Babysitter Wanted

Babysitter Wanted

دانلود زیرنویس Burmese

هماهنگ با نسخه‌های زیر

Babysitter Wanted Blu-ray
ناشر Kzinaung

برچسب‌ها

Blu-ray
blu-ray
Blu-Ray
تاریخ انتشار: 2018-02-09
تعداد دانلود: 46
مخصوص ناشنوایان: No

پیش‌نمایش زیرنویس Burmese

نخستین 200 خط.

ဘုရားသခင်..တပည့်တော်ရဲ့သမီးလေးကို စောင့်ရှောက်ပေးပါ

သူ့ကိုအန္တရာယ်ဆိုးများမှ ဖယ်ရှားပေးတော်မူပါ

မကောင်းဆိုးဝါးများနှင့် မိစ္ဆာဆိုးများ၏ရန်မှ

ဖယ်ရှားပေးတော်မူပါ

အဖဘုရားသခင် သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့ကို အရိုအသေပေးပါတယ်

အာမင်

သမီး အဝေးကြီးကိုမသွားရရင် သိပ်ကောင်းမှာပဲ

စိတ်မပူပါနဲ့ အမေရယ် သမီး အဆင်ပြေမှာပါ

ကောလိပ်သွားတက်တာပဲဟာ

- သမီးကိုချစ်တယ် - အမေ့ကိုလည်းချစ်တယ်

ခဏလေး..လာနေပြီ

- ဘယ်သူလဲ - အယ်ရီကာလား

- အင်း - ကျွန်မက အန်ဂျီပါ

ရှင့်ရဲ့အခန်းဖော်အသစ်လေ

သြော်..အင်း..ဝင်လာခဲ့

ငါက နင့်ကို မနက်ဖြန်ညမှ ရောက်မယ်လို့ထင်နေတာ

၂၄ ရက်နေ့လာမယ်လို့ပြောထားတာပဲ

ကိစ္စမရှိပါဘူး..နင်အခုရောက်နေပြီပဲ

အခန်းကိုပြရတာမြန်ပါတယ်

ဒါက ဧည့်ခန်းနဲ့မီးဖိုခန်း

အိပ်ခန်း

နင့်ဘက်အခြမ်း..ငါ့ဘက်အခြမ်း

ဘီဒိုကိစ္စတော့ နောက်မှပဲပြောကြတာပေါ့

နင်အီးမေးလ်ထဲမှာပြောတော့ အခန်းထဲမှာ ခုတင်ရှိတယ်ဆို

အရင်တုန်းကရှိတယ်..ဒါပေမဲ့ နင့်အရင် ဒီမှာနေတဲ့သူက

သွားခါနီးကျမှ ခုတင်ယူသွားမယ်ဆိုပြီး ယူသွားတာ သူ့ခုတင်လည်းမဟုတ်ဘဲနဲ့

ခုတင်ရှာမတွေ့ခင်တော့ နင်ဆိုဖာခုံမှာပဲ အိပ်ရလိမ့်မယ်

ငါ့မှာ ခုတင်ဝယ်ဖို့ပိုက်ဆံမရှိဘူး

အဲဒီအကြောင်းကို မနက်ဖြန်မှ ဆက်ပြောကြတာပေါ့ ဟုတ်ပြီလား

ဟုတ်ပါပြီ

တိုက်ခန်းက အရမ်းကောင်းပါတယ်

သမီးရဲ့အခန်းဖော်လား

သူက အရမ်းခင်ဖို့ကောင်းပါတယ်

ဟင့်အင်း..သမီးလျှောက်တော့မကြည့်ရသေးဘူး

ဒီအနီးအနားမှာ ဘုရားကျောင်းတစ်ခုရှိမှာ သေချာပါတယ်..ဟုတ်ကဲ့

သမီးကတိပေးပါတယ်

အမေ..သမီးသွားရတော့မယ်

အမေ့ကိုလည်း ချစ်တယ်..ဘိုင်

ဆောရီး

ရှေ့ကိုသေချာမကြည့်မိလိုက်ဘူး

- မင်းအဆင်ပြေပါတယ်နော် - အဆင်ပြေပါတယ်..ခွင့်ပြုပါဦး

မယ်တော်မာရီကို အရိုအသေပေးပါတယ်

သတိထားကြနော်

ရေဗက္ကာမီလာ စနေနေ့ကတည်းက ပျောက်နေတယ်

စိတ်မကောင်းစရာပဲနော်

ဟုတ်တယ်

ထမင်းစားစားပွဲ..စာရေးစားပွဲ

မော်တော်ဆိုင်ကယ်

ကြက်ဥရောင်းသည် ခုတင်တွေက ဘယ်မှာလဲ

သူဘာဖြစ်တာလို့ထင်လဲဟင်

ဘယ်သူသိမှာလဲ မနှစ်တုန်းကလည်း မိန်းကလေးတစ်ယောက်ပျောက်သွားတယ်

သူ့အမေက သတင်းစာတွေထဲမှာထည့်တယ် ရဲတွေကလည်း ပိုက်စိပ်တိုက်ရှာဖွေတယ်

နောက်တော့ သူက ကော်လိုရာဒိုမှာ သူ့ချစ်သူနဲ့သွားနေတာဖြစ်နေတယ်

ဒီလိုမျိုးတွေက မကြာခဏဖြစ်တတ်ပါတယ်

ဒါပေမဲ့ ပြီးခဲ့တဲ့လတုန်းက မိန်းကလေးတစ်ယောက် ဓားနဲ့ခုတ်ခံထားရတာတော့ တွေ့တယ်

လူဆိုးကိုဖမ်းမိလား

အဲဒီအကြောင်းတော့ ငါလည်းမကြားမိဘူး

ခုတင်တစ်လုံးတောင်မရှိဘူးဟာ ငါ့ကိုလာနောက်နေတာလား

အရင်ကဆို ဒီကိုလာတိုင်းလာတိုင်း ခုတင်တွေမှပုံလို့

- တွေ့လို့လား - မဟုတ်ဘူး..ကလေးထိန်းအလုပ်တွေ့လို့

- အဲဒီနေရာက မွန်တာဂူးနယ်မြေထဲမှာနော် - ဘာကိုဆိုလိုတာလဲ

အဲဒီနေရာပတ်ပတ်လည်မှာ လယ်ကွင်းတွေချည်းပဲရှိတယ်

ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်မယ်လေ

သဘောပဲ..ကျောင်းရဲ့ဟိုဘက်မှာ ဒီလိုမျိုးဆိုင်းဘုတ်တစ်ခုရှိသေးတယ်

အဲဒီမှာခုတင်ရှိလားလို့သွားကြည့်ရအောင်

ဒါကတော့ ဟန်းအာခန်ရဲ့ပန်းချီလက်ရာပဲ

နဂါးကိုချေမှုန်းတဲ့ စိန့်ဂျော့ဂ်ျဆိုပြီး နာမည်ပေးထားတယ်

အခုတော့ စိန့်ဂျော့ဂ်ျက အင်္ဂလန်ရဲ့ လေးစားအားကိုးရတဲ့သူတော်စင်ပဲ

သူ့ရဲ့သတ္တိ ဗျတ္တိတွေကြောင့် သူ့ကို ခရစ်ယာန်တိုင်းက လေးစားကြတယ်

သူက ဆင်းရဲသားတွေ အောက်ခြေလူတန်းစားတွေကို အကာအကွယ်ပေးတယ်

ဘာသာရေးတွေကို ပန်းချီနဲ့ဖော်ကျူးတဲ့ ဒီခေတ်မှာ

နဂါးတွေက ရိုးသားတဲ့တောသူတောင်သားတွေရဲ့ စိတ်ကပေါ်ထွက်လာတဲ့

မကောင်းဆိုးဝါးတွေဖြစ်ရုံတင်မကဘူး

တကယ့်မိစ္ဆာကောင်စစ်စစ်ကို ဖော်ကျူးတဲ့ သင်္ကေတလည်းဖြစ်တယ်

ဒီပန်းချီကားမှာ စိန့်ဂျော့ဂ်ျက နဂါးကိုသတ်လိုက်တယ်

ဒါဟာ ဘာကိုဆိုလိုချင်သလဲဆိုရင်

ကောင်းမှုက မကောင်းမှုကိုနိုင်တယ် ဘုရားသခင်က စေတန်ကိုနိုင်တယ်ဆိုတာပြချင်တာပဲ

အခု အယ်ဗလင်မူရန်ရဲ့ ပန်းချီကားကို ဆက်ကြည့်ကြရအောင်

ကလေးထိန်းအလုပ်တစ်ခုတွေ့လို့ ဖုန်းဆက်လိုက်တာပါ

၇၂၄ လန်ကတ်စတာလမ်း

ကောင်းပါပြီ..ခဏနေတွေ့ကြတာပေါ့

ဟေး..မင်းက အန်ဂျီပဲဖြစ်ရမယ်

- အန်ဂျီ..ငါက ဂျင်စတန်တန်ပါ - ဟိုင်း

ဒီလောက်ဝေးတဲ့နေရာကြီးကို ကားမောင်းပြီးလာပေးတာ ကျေးဇူးတင်ပါတယ်

ဒီလောက်လည်း မဝေးပါဘူး

မင်းရောက်လာပြီပေါ့

ဟိုင်း..ဗိုင်အိုလက်စတန်တန်ပါ

- တွေ့ရတာဝမ်းသာပါတယ် - တွေ့ရတာဝမ်းသာပါတယ်

သူလေးက ဆမ်ပဲဖြစ်ရမယ်

သူက စတွေ့ခါစဆိုရင်တော့ နည်းနည်းရှက်တတ်တယ် နောက်ပိုင်းခင်သွားရင်တော့မရှက်တော့ဘူး

ဟုတ်တယ်မဟုတ်လား ဆမ်

သားလေးက ကောင်းဘွိုင်ဝတ်စုံလေးဝတ်ထားတာပဲ

ဟုတ်တယ်..သူက အဲဒါကိုဘယ်တော့မှမချွတ်ဘူး

ညအိပ်ရင်လည်း အဲဒါကြီးမချွတ်ဘဲနဲ့အိပ်တယ်

တကယ်လား

အန်တီ့မှာလည်း အဲဒီကောင်းဘွိုင်ဦးထုပ်မျိုးရှိရင် အန်တီလည်းချွတ်မှာမဟုတ်ဘူး

ကျွန်မလည်း သူ့အရွယ်တုန်းက ဒီလိုပဲလုပ်ခဲ့တာ

ဘဲလေးဝတ်စုံကို တစ်ချိန်လုံးမချွတ်ဘဲဝတ်ခဲ့တာလေ

ကျွန်မက ဘဲလေးအက အရမ်းကြိုက်တယ် ရှင်အခုကော ကသေးလား

တကယ်တော့ ကျွန်မက ဘဲလေးက ကတာမဟုတ်ဘူး ဝတ်စုံကိုပဲကြိုက်လို့ဝတ်တာ

ဒါနဲ့ဖုန်းထဲမှာ တွေ့ဆုံပွဲသွားဖို့အတွက် ကလေးထိန်းလိုတယ်လို့ ပြောထားလို့

ဟုတ်တယ်..ဒေသတွင်း မွေးမြူရေးခြံပိုင်ရှင်တွေ တွေ့ဆုံကြတဲ့ပွဲလေ

အဲဒီမှာ တစ်ယောက်ပြဿနာကိုတစ်ယောက် ကူညီပေးတာတို့ အကြံပေးတာတို့လုပ်ကြတာပေါ့

ပြီးရင် တိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးပေးတာတို့ ဘာတို့လုပ်ကြတယ်

တွေ့ဆုံပွဲက စနေ တနင်္ဂနွေလုပ်တာများတယ် အဲဒါကြောင့် ဆမ့်ကိုကြည့်ပေးမယ့်သူလိုတာ

အဆင်ပြေပါတယ်

အိမ်မှာရှုပ်ပွနေတာကိုတော့ နည်းနည်းလောက်သည်းခံပေးပါ

အိမ်က ဆောက်နေတုန်းဆိုတော့ ပစ္စည်းတွေက နေရာမချရသေးဘူး

- အိမ်ဖျော်သံပရာရည်လေးသောက်ဦးမလား - ကောင်းတာပေါ့

အိုကေ..ခဏလေးနော် ပြန်လာခဲ့မယ်

ဒါဆိုရင် အစ်မတို့က တစ်အိမ်လုံးကိုပြန်ပြင်နေတာပေါ့

တစ်ခါပြင်မှ တစ်ခန်းပါ

ဒီလောက်အထိ အလုပ်များသွားမယ်လို့ မထင်ခဲ့ဘူး

ဒီအိမ်ပြင်နေတာ ဘယ်လောက်ကြာပြီလဲ

အစက တစ်အိမ်လုံးကိုပြင်တာ ၂ လလောက်ပဲကြာမယ်လို့ထင်ထားတာ

ဒါပေမဲ့ ရေပိုက်တွေလုပ်တာနဲ့ အောက်ခံဖောင်ဒေးရှင်းတွေလုပ်တာနဲ့

အခုဆိုရင် တစ်နှစ်လောက်ရှိသွားပြီ

ဟုတ်တယ်

ကျေးဇူးတင်ပါတယ်

ဒါနဲ့ မင်းရဲ့အကြောင်းလေး အစ်မကိုနည်းနည်းလောက်ပြောပြပါဦး

ကျွန်မအသက်က ၁၈ နှစ်ပါ အဒမ်ကွန်မြူနတီကောလိပ်မှာ ကျောင်းတက်နေပါတယ်

ကောင်းတာပေါ့..ဘယ်ဘာသာတွေသင်ယူနေတာလဲ

- အနုပညာသမိုင်းကြောင်းပါ - ကောင်းတာပေါ့..မင်းကဘယ်ကလာတာလဲ

ဘိတ်ကားဖီးလ်မြို့ကပါ အခုက အိမ်နဲ့ပထမဆုံးခွဲဖူးတာ

ဘိတ်ကာဖီးလ်..အဲဒီမှာ ကွန်မြူနတီကောလိပ်မရှိဘူးလား

ရှိပါတယ်..ဒါပေမဲ့ အနုပညာသမိုင်းကြောင်း သင်ရိုးက ဒီမှာသင်တာပိုကောင်းတယ်

ဟုတ်လား..မောင်နှမသားချင်းတွေရှိသေးလား

မရှိပါဘူး..ကျွန်မနဲ့အမေ နှစ်ယောက်တည်းရှိတယ်

- သန့်စင်ခန်းခဏလောက်သုံးလို့ရမလား - ရတာပေါ့..သုံးပါ

အောက်ထပ်ကသန့်စင်ခန်းက လက်ဆေးကန်ပျက်နေတယ် အပေါ်ထပ်ကိုသွားလိုက်ပါ

ဆောရီး..လန့်သွားလား

မလန့်ပါဘူး..ရုတ်တရက်ဖြစ်သွားလို့ပါ

- ဆောရီးပါ - ရပါတယ်

မိန်းမရေ..ဘန်ဂျီကြိုးတွေ ဘယ်နားသိမ်းထားလဲသိလား

ကိုယ့်ခံစားချက်ကိုကိုယ်ထိန်းစမ်း အန်ဂျီ

ဟိုင်း..ဆမ်

သူကအဆင်ပြေတယ်လို့ထင်တယ်

ဟိုင်း..ငါတို့အခုပဲပြောနေတာ

တကယ်လို့ မင်းအဆင်ပြေမယ်ဆိုရင် ဆမ့်ကို ဒီသောကြာညကနေစပြီး

- လာကြည့်ပေးပါလား - ဟုတ်ကဲ့..သောကြာနေ့ကအဆင်ပြေပါတယ်

ကောင်းတာပေါ့..ဒါဆို ငါ့ရဲ့ဇနီးချောလေးကို မြို့ထဲကိုခေါ်သွားလို့ရပြီ

နောက်ဆိုရင် အလုပ်တွေက အရမ်းများလာတော့မှာ

မင်း ငါ့နောက်လိုက်ချောင်းနေတာလား

- ဘာပြောတယ် - ငါက မင်းဟိုတစ်နေ့ကတိုက်မိတဲ့သူလေ

အိုး..ဟိုင်း

ကြည့်ရတာ ငါတို့ကအိမ်နီးနားချင်းတွေနဲ့တူတယ်

ငါက ဟိုဘက်ကအဆောက်အဦမှာနေတယ် ငါ့နာမည်က ရစ်ခ်ပါ

ကျွန်မနာမည်က အန်ဂျီ

တွေ့ရတာဝမ်းသာပါတယ် အန်ဂျီ

ရှင်နဲ့တွေ့ရတာလည်းဝမ်းသာပါတယ်

အဆင်ပြေတယ်ဆိုရင် ငါတို့ တစ်ခုခုသွားစားပြီး စကားပြောရအောင်

ကျွန်မ စာလုပ်ရဦးမယ်

ကောင်းတာပေါ့..ငါလည်းစာလုပ်သင့်တယ်ထင်တယ် ဒါဆို နောက်မှထပ်တွေ့ကြတာပေါ့

ဟိုင်း

ဟေး

အန်ဂျီ..သူက ဟဲလ်တဲ့

အင်း

တွေ့ရတာဝမ်းသာပါတယ်

ထိုင်ပါဦး

မင်းသောက်ဦးမလား

မသောက်တော့ပါဘူး..ကျေးဇူးတင်ပါတယ်

ဒါနဲ့..

မင်းမှာ ခုတင်လိုနေတယ်ဆို

- ဟုတ်တယ် - ငါ့ခုတင်ကိုယူလိုက်လေ

တကယ်ပြောတာ ငါ့ခုတင်က အရမ်းကောင်းတယ်

- တကယ်လား - အင်း

ငါ့ခုတင်က အိပ်ရတာ အရမ်းသက်သောင့်သက်သာရှိတယ်

ပြီးတော့ ကံကောင်းခြင်းတွေကိုလည်းယူလာပေးတယ်

အဲဒါဆိုကောင်းတာပေါ့

စနေနေ့ကျရင် ငါ့ဆီကိုလာခဲ့လေ ငါမင်းကိုကူရွှေ့ပေးမယ်

- ကျေးဇူးတင်ပါတယ် - အင်း

မင်းအင်္ကျီပေါ်ကိုကျသွားပြီ

မင်းမသောက်ချင်တာသေချာရဲ့လား

တကယ်ကျေးဇူးတင်ပါတယ် အခုသွားလိုက်ဦးမယ် နောက်မှတွေ့တာပေါ့

ခုတင်ပေးတာ ကျေးဇူးတင်ပါတယ်နော်

ကျောင်းတက်နေတဲ့ ၁၂ နှစ်တာ ကာလအတွင်းမှာ ဘုရားကျောင်းကို တနင်္ဂနွေတိုင်းရောက်တယ်

ကျောင်းရဲ့ဝေယျာဝစ္စတွေလုပ်ပေးနေတာလေ ထွက်လို့လည်းမရတော့ဘူး

မင်းကို ကိုယ်ရေးကိုယ်တာမေးခွန်းလေး တစ်ခုလောက်မေးလို့ရမလား

ဒါကတော့ မေးခွန်းပေါ်မှာမူတည်တာပေါ့

မင်းဘာလို့အမြဲတမ်း အထိတ်တလန့်ဖြစ်နေတာလဲ

မသိဘူး..ကျွန်မအရင်က ဒီလိုမဖြစ်ဖူးဘူး

တစ်ယောက်ယောက်က ကိုယ့်ကို စောင့်ကြည့်နေသလိုမျိုးပဲ

ဘာလဲ..ကိုယ်စောင့်နတ်က ကိုယ့်ကို စောင့်ကြည့်နေတာကိုပြောတာလား

မဟုတ်ဘူး..တစ်ယောက်ယောက်က ကိုယ့်နောက်ကနေ လိုက်နေသလိုမျိုး

မင်းနောက်ကိုလိုက်နေတဲ့သူရှိတယ်ဟုတ်လား

မင်းဒီကိုရောက်တာ တစ်ပတ်လောက်ပဲရှိသေးတယ် နောက်က လိုက်ချောင်းတဲ့သူတွေရှိနေပြီလား

ငါသဝန်တိုလာပြီ

မသိဘူး..တစ်ယောက်ယောက်က နောက်ကလိုက်နေသလိုမျိုးခံစားရတယ်

အိမ်နဲ့တစ်ခါမှမခွဲဖူးလို့ အခုလို ခံစားနေရတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်

ကြည့်ရတာ မင်းမှာအာရုံတွေများနေပုံပဲ

အင်း..ဟုတ်မယ်ထင်တယ်

- မင်းရဲ့ဗနီလာ ဘယ်လိုနေလဲ - ကောင်းပါတယ်

အင်း..ကောင်းတယ်

ဒါပေမဲ့ ချောကလက်က ပိုကောင်းတယ်

မင်းနောက်ကို လျှောက်လိုက်တဲ့တာဝန်က ဒီမှာပြီးဆုံးသွားပြီ

နေပါဦး..ကျွန်မက ရှင့်နောက်ကိုလိုက်နေတယ်လို့ထင်နေတာ

ဟုတ်တယ်..ငါ အဲဒါကို ခဏခဏရောတယ်

မနက်ဖြန်ညကျရင် ဘာလုပ်စရာရှိလဲ

အလုပ်ရှိတယ်

ဒါပေမဲ့ စနေနေ့ညကျရင်တော့ ကျွန်မတို့တွေ့လို့ရတယ်

نظرات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left