Magic Hour : The Series - First Season

Magic Hour : The Series - First Season

Descargar subtítulo en Burmese

Temporada 1

Información de lanzamiento

Magic Hour Season 1 Episode 07 Myanmar(Zawgyi)
Comentario por kikywebsite
အပိုင်း ၇ လျှို့ဝှက်ချက်တစ်ခုပြောပြမယ်

Etiquetas

other
Publicado el: 2019-04-15
Descargas: 5
Para personas con discapacidad auditiva: No

Vista previa de los subtítulos en Burmese

Las primeras 200 líneas.

ရိန်..သူက မီသာပါ

မီသာ..ဒါက ရိန်နာပါ

ဟဲလို

ရိန်

ငါ ကတိတည်တယ်

အားလုံးကို ဒီမှာ စုပေးပြီးပြီ

အခု မင်းကတိတည်ရမယ့်အလှည့်ပဲ ရန်ဂါ

ပြီးတော့ ဒီနေ့..

မီသာ့ဗိုက်ထဲက ကလေးကို တာဝန်ယူမယ့်သူပေါ်လာဖို့ မျှော်လင့်တယ်

ဒါပေါ့

မှန်ပါတယ်

ငါလည်း ဒီကိစ္စကို ဒီညအပြီးဖြတ်ချင်ပြီ

ဒီည ငါတို့အားလုံး ဒီကိုလာတာ ဘာလို့လဲ

မီသာ့ကိုယ်ဝန်ကို တာဝန်ယူရမယ့်သူက ငါမဟုတ်လို့ပဲ

နင်ဘာပြောတာလဲ

မီသာ

တကယ်တော့ အဲဒီမေးခွန်းက..

နင့်ကိုမေးရမှာ

ငါ့ကို လာကစားနေတာလား

ဆောရီး..ငါချည်းပဲမဟုတ်ဘူး သူ့ကိုရောပဲ

တစ်ချိန်လုံး နင့်ဘေးမှာရှိပေးပြီး ဂရုစိုက်ပေး ချစ်ပေးခဲ့တဲ့သူလေ

သူ့ကိုလည်း ကစားချင်တာလား

ဟုတ်တယ်

ငါက မကောင်းတဲ့ကောင်ဆိုတာ ဝန်ခံပါတယ်

ရိန်နာရှိရက်နဲ့ လူလွတ်လိုမျိုး လျှောက်သွားတယ်

ဒါပေမဲ့ အကြောင်းရှိလို့ပါ သူ့ကိုမချစ်လို့ အလေးမထားလို့ မဟုတ်ပါဘူး

ဒါပေမဲ့ နင်ကျတော့

တစ်လျှောက်လုံး သူရှိနေရက်သားနဲ့..

ငါနဲ့လည်း ဖောက်ပြန်တယ်

နောက်ထပ်တစ်ယောက်နဲ့လည်း ဖောက်ပြန်တယ်

နောက်တစ်ယောက်ဆိုတာက

မင်းရယ် ငါရယ်

သူလား

ငါမသိဘူး

မီသာပဲ သိမှာပေါ့

သူ့ကိုမေးကြည့်ပါ

ဒါပေမဲ့ ခုနက ငါပြောခဲ့တာ အကြောင်းရှိပါတယ်

ငါ မီသာနဲ့နီးစပ်ခဲ့တုန်းက..

သူ့ကိုယ်ဝန်ရနိုင်မယ့်ကိစ္စ ဘာမှမလုပ်ခဲ့ဘူး

ငါ အဲဒီကလေးရဲ့အဖေ မဟုတ်ဘူး

ပြီးတော့ မင်းလည်းမဟုတ်ဘူးဆိုရင်..

မေးရမှာက သူကိုယ်ဝန်ရအောင် ဘယ်သူလုပ်တာလဲ

ဒါတွေအားလုံးကို အပြီးဖြတ်ချင်တယ်လို့ မင်းပြောတုန်းက ငါယုံခဲ့တယ်

ဒါပေမဲ့ အခုကျတော့ မင်းက တာဝန်မယူဘဲ ထွက်ပြေးချင်တာပါပဲလား

မီသာကို ကိုယ်ဝန်ရအောင်လုပ်ပြီး..

ဝန်မခံဘဲ သိက္ခာချရုံတင် မကဘူး

အခု ထပ်ပြီး အရှက်ခွဲတယ်ပေါ့

မင်းပြောတာက သူက တခြားတစ်ယောက်နဲ့ ထပ်အိပ်သေးတယ်ပေါ့

သူ ဒီလောက် အောက်တန်းမကျပါဘူး

မီသာကိုယ်တိုင်ပဲ သူဘယ်လောက် အဆင့်အတန်းရှိတယ်ဆိုတာ သိလိမ့်မယ်

သူ ငါနဲ့ဖောက်ပြန်နေတာ မင်းသိခဲ့လို့လား မသိဘူး မဟုတ်လား

ဒါမှမဟုတ် ဘယ်သူ့ကိုယ်ဝန်ဆိုတာ သူကိုယ်တိုင်မသိတာလည်း ဖြစ်နိုင်တာပဲ

- ရန်ဂါ - တော်ပြီ

- ဖယ်စမ်း - တော်တော့

နင် ဒီလူတွေအားလုံးကို လိမ်ခဲ့ပြီးပြီ

ရန်ဂါပြောတာ နင်လည်းကြားတာပဲ မဟုတ်လား

ရန်ဂါပြောတာ အမှန်တွေမို့လို့..

နင်ဒေါသထွက်နေတာ မဟုတ်လား

ရန်ဂါအကြောင်း နင်ဘာသိလို့လဲ

သူ နင့်ကိုတကယ်ချစ်ရင်..

နင် ဒီအထိလိုက်လာပြီး သူ့အချစ်ကိုရဖို့ တွယ်ကပ်နေစရာ မလိုဘူးလေ

သူက နင့်ဆီလာရမှာပေါ့

အခု နင်ဒီလိုတွေလုပ်ခဲ့တာတောင် သူဘာလုပ်လဲ နင့်ကို ကန်ထုတ်တာပဲ မဟုတ်လား

သနားစရာကောင်းတာက နင်ပဲ

နင်ချစ်တဲ့သူက နင့်အနားမှာနေရတာထက်..

ငါ့အနားမှာနေချင်လို့ ငါရှိတဲ့ဒီကို လာခဲ့တာပဲ

နင်မှားနေပြီ

သူပြောတာ မကြားဘူးလား

သူ ငါ့ကိုကန်ထုတ်ခဲ့တာ ငါ့ကိုမချစ်တော့လို့ မဟုတ်ဘူး

နင်ရှိတဲ့ ဒီကိုလာရတာလည်း..

ငါ့ကို အလေးမထားလို့မဟုတ်ဘူး

သူ့မှာအကြောင်းရှိတယ်

အဲဒါကိုလည်း ငါ သေချာသိတယ်

နင် သစ္စာမဲ့တာကို ကိုယ်တိုင်ဝန်မခံရုံနဲ့..

နင် မှန်နေတာ မဟုတ်ဘူး

နင့်ကစားပွဲမှာ ပျော်နေတာ နင်တစ်ယောက်တည်းရှိတယ်

ဒါပေမဲ့ နင်မသိလိုက်ဘဲ နင့်ကစားပွဲထဲမှာ နင်ပိတ်မိနေပြီ

နင် သူ့ကိုသစ္စာဖောက်တယ်

အခု ရန်ဂါ ငါ့ကိုသစ္စာဖောက်လို့ဆိုပြီး နင်က ဂုဏ်ယူနေတာလား

တကယ့်အဖြစ်မှန်က ဘာလဲသိလား

နင့်ကိုယ်နင် သစ္စာဖောက်ခဲ့တာပဲ

ငါ့ဘဝအကြောင်း နင်ဘာသိလို့လဲ

ဒီလိုတွေဖြစ်ခဲ့ပြီးမှ..

ဒီကောင်က နင့်အတွက် အသင့်တော်ဆုံးလို့ ထင်နေသေးတာလား

သိအောင်ပြောလိုက်မယ် ရိန်နာ

နင် သူရဲကောင်းလို့မြင်နေတဲ့ ဒီကောင်က..

မျှော်လင့်ချက်မရှိတဲ့ သနားစရာ ငကြောက်ပဲ

နင့်လို ငတုံးမတစ်ယောက်ကို အရူးလုပ်ရတာ သူပျော်လို့ဖြစ်မှာပေါ့

နင်ကများ ငါ့ကိုရိုက်ရဲတယ်

- နင် ငါ့ကိုထိလို့မရဘူး - မီသာ

ရန်ဂါ..ပြောလိုက်စမ်း

သူက သနားစရာဆိုတာ ပြောပြလိုက်

ကန်ထုတ်ခံခဲ့ရတာတောင် ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်နေတယ်

နင်သိလား

နင့်ရည်းစားက နောက်တစ်ယောက်ရှိနေလို့ နင့်ကို ထားခဲ့တာ

သူသာ နင့်ကိုချစ်ရင် ငါ ဒီမှာရှိနေစရာမလိုဘူး

- မီသာ - လွှတ်

ခဏလေး

ဒီအိတ်ကိုမှတ်မိလား

တယ်ဂါရဲ့တိုက်ခန်းကနေ ယူလာတဲ့အိတ်ပဲ

ငါက ငါယူလာတဲ့အိတ်လို့ ထင်ခဲ့တာ

ဒါပေမဲ့ မဟုတ်ဘူး

ဒါက နင့်အိတ်ပဲ

ဒီအိတ်ကို တယ်ဂါ့ဆီ နင်ယူလာခဲ့တာ

အဓိပ္ပာယ်က..

ငါတို့ ၂ ယောက် တစ်နေရာမှာဆုံဖူးတယ်

စားကောင်းမယ့်ပုံပဲ ဘယ်ဟာယူရမလဲ

ဒီဟာကောင်းတယ်

အရမ်းမကပ်ပါနဲ့

နင့်သူငယ်ချင်းရှေ့မှာ ဒါမျိုးလုပ်ရဲလား

ငါ ဒီလိုလုပ်လည်း ရန်ဂါ ဘာမှမဖြစ်ပါဘူး

ဆိုးလိုက်တာ

အခု အားလုံးရှင်းသွားပြီ မဟုတ်လား

ဒါဆို အဲဒီတုန်းက နင်တို့ပြောတဲ့ရန်ဂါဆိုတာ ဒီရန်ဂါပဲကိုး

ရန်ဂါနဲ့တယ်ဂါပြောသလို..

ကိုယ်ဝန်ရအောင် သူတို့လုပ်တာမဟုတ်ဘူးဆိုတာ အမှန်ဆိုရင်..

နင်တို့တွေ သူ့ကိုမေးကြည့်ပါ

နင်အခုလွယ်ထားတဲ့ကိုယ်ဝန်က ဘယ်သူ့ကိုယ်ဝန်လဲ

ငါထင်သားပဲ

ငါထင်နေခဲ့တာ မှန်တာပေါ့

တယ်ဂါကို ငါ့နာမည်ပြောပြခဲ့တာလည်း မင်းပဲ မဟုတ်လား

ဒါပေမဲ့ တစ်ခုတော့ ကတိပေးရမယ်

အခု မင်းသိသွားတဲ့ကိစ္စ ငါဆီကကြားတယ်လို့ မပြောနဲ့နော်

သဘောတူလား

မင်းကိုယ်မင်း အားလုံးသိတယ်ထင်တယ်ပေါ့ ဟုတ်လား

ငါနဲ့မီသာ ဘယ်လိုပတ်သက်တယ်ဆိုတာ မင်းသိတယ် ထင်တယ်ပေါ့ ဟုတ်လား

မင်းမှားသွားပြီ ထရွိုင်

လုံးဝမှားသွားပြီ

ငါ မူးနေတာတောင်..

ကိုယ့်ကိုယ်ကို ထိန်းနိုင်ခဲ့တယ်

လာပါ အချစ်ရယ်

ဆောရီး မီသာ

အိပ်ပါတော့

အခု ငါက နင့်သဘောပါ

ငါ့အစ်ကိုကို ကတိပေးထားတယ်

ပြီးတော့ ငါ့မှာတခြားတစ်ယောက်ရှိပြီးသား

ရိန်နာ

ပြီးတော့ မင်းသိရမှာက..

ငါ မီသာကို လက်ဖျားနဲ့တောင် မထိဖူးဘူး

အဲဒါ ရိန်နာကိုချစ်လို့ သစ္စာရှိချင်လို့ပဲ

ဟေ့ကောင်

တော်ပါ

ကောင်းပြီ

ငါဝန်ခံပါတယ်

မင်းနောက်ကွယ်မှာ မီသာနဲ့ မရိုးသားခဲ့ဘူး

ဒါပေမဲ့..

ငါပြောခဲ့သလိုပဲ

မီသာဘက်က အရင်စတာပါ

သူဘယ်လိုမိန်းကလေးလည်း မင်းသိပါတယ်

ထရွိုင်

သူ..

ငါနဲ့အိပ်ခဲ့တာ ဖြစ်ချင်ဖြစ်မယ်

သူဖောက်ပြန်တာ သူ့ရည်းစားတောင်မသိဘူးလေ

ဒီတော့ သူက..

- တခြားသူတွေနဲ့လည်း ပတ်သက်ခဲ့နိုင်တာပဲ - ထရွိုင်

ရန်..

မင်းက ငါ့အချစ်ဆုံးသူငယ်ချင်းပါ

မင်းအတွက် ငါရန်ဖြစ်ရဲတယ် ငါ့ကိုယ်ငါ ထိခိုက်ခံရဲတယ်

ဒါပေမဲ့..

သူ့လိုမိန်းကလေးမျိုးကိုတော့..

ငါမချစ်ဘူး

ထရွိုင်

ငါပြောမယ်

ငါ့နောက်ကွယ်မှာ သူနဲ့ရှုပ်တာကို..

ငါစိတ်မဆိုးဘူး တကယ်စိတ်ဆိုးတာက..

ငါ့ကိုဘာလို့ ထောင်ချောက်ဆင်တာလဲ မီသာ

မင်းနဲ့ငါ ဘာမှမဖြစ်ခဲ့တာ သိရဲ့သားနဲ့တောင်

ငါ နင့်ကိုအရမ်းချစ်လို့ပါ ရန်

နင် ငါ့ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုတာ သိပေမဲ့

နင့်ကိုပိုင်ဆိုင်ရဖို့ ဘာမဆိုလုပ်မှာပဲ

ရိန်နာ

နင်ကံကောင်းတယ်

ရန်ဂါ ငါ့ကိုလုံးဝမထိခဲ့တာ နင့်ကြောင့်ပါ

သူ့အချစ်ကို နင့်အတွက်ပဲ သိမ်းထားခဲ့တယ်

အချစ်တင်မဟုတ်ဘူး

နင့်အတွက် သူ အားလုံးထိန်းသိမ်းခဲ့တယ်

ဟေ့ကောင်..

လက်ခံလိုက်ပါ

တခြားတစ်ယောက်ဖြစ်မှာပါ ဘာလို့လဲ

စဉ်းစားလေ

မင်းထွက်သွားတော့ မင်းက ငါ့သူငယ်ချင်းမဟုတ်ဘူး

မင်းကလည်းကွာ

အခုထွက်သွားကွာ

အေးပါ

အခု အားလုံးရှင်းသွားပြီပေါ့

ဝမ်းသာတယ်

မီသာ့ဗိုက်ထဲက ကလေးက မင်းရဲ့ကလေးမဟုတ်တာကို

ပြီးတော့ ဒီတစ်လျှောက်လုံး..

မင်းနဲ့ပတ်သက်ပြီး ရိန်နာပြောခဲ့တာတွေအားလုံး မမှန်ဘူးဆိုတာ သိရတဲ့အတွက်လည်း..

ဝမ်းသာပါတယ်

မင်းကိုရလို့ ရိန်နာကံကောင်းတယ်လို့ မီသာပြောခဲ့တယ်

ဒါပေမဲ့ တကယ်တော့..

ရိန်နာကိုရတဲ့အတွက် မင်းကံကောင်းတာပါ

သူ့ကိုတန်ဖိုးထားပါ

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်..

သူမရှိရင် မင်းဘဝက အဓိပ္ပာယ်မရှိဘူး

ကျေးဇူးပါပဲ

ဒါပေမဲ့ မင်းကို အကြံတစ်ခုပေးလိုက်မယ်

ဟိုကောင့်နောက်ကိုလိုက်ပါ

သူ့ကိုတာဝန်ယူခိုင်းပါ

Comentarios

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left