Mahabharat

Mahabharat

Stáhnout Burmese titulky

Série 1

Informace o verzi

Mahabharat - Episode 1 (Myanmar Unicode Subtitle) (srt, ass)
Komentář od YeZarni
srt ဖိုင်က ဖုန်းမှာ တိုက်ရိုက်ကြည့်ရင် အဆင်ပြေတယ်။ ass ဖိုင်ကတော့ ကွန်ပျူတာနဲ့ စာတန်းထိုးပေါင်းတဲ့နေရာမှာ အဆင်ပြေလို့ နှစ်ခုလုံးထည့်ပေးထားပါတယ်။

Tagy

other
Zveřejněno: 2018-02-03
Stažení: 67
Pro sluchově postižené: No

Náhled titulků v jazyce Burmese

Prvních 180 řádků.

ငြိမ်းချမ်းပြီး၊ စိတ်ချမ်းသာရတဲ့အချိန်ပဲ

မင်းနဲ့တွေ့တဲ့ အချိန်မှပဲ ဒီလိုခံစားခွင့်ရတယ် သစ္စဝတီ

နိုင်ငံတော်နဲ့ သက်ဆိုင်သမျှ

စစ်ပွဲတွေ၊ စီမံမှုတွေ၊ မဟာဗျူဟာတွေ

တရားမှု မတရားမှု အငြင်းအခုန်တွေ

ငါကိုယ်တော်အပေါ်ပဲ မူတည်ခဲ့တာ

ဘာဆန္ဒတွေများ ရှိသေးလဲ သစ္စဝတီ

ကျွန်တော်မျိုးမ ရှင်သန်ချင်တာတစ်ခုပါပဲ အရှင်မင်းကြီး

ရုန်းကန်လှုပ်ရှားနေရတဲ့ အချိန်မှာ ကျွန်တော်မျိုးမတို့ သတိပြုမိတာက

အသက်ရှင်နေသေးတယ် ဆိုတာပါပဲ

မင်းက ငြိမ်းချမ်းခြင်းထက်

ရုန်းကန်ရခြင်းကို ပိုကြိုက်တယ် ထင်ပါ့

အမြဲပြည့်စုံနေတဲ့သူက

ငြိမ်းချမ်းရေးကို တန်ဖိုးထားတယ်

ငြိမ်းချမ်းရေးရရှိဖို့အတွက်က

ပြည့်စုံတဲ့ဘဝကို အရင်ဖန်တီးရမယ်မဟုတ်လား

ဒါကြောင့် ငြိမ်းချမ်းခြင်းဆိုတာကလဲ ရုန်းကန်ပြီးမှ ရလာတာပါပဲ

ဟုတ်တယ်မဟုတ်လား အရှင် သာန္တနု

သစ္စဝတီ

ဘာလုပ်မလို့လဲ သစ္စဝတီ

ပြီးပြည့်စုံဖို့ ကြိုးစားမလို့လေ

ထားလိုက်ပါ သစ္စဝတီ

ဒီငါးက အရမ်းသန်မာတယ်

မင်း မဖမ်းနိုင်လောက်ဘူး

ဟုတ်လား၊ ကျွန်မက မစ္ဆရာဇာ ရဲ့ သမီးလေ

ရပ်လိုက် အရှင်မင်းကြီး

ကျွန်မကို မကူညီပါဘူးလို့ ကတိပေးပါ

ထားလိုက်တော့ သစ္စဝတီ တံငါသည်တွေကို ဖမ်းခိုင်းလိုက်မယ်

တံငါသည်တွေ ဖမ်းပေးလိမ့်မယ်

အဲဒီလောက် မစောင့်နိုင်တော့ဘူး အရှင်မင်းကြီး

ငါးဆိုတာမျိုးက အခွင့်အရေးလိုပဲ

ကြုံကြိုက်တဲ့အချိန်မှာပဲ မိမိရရဆုပ်ကိုင်ထားသင့်တာမျိုး

သစ္စဝတီ

ဒီလိုနူးညံ့တဲ့လက်ကလေးက ဒီလောက်သန်မာနေမှန်း သတိမထားမိဘူး

အရှင် သာန္တနု အရှင်က ခတ္တိယအနွယ်ပါ

ဟတ္တိနာပုရ ရဲ့ ဘုရင်ပါ

စွမ်းအားက ကိုယ်ကာယမှာမတည်ပါဘူး

အရှင်မင်းကြီးရဲ့ နှလုံးသားမှာတည်နေတာကို သတိရပါ

ဆန္ဒက နှလုံးသားရဲ့ အားအင်ပါပဲ

စိတ်ဆန္ဒ ဦးဆောင်လို့သာပဲ

လက်ရဲ့ ဒဏ်ရာကို အသိမပြုမိတာပဲမဟုတ်လား၊ သစ္စဝတီ

အရှင်မင်းကြီး ဘုရားရှင်က မျက်လုံးသေးသေးလေးပဲ ဖန်ဆင်းပေးထားတယ်

ဒါပေမဲ့ ဒီမျက်လုံးတွေကပဲ

အဆုံးအစမဲ့တဲ့ ကောင်းကင်ကို မြင်နိုင်စွမ်းတာပဲမဟုတ်လား

မဟုတ်ဘူးလား အရှင်မင်းကြီး

ဒီလို နိမ့်ကျတဲ့ စိတ်ဆန္ဒမျိုးနဲ့တော့ ဘုရားရှင်ကို မရိုသေရာရောက်မှာ ကျွန်မ စိုးရိမ်ပါတယ်

လိုအင်တွေ၊ မျှော်လင့်ချက်တွေ

ပြင်းပြတဲ့ ဆန္ဒတွေ

လူ့အဖွဲ့အစည်းကို မောင်းနှင်နေတဲ့ အားအင်တွေပဲ

မဟုတ်ဘူးလား

သင် ဘယ်သူလဲလို့

တစ်ယောက်ယောက်က မေးလာရင်

ဘယ်လိုပြန်ဖြေကြမလဲ

စဉ်းစားကြည့်စမ်းပါ

သင့်ရဲ့ အလိုဆန္ဒတွေကသာ သင်ဘယ်သူလဲဆိုတာကို အဆုံးအဖြတ်ပေးနေတယ်လို့

သင်ကိုယ်တိုင် နားလည်လာလိမ့်မယ်

အောင်မြင်တဲ့အချိန်အခါ

ဒါမှမဟုတ် ကျရှုံးတဲ့ အချိန်အခါတွေမှာ

ငါ ဘယ်သူလဲဆိုတာ ပုံဖော်ကြည့်လိုက်ပါ

လူအများစုက ဘဝမှာရှင်သန်ကြတယ်

သူတို့မှာ လုပ်စရာတွေအများကြီးပဲ

ဒါပေမဲ့ သူတို့ရဲ့ တကယ့်လိုအင်ဆန္ဒကို ဘယ်တော့မှ မလုပ်ခဲ့ကြရဘူး

လိုအင်ဆန္ဒတွေက တံလျှပ်ကို ရေထင်ပြီး

အလိုက်မှားတဲ့ ရွှေသမင်လို ဖြစ်စေခဲ့တယ်

ဒါပေမဲ့ လိုအင်ဆန္ဒတွေကပဲ

ဉာဏ်ပညာကို မွေးဖွားစေတာပဲမဟုတ်လား

ဘယ်လိုလဲ

လိုအင်ဆန္ဒတွေ မပြည့်ဝတဲ့အချိန်မှာ

သူတို့ရဲ့ လှုံဆော်မှုအရ

ဉာဏ်အလင်းရောင်ဟာ

လူသားတို့နှလုံးသားကို ဝင်ရောက်လာတယ်

အခုပြောပြမှာက

လိုအင်ဆန္ဒတွေရဲ့ စစ်ပွဲအကြောင်းမဟုတ်ပါဘူး

ပြင်းပြတဲ့ ဆန္ဒတွေကနေ ပေါက်ဖွားလာတဲ့ ကြောက်မက်ဖွယ် စစ်ပွဲအကြောင်းလဲ မဟုတ်ပါဘူး

အခုဇာတ်လမ်းကတော့

အလိုဆန္ဒကနေ ပေါက်ဖွားလာတဲ့ ဉာဏ်ပညာတွေအကြောင်းဖြစ်ပါတယ်

ကျွန်ုပ်

ဝါသုဒေဝ ကရိရှဏ က

ဒီခရီးလမ်းကို လိုက်ပါဖို့ သင်တို့အားလုံးကို ဖိတ်ခေါ်ပါတယ်

ဘဝရဲ့ အဓိပ္ပာယ်ကို သင်ကြားပေးမယ့်ခရီးပါ

လူသားတစ်ယောက်ရဲ့ တာဝန်တွေ

မကောင်းမှုရှောင် ကောင်းမှု ဆောင်နိုင်ဖို့ ပြုကျင့်ရမယ့် အလေ့အထတွေကို သင်ကြားပေးမှာပါ

ဒီခရီးရဲ့ အမည်ကတော့

မဟာဘာရတ

'ဟတ္တိနာပုရ ရဲ့ ရွာတစ်ရွာတွင်'

အရှင် သာန္တတု ကယ်တော်မူပါ

အရှင့်ရဲ့ ပြည်သူတွေကို ကာကွယ်ပေးပါ

ဟတ္တိနာပုရတော့ ကျိန်စာမိနေပြီ

ဘုရင်ကြီးမှာ မိဖုရားမရှိသေးဘူး

မိဖုရားမရှိတော့ ယဇ်ပူဇော်ပွဲတွေ မလုပ်နိုင်ဘူး

ယဇ်ပူဇော်မှုမရှိတဲ့ နိုင်ငံတွေကို

ဒေဝတာတွေရဲ့ ကျိန်စာ ကျရောက်တယ်

ဟတ္တိနာပုရနေပြည်တော်ကို ဘယ်သူများကယ်တင်နိုင်မလဲ

ပူစပါး ...

မင်းဘယ်သူလဲ ဟိဒ နတ်ဆိုးကို စိန်ခေါ်ရဲသလား

စစ်သည်တော်ကို စိန်ခေါ်တာလား

မင်း လုပ်ရပ်အတွက် သတိထားပါ ဟိဒ

မင်းလို နတ်ဆိုးက သက်ဆိုင်တဲ့နေရာမှာပဲ ရှိသင့်တယ်

ဘာရတနိုင်ငံရဲ့ နယ်ပယ်ထဲကို ဝင်မလာဖို့တားမြစ်တယ်

ဘာရတနိုင်ငံက လူတွေက ငါတို့နယ်ပယ်က အပင်တွေကို ခုတ်လှဲပစ်တယ်

သူတို့ကသာ ငါတို့ကို ကျူးကျော်တာ

ဒါအမှန်ဆိုရင်တော့

ငါ ကတိပေးတယ်

အခုအချိန်ကစလို့ ဘာရတနိုင်ငံသားတွေနဲ့ နတ်ဆိုးတွေဟာ

တစ်ဖက်နဲ့ တစ်ဖက် မကျူးကျော်စေရဘူး

ရွာသားတွေကို လွှတ်ပေးလိုက်ပါ

ရပ်

သာန္တနုရဲ့ နိုင်ငံတော်ကို ကျူးကျော်ရဲတယ်

တစ်ယောက်မှ အရှင်မထားဘူး

တိုက်

ရပ်

သူတို့တွေ အညံ့ခံလိုက်ပြီ

အခုအချိန်ကစလို့ ဘာရတနိုင်ငံကို တိုက်ခိုက်မှာမဟုတ်တော့ဘူး

အခု

သူတို့ကို ဘယ်သူမှ မတိုက်ခိုက်ရဘူး

အမိန့်ပေးရအောင် မင်းက ဘယ်သူလဲ

ဒီလောက်ရဲတင်းရအောင် ဘယ်သူက အခွင့်အာဏာပေးထားလို့လဲ

အခွင့်အာဏာဆိုတာ တိုက်ပွဲအတွက်ပဲ မဖြစ်သင့်ဘူး

လုပ်ပိုင်ခွင့်လဲ မဖြစ်သင့်ဘူး

စကားတွေမများနဲ့

မင်းလုပ်ရပ်နဲ့ပဲ သက်သေပြပါ

ငါ့စစ်တပ်တစ်တပ်လုံးရဲ့ အရှေ့ကနေ

မင်း ဒီလူတွေကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ

သူတို့အတွက် လွတ်လမ်းမရှိဘူး

ဂင်္ဂါမြစ်ရပ်တန့်သွားရင်

ဂင်္ဂါမြစ်ကြောင်းက

သူတို့အတွက် လွတ်လမ်းဖြစ်မှာပဲ

ဂင်္ဂါကို ရပ်တန့်အောင် ဘယ်သူမှ မလုပ်နိုင်ပါဘူးလေ

မင်း ဘယ်သူလဲ

မြစ်ရေရပ်တန့်ဖို့ မင်းဆုတောင်းကို ဂင်္ဂါက ဘာလို့ဖြည့်ဆည်းပေးရတာလဲ

ဘာလို့လဲဆိုတော့ သီဝနတ်မင်းတောင်မှ သူ့ရဲ့ လျှောက်ထားချက်ကို ငြင်းပယ်မှာမဟုတ်လို့ပဲ

မင်္ဂလာပါ၊ မိခင်

သူက မင်းရဲ့သားလား

ကျွန်မတို့ရဲ့သားပါ မင်းကြီး

လွန်ခဲ့တဲ့ ၂၅ နှစ်က သားကို ကျွန်မ ခေါ်သွားခဲ့တယ်

သားတော် ဒေဝဗြတ ကို ရှင်ရဲ့ အမွေဆက်ခံနိုင်အောင် သင်ကြားပေးမယ်လို့

ကျွန်မ ကတိပေးခဲ့တယ်လေ

သားတော် ဒေဝဗြတပါ

သားတော်

သားတော်ဟာ ခမည်းတော်ရဲ့ နှလုံးသည်းပွက်ပါ

နေ့နေ့ညည သားတော်ကိုစောင့်မျှော်နေရတာ

သားတော်သိမှာမဟုတ်ဘူး

ရှင့်သားတော်ကို ပရသုရာမ* ကိုယ်တိုင်သင်ကြားပေးခဲ့တာ

ကျွန်မကတိအတိုင်း ကျွန်မလုပ်ဆောင်ပေးခဲ့ပါပြီ

ဂင်္ဂါက သူ့ကတိစကားကနေ ဘယ်တော့မှ မသွေဖယ်ဘူး

ငါက ကံဆိုးတာပါ

မင်းကို ပေးထားတဲ့ ကတိကို ဖျက်ခဲ့မိတယ်

မဟုတ်ရင်

အခုချိန်မှာ မင်းက ငါ့ရဲ့ဇနီး

ဟတ္တိနာပုရရဲ့ ဧကရီ ဖြစ်နေရမှာ

ရှင်တစ်နေ့နေ့မှာ ချိုးဖောက်မယ့် ကတိစကားမျိုးကိုပဲ

ကျွန်မ တောင်းခဲ့တာပါ

မြစ်ဆိုတာကလဲ

သူဖြတ်သန်းခဲ့ရာ နေရာအားလုံး၊ ကမ်းခြေအားလုံးရဲ့ ဘုရင်မပဲလေ

အမေ

အမေ သားကို ခွဲခွာသွားတာမဟုတ်ပါဘူး

သား လိုအပ်တဲ့အချိန်မှာ

အမေ ရောက်လာမှာပါ

သွားတော့ မင်း အဖေနဲ့ လိုက်သွားတော့

သူ့တာဝန်ကို ထမ်းရွက်ဖို့က သားဘဝရဲ့တာဝန်ပဲ

ဟုတ်ကဲ့ပါ အမေ

သာန္တနုမင်းကြီး ကြွလာပြီ

အရှင်မင်းကြီး

အရှင် သာန္တနု

ဟတ္တိနာပုရ မှာ ဘာတွေများပျော်ပွဲရွှင်ပွဲတွေ လုပ်နေကြတာလဲ

သစ္စဝတီ၊ ကျွန်ုပ်ရဲ့သားတော် ဒီနေ့ ပြည်တော်ပြန်လာပြီ

လွန်ခဲ့တဲ့ ၂၅ နှစ်က

ဂင်္ဂါနတ်သမီးက လူအသွင်ဖန်ဆင်းပြီး ငါ နဲ့ လက်ထပ်ခဲ့တယ်

သားတော် ဒေဝဗြတ မွေးပြီးတော့ သားတော်ကို သူ ခေါ်ဆောင်သွားခဲ့တယ်

ဒါပေမဲ့ သူ ကတိပေးခဲ့တယ်

သားတော် ပညာပြည့်စုံတဲ့အချိန်

ငါ့ဆီကို ပြန်ခေါ်လာခဲ့မယ်တဲ့

ဒီနေ့တော့

သူ့ကတိအတိုင်းပဲ ပြန်ခေါ်ဆောင်လာခဲ့ပြီ သစ္စဝတီ

ဒီနေ့ပဲ သူ့ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်မယ်

သစ်... သစ္စဝတီ

သွားကြစို့ သစ္စဝတီ ငါ မင်းကို လာခေါ်တာ

ဘာလို့စိုက်ကြည့်နေတာလဲ သစ္စဝတီ

အရှင်မင်းကြီး ကျွန်မ အရှင်မင်းကြီးရဲ့ မျက်နှာစိုက်ကြည့်မိတာက

အရင်ကဆိုရင် အရှင်မင်းကြီး ကျွန်မကိုတွေ့မှပဲ ပျော်ရွှင်ရတယ်

Mahabharat subtitles in other languages

More Burmese subtitles for Mahabharat

Komentáře

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left