Las primeras 200 líneas.
အမေရိကန်ကမ်းခြေ မေပို့တ်ရေတပ်စခန်း ဖလော်ရီဒါ
အီဂျစ်နိုင်ငံ လူဦးရေ ၈၅ သန်း
အမေရိကန်တပ်က လိုက်ပါပို့ဆောင်ပေးတဲ့ စီဒီစီအဖွဲ့ ဖြစ်ပါတယ်
အီဂျစ်လေပိုင်နက်အတွင်း ဝင်ရောက်ခွင့် တောင်းဆိုပါတယ်
ဝင်ရောက်ခွင့်ပြုတယ်
ညာဘက်မှာ ကြည့်လိုက်ပါ ဒေါက်တာစကော့
နီးပါပြီ
မြင်ကွင်း ရှင်းတယ် ပစ်မှတ်ကိုရောက်ချိန် ၃ မိနစ်
သိတယ် ၂-၂-ဝ
မြင်တယ်
အားလုံး ရှင်းတယ်
ဆင်းဖို့အသင့်ပြင်ပါ ဒေါက်တာစကော့
ဆင်းမှတ်ဆီ ရောက်ပါပြီ
ပေ ၂ဝ
၁ဝ ပေ
မြေပေါ်ရောက်ပြီ
ငါးမိနစ်အချိန်ရမယ် ဒေါက်တာ
ဒီဘက်မှာပါ
ဒီစခန်းမှာ လူ ၆ဝဝဝ ကို ထိန်းသိမ်းထားတယ်
သေဆုံးသူ ၃၈၇ ယောက်ရှိပါတယ်
ဝန်ထမ်းလည်း ၆ ယောက်ပဲရှိတော့တယ်
ခင်ဗျားနဲ့အတူ ဆရာဝန်တွေ ပါလာမယ်ထင်တာ
ဒါတွေက ဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ နောက်ဆုံးအခြေအနေပါ
အစက်အပြောက်တွေ ပေါ်ပြီဆိုတာနဲ့ နှစ်ရက်အတွင်း သေကြတယ်
စိတ်မကောင်းပါဘူး
နှင်းတောစီးဆိုင်ကယ်တွေကို ညာဘက်လေယာဉ်ရုံထဲ ထည့်နော်
တပ်ကြပ်ကြီးဆပါလင်နဲ့ လူးဝစ် ၁၃ဝဝ နာရီမှာ ငါတို့စထွက်မယ်
မြန်မြန်ဆန်ဆန်လုပ်ကြပါ ဟုတ်ပြီနော်
ရေတပ်အထူးတပ်ဖွဲ့အကြောင်း ငါ အကုန်သိပါတယ်
ဒါပေမဲ့ ခွေးတစ်ကောင်ပါ ပါတယ်ဆိုတာတော့ မကြားဖူးသေးဘူး
ဒါ ခွေးသက်သက်မဟုတ်ပါဘူး ဗိုလ်ချုပ်ကြီးဟော်ဆီပါ
သိပ်တော်တဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ပါ
ဟုတ်လား ငါတို့ရေယာဉ်မှူးလည်း တော်တာပါပဲ
အဲဒါကို ဟိုနားမှာပဲချလိုက်ပါ
သတိထားနော် အဲဒီပစ္စည်းက အထိမခံဘူး
ခင်ဗျားက ကျုပ်တို့ရဲ့ဧည့်သည်အသစ် ထင်တယ်
ကျုပ်က ဒုဗိုလ်မှူးကြီးချန်ဒလာပါ ရေယာဉ်မှူးပါ
ရေချယ်စကော့ပါ
ရှင့်ရဟတ်ယာဉ်ရုံကို ယူလိုက်ရတဲ့အတွက် စိတ်မရှိပါနဲ့
ကျွန်မတို့ဓာတ်ခွဲခန်းအတွက် လုံလောက်တဲ့နေရာကလည်း ဒါပဲရှိလို့ပါ
ဒီသင်္ဘောမှာ ယောက်ျားမိန်းမ ၂၁၇ ယောက် ပါတယ်
အန္တရာယ်ရှိတဲ့ပစ္စည်းမျိုး ပါလား
ဒါလား
ဒါက ကျုပ်တို့အလုပ်မှာ အပြင်ပိုးမွှား မဝင်အောင်ပါ
တခြားပူပန်စရာ မရှိပါဘူး
ခင်ဗျားက ဟိုမှာ ဘာတွေကို လေ့လာမှာလဲ
ငှက်တွေပါ
ငှက်တွေလား
ကျွန်မတို့က ရောဂါပိုးမွှားပညာရှင်တွေပါ
ရောက်နိုင်ဖို့ခက်တဲ့ နေရာတွေမှာရှိတဲ့ ပိုးမွှားတွေကို ရှာပါတယ်
တကယ်တော့ ပျင်းစရာကောင်းတဲ့အလုပ်ပါ
ရှင် ကူညီတာကိုတန်ဖိုးထားပါတယ် ရေယာဉ်မှူးချန်ဒလာ
ဒါက ကျုပ်တို့တာဝန်ပါပဲ
ကြိုဆိုပါတယ် ဒေါက်တာ
လေးလအကြာ ထိပ်တန်းလျှို့ဝှက်စစ်ဆင်ရေး
ရေဒီယိုလှိုင်းဆက်သွယ်မှုအားလုံး ပိတ်ထားသည်
သိပြီ ရက်ဒက်ပါ
ငှက်ကို သေချာချည်ထားလိုက်ပြီ အသိုက်ဆီ ပြန်လာပြီ
အေးလိုက်တာ မျက်နှာကိုထိမှန်းတောင် မသိတော့ဘူး
ဗိုလ်ကြီးဂရန်ဒါဆင်
ငါ့မှာ မျက်နှာကောရှိသေးရဲ့လား
ဘာမှမဖြစ်ပါဘူးရှင်
နှုတ်ခမ်းဆီနည်းနည်း သုံးရင် အဆင်ပြေမှာပါ
မိုင်ယာမီမှာ ရုံးအလုပ်ပဲလုပ်နေသင့်တာကွာ
အေးလိုက်တာ
ရေယာဉ်မှူး လာပါတယ်
ဒုရေယာဉ်မှူးဆလတ်တာရီ
ဒီလောက် အေးတတ်တဲ့ ခင်ဗျားအတွက် ပြန်နိုင်အောင် လုပ်ပေးပါ့မယ်
- တီအေအို..ပဲ့စင်ပါ - ပဲ့စင် ပြောပါ
ဒုံးကျည် နောက်ဆုံးစမ်းသပ်ဖို့အတွက် ပစ်မှတ်ကို ချထားလိုက်ပြီ
ပစ်မှတ်က ငါးပေအရှည် နှစ်ပေအကျယ်
အေးနေတဲ့ရေထဲမှာ အပူလှိုင်းလည်း ထွက်မှာမဟုတ်ဘူး
ဒါကို တွေ့အောင်ရှာပြီး ရှင်းပစ်ပါ
ပစ်မှတ်ကို ရှာဖွေပါပြီ
ဇုန်အလိုက် ရှာနေတယ်
ပစ်မှတ်လမ်းကြောင်း ၅၂ဝ၅ ပါ
- ပစ်မှတ် တွေ့ပြီ - ပစ်မှတ် တွေ့ပြီ..ရှင်းမယ်
လမ်းကြောင်း ဝ၈၄၅ ကိုရှင်းမယ် ကြားတယ်
အမ်အက်စ်အက်စ် လမ်းကြောင်း ဝ၈၄၅ ကိုရှင်းပါ
ဒုံးကျည် ပစ်ရန်အသင့်
- ပစ်ပြီ - ၂-၂-ဝ..၃ဝ
၃ဝဝဝဝ
- ထိပြီ - ပစ်မှတ်ကို ရှင်းလိုက်ပါပြီ
မင်္ဂလာပါ နေသန်ဂျိမ်းစ် ရေယာဉ်မှူး ပြောနေတယ်
ကမ္ဘာ့အစွန်အဖျားမှာ လေးလလုံးလုံး ငါတို့ ပင်ပန်းခဲ့ကြတယ်
အခုတော့ နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်လိုက်ပြီ
မင်းတို့အားလုံး ဂုဏ်ထူးတွေနဲ့အောင်မြင်ကြောင်း ပြောချင်တယ်
ရေဒီယိုဆက်သွယ်ရေးအားလုံး ပြန်ဖွင့်လို့ ရပြီလားဆိုတာ
ပင်တဂွန်ဆီ ငါ ဒီနေ့ လှမ်းမေးမှာပါ
မင်းတို့အားလုံး လုပ်ခဲ့တာတွေ သိပ်ကောင်းတယ်
အိမ်ပြန်ရတော့မှာ ဖြစ်တဲ့အတွက် ပျော်နိုင်ကြပါပြီ
၅ဝ အောက် ကျတော့မယ် သူတို့ကို ပြန်ခေါ်လိုက်တော့
ဟုတ်ကဲ့
ဒေါက်တာစကော့ ကြားလား
ကြားလား ဒေါက်တာစကော့
ကျေးဇူးပြုပြီး ဖြေပါ
ဒေါက်တာစကော့ ကြားလား
နောက်နေတာများလား
ဒီမှာ ရခါနီးပြီ ခွဲထုတ်ထားတာတွေက သန့်ရဲ့လားဆိုတာ
သေချာဖို့လိုတယ် နမူနာတွေ ထပ်လိုသေးတယ်
ရပါတယ် ရေချယ် မနက်ဖြန်မှလာလည်း ရတာပဲ
ကျွန်တော်တို့ ခင်ဗျားကို လှမ်းဆက်သွယ်နေတယ်လေ
စီအိုက သင်္ဘောပေါ်ပြန်လာခိုင်းနေတယ်
ကျွန်မ အဆင်သင့်ဖြစ်ရင်ပြန်လာမယ်လို့ ရေယာဉ်မှူးကို ပြောလိုက်
ပုံမှန်လှမ်းခေါ်တာ မဟုတ်ပါဘူး
ချက်ချင်းပြန်ရမယ် ရေယာဉ်မှူးအမိန့်ပါ
ဆင်းဖို့ အသင့်ဖြစ်ပြီ အားလုံး ရှင်းတယ်
ပေ ၂ဝ
၁ဝ ပေ
ရောက်ပြီ
ကျုပ်တို့ အမြန်ပြန်ရင် ဘောလုံးပွဲတွေ မီနိုင်သေးတယ်
ကပ်စ်အသင်းက ထွက်နေရလောက်ပြီ
ဘေ့စ်ဘောရဲ့အညံ့ဆုံးနယ်မြေလေဗျာ
ကျုပ်တို့ထွက်လာတုန်းက ၆ ပွဲ နိုင်ထားတယ်
အဲဒါ ဇွန်လလေ ဒီအသင်းအကြောင်း ခင်ဗျားသိပါတယ်
ကျွန်မ အလုပ်လုပ်နေတာကို ရှင် လှမ်းခေါ်ခွင့်မရှိဘူး ရေယာဉ်မှူးချန်ဒလာ
ကျုပ် သွားစစ်လိုက်ဦးမယ်
ဟုတ်ပြီ
ဟိုလူတွေက ကျွန်မ လိုတာကို ထောက်ပံ့ပေးရမှာလေ
- ရှင့်စိတ်ကြိုက် ပြန်ခေါ်ခိုင်းခွင့်မရှိဘူး - သူတို့က ရေတပ်သားတွေပါ
- ကျုပ်ဆီ တိုက်ရိုက်သတင်းပို့ရတယ် - ကျွန်မအလုပ်က..
အရေးကြီးတယ် ကျွန်မ ရှာနေတဲ့ဟာကိုလည်း
- တွေ့ထားပြီးပြီ - ဒေါက်တာ
ခင်ဗျား ပြန်လာတာကိုပဲ ဦးဆုံး ကျေးဇူးတင်ပါတယ်
နော့ဖို့ခ်က ထွက်လာပြီးကတည်းက ခင်ဗျားအနေနဲ့ စကားသုံးခွန်းထက်ပိုပြောတာ
ဒါ ပထမဆုံးပဲထင်တယ်
ရှင်နဲ့ လက်ဖက်ရည်အတူမသောက်မိသေးတာကို စိတ်မရှိပါနဲ့
ခင်ဗျားက ဗာဂျီးနီးယားမှာတုန်းက ခင်မင်စရာပါပဲ
သေမတတ်အေးတဲ့ ဒီလိုနေရာမျိုးမှာ...
ကျုပ်တို့လည်း မိသားစုနဲ့တောင် စကားမပြောရတဲ့အချိန်မျိုးဆိုတော့
သိပ်အဆင်မပြေတော့ဘူး
ကျွန်မက ခင်စရာကောင်းအောင်လည်း မလုပ်..
မပြီးသေးဘူး
ကျုပ်ဘက်က ဧည့်ဝတ်ကျေတာထက် ပိုခဲ့မယ် ထင်ပါတယ်
ခင်ဗျားတို့စိတ်ကြိုက် ဘဲတွေ လိုက်ဖမ်းလို့ရအောင်
ဒီက ကျွန်းတွေအနှံ့လည်း လိုက်ပို့ပေးခဲ့တယ်
- အာတိတ်မြစ်တွေးငှက်ပါ - လက်စသတ်လိုက်ပါတော့
ကျုပ်တို့မစ်ရှင်က ပြီးသွားပြီ ပြန်ကြတော့မယ်
လက်ဖက်ရည်အတူသောက်ဖို့တော့ နောက်မှပေါ့
ဘန်ဇို အသီးလေးဘာလေး စားဦး
တော်ပါတော့ မစ္စတာချောင် မြောက်ဝင်ရိုးစွန်းရဲ့ နောက်ဆုံးညလေဗျာ
ခင်ဗျား ရည်မှန်းချက်ကြီးမှန်း သိတယ်
ဒီ စာအုပ်ထဲကနေ ခေါင်းမဖော်တော့ဘူးလား
ဟင့်အင်း
ကောင်းပြီ
- ဗိုလ်ကြီး - ဗိုလ်ကြီး
ဒန်နီ
မလုပ်ပါနဲ့
ဘာကိုလဲ
အဲဒီလိုပြုံးရင် ကျွန်မ မနေနိုင်ဘူးလေ
အချစ်နဲ့စစ်မှာ အားလုံးတရားပါတယ်
နော်
ကယ်ရာ
အိမ်ပြန်ရောက်တော့မှာပဲလေ
ဟယ်လို ကြားလား
ပြောပါ
ဟင့်အင်း..ကျွန်မ မစောင့်နိုင်ဘူး
အခုပြောနေတာ ဒေါက်တာရေချယ်စကော့ပါ
အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်နဲ့ ချက်ချင်း ပြောမှဖြစ်မယ်
ရှင် နားမလည်ပါဘူး ကျွန်မအလုပ်ကို လာထိခိုက်နေတယ်
နမူနာတွေ ထပ်စုဖို့အတွက် အချိန်ထပ်လိုတယ်
လိုင်းက ဆူနေတယ် ထပ်ပြောမယ်
ရည်မှန်းချက်တာဝန်တွေ အောင်မြင်တယ် ပြန်လာဖို့အသင့်ပါ..ဒါပဲ
ပြန်လာခွင့် မရှိသေးဘူး ဗိုလ်မှူးကြီး
မစ်ရှင်ကို အချိန်ထပ်တိုးထားတယ် ဒါပဲ
ထပ်တိုးထားတယ်လား ဘာကြောင့်လဲ
နောက်ထပ် ညွှန်ကြားချက်တွေမရမချင်း လက်ရှိနေရာမှာ
ရေဒီယိုဆက်သွယ်ရေးအားလုံး ပိတ်ပြီး ဆက်နေပါ
ဆက်သွယ်ရေးလိုင်း ပြတ်သွားပါပြီ
အဲဒီမိန်းမက ဘာတွေများ လုပ်နေတာလဲ
ကွင်စီ
ရပြီ ထင်တယ်
စိတ်မရှိနဲ့ကွာ နိုးသွားလား
ဒေါက်တာက သူနဲ့ဝေးဝေးမှာ နေခိုင်းထားတယ်လေ
ဒီက ဗိုလ်ချုပ်ကြီးကြောင့် ငှက်တွေ လန့်ကုန်လို့တဲ့
ခွေးကြောင့်လား မင်းရဲ့ဟောက်သံကြောင့်လား
ထားစမ်းပါ
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကတည်းက ငါတို့ ပြန်ရသင့်တာကွ
ဘာလဲဟ
လေယာဉ်တွေ ဝင်လာတယ်
မြောက် ၇၆ ဒသမ ၃၅
အရှေ့ ဝ၅၉ ဒသမ ၅၈
အမည်မသိလေယာဉ် ၅ စင်း ချဉ်းကပ်လာတယ် ရေယာဉ်မှူး
အကွာအဝေး ၂၄ ရေမိုင်ပါ ခန့်မှန်းခြေမြန်နှုန်း မိုင် ၈ဝ
ဒါ ငါတို့ရဟတ်ယာဉ်တွေမဟုတ်ဘူး
ဟုတ်တယ်..ရုရှားတွေပဲ
- လာတော့ - ကွင်စီ
နမူနာတွေ ရအောင်ယူရမယ်
- လာကူစမ်းပါ - ထားခဲ့လိုက်တော့..သွားမယ်
သေတ္တာကို ထားခဲ့တော့..ရေချယ်
သွားကြမယ် လာစမ်းပါ
သွားမယ်
ကွင်စီ
အောက်မှာ
- အားလုံး အသင့်နေရာယူခိုင်း - အားလုံး အသင့်နေရာယူပါ
တိုက်ပွဲဝင်ဖို့ အသင့်ပြင်
ညာခြမ်းရှေ့ပိုင်းတစ်လျှောက် အသင့်ပြင်
ဘယ်ခြမ်း ပဲ့ပိုင်းအထိ အသင့်ပြင်
အမည်မသိ လေယာဉ်က...
တီအေအို ရေယာဉ်ကာကွယ်ရေး အသင့်ဖြစ်ပြီ
No comments yet. Be the first to leave one.