Shanghai Noon

Shanghai Noon

Download Burmese undertekster

Udgivelsesinfo

Shanghai Noon (2000)
En kommentar af memo2007
Collection of Burmese subtitles

Tags

other
Udgivet den: 2017-11-14
Downloads: 74
Hørehæmmede: No

Forhåndsvisning af Burmese undertekster

De første 200 linjer.

တားမြစ်မြို့တော် တရုတ်နိုင်ငံ ၁၈၈၁ ခုနှစ်

မင်းသမီးကို အရိုအသေပေးကြ

ခမည်းတော်

သူက သမီးတော် လက်ထပ်ရမယ့်သူလား

ဖားပြုတ်နဲ့တူတယ်

သူ့ကိုလက်မထပ်နိုင်ဘူး

ဧကရာဇ်က သူ့ကို သိပ်သဘောကျနေရင်

ဧကရာဇ်နဲ့ပဲ လက်ထပ်ခိုင်းလိုက်ပါ

မင်းသမီးလေး ခေါင်းညိတ်ပြလိုက်တာနဲ့ ဖားလေးကပြောပါတယ်

မင်းသမီးလေး ပေးထားတဲ့ကတိကို တည်အောင် လုပ်ဆောင်ရပါမယ်

သိပ်ကောင်းတယ် ဆက်ဖတ်ပါ

အဲဒါနဲ့မင်းသမီးလေးဟာ ခါးညွှတ်ပြီး ဖားလေးကိုနမ်းလိုက်တယ်

အဲဒီလိုနမ်းလိုက်တဲ့အခါ ဖားလေးဟာ ခံ့ညားလှတဲ့ မင်းသားတစ်ပါးဖြစ်သွားပါတယ်

နောက်တော့ မင်းသားလေးရဲ့ တိုင်းပြည်ကို ပြန်သွားကြပြီး

အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်

အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်

အသက်ထက်ဆုံး ပျော်ရွှင်ရတယ်ဆိုတာ တကယ်တော့ မရှိပါဘူး

တကယ့်မင်းသမီးတစ်ယောက်အတွက် မရှိဘူး

ခမည်းတော် လက်ထပ်စေချင်တဲ့ မင်းသားကတော့ တစ်သက်လုံး ဖားပဲဖြစ်နေမှာ

ကျွန်တော့်ကမ်းလှမ်းမှုက ရှိတုန်းပါပဲ အမေရိကကိုသွားနိုင်အောင် ကူညီပေးပါ့မယ်

- အမေရိကကိုလား - သိပ်သဘောထားကြီးပါတယ်

ဒါပေမဲ့ အချိန်မရှိတော့ပါဘူး

အမေရိကကိုသွားမယ့် သင်္ဘောတစ်စင်းရှိတယ် ဒါပေမဲ့ ဒီနေ့ညထွက်မှဖြစ်မယ်

- ဒီနေ့ညထွက်သွားမှာလား - မြန်မြန်သွားရပါမယ် မင်းသမီး

မြန်မြန် မင်းသမီး

မင်းသမီးလေး

ငါ့ကိုတားရဲတယ်ပေါ့

အစေခံဖြစ်တဲ့ကျွန်တော် မတားရဲပါ

ဒီနေ့ကစပြီး နောက် ၂ လအကြာ

မွန်းတည့် ၁၂ နာရီမှာ

နီဗားဒါးပြည်နယ် ကာဆန်စီးတီးစခန်းကို

ရွှေစတစ်သိန်းယူဆောင်လာရမယ်

မဟုတ်ရင် မင်းသမီးသေရလိမ့်မယ်

ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ

ဧကရာဇ် အမိန့်ထုတ်ပြန်လိုက်တယ်

အရဲရင့်ဆုံးအစောင့်တပ်သား ၃ ယောက်ဟာ

မင်းသမီးဖေးဖေးကို ပြန်လည်ရွေးယူဖို့အတွက် သစ္စာရှိစကားပြန်ကြီးနဲ့အတူ

အမေရိကသို့ သွားရာမှာ လိုက်ပါသွားရမယ်

မန်ဂူဟိုင်း

ဇောင်ဟေး

ချောင်လူ

အရှေ့ထွက်ခဲ့

ကျွန်ုပ်တို့အပေါ် ယုံကြည်ပေးမှုအတွက် ဧကရာဇ်ကို ဦးညွှတ်ပါတယ်

ချောင်ဝိန်း မင်းဘာလုပ်နေတာလဲ

မင်းသမီး လွတ်သွားတာ ကျွန်တော့်ကြောင့်ပါ

သူ့ကိုပြန်ခေါ်လာဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်

မဖြစ်နိုင်ဘူး

ခေါင်းဆောင်

ကျုပ်က အိုပါပြီ ဝိန်းက ကျုပ်ရဲ့တစ်ဦးတည်းသောတူတော်ပါ

ကျုပ်နဲ့ သူလိုက်ခဲ့မှာကို ခွင့်ပြုပေးသင့်ပါတယ်

အိတ်တွေသယ်ပါလိမ့်မယ်

ကောင်းပြီလေ

နိုင်ငံခြားကောင်တွေ သူ့ကို အမှုန့်ကြိတ်ပစ်လိမ့်မယ်

ဒီတာဝန်အတွက် သစ္စာဆိုပါ

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်

၇ ပတ်ကြာပြီးနောက်

ဟုတ်ပြီ ဟုတ်ပြီ ဒါပဲ

အိုကေ ကောင်းတယ်

ဒီကိုလာ ဒါကိုကြည့်

အချန်ကုန်ခံပြီးလုပ်ထားရတာ

အာရုံစိုက်ကြ ဘာမှ မလွဲချော်ချင်ဘူး

ရထားရဲ့မြန်နှုန်းနဲ့ မြင်းတွေရဲ့ မြန်နှုန်းကို တွက်ထားတယ်

ဒီအမှတ်မှာ ဆုံလိမ့်မယ် အပိုင်တွက်မရတာ လေတိုက်နှုန်းပဲရှိတယ်

ပြောရရင် ဒီနားကို မြင်းတွေနဲ့ မင်းတို့သွားလိုက်ရင်..

ဒါရထားလား

ကောင်းပြီ ငါတို့တွေ မီးစင်ကြည့်ကကြတာပေါ့

လုပ်နေကျအတိုင်းပဲလေ

မြင်းစီးသွား ရထားပေါ်ခုန်တက်

ပိုက်ဆံတွေယူ ပြည့်တန်ဆာအိမ်ကို ပြန်သွားကြတာပေါ့ ဟုတ်ပြီလား

- အင်း - သွားရအောင် လာကြ သွားကြမယ်

အဆင်ပြေရဲ့လား စိတ်လှုပ်ရှားနေလား

အသစ်ဆိုတော့ စိတ်လှုပ်ရှားတာ မထူးဆန်းပါဘူး

အဆင်ပြေမှာပါ ငါကိုစောင့်ကြည့်ပေးမယ်

ငါ့ဦးဆောင်မှုနောက်ကို လိုက်ရင်ရပြီ

ဟုတ်ပြီ မသေစေနဲ့ တောပုန်းတို့

မင်းသမီးလေးဟာ ခါးညွတ်ပြီး ဖားလေးကိုနမ်းလိုက်ပါတယ်

အဲဒီလိုနမ်းလိုက်တဲ့အခါ ဖားလေးဟာ ခံ့ညားလှတဲ့ မင်းသားတစ်ပါးဖြစ်သွားပါတယ်

နောက်တော့ မင်းသားလေးရဲ့ တိုင်းပြည်ကို ပြန်သွားကြပြီး

အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားပါတယ်

လက်မြှောက်ကြ လူကြီးမင်းတို့

မလှုပ်နဲ့နော် ခေါင်းပေါက်အောင် ပစ်သတ်လိုက်မယ်

ဘာလုပ်တာလဲ မဟုတ်ဘူးလေ

ငါပဲစကားပြောမယ် ဝေါလေ့စ်

- ကောင်းပါပြီ ဆောရီး - ရပါတယ် ရပါတယ်

ကျေးဇူးပဲ

ဘာမှမပူနဲ့ လာ သွားရအောင်

လူသစ်က ဘာလို့လျှောက်အော်နေတာလဲ ဒီကောင့်ကို ဘယ်ကခေါ်လာတာလဲ

ငါပဲစကားပြောမယ်ဆိုတာ မင်းသိရဲ့သားနဲ့ အားလုံးစိတ်အေးအေးထားပါ

ငါ့ကိုပစ်မလို့ပေါ့လေ ဟုတ်လား

ဒီထဲမှာဘာရှိလဲ ဒီသေနတ်လား

သေနတ်နဲ့ တစ်ခုခုလုပ်မယ်ပေါ့ ဟုတ်လား

လုပ်ပါ အဒေါ်ကြီးရယ် ချည်ခင်တွေအပြင် ဘာမှမပါဘူးလား

ငါ့ကိုစမ်းတာလား

မဟုတ်ဘူး ဒီကိုလာ ဒီကိုလာ

အမျိုးသမီးတွေဆီက မယူဘူး

ဒီဘက်ကိုလာ အဲဒီဘက်ကိုတာဝန်ယူ

မင်းရဲ့လက်ပေးပါ

လက်ပေးပါ

စိတ်မရှိပါနဲ့ တောင်းပန်ပါတယ်

တောပုန်းတစ်ယောက်ကို အခုမှမြင်ဖူးတာလား

ကြောက်နေလား စိတ်ရောလှုပ်ရှားနေလား

စိတ်တွေရောထွေးနေလား အင်း

အရင်ရထားကို ဓားပြတိုက်တုန်းက ငါတို့တွေအဝတ်ဗလာနဲ့လေ အရမ်းပူလို့

အင်း ထူးတယ်နော်

ဒီနားမှာ ငါ့နာမည်အစစာလုံးတွေ ထွင်းထားတယ်

ဘာကြည့်တာလဲ

နေဦး တော်တော့ ဒီကောင်ကိုဘယ်ကခေါ်လာတာလဲ

- တက္ကဆက် - တက္ကဆက် မင်းရူးနေလား

- အင်းလေ - ငါ့ကိုသာ သတ်လိုက်ပါတော့

ငါတို့ဒီမှာဘာလုပ်နေလဲဆိုတာ ငါနားမလည်တော့ဘူး

ဆရာ ဆရာ ဒီကိုလာပါ ဒီကိုလာ ထိုင်နေပါ

- တဆိတ်လောက်ပါ ရေဘယ်မှာလဲ - ဆရာ ထိုင်နေပါ

- ဘာဖြစ်တာလဲ ဝေါလေ့စ် မင်းဘာလုပ်တာလဲ - မီးစင်ကြည့်ကလိုက်တာလေ

မဟုတ်ဘူး ငါတို့ ဒီလိုမလုပ်ဘူးကွ

မီးစင်ကြည့်မကတော့ဘူး တော်တော့ လာ ဘစ်ဂန်း

မင်းတို့ဘယ်တော့မှ မီးစင်ကြည့်မကရတော့ဘူး

သေစမ်း

ငါ့ဦးရီးတော်ဘယ်မှာလဲ

ကျုပ်ဦးလေးကို ဘယ်သူသတ်တာလဲ

ဘယ်သူသတ်တာလဲ

ငါ့ကိုဒိုင်းနမိုက်ပေး ငါ့ကိုဒိုင်းနမိုက်ပေး

မဟုတ်ဘူး မင်းဒီမှာနေခဲ့ လိုက်မလာနဲ့

- အရူးကောင်ကို စောင့်ကြည့်ထား - ဘလူး ဒီကိုကြည့်

ဟုတ်ပြီ

ငါ့ဦးလေးကို ဘယ်သူသတ်တာလဲ

ဒါကဘာလဲ အရှေ့တိုင်းရထားလား

- သူ့ကိုဖမ်း - ဒီကိုလာခဲ့

မီးခံသေတ္တာပေါက်ကွဲတော့မယ်

အားထုတ်မှုရဲ့ အသီးအပွင့်တွေကို ရိတ်သိမ်းဖို့ အသင့်ပြင်ထား

သွားမယ်ဟေ့

ရွိုင်း ငါတို့ရဲ့အသီးအပွင့်တွေကို မင်းဖောက်ခွဲပစ်လိုက်ပြီ

ငါတို့ဖမ်းရမယ့် တရုတ်တစ်ယောက်ရှိတယ်

ရပ်လိုက်

ရပ်လိုက်

ရပ်လိုက်

ရပ်လိုက် ဒီဘက်လှည့်

ဒီဘက်လှည့်

ဘာတွေ..

- မင်းဘယ်သူလဲ - ရွိုင်း

မင်းဘာမှမစိုးရိမ်နဲ့ ငါကူပေးမယ်

မလုပ်နဲ့

မလုပ်နဲ့

လှိမ့်လိုက် အချစ်လေး လှိမ့်လိုက်

လက်မြှောက်လိုက် အိုဘန်နွန်

အခုငါ့အဖွဲ့ဖြစ်သွားပြီ

ကျွန်မနားမလည်ဘူး

ရှင့်မိတ်ဆွေမှာ စံအိမ်ကြီးတစ်အိမ် ရှိတယ်ဆို

ရှိတယ်လေ

သူက ဘာလုပ်ငန်းလုပ်တာလဲ

ပရဟိတဒါနရှင်တစ်ယောက်လို့ ပြောလို့ရပါတယ်

တရုတ်လူမျိုးရွှေ့ပြောင်းအခြေစိုက်တွေကို ရပ်တည်နိုင်အောင် ကူညီပေးတယ်လေ

အမေရိကမှ ကြိုဆိုပါတယ် မင်းသမီး

လိုဖန်

ဂါရဝမပြုမိရင် ခွင့်လွှတ်ပါ

ကယ်ဗင် ဒီလူကသစ္စာ..

သစ္စာဖောက်

ဘာလို့လဲ

တားမြစ်မြို့တော်ကနေ ထွက်ပြေးလာခဲ့လို့လား

မင်းရဲ့ဝေစုက စားပွဲပေါ်မှာပါ မစ္စတာအန်ဒရူးစ်

အခုတော့ ခင်ဗျားနှစ်ဆပေးရတော့မယ်

မပေးရင် သူ့ကိုကျုပ်သတ်မယ်

တရုတ်လူမျိုးတွေက တစ်ခုရှိတယ် မစ္စတာအန်ဒရူးစ်

ငါတို့တွေက ထပ်ပြီးမညှိနှိုင်းဘူး

ကျွန်မရှင့်အတွက်တစ်ခုခုလုပ်ပေးလိမ့်မယ်လို့ ထင်နေရင်တော့

ရှင်မှားလိမ့်မယ်

အိပ်မက်ဆိုးတစ်ခုလိုပဲ

ငါပြောပြရင် မင်းတို့ယုံမှာမဟုတ်ဘူး

ငါ့အဖွဲ့က ငါ့ကိုသဲကန္တာရထဲမှာ ထားခဲ့တယ်

ငါ့ရဲ့သတ္တိကို ကျန်တဲ့ကောင်းဘွိုင်တွေက ကြည့်မရဘူးထင်တယ်

လူတိုင်းက.. မင်းတို့ကိုပဲလွမ်းတယ် မင်းတို့အားလုံးကိုလွမ်းနေတာ

ကျွန်မတို့လည်း ရှင့်ကိုလွမ်းပါတယ် ရွိုင်း

ဆေးသောက်ဖို့အချိန်ပဲ

ဒီကိုလာပါဦး လူဆိုးမလေး

သိပ်မဆိုးနဲ့

ဂရုစိုက် ဂရုစိုက်နော်

ဂရုစိုက်နော်

သေစမ်း

လင်းတတွေ ငါ့ခေါင်းကိုစားနေပြီ

ကယ်ပါဦး ကယ်ပါဦး ငါ့အဖွဲ့ ငါ့ကိုမြေမြှုပ်သွားလို့

သေအောင် ထားပစ်ခဲ့ကြတယ်

ဘုရားသခင် ကျေးဇူးပါ

မင်းကို အလင်းပြန်တဲ့တံလျှပ်လို့ ထင်ခဲ့တာ

- ရေပေးပါ - မင်း

- ငါ့ဦးလေးကို မင်းသတ်တာ - မဟုတ်ဘူးကွ

အားလုံးကို ဝေါလေ့စ်လုပ်တာကွ

- မင်းဓားပြအဖွဲ့ထဲက ကောင်ပဲလေ - သူကငါ့အဖွဲ့က မဟုတ်ပါဘူး

သူကလူသစ်

သူက ရူးနေတာ

မင်းက သေသင့်တဲ့ကောင်ပဲ

ခဏနေပါဦး

ဒီမှာ ဘယ်သူမှ မပြောတဲ့စကားကို သိလား

ရထားပေါ်မှာ မင်းကို သတ်ပစ်ဖို့ အခွင့်အရေးရပေမယ့် ငါမသတ်ခဲ့ဘူးနော်

ငါကအရိုင်းအစိုင်းမဟုတ်လို့လေ

- ဟေး ဘယ်သွားမလို့လဲ - ကာဆန်စီးတီး

ကာဆန်စီးတီးကို မင်းရောက်ဖို့ထက်

တရုတ်ကို ငါမြေတူးသွားတာမှ ပိုနီးစပ်သေးတယ်

ဘယ်ဘက်သွားရမလဲ

ကောင်းပြီလေ

ငါ့ကိုတူးထုတ်ပေး လမ်းပြမယ်

ဘယ်ဘက်လဲ

Kommentarer

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left