Magic Hour

Magic Hour

Descargar subtítulo en Burmese

Información de lanzamiento

Magic Hour (2015) Myanmar
Comentario por kikywebsite

Etiquetas

other
Publicado el: 2019-04-14
Descargas: 6
Para personas con discapacidad auditiva: No

Vista previa de los subtítulos en Burmese

Las primeras 200 líneas.

ပရမ်ဘာ့စ်ရေဒီယိုက အသံလွှင့်နေပါတယ် နံနက်ပိုင်းအစီအစဉ်တင်ဆက်ပေးနေတာက ဒက်စ်တာနဲ့

ဂီနာတို့ပါ

မင်္ဂလာနံနက်ခင်းပါ

ချစ်သူစုံတွဲတွေအတွက် သီချင်းကောင်းတစ်ပုဒ် ထုတ်လွှင့်ပေးဖို့ရှိပါတယ်

- ဖွင့်လိုက်ပါပြီ - နားဆင်လိုက်ကြရအောင်

တစ်နာရီအတွင်း မာပီတစ်ကော်ဖီဆိုင်ကို ရောက်အောင်သွား

ဘာလို့လဲ

ပြန်မမေးနဲ့ ပြောတာနားထောင်

ဟိုရောက်ရင် ပထမဆုံးလုပ်ရမှာက နင့်နာမည် ဂွင်နီလို့ စားပွဲထိုးကိုပြော

ပြီးရင် ငါ့နာမည်နဲ့ ယူထားတဲ့စားပွဲမှာ ဝင်ထိုင်လိုက်

အဲဒီမှာ ယောက်ျားတစ်ယောက်ကို နင်တွေ့လိမ့်မယ်

- သူ့ကို နင်စောင့်ကြည့်ပေး - ဒါပေမဲ့...

နင်အချစ်ဆုံးသူငယ်ချင်းက ဘယ်သူလဲ

နင်ပါ

- ငါအချစ်ဆုံးသူငယ်ချင်းကကော - ငါလေ

အခုထိ နင်တို့ဘာလုပ်နေကြတာလဲ ဘယ်အချိန်ရှိနေပြီလဲ

ပန်းစည်းပို့ဖို့နောက်ကျနေပြီ အခုသွားတော့

- မင်္ဂလာပါ - ကျွန်မဘာဖြစ်သွားတာလဲ

မတော်တဆမှုဖြစ်တာလေ ရှင် ကားတိုက်ခံထားရတာ စိုးရိမ်စရာတော့ မရှိပါဘူး

ဘယ်လိုနေလဲ ခေါင်းမူးလား အန်ချင်နေလား

ကျွန်မ သွားမှရတော့မယ် သွားလို့ရမလားဟင်

ရပါတယ် ဒါပေမဲ့ ရဲဌာနကပေးထားတဲ့ ဒီစာရွက်မှာတော့ လက်မှတ်ထိုးပေးရမယ်

ရှင့်ကို တိုက်မိတဲ့ကားသမားက ရှင့်ဆေးကုသစရိတ်ကို ရှင်းပေးလိမ့်မယ်

အဲဒီလူက သဘောကောင်းတယ် ရုပ်ချောတယ် သူ့ဆီက လျော်ကြေးတောင်းလို့ ရလောက်တယ်

ဒါပေမဲ့ သူက ခန့်ချောကြီးဆိုတော့ မတောင်းတာ ကောင်းမယ်

- ကျေးဇူးပါ - ရပါတယ်

သွားပြီ

တစ်ခုလောက် မေးဦးမယ် ကျွန်မစက်ဘီးက ဘယ်မှာလဲဟင်

ရဲစခန်းမှာဖြစ်မယ်ထင်တယ်

သွားကြည့်ရင် ကြည့်လိုက်လေ

ရှင်မသွားနိုင်ရင်လည်း တစ်ယောက်ယောက်ကို သွားယူခိုင်းလို့ရတယ်

ခေါင်းထိထားတာဆိုတော့ နေလို့ထိုင်လို့မကောင်းရင်

ပြန်လာပြပါ အန္တရာယ်ရှိလို့

ဟုတ်ကဲ့

ဂရုစိုက်ရမယ့်ကိစ္စနော် ပေါ့ပေါ့လေးမလုပ်နဲ့

မာပီတစ်ကော်ဖီဆိုင်ကို မြန်မြန်လေးနော်

ဒီကောင်မလေးဘယ်မှာပါလိမ့်

ပန်းတွေသွားပို့ရမယ့်ဟာကို

ဘယ်လိုဖြစ်လို့ ဆေးရုံပေါ်ရောက်လာလဲ မသိဘူး

ဒင်းကြောင့်တော့ ငါသေမှာပဲ

မင်္ဂလာပါ ဘာများကူညီပေးရမလဲရှင်

လူတစ်ယောက်နဲ့ လာတွေ့တာပါ သူ့ကို ကူရှာပေးပါလား

ဘယ်လိုဖြစ်တာလဲ ပြောနေတယ်လေ

ပန်းတွေသွားပို့ရမယ့်ဟာကို နင်က ဘယ်လိုဖြစ်လို့ ဆေးရုံပေါ်ရောက်သွားရတာလဲ

ဆေးရုံက ဖုန်းဆက်လာတယ် အဲဒီကို နင်ရောက်နေတယ်ဆိုပြီးလေ

ငါ့မှာ စိတ်ပူလိုက်ရတာ ဆေးရုံမှာ နင့်ကို ငါသွားရှာတယ်

မျက်လုံးအပြူးသားနဲ့ နေရာစုံအောင်ရှာလိုက်ရတာ

သူ့ကိုမဆူပါနဲ့တော့ အမေရယ် မတော်တဆဖြစ်တာပဲကို

အန်တီ ပန်းတွေပျက်စီးကုန်တာ...

အမြတ်ကိစ္စတွေ ဘာလို့ထပ်ပြောနေဦးမှာလဲ လိုမှ မလိုတော့တာ

အခုအရေးကြီးတာက...

ငါ့နားပူမယ့်ကိစ္စ

ပန်းတွေရောက်မလာလို့ ဖောက်သည်တွေ စောဒကတက်တာကို

တစ်နေကုန်နားထောင်လိုက်ရတယ်

အဲဒီစက်ဘီးအစုတ်နဲ့များ ဘာကိစ္စကြောင့် ပန်းလိုက်ပို့ချင်နေရတာလဲ

စက်ဘီးစီးမယ်ဆိုလည်း ပိုပြီးဂရုစိုက်ရမှာပေါ့

ကားယူသွားဖို့ အကြိမ်ကြိမ်ပြောလည်း ဘယ်တော့မှ နားမဝင်ဘူး

ထားလိုက်ပါတော့ အမေရယ် ရီနာလည်း ထိခိုက်ထားတဲ့ဟာကို

ဒဏ်ရာက လောလောဆယ်ရထားတာကို အမေက သူ့ကိုဆူနေပြီ

သူ့ဘက်က လိုက်ပြောမနေနဲ့

စားမှာစား

နင်ရော ဒီမက်စ်နဲ့တွေ့တာ ဘယ်လိုလဲ

သူနဲ့ နင်တွေ့ပြီးသွားပြီမဟုတ်လား

သူ့ကို သဘောကျလား လှတယ် မဟုတ်လား

ဟုတ်ကဲ့ အမေ ချောပါတယ်

ဘာတွေပြောခဲ့လဲ

အများကြီးပဲ

အခုမှစတွေ့တာကို ပြောစရာ ဘယ်လိုလုပ်များမှာလဲ

ပျော်လိုက်တာ တကယ်ပျော်တယ်

ဒါဆို ဘယ်တော့ထပ်ချိန်းကြမှာလဲ

ဒါမှမဟုတ် ချက်ခြင်းစေ့စပ်ထားတာ ပိုကောင်းမလား

ငါအရမ်းပျော်တာပဲ

ဖုန်းဆက်မနေကြနဲ့တော့ အခုပဲစေ့စပ်ထားလိုက်မယ်

စေ့စပ်မလို့လား

ဂွင်နီ ငါ့ကို နင်သွားတွေ့ခိုင်းတဲ့သူက အန်တီဖလော်ရာက နင်နဲ့သဘောတူထားတဲ့သူဆိုတာ

ဘာလို့မပြောတာလဲ

- အဲဒီလိုမှန်းသိရင် ငါမသွားပါဘူး - တိုးတိုး အမေကြားသွားဦးမယ်

သူ့ကို ငါကိုယ်တိုင်သွားမတွေ့နိုင်ဘူး

ဓာတ်ပုံပဲ တွေ့ဖူးတဲ့လူနဲ့တော့ ငါမယူချင်ပါဘူး

အဲဒါကြောင့် သူ့အခြေအနေသိရအောင်

နင့်ကိုအရင်လွှတ်ပြီး စုံစမ်းခိုင်းတာ

နားလည်ပြီလား

လောလောဆယ် နင်က သူနဲ့ ဘယ်အချိန်မှာ ဘယ်လိုတွေ့မလဲဆိုတာ အရေးကြီးတယ်

ဘာ ငါက ထပ်တွေ့ရမှာလား မရဘူး

ပထမဆုံးတစ်ခါတောင် သူ့ကို နင်မတွေ့ဘဲနဲ့

ဘာဖြစ်တာလဲ

ဘာမှမဖြစ်ပါဘူး ခေါင်းနည်းနည်းမူးသွားတာပါ

ရရဲ့လား

ဘာမှမဖြစ်ဘူးဆိုတာသေချာအောင် ခေါင်းကို ဓာတ်မှန်ရိုက်လိုက်တာ ပိုကောင်းမယ်

ဘာမှမဖြစ်ဘူး ပြုတ်ကျထားတဲ့အရှိန်နဲ့ ခေါင်းမူးနေတာပါ

အင်းပါ နင်ပြောသလိုပေါ့

မနက်ဖြန်တွေ့ဖို့ ဒီမက်စ်ကို နင်ဖုန်းဆက်မလား

ဂွင် မနက်ဖြန်လား ဒါပေမဲ့ ငါ့မှာက လုပ်စရာတွေ အများကြီးရှိသေးတယ် ဂွင်

ဒါက မနေ့က အမေ ငါ့ကိုပေးထားတဲ့ ဖုန်းနံပါတ်

ငါက သူနဲ့ ပုံမှန်ဖုန်းပြောနေတယ်လို့

အမေက ထင်နေတာ

ငါ့ဖုန်းနဲ့ ဘာလို့ဆက်တာလဲ နင့်ဖုန်းကရော

ငါ့အခန်းထဲမှာ

ငါ့ကိုဆို အမြဲတမ်း ဒီလိုချည်းပဲ

ဘာလို့ ငါ့ဖုန်းနဲ့ခေါ်ချင်နေရတာလဲ

ခေါ်ရမှာပေါ့ သူနဲ့ တွေ့ရမှာက နင်လေ

ဖုန်းဝင်သွားပြီ ပြောလိုက်

ဖုန်းမကိုင်ဘူး

ဘာလဲ

- ရီနာ - ဂွင် လွှတ်ပါ

နင်လုပ်တာ ကျေကုန်ပြီ

လုပ်ချင်တာသာ လုပ်ဟာ

သွားပြီ အသံဖမ်းစက် မရှိတော့ဘူး ဂွင်

ဒီမက်စ်...ဂွင်နီပါ ကျွန်မတို့အမေတွေ ရှင်နဲ့ စီစဉ်ပေးနေတဲ့ တစ်ယောက်လေ

မနက်ဖြန်တွေ့ရအောင် ည ၇ နာရီ မာပီတစ်ကော်ဖီဆိုင်

လာတေးအပူ

တိုဘီ ကျွန်မနာမည် လက်ဗ်လီးပါ အသက်၁၆ နှစ် ဖုန်းနံပါတ်ကတော့...

စာရွက်မပျောက်သွားခင် ရေးမှတ်ထားလိုက်

ဘာလုပ်မှာလဲ လွှင့်ပစ်လိုက်စမ်းပါဟာ

သူတို့က ကလေးတွေပဲရှိသေးတယ်

ကျွန်မနာမည် လက်ဗ်လီးပါ အသက်၁၆ နှစ်

- ပြန်ပေးစမ်းဟာ - သူက ဘယ်သူလဲ

တစ်ပတ်လုံး ငါ့ဆီ ဖုန်းမဆက် မက်ဆေ့ခ်ျမပို့တာ ဒါကြောင့်ကို

- ရီနာ ဘယ်သူမှ မဟုတ်ပါဘူး - အေးပါ ကောင်းပြီ

နင့်နဖူးက ဘာဖြစ်တာလဲ ချော်လဲတာလား ဘာဖြစ်တာလဲ

ဘာမှမဟုတ်ပါဘူး

မနေ့တုန်းက ငါလည်း အဲဒီလိုဖြစ်တာ

ခေါင်းကသွေးတွေ ဖြာခနဲပဲ ငါ့ကျတော့ သူမေးလား

မျက်နှာရှစ်ခေါက်ချိုးနဲ့ မိုက်ဂျက်ဂါလိုပဲ

နင့်ပါးမှာ ပွန်းထားတာ အကြီးကြီးပဲ

အဲဒါက ပွန်းတာ မဟုတ်လောက်ဘူး အမှတ်ဖြစ်မှာပေါ့

ငါရေဆာတယ် နင့်အလုပ်ဆိုင်း ပြီးပြီလား

မပြီးသေးဘူး ကုလားအုတ်တွေ ပျံနိုင်တော့မှ ငါ့အဆိုင်းပြီးမှာ

ထပ်ပြောကြည့် နင့်ပါးစပ်ကို ဒါထိုးထည့်လိုက်မယ်

သူများကိစ္စကို ဝင်ရှုပ်နေတယ်

ဒါက ယောက်ျားလေးနဲ့ မိန်းကလေးသဘာဝပဲလေ

- သွားမယ် - တိုင်းမ်ကတ်သွားရိုက်ဥိးမယ် စောင့်နေ

ထုံးစံအတိုင်းတစ်ခွက် ငါ့စာရင်းထဲ ထည့်ထားလိုက်

မစ္စရီနာအတွက် လက်ဖက်စိမ်းလာတေး ရပါပြီ

မိုးအစိုခံချင်တဲ့ အရူးမလေး

- ပြောပါဦး - ဘာကိုလဲ

နင့်ဘဝရဲ့ နေရောင်ခြည်လေးကို အခုထိ မပြတ်နိုင်သေးဘူးပေါ့လေ

နင့်အချစ်ရေးကိစ္စ ငါ့ကိုတကယ်ယုံတယ်ဆို မလျှိုစမ်းပါနဲ့

နင့်နေရောင်ခြည်လေးက ဘယ်သူလဲ နာမည်လည်း မပြောပြဘူး

နေရောင်ခြည်လေးက ဘယ်သူလဲ ငါမသိချင်ဘူး မိန်းကလေးတော့ ဟုတ်ပါတယ်နော်

- ယောက်ျားလေးပါ - ဘုရားရေ တကယ်ကြီးလား

မိန်းကလေးပါဟာ မိန်းကလေးပါ

ဘရန်ဒန်တော့ မဟုတ်ပါဘူးနော်

ဒါမှမဟုတ် နေရောင်ခြည်လေးက ငွေကိုင် အနီရှာလား

သူလည်း လှတာပဲ နင့်ကို သူသဘောကျနေတာ ထင်တယ်

- ဟုတ်လား - အင်း

ငါလည်း နင့်ကို စိတ်ဝင်စားနေပြီထင်တယ်

မဟုတ်ပါဘူးဟာ

- ဘာဖြစ်တယ် - စတာပါ

နာတယ်ဟ ခေါင်းနာတယ်

- ဆောရီးပါဟာ - ရတယ် ရတယ်

ဟုတ်သားပဲ နင်ဘယ်လိုဖြစ်တာလဲဆိုတာ ငါ့ကို မပြောရသေးဘူး

လွန်ခဲ့တဲ့ ၂ ရက်က စက်ဘီးစီးရင်း မတော်တဆတိုက်မိတာ

ဟိုဘက်နားက လမ်းဆုံးမှာ ကားနဲ့တိုက်မိတာ

ဘယ်အချိန်ကလဲ

စနေနေ့မနက် ၁၀ နာရီလောက်က

ဒါပေမဲ့ နင့်...

နင့်ကိုတိုက်တဲ့ ကားသမားက ဘယ်သူလဲ

ကားတိုက်ခံရပြီးမှ သူနဲ့မိတ်ဆက်ရဦးမှာလား မဖြစ်ဘူးလေ ဟုတ်လား

ကဲပါ အကြောင်းအရာပြောင်းမယ် နင့်အချစ်ရေးအကြောင်း ထပ်ပြောဦး

ဖလော်ရာပန်းဆိုင်ကနေကြိုဆိုပါတယ် ဘာကူညီပေးရမလဲရှင်

ပန်းဝယ်ချင်လို့

ဘာ

ပန်းဝယ်ချင်လို့ပါ

ဘယ်သူ့ကို ပေးဖို့လဲ ရည်စားအတွက်လား ဒါမှမဟုတ်...

ဘယ်လောက်လဲ

ရူပီး ၃၅၀၀၀ ပါ

ခဏလေး ပြန်အမ်းမယ်နော်

အော်ဒါတွေအဆင့်သင့်ဖြစ်ပြီလား ရီနာ

အလုပ်မှာ စိတ်ကူးယဉ်နေတယ်

မနေ့က ကားတိုက်ခံရတာ မအံ့ဩတော့ဘူး

- အလုပ်ကို အာရုံစိုက်လုပ် - ဟုတ်ကဲ့ အန်တီဖလော်ရာ

ပန်းတွေဘယ်လိုလိုက်ပို့မလဲ နင့်စက်ဘီးကော

- ဟို... - ဘာဟိုလဲ

- စက်ဘီး... - အေး ဘယ်မှာလဲလို့

စက်ဘီး ဒီမှာ

ထူးဆန်းလှချည်လား

စက်ဘီးက ဆိုင်ကို ရုတ်တရက်ပြန်ရောက်လာတယ် ပြင်လည်း ပြင်ပြီးသား

ကယ်တင်ရှင်က ဘယ်သူများပါလိမ့်

နင့်ကို ကားနဲ့တိုက်တဲ့လူ ဖြစ်နိုင်တယ်

သူလိပ်ပြာမသန့်လို့ ဖြစ်မှာပေါ့

အဲဒါဆိုရင် ငါ့လိပ်စာ သူဘယ်လိုသိလဲ

ဖလော်ရာပန်းဆိုင်ဆိုတဲ့စာတမ်း နင့်စက်ဘီးမှာ ပါတယ်လေ

အဲဒီလိပ်စာက နင့်နာမည်အောက်မှာ မဟုတ်လား ဖုန်းနံပါတ်ရောလေ

ဟုတ်တာပေါ့ သူသိမှာပေါ့

နင်ဘာကြံနေတာလဲ ဘာလို့ပြုံးနေတာလဲ

သီချင်းသွင်းပြီးသွားပြီ

တွေ့လား နင်လုပ်နိုင်မယ်မှန်း ငါသိတာပေါ့ ဂုဏ်ယူပါတယ်

ဂုဏ်ယူတယ်ဟာ

အနီရှာ

တောင်းပန်ပါတယ်

နေရောင်ခြည်လေးကို ပေးမှာလား

နားထောင်ကြည့်လေ

ရိန်း ဘာဖြစ်တာလဲ ရိန်း

- ရိန်း - ဘာမှမဖြစ်ဘူး မူးသွားလို့

ရီနာ့အတွက် မတော်တဆတိုက်မိခဲ့တာ စိတ်မကောင်းပါဘူး

တခြားလူတွေက သက်တံတွေကို မျှော်တယ်

ငါတော့ မပါဘူး

တိမ်တွေ မညိုတာ သိနေပေမယ့်လည်း

မိုးကို ငါမျှော်နေမိ

More Burmese subtitles for Magic Hour

Comentarios

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left