတ်ဖောက်ပြန်နေသူတစ်ဦး ဗလုံးဗထွေးရေရွတ်နေတာ ဖြစ်နိုင်တာပဲ
စိတ်မရှိပါနဲ့ ဖာသာ
စိတ်ငြိမ်ဆေးတွေ အများကြီးပေးထားတာတောင်
ရေစင်နဲ့ဖြန်းတဲ့အခါ သာမန်မဟုတ်တဲ့ခွန်အားမျိုး သုံးတယ်လေ
သံသယဝင်နေတဲ့ စိတ်ကစဥ့်ကလျားရောဂါသည်ရဲ့ အထင်အမြင်မှားစိတ်ကြောင့်
ရေစင်ကို အက်ဆစ်လိုမျိုး ကျင်ငယ်ရေလိုမျိုး
ထင်သွားနိုင်တာပဲလေ
စိတ်မရှိပါနဲ့ ကျုပ်တော့ သဘောမတူဘူး
အဲဒီမိန်းကလေးက သူ့ပေါင်ကို သူချိုးလိုက်တယ်လေ
သူ့ခွန်အားက မူမမှန်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး
ဝက်ရူးပြန်ရောဂါသည်တချို့ဟာ သူတို့တက်နေချိန်မှာ အရိုးတွေကိုချိုးတတ်တာ အားလုံးအသိပါ
ဒါက သိသာတဲ့အချက်ပဲ
ကျုပ်ပြောခဲ့သလိုပဲ စိတ်ကျန်းမာရေးကြောင့် မဟုတ်တာသေချာအောင် လုပ်ရပါတယ်
ချုပ်ပြောရရင် ဒီဖြစ်ရပ်ကို ၀င်ပူးခြင်းအဖြစ် သက်သေမပြနိုင်ခဲ့ဘူး
စာသင်ခန်းထဲက သဘောထားကွဲလွဲမှုဟာ စိတ်သက်သာစရာပါပဲ
ဘုန်းတော်ကြီးတွေ သီလရှင်တွေတင်မက သာမန်လူတွေ
ကျွန်မကြုံတွေ့ရသလို ကြုံနေရတဲ့ လူတွေပါတွေ့တယ်
ကျွန်မလိုပဲ တစ်စုံတယောက်ကို ကူညီဖို့ မျှော်လင့်နေသူတွေပေါ့
ဒီကို ဘာလို့လာခဲ့တာလဲ
ဒီအသိပညာတွေအားလုံး.. အားလုံးလက်ခံကြမှာပါ..
ဒီအသိပညာတွေအားလုံးက ကျုပ်တို့အတွက် တန်ဖိုးမဖြတ်နိုင်ဘူးလေ
ဒေးဗစ်.. ရှင် ဒီကျောင်းကိုလာတက်ဖြစ်တာ ဘာကြောင့်လဲ
အတိအကျပြောရရင် မကောင်းဆိုးဝါးနှင်ပညာလာသင်တာကိုပေါ့
သိပ္ပံပညာနဲ့ ဘာသာရေးကိုပေါင်းစပ်ခြင်းပါ
ကျုပ်ရဲ့ဆေးပညာနောက်ခံနဲ့ဆို
ရည်ရွယ်ချက်ကိုပိုပြီး မြင်နိုင်မယ်လို့ တွေးမိလို့
ဘုရားသခင်နဲ့ မကောင်းဆိုးဝါးအကြောင်းကို အရမ်းခိုင်ခိုင်မာမာပြောနေကြပေမယ့်
တကယ်ခိုင်မာတဲ့အချက်တွေ သက်သေတွေ မရှိတာကိုတော့ သဘောတူတယ်မလား
ကျုပ်ကိုတော့ တစ်ခါမှ ဘုရားမကယ်ဖူးဘူး မင်းကိုကော
အင်း ဟုတ်တယ်
စာသင်ခန်းမှာ မကောင်းဆိုးဝါးနှင်တာကို ဘယ်တော့ လက်တွေ့မြင်ရမှာလဲ
သင်တန်းက သီအိုရီတွေကိုပဲသင်မှာ
မကောင်းဆိုးဝါးနှင်ပညာသင်ကျောင်းမဟုတ်ဘူးလား
လက်တွေ့မကျပါဘူးဗျာ
ဒီနေ့ကြည့်ခဲ့ရတဲ့ ဗွီဒီယိုကိုပဲကြည့်
သူကဝင်ပူးခံရတဲ့အချက်အားလုံးနဲ့ ကိုက်ညီတယ် တကယ်အပူးမခံရတာက လွဲလို့ပေါ့
စိတ်ဖောက်ပြန်တာပါ
မဟုတ်ဘူး တကယ်ဝင်ပူးခံရသူကိုမြင်ဖူးရင် မတူတာကို ခင်ဗျားသိသွားမှာ
ဒီလိုပြောတော့ ရှင်ကမြင်ဖူးတယ်ပေါ့
တကယ်မကောင်းဆိုးဝါးနှင်တာကို ကိုယ်တိုင်မြင်ဖူးလား ဖာသာ
ဒါပေါ့.. အီစတာယုန်လေးကို မြင်ဖူးတုန်းက နေမှာပေါ့
ကျုပ် မြင်ဖူးချင်မြင်ဖူးမှာပေါ့ တစ်ခုမေးလို့ရမလား အစ္စဘယ်လာ
- ဟုတ် - သိချင်လို့ပါ
ဒီမှတ်တမ်းဗီဒီယိုကို ဘာလို့ရိုက်တာလဲ
No comments yet. Be the first to leave one.