The Michael Jackson Story

The Michael Jackson Story

Descargar subtítulo en Burmese

Información de lanzamiento

Michael Jackson - Unmasked (2009) Myanmar(Zawgyi)
Comentario por kikywebsite

Etiquetas

other
Publicado el: 2019-06-15
Descargas: 15
Para personas con discapacidad auditiva: No

Vista previa de los subtítulos en Burmese

Las primeras 200 líneas.

မိုက်ကယ်

မိုက်ကယ်.. ခင်ဗျားကိုကျွန်တော်တို့ချစ်တယ်

- ဟိုမှာကြည့် - မိုက်ကယ်

သွား သွား

မိုက်ကယ်ဂျက်ဆင်ရဲ့ဘဝနဲ့အသက်မွေးမှုအလုပ်နဲ့ ပတ်သက်ပြီး တော်တော်များများပြောခဲ့ကြမှာပါ

ဒါဟာဒဏ္ဍာရီထဲကလူတစ်ဦးရဲ့ အရှုပ်တွေကို ဖြေရှင်းလို့မရနိုင်လောက်တဲ့ အထိဖြစ်လာပါတယ်

မကြာသေးခင်ကသိခဲ့ရတဲ့လျှို့ဝှက်ချက်တွေကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကစခဲ့တဲ့

ဝတ္ထုရှည်ကြီးတစ်ပုဒ်ရဲ့အခန်းဆက် အပိုင်းတစ်ပိုင်းမျှသာဖြစ်ပါတယ်

ဂျက်ဆင်ညီအစ်ကို ၅ ယောက်အဖွဲ့နဲ့တွဲပြီး နာမည်ကျော်ကလေးအဆိုတော် တစ်ယောက်အဖြစ် အထပ်ထပ်လေ့ကျင့်ရာကနေစပြီး

ပေါ့ပ်ဂီတရဲ့ဘုရင်အဖြစ်ပရိသတ်အလယ်မှာ အံ့အားသင့်ဖွယ်နာမည်ကြီးခဲ့ပါတယ်

ကမ္ဘာပေါ်မှာ လူပြောအများဆုံးဖြစ်ပြီး

ထူးခြားစွာထင်ပေါ်ကျော်ကြားလာတဲ့

အာဖရိကန်-အမေရိကန်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဇာတ်လမ်းအမှန်ကို

ကျွန်တော်တို့ဆန်းစစ်တော့မှာဖြစ်ပါတယ်

သူ့ကို ၁၉၅၈ ခုနှစ်မှာ အင်ဒီယားနားက ဂေရီမှာမွေးခဲ့ပါတယ်

မိုက်ကယ်ဂျိုးဇက်ဂျက်ဆင်ဟာ မွေးချင်းမောင်နှမ ၉ ယောက်မှာ ၇ ယောက်မြောက်ဖြစ်ပါတယ်

သူ့အဖေ ဂျိုးဇက်ဂျက်ဆင်ကတော့

စည်းကမ်းကြီးသူရောဂါသည်တစ်ယောက်အဖြစ် နာမည်ကြီးပြီး

သူ့ရဲ့ကလေးတွေဖြစ်တဲ့ ဂျက်ကီ ဂျာမိန်း တီတို နဲ့ မာလင်တို့ပါဝင်တဲ့

မိသားစုတီးဝိုင်းလေးကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်

၁၉၆၃ ခုနှစ်မှာတော့ အသက် ၅ နှစ်ပဲရှိသေးတဲ့

မိုက်ကယ်ဟာ တီးဝိုင်းမှာပါဝင်လာခဲ့ပါတယ်

ဂျိုးဇက်ဟာ မိုက်ကယ်နဲ့သူ့အစ်ကိုတွေအတွက်

တင်းကြပ်တဲ့စနစ်တစ်ခုကို ရေးဆွဲခဲ့တယ်

သာမန်ကလေးဘဝလှုပ်ရှားမှုအတွက် အချိန်မရှိသလောက်ဖြစ်ခဲ့ပြီး

လေ့ကျင့်ချိန်ကိုမရပ်မနားလုပ်ခဲ့ကြရတယ်

၁၉၆၆ ခုနှစ်မှာတော့ ညီအစ်ကိုများအဖွဲ့ဟာ နယူးယောက်ဟာလမ်ခရိုင်က

နာမည်ကျော်အပိုလိုဇာတ်ရုံမှာကျင်းပတဲ့ ပြိုင်ပွဲမှာဆုရရှိခဲ့တယ်

နောက်ပြီး တစ်နှစ်အတွင်းမှာပဲ ဂလက်ဒက်စ်နိုက်နဲ့ ပစ်စ် တို့ရဲ့အထောက်အပံ့ကိုရခဲ့တယ်

ဂလက်ဒက်စ်က ဒီအဖွဲ့ကို မိုတောင်းတေးထုတ်လုပ်ရေးဆီ ထောက်ခံပေးခဲ့တာကြောင့်

ဂျက်ဆင်ညီအစ်ကို ၅ ယောက်အဖွဲ့ဆိုပြီး မွေးဖွားလာခဲ့ခြင်းဖြစ်ပါတယ်

သူတို့ရဲ့အောင်မြင်မှုအတွက် ဒိုင်ယာနာရိုစ့်ရဲ့ ဂုဏ်ပြုချီးကျူးမှုများရပြီးနောက်

မိုက်ကယ်ဂျက်ဆင်ဟာ ၁၉၆၇ ခုနှစ်မှာ စတူရီယိုမှာပထမဆုံး အသံသွင်းခဲ့ပါတယ်

သူ့အသက် ၉ နှစ်ပြည့်ပြီးလို့ ၃ လပဲရှိပါသေးတယ်

အသက် ၁၀ နှစ်မှာတော့ သူဟာခေါင်းဆောင်အဆိုတော်ဖြစ်လာပါတော့တယ်

နောက်တစ်နှစ်အကြာမှာ မိုက်ကယ်နဲ့ သူ့အစ်ကိုတွေရဲ့ ပထမဆုံးတစ်ကိုယ်တော်

I Want You Back ဆိုတဲ့တေးသီချင်းတစ်ပုဒ် ဓာတ်ပြားထွက်ခဲ့ပါတယ်

အဲဒီဓာတ်ပြားဟာ နာမည်ကြီးတာထက်ပိုပြီး ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ဓာတ်ပြားဖြစ်ခဲ့တယ်

အမေရိကားမှာ နံပါတ် ၁ နေရာချိတ်ခဲ့ပြီး ဓာတ်ပြားပေါင်း ၂ သန်းရောင်းထွက်ခဲ့ပါတယ်

မိုက်ကယ် အသက် ၁၁ နှစ်မျှသာ ရှိသေးတဲ့အရွယ်ပါ

ဂျက်ဆင်ကိုအရူးအမူးစွဲလန်းတဲ့ခေတ် ဖြစ်လာခဲ့တယ်

နောက် ၁၀ လကြာသည့်တိုင် အင်ဒီယားနားဂေရီက တေးသံရှင်ငါးဦးအဖွဲ့ဟာ

ပေါ့ပ်တေးဂီတသမိုင်းမှာ မယုံကြည်နိုင်လောက်အောင် နံပါတ်တစ်နေရာကို လေးပတ်ဆက်တိုက်သိမ်းယူခဲ့ပါတယ်

I Want You Back..ABC..The Love You Save နဲ့ I'll Be There စတဲ့သီချင်းများဖြစ်ပါတယ်

၁၉၇၁မှာ ထိတ်လန့်ဖွယ်ရုပ်ရှင် ဝိလာ့ဒ် ဇာတ်ကား ထွက်ရှိအပြီးမှာတော့

မိုက်ကယ်ဂျက်ဆင်ရဲ့ ဘဝတစ်ဆစ်ချိုး စတင်ခဲ့ပါတော့တယ်

Ben လို့နာမည်ပေးထားတဲ့စီးရီးခေါင်းစဉ်သီချင်းကတော့ ကမ္ဘာအနှံ့အောင်မြင်တဲ့သီချင်းဖြစ်လာခဲ့ပြီး

မိုက်ကယ့်အတွက် ပထမဆုံးတစ်ကိုယ်တော်စီးရီးရဲ့ အောင်မြင်မှုရသကိုပေးခဲ့ပါတယ်

၁၉၇၅ ခုနှစ်မှာ အယ်လ်ဘမ် ၁၃ ခုထွက်ခဲ့ပြီး အရောင်းရဆုံးအယ်လ်ဘမ် ၁၀ ခုရဲ့ထိပ်ဆုံးမှာ

အကြိမ်အရေအတွက်အများဆုံးနဲ့ရပ်တည်ခဲ့ပြီးနောက် မိုတောင်းနဲ့ဂျက်ဆင် ၅ ယောက်အဖွဲ့ဟာ ကုမ္ပဏီခွဲခဲ့ကြတယ်

အက်ပစ်တေးထုတ်လုပ်ရေးနဲ့ အသစ်တဖန်ပြန်စခဲ့ကြပြီး

ဂျက်ဆင်ညီအစ်ကိုများ ဆိုပြီး ရိုးရှင်းစွာပဲ နာမည်ပြန်ပေးခဲ့ကြတယ်

ဂီတခရီးလမ်း အစပြုခဲ့ရပြန်တယ်

လူကြိုက်များတဲ့ သီချင်းတွေ ဆက်လက်ထွက်ရှိရင်းနဲ့ပေါ့

၁၉၇၇ ခုနှစ်မှာတော့ မိုက်ကယ်ဂျင်ဆင်ဟာ The Wiz ဆိုတဲ့ရုပ်ရှင်တစ်ကားမှာ ပါဝင်ခဲ့ပါတယ်

အာဖရိကန်-အမေရိကန်လူမျိုးတွေသရုပ်ဆောင်ထားပြီး အော့ဇ်မှမှော်ဆရာများ ကိုပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်

မိုက်ကယ်က စာခြောက်ရုပ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်

နောက်ပြီး သူ့ရဲ့ဦးဆောင်လမ်းပြသူ ဒိုင်ယာနာရို့စ် က ဒေါ်ရသီ အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်

မိုက်ကယ်က ဂျုံးစ်ထုတ်လုပ်ရေးရဲ့ ကွင်စီဂျုံးစ်နဲ့ရိုက်ကွင်းမှာသိကျွမ်းခဲ့ပြီး

ဂျက်ဆင်ရဲ့ပထမဆုံးရင်ဖိုရသော တစ်ကိုယ်တော်အယ်လ်ဘမ်

Off The Wall ကို မိတ်ဆက်ထုတ်လုပ်ခဲ့ပါတယ်

အဲဒီအယ်လ်ဘမ်ဟာ ၇ သန်းကျော် ရောင်းကုန်ခဲ့ပြီး ပလက်တီနမ်စာရင်းဝင်ခဲ့ပြီးတော့

မိုက်ကယ်ဂျက်ဆင်ရဲ့တစ်ကိုယ်တော် အသက်မွေးမှုလုပ်ငန်းကို တစ်ကမ္ဘာလုံးသို့တွန်းတင်ပေးခဲ့ပါတယ်

မိုက်ကယ်ရဲ့အပြောင်မြောက်ဆုံး ဒုတိယအယ်လ်ဘမ်ကို

ကွင်စီဂျုံးစ်ကပဲ ၁၉၈၂ မှာထုတ်ခဲ့ပြီးတော့ ဂန္ထဝင်တွင်ခဲ့တဲ့ Thriller လို့အမည်ပေးခဲ့တယ်

အဲဒီအယ်လ်ဘမ်ဟာ အလွန်တရာမှ အောင်မြင်ခဲ့ပြီး

အမေရိကန်နိုင်ငံမှာရော ဗြိတိန်နိုင်ငံမှာပါ တပြိုင်နက်တည်းနံပါတ် ၁ နေရာကိုရောက်ရှိခဲ့ပါတယ်

လူကြိုက်အများဆုံးတေးသီချင်းစာရင်းရဲ့ အကောင်းဆုံးအယ်လ်ဘမ် ၁၀ ခုစာရင်းမှာ

တစ်နှစ်ပတ်လုံးနေရာယူခဲ့ပါတယ်

ကမ္ဘာအနှံ့သို့ အံ့အားသင့်စရာကောင်းလောက်အောင် ဓာတ်ပြားပေါင်း ၆၅ သန်းရောင်းချနိုင်ခဲ့တယ်

ဒီအယ်လ်ဘမ်ဟာ မိုက်ကယ်ဂျက်ဆင်ကို အမေရိကန်ကျော်ကြားသူတစ်ယောက်အဖြစ်ရော

ကမ္ဘာတစ်လွှားရဲ့အကျော်အမော်အဖြစ်ပါ ခိုင်မာစေခဲ့တယ်

၉ ပုဒ်ပါတဲ့သီချင်းအယ်လ်ဘမ်မှာ ၇ ပုဒ်ဟာ မယုံကြည်နိုင်လောက်အောင်ဘဲ

ထိပ်ဆုံး သီချင်း ၁၀ ပုဒ်ထဲ ပါခဲ့ပါတယ်

ယနေ့မှာတော့ Thriller သီချင်းဟာ အရောင်းရဆုံးအယ်လ်ဘမ်ရဲ့ ခေါင်းစီးသီချင်းအဖြစ်ထိန်းထားနိုင်ဆဲပါပဲ

အခုသူ့အသက် ၂၄ နှစ်မှာ စီးပွားရေးလောကထဲရောက်လာခဲ့တာပေါ့

ကျွန်တော်တို့နဲ့စပြီးလက်တွဲတုန်းက သူ ၁၄ နှစ်ပဲရှိသေးတယ်

ထုတ်လုပ်သူ ကွင်စီဂျုံးစ်

သူဟာ ၈၀ ခုနှစ်များရဲ့ တကယ့်လူတစ်ယောက်ပဲဆိုတာ လုံးဝသေချာတာပေါ့ဗျာ

၉၀ ခုနှစ်တွေမှာလဲ သူပဲဖြစ်ဦးမှာပေါ့

၁၉၈၀ ခုနှစ်များမှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ဂုဏ်သတင်းဟာ

ကမ္ဘာကြီးရဲ့နိုင်ငံရေး ဘာသာရေးတွေထက်

ကျော်လွန်ခဲ့ပါတယ်

အသက် ၂၅ နှစ်အရွယ်မှာတော့ နယူးယောက်တိုင်းမ်သတင်းစာက

ပေါ့ပ်ဂီတလောကမှာ

အခြားသူတွေထက်သာတဲ့ မိုက်ကယ်ဂျက်ဆင်ဆိုတာရှိတယ်ဆိုပြီး

ဂီတဆိုင်ရာအံ့ဖွယ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် သုံးသပ်ဖော်ပြခဲ့ပါတယ်

Thriller အယ်လ်ဘမ်မှာပါတဲ့ သီချင်း ၄ ပုဒ်ကို မိုက်ကယ်ရေးသားခဲ့တာပါ

အဲဒီသီချင်းတွေကတော့ Wanna Be Startin'Somethin', Beat It နဲ့ Billie Jean တို့ဖြစ်ပြီး

The Girl is Mineသီချင်းကိုတော့ ပေါလ်မက္ကာတနေနဲ့ အတူရေးစပ်ခဲ့တာပါ

တခြားအနုပညာရှင်တွေနဲ့မတူတာက မိုက်ကယ်ဟာ သီချင်းစာသားတွေကိုချရေးရမယ့်အစား

ရီကော်ဒါ ထဲမှာပဲ နှုတ်တိုက်ချအသံသွင်းခဲ့ပြီး

အသံသွင်းချိန်မှာဆိုရင်လည်း စာသားဖတ်မယ့်အစား မှတ်ဥာဏ်ထဲကအတိုင်းပဲဆိုခဲ့ပါတယ်

မိုက်ကယ်ဂျက်ဆင်က သီချင်းဗွီဒီယိုတွေကို ပြောင်းလဲပစ်ခဲ့ပြန်ပါတယ်

Thriller သီချင်းအတွက်ဗွီဒီယိုဟာ မကြုံစဖူးထူးကဲစွာနဲ့

၁၄ မိနစ်ကျော်ကြာပြီး တည်းဖြတ်မှုပေါင်းများစွာနဲ့ ကုန်ကျစရိတ်အများဆုံး သီချင်းဗွီဒီယိုဖြစ်ခဲ့ပါတယ်

လန်ဒန်မှာနာမည်ကြီးတဲ့ အမေရိကန်သမန်းကျား နဲ့  အပြာရောင်ညီအစ်ကိုများ ဆိုတဲ့ရုပ်ရှင်တွေရဲ့ဒါရိုက်တာဖြစ်တဲ့

ဂျွန်လန်းဒစ်က ရုပ်မြင်အထူးပြုလုပ်ချက်ပညာရှင် ရစ်ခ်ဘေကာ နဲ့ပူးပေါင်းခဲ့ပါတယ်

သူဟာထိုခေတ်ကရုပ်ရှင်တွေကို အတုပြုလုပ်ချက်တွေနဲ့ယှဉ်ပြိုင်ခဲ့သူပါ

အဲဒါကို ဘရော့ဝေးမှထူးချွန်ပြောင်မြောက်တဲ့ ကကွက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့

လူကြိုက်အများဆုံးသီချင်းဗွီဒီယိုအဖြစ် ရလဒ်ထွက်ပေါ်လာခဲ့ပြီး

မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller သီချင်း ရိုက်ကူးမှု သတင်းရုပ်ရှင်ကားဟာ

တစ်ကမ္ဘာလုံးမှာအရောင်းရဆုံးသော ဗွီဒီယိုတစ်ခုဖြစ်လာခဲ့ပါတယ်

Thriller အခွေမှသီချင်းတွေကို မိုက်ကယ်ဂျက်ဆင်ရဲ့ စကားပြောနဲ့အတူ ET ဇာတ်လမ်းစာအုပ်ကို

ထုတ်ခဲ့ပြီး တစ်ညတည်းမှာပေါ့ပ်ဂီတနယ်ပယ်ရဲ့ နောက်ထပ်ထူးထူးခြားခြား

ဂရမ်မီဆု ၈ ဆုဆွတ်ခူးခဲ့ပါတယ်

၁၉၈၂ မှာမိုတောင်းရဲ့ ၂၅ နှစ်ပြည့်နှစ်ပတ်လည် နေ့အတွက်ထုတ်လွှင့်ခဲ့တဲ့အစီအစဉ်မှာတော့

မိုက်ကယ်ဂျက်ဆင်က သူ့ရဲ့အမှတ်အသားဖြစ်တဲ့ စီးကွင့်တွေထိုးထားတဲ့ လက်အိတ်အဖြူကိုဝတ်ဆင်ခဲ့ပါတယ်

ယခုအထိကျော်ကြားလှတဲ့ လပေါ်လမ်းလျှောက်တဲ့ ကကွက်ကို ပွဲထုတ်ခဲ့တယ်

ထိုကကွက်ဟာပရိတ်သတ်တွေအရူးအမူးဖြစ်ခဲ့ပြီး ကမ္ဘာတစ်လွှားမီဒီယာတွေမှာ ခေါင်းစီးပိုင်းကဖေါ်ပြခဲ့ရတယ်

လူကြိုက်အများဆုံး သီချင်းချယ်နယ်ဖြစ်တဲ့ MTV ကတော့

အရင်က အာဖရိကန်-အမေရိကန်အနုပညာရှင်တွေကို ထုတ်လွှင့်ပေးဖို့ အင်တင်တင်ဖြစ်ခဲ့ဖူးပေမဲ့

ယခုတော့ မိုက်ကယ်ရဲ့ဗွီဒီယိုတွေကို အလှည့်များများ ထုတ်လွှင့်ပေးနေပါပြီ

၁၉၈၃ ခုနှစ်မှာတော့ မိုက်ကယ်ဂျက်ဆင်ဟာ ဒီကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့

သြဇာအညောင်းဆုံးသော ပေါ့ပ်စတားတစ်ယောက်ဖြစ်လာပါတော့တယ်

သူဟာ ရော့ခ်အင်ရိုးနာမည်ကျော်များခန်းမမှာ ၂ ကြိမ်ကမ္ဗည်းထိုးနိုင်ခဲ့တဲ့

ဂီတပညာရှင်အနည်းငယ်ထဲက တစ်ယောက်ပါပဲ

သူချီးမြှင့်ခံရတဲ့ဆုတွေကတော့ ကမ္ဘာဂင်းနစ်မှတ်တမ်းမှာ ၈ ကြိမ်

အဲဒီထဲကတစ်ခုကတော့ ကမ္ဘာ့အရောင်းရဆုံးအယ်လ်ဘမ် ဖြစ်တဲ့ Thriller အယ်လ်ဘမ်ပါ

တစ်ကိုယ်တော်တေးစီးရီးထဲကသီချင်း ၁၃ ပုဒ်အတွက် ဂရမ်မီ ၁၃ ဆုရယ်

နောက်ပြီး ကမ္ဘာအနှံ့ အယ်လ်ဘမ်ပေါင်း သန်း ၇၅၀ ကျော်ရောင်းချခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်

အဲဒါကြောင့် မိုက်ကယ်ဟာ သူ့နာမည်ကို ဟောလီးဝုဒ်လမ်းမကျယ်ကကြယ်ပေါ်မှာ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်

နောက်ထပ်ဂုဏ်ပြုမှုတစ်ခုကိုလည်း မိုက်ကယ်ထပ်ရခဲ့ပါသေးတယ် အဲဒါကတော့

အိမ်ဖြူတော်သမ္မတဘုရှ်က မိုက်ကယ့်ကို ဆယ်စုနှစ်ရဲ့အကောင်းဆုံးအနုပညာရှင်အဖြစ်သတ်မှတ်ခဲ့ပါတယ်

မိုက်ကယ်က အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကိုရှာနေခဲ့တယ်လေ

ကျွန်မတို့ ၄ ယောက်အတူပါသွားခဲ့ပြီး ၄ ယောက်စလုံး စတူရီယိုမဝင်ခင်

အတူတူအလုပ်လုပ်ခဲ့ကြတာပေါ့

ကျွန်မတို့တွေ အစမ်းလုပ်ပြရတယ် ဗွီဒီယိုနဲ့မှတ်တမ်းတင်ပြီးပြခဲ့တော့ သူကျွန်မတို့ကိုသဘောကျသွားတယ်လေ

နောက်ပြီး သူဆိုပြထားတာကိုအသံညှိပြပြီး

ကျွန်မတို့ သူ့နောက်ကဆိုတာတွေကိုလည်း တစ်ခါတည်းအသံချိန်တာ

အဲဒါက အဆိုတော်တစ်ယောက်အတွက်ကောင်းတယ်လေ ဘာကြောင့်လဲဆိုတော့ သူလုပ်သလို

ကျွန်မတို့ လိုက်လုပ်တာကိုသူအသိအမှတ်ပြုတယ်

နောက်ပြီး သူ့မှာဒီလိုအရည်အချင်းရှိတယ်

တကယ်လို့များ သူကြိုက်တာတစ်ခုခုကို ရှင်လုပ်လိုက်မယ်ဆိုရင်

အဲဒါကို သူမှတ်ချက်ပေးတော့တာပဲ

ဒီလိုပုဂ္ဂိုလ်တွေဆီက အမြဲမှတ်ချက်မရနိုင်ဘူးလေနော်

သူလုပ်ချင်တာကိုညှိယူလို့ရတာနဲ့ ထွက်သွားတော့တာပဲ

ဒါပေမဲ့ သူကအဲဒီလိုမဟုတ်ဘူး ဘာတွေဖြစ်နေလဲဆိုတာ အတိအကျသူသိတယ်

ဘယ်အရာတွေကသူ့ရှိုးပွဲတွေကိုလုပ်နိုင်မလဲဆိုတာ သူဟိုးအရင်ကြုံတွေ့ခဲ့ရတဲ့အရာတွေကစပြီး

သူသတိထားတယ်

သူ ကျွန်တော်တို့ကိုလက်မခံမှာ ကြောက်ရွံ့နေခဲ့တာပေါ့

သူ့လိုဂီတသမား အကသမား အဆိုတော်တစ်ယောက်ကပေါ့

ကျွန်တော်တို့တွေစင်ပေါ်မှာ ချက်ချင်းတီးပြလိုက်တာနဲ့ ဒီစင်ကကျွန်တော်တို့ဟာဖြစ်သွားတာပေါ့

ပြီးတော့ အဲဒီစင်ကို ကျွန်တော်တို့စိတ်ကြိုက် လုပ်တော့ဆိုပြီး သူလက်ခံလာတယ်

ကျွန်တော်တို့ခံစားချက်နဲ့ရှေ့ဆက်ဖို့ အချိန်တွေ ရှိခဲ့တာပေါ့

စိတ်ထဲမှာဘယ်လိုပဲခံစားနေရပေမဲ့ ကျွန်တော်တို့ ထုတ်ပြရမယ်

တစ်ဦးချင်းစီမှာ ဘာတွေပဲဖြစ်နေနေပေါ့

သူရဲ့ကောင်းတဲ့အချက်တစ်ခုကိုပြောရရင်

ဘယ်သူ့မှာမှမရှိတဲ့ကိုယ်ပိုင်ဟန်တစ်ခုရော ကိုယ်ပိုင်စတိုင်လ်တစ်ခုရော

သူ့မှာရှိနေတာပါပဲ

၁၉၈၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှာတော့

မိုက်ကယ်နဲ့ သူ့အစ်ကို ၄ ယောက်ဟာ ပက်ပ်စီကိုလာကြော်ငြာအတွက်

Billie Jean သီချင်းကိုဖျော်ဖြေခဲ့ပြီး ကြော်ငြာရိုက်ကူးစဉ်မှာ

ထူးဆန်းတဲ့မီးရှူးမီးပန်း မတော်တဆမှုတစ်ခုကြောင့်

မိုက်ကယ့်ခေါင်းမှာ ဒုတိယအဆင့်မီးလောင်ကျွမ်းခဲ့ပါတယ်

သူ့မျက်နှာ နဂိုအတိုင်းပြန်ဖြစ်ဖို့အတွက် ပလတ်စတစ် ခွဲစိတ်မှုတွေလုပ်ဖို့လိုအပ်လာပါတော့တယ်

မိုက်ကယ်ဂျက်ဆင် ရှင့်ကိုကျွန်မတို့အမြဲတမ်းချစ်နေမှာပါ အမြန်ဆုံးနေကောင်းပါစေ

၁၉၈၈ ခုနှစ်မှာတော့ မိုက်ကယ်က အယ်လ်ဘမ်တစ်ခုနဲ့တစ်ခုကြား အချိန်ယူခဲ့ပြီး

ကယ်လီဖိုးနီးယား စန်တာဘာဘရာမှာရှိတဲ့ ၂၆၀၀ ဧကရှိတဲ့

သူရဲ့အထင်ကရဧရာမခြံကျယ်ကြီးမှာ နေထိုင်ပါတယ်

အဲဒီခြံကျယ်ကြီးကို ဂျေအမ်ဘယ်ရီရဲ့ ပီတာပန်ဝတ္ထုထဲက

အံ့ဖွယ်ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ နဲဗားလန်း လို့ခေါ်ခဲ့တယ်

မွေးမြူရေးခြံကြီးကိုတော့ အချိန်ပြည့်ဝန်ထမ်း ၅၄ ယောက်နဲ့ပြုပြင်ထိန်းသိမ်းခဲ့တယ်

နဲဗားလန်းခြံကြီးမှာ သီးသန့်အပန်းဖြေဥယျာဉ်တစ်ခုအပြင် တိုင်းတစ်ပါးမှထူးခြားဆန်းပြားတဲ့

တိရစ္ဆာန်တွေပြသထားတဲ့ တိရစ္ဆာန်ရုံအသေးလေးတစ်ခုလည်းပါရှိတယ်

မိုက်ကယ်အကြိုက်ဆုံးအိမ်မွေးတိရစ္ဆာန်ကတော့ နာမည်ကြီးတဲ့ သူရဲ့ ချင်ပန်ဇီမျောက်ပဲဖြစ်ပါတယ်

မိုက်ကယ်နဲ့အတူနေရာစုံကိုခရီးထွက်ခဲ့သလို မိုက်ကယ်ရဲ့ဗွီဒီယိုအချို့မှာလည်း မြင်တွေ့ရမှာပါ

မိုက်ကယ်ဟာ သူ့ရဲ့ပန်းခြံကြီးထဲကို ဧည့်သည်ခေါ်တာ အလွန်ရှားခဲ့ပေမဲ့

ကလေးတွေ အထူးသဖြင့် နေမကောင်းတဲ့ကလေးတွေကို ပန်းခြံထဲမှာတစ်နေကုန်နေဖို့ ဖိတ်ကြားခဲ့ပေးပါတယ်

ဟိုင်း သူငယ်ချင်းလေး

မင်းနာမည်ကို ဘယ်လိုစာလုံးပေါင်းလဲ

- ဘီ.. - ဘီ..

ဒါ မင်းအတွက်နော်

ကျေးဇူးတင်ပါတယ်

မင်းအတွက်လက်မှတ်ထိုးပေးမယ်

၁၉၈၇ ခုနှစ်မှာ Bad ဆိုတဲ့ အယ်လ်ဘမ်ထွက်လာခဲ့ပြီး အဲဒါနဲ့အတူ

မိုက်ကယ်ဂျက်ဆင်ရဲ့ကွဲပြားတဲ့ပုံစံတစ်ခုဟာ သိသိသာသာထွက်ပေါ်လာခဲ့ပါတယ်

၁၉၈၈ ခုနှစ် Bad အယ်လ်ဘမ်ရဲ့နယ်လှည့် ဖျော်ဖြေပွဲကို ချားလ်စ်မင်းသားနဲ့ မင်းသမီးဒိုင်ယာနာတို့တက်ရောက်ခဲ့ပါတယ်

စင်ပေါ်မတက်ခင်မှာပဲ

မင်းသားနဲ့မင်းသမီးကို မိုက်ကယ်ဟာ ပေါင် ၃ သိန်း ပေးလှူခဲ့တယ်

မင်းသားအတွက် ဝင်ဘလေမှာသူပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကရတဲ့ငွေတွေဖြစ်ပြီး

ချို့တဲ့ကလေးတွေအတွက် ထောက်ပံ့တဲ့ရန်ပုံငွေ အဖြစ်လှူခဲ့တာပါ

မိုက်ကယ်က မင်းသမီး ဒိုင်ယာနာကို ဝယ်သူအလိုကျအထူးချုပ်လုပ်ထားတဲ့

Bad နယ်လှည့်ဖျော်ဖြေရေးအထိမ်းအမှတ် ဂျာကင် ၂ ထည်လက်ဆောင်ပေးခဲ့ပါတယ်

မင်းသမီးရဲ့သားတွေဖြစ်တဲ့ မင်းသားဝီလျံနဲ့ မင်းသားဟယ်ရီအတွက် တစ်ယောက်တစ်ထည်စီဖြစ်ပါတယ်

မိုက်ကယ်ဂျက်ဆင်နဲ့ မာဆယ်မာဆိုးတို့ ၁၉၉၅ ခုနှစ် နယူးယောက်မှာဆုံခဲ့စဉ်က

မိုက်ကယ် ဓာတ်ပုံရိုက်မယ် ပို့စ်လုပ်ပါ

- မိုက်ကယ် ဒီဘက်ကိုကြည့် - မိုက်ကယ်

- မိုက်ကယ်ရေ - မိုက်ကယ် ဒီဘက်ကိုကြည့်ပါ

မိုက်ကယ်

- မိုက်ကယ် ဒီဘက်လှည့်ပါဦး - မိုက်ကယ်ရေ ဟုတ်ပြီ

- ဟုတ်ပြီ - မိုက်ကယ်..နောက်ဆုံးတစ်ပုံပါ

ဒီကိုကြည့်ပေးပါဦး

မိုက်ကယ်..ကျုပ်တို့ဘယ်ဘက်ခြမ်းက မမြင်ရဘူးဖြစ်နေတယ်

ဒီကိုကြည့်ပေးပါ

ကျေးဇူးပြုပြီး ဒီကိုကြည့်ပေးပါ မစ္စတာဂျက်ဆင်နဲ့ မစ္စတာမာဆိုး

- ဘယ်ဘက်ကိုကြည့်ပေးပါ - ကျေးဇူးပြုပြီး ဒီဘက်ကိုလှည့်ပါဦး

- ကြည့်ပေးပါဦး - မိုက်ကယ်

မိုက်ကယ်ဂျက်ဆင် စင်္ကာပူနိုင်ငံ ရက်ဖဲလ်ဟိုတယ်သို့ရောက်ခဲ့စဉ်

ကျွန်မ နဲ့ တူညီသော ဝေဒနာမျိုးခံစားနေရတဲ့ ကျွန်မရဲ့ မိတ်ဆွေ မိုက်ကယ်ဂျက်ဆင်အတွက်

More Burmese subtitles for The Michael Jackson Story

Comentarios

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left