Gotham

Gotham

Laadige alla Burmese subtiiter

Hooaeg 2

Väljalaske info

Gotham 2015 Season 02 Episode 21-22 Myanmar(Zawgyi)
Kommenteerib kikywebsite

Sildid

other
Avaldatud: 2019-05-10
Allalaadimised: 28
Kuulmispuudega: No

Burmese subtiitrite eelvaade

Esimesed 200 rida.

ယခင်ဇာတ်လမ်းအကျဉ်း

သူ့ရုံးခန်းကို နေရာတိုင်းရှာဖွေဖို့ ကျုပ်တို့မှာ ဝရမ်းပါတယ်

ဒီထက်ပိုပြီး ဘာမှ ကြည့်စရာမရှိပေမဲ့

ခင်ဗျားကို သံသယရှိနေပြီ

လူသေတွေဝင်လာပြီး

မကောင်းဆိုးဝါးတွေ ပြန်ထွက်လာတယ်

စည်းမျဉ်းနံပါတ် ၁

နံပါတ် ၁ ကိုသေချာဂရုစိုက် ပေါကြောင်ကြောင်မလုပ်နဲ့

မဟုတ်ရင် သေသွားလိမ့်မယ်

ငါ့ကို ဂရုစိုက်တဲ့သူရှိတာ သိပ်ကောင်းတာပဲ

ကျေးဇူးပဲ

သူတို့တွေ ဘာဖြစ်လို့ အဲဒီလူသွားစင်္ကြန်ကနေ

ပျောက်ပျောက်သွားကြတာလဲ

မင်းအဖေဘေးကလူကို ကြည့်လိုက်

ဟူဂိုစတွင့်ခ်ျ အတွေးအခေါ်ပညာရှင်

သူငယ်ချင်း သူ ယုံကြည်ရတဲ့သူ

မတရားဘူး

မဖြစ်သင့်ဘူး

သတင်းကြည့်ပြီးပြီလား

ဂေါ်သမ်မှာ ဖုတ်ကောင်တွေ လမ်းထလျှောက်တာလား

ဘာသတင်းလဲ

ဗစ်တာဖရိုင်းစ်နဲ့ သီအိုဂယ်လဗန်တို့ရဲ့ အလောင်းတွေကို အာခမ်ကိုပဲပို့ခဲ့တာ

- နှစ်ယောက်စလုံး ပြန်ပေါ်လာတယ် - ငါ ဂရုမစိုက်ဘူး

နင့်သူငယ်ချင်း ဘရစ်ဂျက်လည်း အာခမ်မှာပဲ

ဘရစ်ဂျက်ပိုက်ခ်

သူ့ကို အာခမ်ကို ပို့လိုက်တာလား

အဲဒီထဲမှာ ဘာတွေလုပ်နေလဲသိနိုင်ဖို့

တစ်ခုတည်းသောနည်းလမ်းက ငါတို့ဘာသာ ခိုးဝင်ရမှာပဲ

ဒါပေမဲ့ ငါတစ်ယောက်တည်းသွားမယ်

- မှုခင်းဆေးဌာနကလူ - လမ်းပေါ်ကအမှိုက်လေး

စတွင့်ခ်ျ အခုဘယ်မှာလဲ

ဓာတ်လှေကားတစ်ခုရှိတယ်

ဘယ်မှာလဲပြောပြမယ်

မလှုပ်နဲ့

- ဘရစ်ဂျက်လား - ငါ့နာမည်က..

ပိုးစုန်းကြူး

မင်း ငြိမ်ငြိမ်လေးနေမယ်ဆိုရင်

မြန်မြန်ပြီးသွားမယ်

ကျေးဇူးပဲ

ရပါတယ်

မင်းပြေးလို့မလွတ်ဘူး

စိတ်ကြိုက်စမ်းသပ်ကြည့်ပါ ပိုးစုန်းကြူး

ဂုဏ်ယူလိုက်စမ်းပါ

မီးနတ်ဘုရားရဲ့..

အပူဇော်ခံသားကောင် ဖြစ်ရတာကို

အဲဒါ လူတိုင်းမရနိုင်တဲ့ ဆုလာဘ်ပဲ

ဘရစ်ဂျက်ရေ

နင့်ကို တစ်ယောက်ယောက်က ပေါက်ကရတွေ လုပ်ထားတာ

နောက်ကျတယ် ဆယ်လီနာ

နင့်ကို စိတ်တောင်ပူလာတယ်

နောက်မကျပါဘူး ငါလာတာ အချိန်မှန်ပဲ

ဆယ်လီနာ့ကို တွေ့မိလား

မတွေ့မိဘူး

အဲဒီတော့..

ချမ်းသာတဲ့ချာတိတ်ပဲ ပြန်ဖြစ်နေပြီပေါ့

နင့်မျက်နှာက ဘယ်လိုဖြစ်နေတာလဲ

ဆယ်လီနာ..

သူ ငါ့ကြောင့်ဒုက္ခရောက်နေပြီ

ညကဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး..

သူ့ကိုယ်သူ သေမင်းတမန်လို့ခေါ်တဲ့ တရားခံဟာ..

တစ်ကိုယ်တည်း ဝိန်းစံအိမ်ကို ဝင်စီးခဲ့ပြီး..

အပြန်အလှန် တိုက်ခိုက်ကြပြီးနောက်မှာတော့..

အကျိုးဆက်အနေနဲ့ တရားခံဟာ..

အမည်မသိသူ ဒါမှမဟုတ် အမည်မသိသူတွေရဲ့

ဖောက်ခွဲခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်

သူ သေသွားပါပြီ ဘာမေးချင်ပါသေးလဲ

သေမင်းတမန်ဆိုတဲ့လူက

အကျင့်ပျက်မြို့တော်ဝန် ဂယ်လဗန်ဆိုတာ ဟုတ်ပါသလား

တရားခံက အခု မီးကျွမ်းသွားပြီဖြစ်တဲ့အတွက်..

အတည်ပြုဖို့ ခက်ခဲပါလိမ့်မယ်

စခန်းမှူးအဖြစ် ဘယ်လောက်ကြာအောင် တာဝန်ယူသွားမှာပါလဲ

နောက်ထပ် စခန်းမှူးတာဝန်ယူမယ့်သူ ပေါ်လာတဲ့အချိန်ထိပေါ့ဗျာ

ဂယ်လဗန်ကို ဘယ်သူသတ်တာပါလဲ

ဘယ်အချိန်တုန်းကလဲ

သေမင်းတမန်လား ဂယ်လဗန်လား

ဘယ်သူပဲဖြစ်ဖြစ် ဟိုလူတွေက ဒါကိုပဲ စိတ်ဝင်စားနေကြတာ

ဟူဂိုစတွင့်ခ်ျကို ဖမ်းရတော့မယ်

ဟုတ်လား

ဘာအမှုနဲ့လဲ

ဒါတွေကို ဘယ်တုန်းက ဂရုစိုက်တတ်သွားတာလဲ

ယာယီစခန်းမှူး ဖြစ်သွားပြီးကတည်းက..

တစ်မြို့လုံးကငါ့ကို မျက်စိဒေါက်ထောက်ကြည့်နေတာ

ပြီးတော့ ငါတို့လည်းကြုံဖူးတာပဲ

စတွင့်ခ်ျက ဉာဏ်များတယ်

နောက်ကြောင်းရှင်းပြီးလောက်ပြီ

ငါတို့ရှာနေတာက ဘာမှန်းမသိဘဲနဲ့..

အာခမ်ကိုသွားတာ ဘာမှအကျိုးမရှိဘူး

အဲဒီကိုသွားမှ ကျုပ်တို့ ဘာရှာနေလဲသိမှာပေါ့

သိတယ် ငါ့ညီ ဒါပေမဲ့ ငါခြေချုပ်မိနေတယ်

ကျုပ်ကတော့ မမိဘူး

လုပ်လိုက်စမ်းကွာ အဲဒါ ငါဆုံးရှုံးသွားတဲ့စည်းစိမ်ပဲ

စုံထောက်ဂေါ်ဒွန်

ခင်ဗျား ဒီမှာရှိပါ့မလားလို့

ငါ့ကို စုံထောက်လို့မခေါ်နဲ့တော့

ဘာဖြစ်လာတာလဲ

ဆယ်လီနာ

ဟူဂိုစတွင့်ခ်ျက ဆယ်လီနာ့ကို ဖမ်းထားပြီ

ညကဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး..

သူ့ကိုယ်သူ သေမင်းတမန်လို့ခေါ်တဲ့ တရားခံဟာ..

တစ်ကိုယ်တည်း ဝိန်းစံအိမ်ကို ဝင်စီးခဲ့ပြီး..

အပြန်အလှန် တိုက်ခိုက်ကြပြီး နောက်မှာတော့..

ဟုတ်ကဲ့

စတွင့်ခ်ျက အထိန်းအကွပ်မဲ့နေပြီ

အဖွဲ့ဝင်တွေကို စုစည်းလိုက်

ဟုတ်ကဲ့ မဒမ်

နှလုံးခုန်လာပြီ

သူ နိုးလာနေပြီ

ငါ့ကိုကြည့်

ဂွတ်မောနင်း သားလေး

ဘာမှမဖြစ်ဘူး အဖေဒီမှာရှိတယ်

မင်းဘယ်သူလဲဆိုတာ အဖေ့ကို ပြောပြပါလား

အဖေ့ကို ..

မင်းနာမည်ကိုပြောပြပါလား

ကျူပ်က ဘယ်သူလဲ

ကျုပ်နာမည်က ဘာလဲ

ဟုတ်ပြီ

အံ့သြစရာပဲ

ငါတို့အသစ်ထွင်လိုက်တဲ့ အော့တိုပေါ့ ဒီအင်န်အေက..

ငါလိုချင်တာနဲ့ တစ်ထပ်တည်းဖြစ်အောင် လုပ်ပေးလိုက်တာပဲ

နားလိုက်ဦး သား

အဖေ မကြာခင် ပြန်လာခဲ့မယ်

မင်းဘယ်သူလဲဆိုတာ ပြောပြမယ်

ကျုပ်ဘာဖြစ်သွားတာလဲ

အဲဒါ လွန်ခဲ့တဲ့ ၁၂ နာရီအတွင်း ရှင်နှိုးခဲ့တဲ့..

စမ်းသပ်ခံတွေထဲက ၇ ယောက်မြောက်ပဲ

တခြားလူတွေလိုပဲ

သူ့မှာ အရင်ကမှတ်ဉာဏ်တွေ မရှိတော့ဘူး

ဟုတ်တယ် ပြန်လည်မွေးဖွားတယ်ဆိုတာ လူတွေရဲ့စိတ်အတွက်

သိပ်ကိုထိတ်လန့်စရာကောင်းတဲ့ အတွေ့အကြုံ ဖြစ်ပုံရတယ်

မစိုးရိမ္ဘူးလား

ဘာဖြစ်လို့ စိုးရိမ်ရမှာလဲ

ကျွန်မတို့အလုပ်ရှင်တွေက ဒီလုပ်ငန်းကို ပိတ်သိမ်းတော့မယ်

အဲဒါကို သိထားပါ

ကျုပ်သိတာက ကျုပ်တို့အောင်မြင်ခဲ့တာတွေပဲ

လူသေတွေကို အသက်သွင်းနိုင်ခဲ့တယ်

အခုချိန်အထိ တစ်ယောက်မှ..

ပကတိမှတ်ဉာဏ်မပျောက်ဘဲ ပြန်လာတာ မရှိသေးဘူး

ပျင်းစရာကောင်းတဲ့ အချက်ပဲ

ဒီထက် ပိုကျေနပ်စရာကောင်းတာက သူတို့ကို

ကျုပ်တို့စိတ်တိုင်းကျ ထိန်းချုပ်နိုင်တဲ့

စရိုက်လက္ခဏာတွေ သွင်းပေးနိုင်တာပဲ

တစ်ခုကလွဲရင် ဘာကိုမှဂရုမစိုက်တဲ့ ကျွန်မတို့ အလုပ်ရှင်တွေအတွက်

ဒီအကြောင်းပြချက်က အသုံးမဝင်ဘူး

သိပ္ပံနည်းကျ တွေ့ရှိချက်တွေကို ဆိုင်မှာ အသားကင်မှာသလို

မှာလို့မရဘူး အက်သဲလ်

အခု..

စမ်းသပ်ခံနံပါတ် ၁၃ ကို စမ်းကြည့်ကြရအောင်

ဘယ်လိုလုပ်လိုက်တာလဲ သခင်လေးဘရုစ်

အဲဒီမိန်းကလေးနဲ့ မပတ်သက်ဖို့ ဒီလောက်တားနေတဲ့ကြားက

သိပါတယ် ဒါပေမဲ့ ဆယ်လီနာက အမြဲတမ်း သူ့ဘာသာဖြေရှင်းနိုင်ပါတယ်

အဲဒါကြောင့် ကျွန်တော်က..

ဒါပေမဲ့ သခင်လေးမှားတယ် ဟုတ်တယ်မဟုတ်လား

မတတ်သာလို့ ဒီကိစ္စမှာပတ်သက်လိုက်ရတယ် ဆိုတာကတစ်မျိုး

ဒါပေမဲ့ သခင်လေးကိုယ်တိုင်က တမင်တကာ ဆယ်လီနာကိုင်းလ်ကို သွားခိုင်းလိုက်တာ

အဲဒီမိန်းကလေးအန္တရာယ်ဖြစ်မှာကို ဂရုမစိုက်ဘဲ

ကိုယ့်ကိစ္စကို ရှေ့တန်းတင်လိုက်တာပဲ

အဲဒါသိပ်ကိုမှားတယ်

သခင်လေးကို တကယ်စိတ်ပျက်မိတယ်

သူ အဲဒီမှာရှိနေတုန်းပဲဆိုတာ သေချာလား

ဟုတ်ကဲ့

မဟုတ်ရင် ကျွန်တော်နဲ့တွေ့ဖို့ ချိန်းထားတာကို မလာဘဲနေမှာမဟုတ်ဘူး

စတွင့်ခ်ျက သူ့ကို အကျဉ်းချထားတာပဲဖြစ်မယ်

အာခမ်မှာ မဟုတ်လောက်ဘူး

သေမင်းတမန်ကို ဖန်တီးတဲ့ သူ့ရဲ့

လျှို့ဝှက်ဓာတ်ခွဲခန်းထဲမှာ ဖမ်းထားတာပဲဖြစ်မယ်

ဒါပေမဲ့ စတွင့်ခ်ျက အာခမ်ကို အုပ်ချုပ်တာ

နေ့တိုင်း အဲဒီမှာပဲရှိနေတာ

ဓာတ်ခွဲခန်းကို အာခမ်နဲ့ဆက်သွယ်ထားမှာပဲ

မြေအောက်မှာရှိတာလို့ ပြောချင်တာလား

ဖြစ်လောက်တယ်

လှေကားတွေ ဓာတ်လှေကားတွေနဲ့

လေဝင်ပေါက်တွေရှိရမယ်

ဘယ်လိုရှာရမလဲဆိုတာပဲ မသိတာ

ကျုပ်မှာ နည်းလမ်းရှိတယ်

ဒီမကောင်းဆိုးဝါးတွေကို ထုတ်လုပ်ဖို့ဆိုရင်

စတွင့်ခ်ျက အရမ်းအဆင့်မြင့်တဲ့ နည်းပညာတွေ သုံးလိမ့်မယ်

ဆဲလ်တွေရဲ့ ဖွဲ့စည်းပုံတွေကို ပြောင်းလဲဖို့ ရေဒီယိုသတ္တိကြွဒြပ်စင်တွေကို သုံးမှာပဲ

အဲဒါဆို ဓာတ်ရောင်ခြည်တွေကို ခြေရာခံလို့ရမယ်

ဝိန်းလုပ်ငန်းစုမှာ စစ်မြေပြင်မှာအသုံးပြုဖို့အတွက်

ရေဒီယိုသတ္တိကြွတိုင်းတာတဲ့ကိရိယာ အသေးစားကို ကျုပ်တီထွင်ဖူးတယ်

ကျုပ်ကို အာခမ်ထဲဝင်လို့ရအောင်လုပ်ပေး အဲဒီဓာတ်ခွဲခန်းဝင်ပေါက်ကို ရှာပေးမယ်

ဝိန်းဖောင်ဒေးရှင်းက နှစ်တိုင်း စိတ္တဇဆေးရုံကို ထောက်ပံ့ငွေပေးတယ်

လေ့လာခွင့် တောင်းလိုက်မယ်

သခင်လေးအဖေကို သတ်ဖို့စေခိုင်းတဲ့လူ ဆီကလား

ကျွန်တော်တို့ ဘာသိထားလဲဆိုတာ သူသိချင်နေမှာပဲ

ပြီးတော့ ကျွန်တော်နဲ့ လူစီယက်စ်ကို သတိထားမှာမဟုတ်ဘူး

မရဘူး

လုံးဝ မရဘူး

သခင်လေး ခြင်္သေ့ဂူထဲ တည့်တည့်ကြီး ဝင်သွားတာကို ခွင့်မပြုနိုင်ဘူး

ဒီခြေထောက်နဲ့ ကျွန်တော်လည်း သခင်လေးကို မကူညီနိုင်ဘူး

ဆယ်လီနာ အခုလိုဖြစ်တာ

ကျွန်တော့်ကြောင့်လို့ ခင်ဗျားကိုယ်တိုင် ပြောခဲ့တယ်

ဒီတော့ သူ့ကိုကယ်ဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်

ကျုပ်က ခင်ဗျားပြီးရင်..

ဒုတိယအကောင်းဆုံး တိုက်ခိုက်ရေးသမား မဟုတ်ပေမဲ့..

ဘရုစ်ကို ကာကွယ်ဖို့ ဘာပဲဖြစ်ဖြစ် လုပ်မှာပါ

အစီအစဉ်က တစ်ဝက်ပဲရှိသေးတာ မဟုတ်လား

လူစီယက်စ်က သခင်လေးကို အထဲကို ခေါ်သွားပြီး..

ဓာတ်ခွဲခန်းဝင်ပေါက်ကို

ရှာတွေ့ပြီပဲ ထားပါတော့ ပြီးတော့ကော

More Burmese subtitles for Gotham

Kommentaarid

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left