نخستین 200 خط.
'ငါတို့အားလုံးက ငါတို့ရဲ့နေ့ရက်တွေကို တစ်နေ့လုံး အဆင်ပြေပါစေဆိုတဲ့'
'ဆုတောင်းမှုနဲ့ အစပြုကြတယ်'
'နေ့ရက်တိုင်းက အသစ်စတင်တာပဲ'
'တူညီတဲ့ ထောင်ပေါင်းများစွာသော လူအုပ်ကြီးမှာ...'
'...မတူညီတဲ့ လမ်းကြောင်းတွေ...'
'...မတူညီတဲ့ ရည်မှန်းချက်တွေ...'
'...မတူညီတဲ့ အိပ်မက်တွေနဲ့ပေါ့'
'အဲ့လူတွေက သူတို့ရဲ့ အခက်ခဲတွေ ပျော်ရွှင်မှုတွေ'
'...အောင်မြင်မှုတွေ ကျရှုံးမှုတွေ နောင်တတွေကို ပိုက်ပြီး..'
'...တစ်ယောက်နဲ့တစ်ယောက် လွှမ်းမိုးမှုမရှိဘဲ ပွတ်တိုက်ဖြတ်ကျော်သွားကြတယ်...'
'...ဒီဘ၀တွေက တစ်ယောက်လမ်းကြောင်းကို တစ်ယောက် ဘယ်လိုနည်းနဲ့မှ...'
'...လွှမ်းမိုးမှုမရှိဘဲ ဖြတ်သန်းသွားကြမယ်လို့...'
'...မျှော်လင့်ထားတယ်..'
'ဒါမဲ့ အဲ့နေ့မှာ အရင်ကတစ်ခါမှ မဆုံဖူးကြတဲ့ ဘ၀လမ်းတွေက...'
'...အချင်းချင်း ဖြတ်ကျော်ကြတော့တယ်..'
'ဒါမှမဟုတ် - သူတို့တွေ တိုက်မိကြတော့မယ်လို့ ပြောရမလား..'
'အဲ့ထိခိုက်မှုက လူတိုင်းရဲ့ဘ၀တွေကို ပြောင်းလဲပစ်တော့မှာ..'
'ထာဝရပေါ့!'
ဒီလမ်းကို အခု 'ဘာလီရာအိုမာဂ်ျ'လို့...
...နာမည်ပြောင်းလိုက်ပြီ...!
- ဟဲလို ဆရာ.. - ဟဲလို..
ဆရာ...
ပြောပါ..
ကျွန်တော် ရမ်ဒက်ပါ..
ဟဲလို..
- ရမ်ဒက်ဂေါ့ဘိုလီ.. - ဘာဘူရာအို?
သူက ယာဉ်ထိန်းရဲသားပါ..
မှတ်မိလား ဆရာ.. ပြီးခဲ့တဲ့နှစ်ရက်က ကျွန်တော်ဆရာ့ကို သူ့အကြောင်း ပြောပြခဲ့တယ်လေ..
သိပြီ
မင်းမရှက်ဘူးလား?
ဌာနကို အရှက်ရအောင် မင်းလုပ်ရဲတယ်!
လာဘ်စားရဲတယ်!
ထားလိုက်ပါ ဆရာ..
ဒါပထမအကြိမ်ပါ.. သူက ကျွန်တော်တို့ရွာကပါ..
သနားစရာဒီလူမှာ သမီးလေးယောက်ရှိတယ်..
ရဲမင်းကြီးကို သူခေတ္တရပ်ဆိုင်းခံရတာ အပြစ်လွှတ်ဖို့ ပြောပေးပါ..
...မဟုတ်ရင် သေကြောင်းကြံဖို့ကလွဲပြီး သူ့မှာ ရွေးစရာမရှိတော့ဘူး..
သူ့မှာ မိန်းကလေး လေးယောက်ရှိတယ်... သူမျှော်လင့်ချက်မဲ့နေပြီ..
- ဘာဘူရာအို.. - ဗျာ..
ဂေါ့ဘိုလီ မင်းအလုပ်ပြီးပြီ..
မင်းယူနီဖောင်းကို ချွတ်... 25 ရက်နေ့ပြန်ဝင်
ဒါမဲ့ ကျွန်တော့်မှာ သမီးသုံးယောက် မရှိဘူး..
ဂေါ့ဘိုလီ မင်းရဲ့ပြဿနာကို တစ်ယောက်ယောက်ကို..
...ပြောပြတိုင်း အကျယ်ချဲ့တယ်..
- ၀န်ကြီးရဲ့မုသားတွေနဲ့ ယှဉ်ရင် မင်းရဲ့မုသားတွေက အရမ်းသေးတယ်..
ဘယ်လိုဖြစ်သွားပြီလဲ?
- ၂၅ရက်နေ့ကျ ငါစဆင်းရမယ်.. - ဂုဏ်ယူတယ်ကွာ..
ကောင်းတယ် ကောင်းတယ်..
ငါဖုန်းသွားခေါ်လိုက်ဦးမယ်..
တရားရုံးမှာ ဘာဖြစ်သွားလဲ?
ကွာရှင်းခွင့်ပြုလိုက်တယ်.. တစ်ခန်းရပ်သွားပြီ..
ရေဟန် ငါ့ကွာရှင်းမှုက...
...ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကြောင့်လို့ နင့်ကို မတွေးစေချင်ဘူး...
ဒီလက်ထပ်ခြင်းက အစပြုလိုက်တဲ့နေ့တည်းက ပြိုကွဲဖို့ကို ဦးတည်နေခဲ့တာ..
ဘာပဲဖြစ်ဖြစ် နင့်အတွက် ငါတကယ်ပျော်တယ်..
သူက ရှင့်သမီးနော် ဒေ့ဖ်..
သူပထမဆုံးအကြိမ် စင်ပေါ်တက်သွားတော့..
...ရှင့်ကို ကြည့်စေချင်ခဲ့တာ...
မာယာ, ငါဘယ်လောက်အလုပ်များတယ်ဆိုတာ မင်းသိပါတယ်..
သူဘယ်လောက် စိတ်ထိခိုက်နေလဲ ရှင်သိလား?
ရှင်ကတိပေးပြီး ပေါ်မလာခဲ့ဘူး..
အဖေက သမီးကျောင်းကပွဲ...
...ဘယ်လိုလဲဆိုပြီး မေးတယ်လို့ မင်းသူ့ကို ပြောလိုက်ပေါ့..
ဘာလို့ ဒါကိုအငြင်းခုန်ဖြစ်အောင် လုပ်နေတာလဲ?
အေး!
ဆရာ, ရိုက်ဖို့ အဆင်သင့်ပဲ..
မာယာ, ငါရိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ., နောက်မှ ပြန်ခေါ်လိုက်မယ်..
သမီးအဖေက ပြော...
သူပြန်ခေါ်မယ်လို့လား..
အမေရယ်..
သမီးရဲ့ဖျော်ဖြေမှုအကြောင်းကို အဖေမေးလို့လား?
သမီးဆုရလား မရလားရော မေးလို့လား?
သူပြန်ခေါ်တဲ့အခါကျ သေချာပေါက်မေးမှာပါ..
မနက်အစောကြီး ရှင်ဘယ်သွားမလို့လဲ?
ဆရာဝန်ဘ၀လေ မင်းသိတဲ့တိုင်းပဲ..
ဒါက အရေးပေါ်ခေါ်တာ..
အင်းပါ, ဒါမဲ့ ၂၅ရက်နေ့မှာသာ ရှင်ဒီလိုမျိုးဆိုရင်..
...ကျွန်မနဲ့ တွေ့မယ်..
ခရီးမိုင် အများကြီးမောင်းလို့ရပြီး ကျယ်လည်းကျယ်တယ်..
ပြီးပြည့်စုံတဲ့ မိသားစုစီးကားပါ..
ရှင့်မိန်းမတွက် ပြီးပြည့်စုံတဲ့လက်ဆောင်ပေါ့..
- တာတာ ဗစ်စတာ နည်းပညာပါ.. - တော်တော်အဆင်ပြေတယ်!
ဒါမဲ့ ၂၅ရက်နေ့မှာ လာပို့စေချင်တယ်..
ငါတို့ရဲ့နှစ်ပတ်လည်လေ..
ရပါတယ် ဆရာ တစ်မိနစ်လောက် ခဏ..
ရပါတယ်
ငါပြန်ခေါ်လိုက်မယ်.. နော်..
မင်းကိုလည်း ချစ်တယ်.. လွမ်းတယ်..
ဂါရာသရီဗာမာ, ငါ့ဘ၀..
ဂါရာသရီဗာမာ? ဒါဆို...
သူ့နာမည်က ဘာပါလိမ့်?
သြော်...ရှီလ်ပါဂျူမာနီ!
သူ့သက်တမ်း ကုန်သွားတာကြာလှရှိပြီ..
ခုတော့ ဂါရာသရီပဲ, ဂါရာသရီ, ဂါရာသရီ..
ဒါဆို ဂါရာသရီဗာမာက ဘယ်သူလဲ?
ဒီမြို့မှာ အမိုက်ဆုံးအမျိုးသမီးပေါ့ ကိုယ့်လူ..
ငါတို့ကော်ဖီသောက်ရင်း တွေ့ခဲ့ကြတာ...
အဲ့နောက် သူငယ်ချင်းထက် ပိုနေပြီကွ..
မက်ဒီ မင်းရူးနေပြီ.. အတည်ပြောတာ..
ဆရာမ!
ဆရာမ!
မာရီယာ ဒီကိုလာ!
ဒါ AF ပဲ.. နန်ဒီနီ ဒေါက်တာကို ခေါ်..
- ရီရာမှာ နှလုံးကြွက်သားကျယ်ပြီး လုပ်ဆောင်စွမ်းကျတဲ့ မှတ်တမ်းရှိတယ်..
သူ့မိဘတွေလည်း သိတယ်..
- စကန်ဖတ်ထားတဲ့ ရီပို့တွေ ရောက်ပြီလား? - မရောက်သေးဘူး..
အချိန်ကြာဦးမယ်..
နှလုံးအစားထိုးဖို့ အလှူရှင် ချက်ချင်းရှာရမယ်..
ဒါမဲ့ ဒေါက်တာ, ဒီလောက်အချိန်တိုတွင်းမှာ သင့်တော်တဲ့အလှူရှင် ရှာတွေ့ဖို့က...
- ...မဖြစ်နိုင်ဘူး.. - ငါသိတယ်..
ဒါမဲ့ ငါတို့ကြိုးစားရမယ်...
...မဟုတ်ရင် ရီရာကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူး..
- မစ္စကာပူးကို ပြောပြလိုက်ရမလား? - ဟင့်အင်း မပြောနဲ့ဦး..
ခုမပြောသေးနဲ့..
ရီပို့တွေ ရအောင်လုပ်..
မကြာခင် ဒေါက်တာဒက်စ်တူး ရောက်လိမ့်မယ်..
ဒီကြားထဲ, နိုင်ငံတွင်းရှိတဲ့ ဆေးရုံတိုင်းကို
အရေးပေါ်တောင်းဆိုချက်ပို့ထားလိုက်
ငါတို့အကောင်းဆုံး ကြိုးစားမယ်.. အံ့သြဖွယ်ဖြစ်ရပ်ကို မျှော်လင့်ကြတာပေါ့..
ဒေါက်တာ?
သူအားနည်းနေတယ်..
သူ့ကို ICUကို ပြောင်းထားတယ်..
သူ့ရဲ့ဆေးစစ်ချက်အဖြေရတဲ့ထိ စောင့်ကြတာပေါ့..
စိတ်ပူစရာရှိလို့လား?
ဆေးစစ်ချက်အဖြေကို စောင့်ရအောင်..
ဆရာ...ရိုက်ချက်တစ်ခုလေးပဲ.. ကျေးဇူးပြုပြီး လုပ်ပါဆရာ..
ကားခေါ်လိုက်..
နောက်မှလုပ်.. ငါတို့အလျင်လိုနေတယ်..
ကားခေါ်လိုက်..
အမ ဖုန်းဆက်တယ်..
ဆရာ့ကိုမေးနေတယ်..
ဆရာလေဆိပ်ရောက်နေပြီလို့ ပြောထားတယ်..
တခြားဖုန်းခေါ်တာရော ရှိသေးလား?
တီဗီလိုင်းကလူတွေက စတူဒီယိုမှာ စောင့်နေကြတယ်..
သူတို့ကို ၁၅မိနစ်ထက် ပိုမပေးနိုင်ဘူးလို့ ပြောထားတယ်..
ဆရာလေယာဉ်မှီဖို့ ရှိသေးတယ်..
ဘာအင်တာဗျူးမှ မလုပ်ဘူး! ဖျက်လိုက်!
ပရိုဂျူဆာနဲ့ ဒါရိုက်တာတွေက ဆက်တိုက်ဖုန်းဆက်နေတာ..
ရုပ်ရှင်က ကြော်ငြာဖို့......လိုတယ်လို့ သူတို့ပြောတယ်..
ပန်ဒေး, ငါအခုငါဖြစ်နေတာ လူတွေကြောင့် ကြော်ငြာကြောင့် မဟုတ်ဘူး..
သူတို့အင်တာဗျူးချင်ရင် လေဆိပ်ကို ခေါ်လိုက်..
- ငါးမိနစ်ပဲ.. - ကောင်းပြီလေ..
မာယာ ဘာလို့ဖုန်းမကိုင်တာလဲ?
ဟဲလို!
ဒီနေ့ တစ်တိုင်းပြည်လုံး အသည်းစွဲသူနဲ့ ကျွန်တော်တို့ အတူရှိနေပါတယ်..
ပြိုင်ဖက်ကင်း ဆွဲဆောင်မှုရှိတဲ့ မင်းသား..
မစ္စတာ ဒေ့ဖ်ကာပူးပါ..
သူဘယ်လိုလူမျိုးလဲဆိုတာ ဒီနေ့ ကျွန်တော်တို့ ရှာဖွေကြမယ်..
ဆရာ, ကျွန်တော်တို့ 'ဆိုး'က ကြိုဆိုပါတယ်..
ငါဘာလို့အမြဲ အသံထွက်မှားနေတာလဲ?
အမှားလုပ်မိမယ်လို့ တွေးနေရင် သားမှားလုပ်မိလိမ့်မယ်..
ဒါမဲ့အမေ, ကျွန်တော် စိတ်ဖိစီးမှုကို မတားနိုင်ဘူး..
ဒေ့ဖ်ကာပူးနဲ့ ဒီလိုကြီးကျယ်တဲ့ ရှိုးပွဲကြီးလေ..
အေးဆေးဟေ့ကောင်! အလိုက်သင့်လုပ်လိုက်..
ရှိုးပွဲက ကြိုဆိုပါတယ်..
အင်း ဗစ်ရှနူး.. ငါလာပြီ..
ဘာ? လေဆိပ်?
သိပြီ...
အိုကေ..
ရေဟန်..
မသွားခင် အဖေ့ကိုနှုတ်ဆက်သွားဦး..
အဖေ...
...အင်တာဗျူးက အချိန်ဇယားပြန်ညှိတယ်..
ကျွန်တော်သွားပြီ..
အေး..
ငါတီဗီကနေ ကြည့်လိုက်မယ်..
မင်းတင်ဆက်တာ သိပ်ကောင်းတယ်..
မင်းလေ့ကျင့်နေတာ ငါကြားတယ်..
- ၉း၄၅, ဟုတ်တယ်.. - အင်း..
ကံကောင်းပါစေ..
ကျွန်တော်မသေမချာ ထပ်မဖြစ်အောင်. ဆုသာတောင်းပေးပါ..
သား ထူးချွန်ပြောင်မြောက်မှာပါ..
- ဂရုစိုက်သွားကြ.. - စိတ်မပူပါနဲ့ အန်တီ..
မစ္စတာ ရှောကတ်?
ဒီနေ့ ရေဟန်ရဲ့ ပထမဆုံးအင်တာဗျူးလေ..
စတားပလပ်စ် ချယ်နယ်မှာ, ၉း၄၅..
ရာဂျိ...
...အဒီတီကို အရင်သွားတွေ့ရအောင်..
အေးပါ!
တကယ်လား? မင်းအလျင်လိုတယ်လို့ ထင်နေတာ!
လုပ်စမ်းပါ..
ဒါငါပထမဆုံး အလုပ်ဆင်းတဲ့နေ့.. သူ့နဲ့တစ်ခါလောက် တွေ့ချင်တယ်..
ကောင်းပြီ သွားစို့..
စကားမစပ်, မင်းတစ်ခုလပ်တစ်ယောက်နဲ့..
...တူတူနေနေတယ်လို့ မင်းအဖေသိသွားတဲ့နေ့ကျ...
...မင်းဒုက္ခအကြီးကြီးရောက်မယ်...
အဖေ!
အမေက ကြက်သွန်နီတစ်ကီလိုတဲ့..
ငါ့ကို ကီလိုဝက်ပေး..
ဒါမဲ့ဆရာ, ခင်ဗျားသမီးက တစ်ကီလိုလို့ပြောတာလေ..
ခင်ဗျားသေချာ မကြားလိုက်ဘူး ထင်တယ်..
မဟုတ်ဘူး.. သူသေချာမကြားတာပါ..
ကီလိုဝက်ပဲပေး..
ဘယ်လောက်လဲ?
ရူပီသုံးဆယ်ပါ ဆရာ..
ဈေးတက်သွားပြီ..
နေဦး.. အဖေလည်း အလုပ်သွားမလို့..
- လမ်းမှာ သမီးကို ပို့ပေးခဲ့မယ်.. - ဟင့်အင်း အဖေ..
သမီးသူငယ်ချင်းတွေနဲ့ သွားလိုက်မယ်..
သူ့သူငယ်ချင်းတွေက အမြဲပဲရှိနေတယ်..
No comments yet. Be the first to leave one.