Freddy vs. Jason

Freddy vs. Jason

Laadige alla Burmese subtiiter

Väljalaske info

Freddy vs Jason(Zawgyi)
Kommenteerib smaa

Sildid

other
Avaldatud: 2017-08-04
Allalaadimised: 75
Kuulmispuudega: No

Burmese subtiitrite eelvaade

Esimesed 200 rida.

ကလေးတွေ

ဟိုး အစကတည်းက

ငါ့ကိုခွန်အားပေးခဲ့တာ ကလေးတွေပဲ

စပရင်းဝုဒ်က လူသတ်သမားတဲ့

ငါ့ကို အဲဒီလိုခေါ်ကြတယ်

ငါကြမ်းကြုတ်မှုသရဖူဆောင်းခဲ့တဲ့ကာလက အထင်ကရပါပဲ

ကလေးပေါင်းများစွာ ငါ့ရဲ့ဓားသွားအောက်ရောက်သွားရတယ်

နောက်တော့ စပရင်းဝုဒ်မှာရှိတဲ့ ကလေးမိဘတွေ ငါ့ဆီရောက်လာကြတယ်

တရားမျှတမှုအတွက် သူတို့ကိုယ်တိုင် စီရင်ကြတယ်

ငါအသက်ရှင်နေတုန်းက နည်းနည်းပဲ ဆိုးခဲ့တာ

ဒါပေမဲ့ ငါ့ကိုသတ်လိုက်ကြပြီးနောက်မှာတော့

ငါဟာ အဆပေါင်းများစွာ ပိုဆိုးသွားခဲ့တယ်

အိပ်မက်ဆိုးတွေဖန်တီးတဲ့ နေရာမှာပေါ့

ကလေးတွေက ငါ့ကိုကြောက်ကြတုန်းပဲ

အကြောက်တရားကြောင့် သူတို့အိပ်မက်တွေထဲကို ငါကျူးကျော်ဖို့ စွမ်းအားရတယ်

ပျော်စရာတွေက အဲဒီအချိန်မှာမှ တကယ်စလာတာပဲ

ငါ့ကို အပြီးအပြတ်သုတ်သင်ပြီး ငါ့အကြောင်းကိုမေ့ပစ်လိုက်ဖို့

နည်းလမ်းကို သူတို့ရှာမတွေ့ခင်ထိပေါ့

သေရတာပြဿနာမဟုတ်ဘူး

အမေ့ခံရတာကမှ ဆိုးရွားတာ

ဒါ အိပ်မက်မက်နေတာ

သေစမ်း

ဘယ်သူမှ ငါ့ကိုသတိမရတော့ရင် ငါ ပြန်လာလို့မရဘူး

ငါ ပြန်လာလို့မရဘူး

ဘယ်သူမှ မကြောက်ကြဘူးဆိုရင်ပေါ့

ငရဲခန်းတွေမှာ ငါလိုက်ရှာရတော့မယ်

ဒါပေမဲ့ လူတွေမေ့မသွားအောင်

လုပ်ပေးမယ့်သူကို ငါရှာတွေ့ခဲ့တယ်

သွေးကို သူရချင်ရလိမ့်မယ် အောင်ပွဲကတော့ ငါ့အတွက်ပဲ

အကြောက်တရားက ငါ့အတွက် အိမ်ပြန်လက်မှတ်ပဲလေ

မိုက်ခ်

ရှင်လား

ကောင်းပြီလေ

လာခဲ့မယ်

မိုက်ခ်

ဒါက နောက်စရာမဟုတ်ဘူးနော်

မလုပ်နဲ့

ဂျေဆင်

ကန်ဘေးမှာ အရက်သောက်ရင်း ကောင်လေးတစ်ယောက်နဲ့ မချိန်းတွေ့ဘဲ

ကလေးတွေကို ကျွန်မထိန်းနေသင့်တာ

ဒီလိုအပြစ်ပေးခံရဖို့ ထိုက်တန်တယ်

ကျွန်မတို့အားလုံး ဒီလိုအပြစ်ပေးခံရဖို့ ထိုက်တန်တယ်

ဂျေဆင်

ငါ့သား .. သားလေး

မင်းရဲ့ဝမ်းတွင်းပါရမီက ဘာလဲသိလား

မင်းကိုသူတို့ ဘာတွေပဲလုပ်လုပ်

မင်း မသေနိုင်တာပဲ

ဘယ်တော့မှ မင်းမသေနိုင်ဘူး

မင်းက အိပ်ပျော်နေတာပါ သားရယ်

ဒါပေမဲ့ အခု နိုးထဖို့အချိန်ရောက်လာပြီ

မာမီ မင်းကိုလုပ်စေချင်တာ တစ်ခုရှိတယ်

အမ်းလမ်းကို သွားပါ

အမ်းလမ်းက ကလေးတွေဟာ သိပ်ကိုဆိုးလွန်းတယ်

ထတော့ ဂျေဆင်

မင်းအလုပ်တွေ မပြီးသေးဘူး

ငါ့အသံကိုနားထောင်ပြီး နောက်တစ်ကြိမ် ပြန်ရှင်သန်လာပါတော့

ငါ့ကို သူတို့အမှတ်ရသွားအောင်လုပ်ပါ ဂျေဆင်

ကြောက်ရွံ့မှုရဲ့အရသာက ဘယ်လိုဆိုတာ သတိရအောင်လုပ်ပေးလိုက်စမ်း

ငါ့ကလေးတွေနဲ့ ခွဲနေရတာ တော်တော်လေး ကြာသွားပြီပဲ

လက်ထပ်ဖို့ အတူနေဖို့ သတ်ပစ်ဖို့

ငတုံး ၃ ကောင်ထဲက နင်ရွေးရမယ်

ဖြေတော့ ကီရာ

ဒုက္ခပဲ

ပုံဆိုးဆိုးဆံပင်တုနဲ့က ဘယ်သူလဲ

ဟယ်ရီ မိုး

မဟုတ်ဘူး အဲဒါမိုးပါ

ဘယ်သူဖြစ်ဖြစ် သူ့ကိုငါသတ်မယ်

ဟုတ်ပြီ ဘယ်သူနဲ့အတူနေမလဲ

မဟုတ်တာတွေပဲ

ဖြေစမ်းပါ

ပြဿနာပဲ ဘာဖြစ်ဖြစ်ဟာ ဒီမှာ

ဟိုထိပ်ပြောင်နဲ့အတူနေမယ် လယ်ရီ့ကိုလက်ထပ်မယ်

ငါတို့ တစ်ညလုံး ဒါပဲဆော့နေတော့မှာလား

ဒီလောက်ညစ်ပတ်တဲ့ ကစားနည်းကို

ဂစ်ဘ် နင်ဘာလုပ်တာလဲ

နင်ဖြတ်လိုက်ပြီထင်နေတာ

အရက်သောက်တဲ့အချိန်ပဲ ဆေးလိပ်သောက်တာပါ

နင်က တစ်ချိန်လုံးအရက်သောက်နေတာပဲကို

အဲဒီကိစ္စနောက်မှ ပြောမယ်ဟာ

ဟုတ်ပြီ

နောက်တစ်နည်းရှိသေးတယ်

ဖရက်လား စကူဘီလား

ဒါမှမဟုတ် ရှက်ဂီလား

ငါတော့ အဲဒါကိုမဖြေဘူး

သူလည်း ဖြေမှာမဟုတ်ဘူး

ငါနှာခေါင်းခွဲစိတ်သင့်တယ်လို့ ထင်ကြလား

အောင်မယ်လေးဟယ်

တော်ပါ ကီရာ

နင်က ဦးနှောက်ခွဲစိတ်ရမှာ

ဖယောင်းတိုင်တွေ သွားယူထားမှထင်တယ်

ငါ ဘီယာသွားဝယ်ဦးမယ် နင်တို့ ဘာမှာဦးမလဲ

ကားမောင်းလို့ရသေးတာ သေချာတယ်နော်

နည်းနည်းပဲသောက်ရသေးတာပါ လိုရီရယ်

အံ့သြသွားလား

ထရေး ငါ့ဆုတောင်းတွေကို နင်ဖြည့်ပေးလိုက်တာပဲ

ကျေးဇူးပဲနော်

ဟေး

ဆေးလိပ်သောက်ပြီး မနမ်းဖို့

ပြောထားတယ် မဟုတ်လား

အဲဒီလောက်ဖြစ်မနေပါနဲ့ ပူရှိန်းဆေးလိပ်ပါဟ

ဘလိတ်ကို ခေါ်လာတယ် လင်ဒါ ဘယ်မှာလဲ

လိုရီပါ ဒါသူ့အိမ်

အဲဒါကြောင့် ပေါက်ကရလျှောက်မလုပ်နဲ့

ဘာဖြစ်ဖြစ်ပေါ့ဟာ

မိန်းကလေးတွေ ဘယ်မှာလဲ

အေးဆေးပေါ့ လာမှာပါ

ငါကအေးဆေးပါတယ် ရေတွေစိုနေလို့

သူတို့လာမှာ နင်သိလား

နားထောင် ဘာမှပြောမနေနဲ့တော့

ဒီပိတ်ရက် အိမ်မှာနင်တစ်ယောက်တည်းပဲဆိုတာ ငါတို့သိလို့

ဘလိတ်က ချစ်စရာကောင်းပါတယ်

ငါကြိုက်တဲ့ပုံစံမဟုတ်ဘူး

အဲဒါဆို ဘယ်လိုပုံစံလဲ ၀ိုးတ၀ါးပဲမှတ်မိတဲ့ နင့်အချစ်ဦးလိုလူမျိုး

ပေါ်လာမှာမဟုတ်ဘူး လိုရီ

နင့်အသက် ၁၄ နှစ်ပဲရှိသေးတာလေ မေ့လိုက်တော့

အဲဒီတုန်းက ငါတို့ငယ်သေးတာ သိပါတယ်

ဒါပေမဲ့ ၀ီလ်နဲ့ငါ တကယ်ချစ်ခဲ့တာ

ဟုတ်ပြီလေ ငါပြောတာမှားရင် နင်ထောက်ပြ

သူက နင့်ကို နှုတ်တောင်မဆက်ဘဲ

ကန်ထုတ်လိုက်တာ မဟုတ်ဘူးလား

သူ အိမ်ပြောင်းသွားပြီးတဲ့နောက်

နင့်ကိုဖုန်းဆက်လား စာရေးသလား

အီးမေးလ်ကောပို့လား

ဟင့်အင်း

ငါပြောချင်တာနားလည်ပြီလား

လူရိုးမကြီးလုပ်မနေနဲ့တော့

ယောက်ျားတစ်ယောက်နဲ့ နင်တွဲရမှာပဲ

ဟေး လိုရီ

ငါ...

မင်းအိမ်ရဲ့မီးသွယ်ထားတဲ့ပုံကို သဘောကျတယ် သေချာဒီဇိုင်းဆွဲထားတာပဲ

ဟုတ်တယ်

အိမ်တွင်းဒီဇိုင်းအကြောင်း သိလား

သူ့အိပ်ခန်းကို သွားကြည့်သင့်တယ်

အဲဒီမှာ ဒီဇိုင်းကပိုမိုက်သေးတယ်

လိုရီ အပေါ်ထပ်သွားပြီး

ဘလိတ်ကို နင့်အိပ်ခန်းဒီဇိုင်းပြလိုက်လေ

တော်စမ်းပါ

ငါ့လည်ပင်း မျက်နေတယ်

လာပါ မင်းနှိပ်ပေးရင် သက်သာမယ်ထင်တယ်

နည်းနည်းထပ်သောက်ရမယ်ထင်တယ်

မနှိပ်ခင်လေးပေါ့

သူ့ကို ဘာကြည့်ကြိုက်တာလဲ

မပြောတတ်ဘူး ချစ်စရာတော့ ကောင်းတယ်လေ

အချစ်လေး နှစ်ခါမခေါ်ရစေနဲ့

လိုရီ

ငါ့ကို လိုက်ပြတော့မှာလား ဘယ်လိုလဲ

အင်း

မီးဖိုချောင်ကနေ စမယ်လေ

ဘီယာနည်းနည်းသွားယူပေးပေါ့

ကောင်းတယ်

ပြဿနာပဲ ကီရာ သူကငကြောင်ပဲဟ

သူ့ကို မောင်းထုတ်လိုက်ပါတော့

လိုရီကလည်း အခွင့်အရေးတစ်ခါလောက် ပေးလိုက်ပါ

ငါမှသူ့ကိုမကြိုက်တာ

နင်သိလား နင်ကဘယ်သူ့ကိုမှမကြိုက်တာ

နင်အပြင်ထွက်ခဲတယ်လေ အဲဒီကတည်းက...

ဘယ်ကတည်းကလဲ ငါ့အမေဆုံးပြီးကတည်းကလား

ဟုတ်တယ် ငါပြောမယ် ငါ့အဖေနားမှာနေပေးဖို့ လိုတယ်

တစ်ချိန်လုံး ကောင်လေးတွေနဲ့ လျှောက်သွားလို့မဖြစ်ဘူး

တွဲမယ်ဆိုရင်တောင် ဘလိတ်လိုပုံစံမဟုတ်တဲ့ သူနဲ့ပဲတွဲမှာ

ဟုတ်ပြီ အချစ်လေး

အောင်မယ်လေး

အိမ်နောက်ဖေးတံခါးပွင့်နေလို့

ငါ ပိတ်ခဲ့ပြီ

ကိစ္စပြီးရင် ငါ့ကိုထိတာ

ငါမကြိုက်တာ မင်းသိပါတယ်

ရတယ်လေ အဲဒါဆိုရေသွားချိုးလိုက်မယ်

ကောင်းတယ်

မင်းဆံပင်က ပူရှိန်းနံ့မပျောက်သေးဘူး

အကျင့်ပုပ်ကောင်

ထရေး

ရှင် ဘာလုပ်နေတာလဲ

ကယ်ကြပါဦး

ဘုရား ဘုရား

ဒီဘက်မှာပါ

ကယ်ပါဦးရှင်

ကယ်ပါဦး

အကူအညီလိုနေလို့လား ကလေးတို့

ရှင်က ဘယ်လိုထင်လို့လဲ

အခု ဒီနေရာကို သော့ခတ်ထားရမယ်

အ၀င်အထွက်ကန့်သတ်ထားလိုက် ကြားတယ်နော်

အိပ်ရာပေါ်မှာ အသတ်ခံလိုက်ရတယ်

ဘုရားရေ

တစ်အိမ်တည်းမှာပဲ ဖြစ်တာ

အမှတ် ၁၄၂၈ အမ်းလမ်းပဲ

သူပဲ ဖြစ်ရမယ် ဟုတ်တယ်မလား

ဖရက်ဒီခရူဂါ လုပ်တာပဲ ဖြစ်မယ်

အဲဒီကောင်နာမည်ကို အသံကျယ်ကျယ်တောင် ထုတ်မပြောနဲ့

ငါတို့ကြားမှာပဲ သိပါစေ

ငါတို့အများကြီးကြုံခဲ့ပြီးပြီ

ဒီအချိန်မှ သတင်းပြန့်လို့မဖြစ်ဘူး

ဒီကလေးတွေအားလုံးကို စခန်းခေါ်သွားလိုက်

တစ်ယောက်တစ်နေရာစီခွဲထားပါ အခုသွားတော့

ဟုတ်ကဲ့ပါ

ဆက်သွယ်လိုက်ပါ့မယ်

ကျေးဇူးပါပဲ အိမ်ပြန်ကြစို့

ဘယ်လိုလဲ

သူ ဘာမှမသိဘူး

သူတို့ထဲက ဘယ်သူမှမသိကြဘူး

ကျွန်တော်တို့အခြေအနေကောင်းတာ သေချာပါတယ်

Kommentaarid

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left