Ballavpur Ki Roopkatha

Ballavpur Ki Roopkatha

دانلود زیرنویس Burmese

هماهنگ با نسخه‌های زیر

Ballavpur Ki Roopkatha 2017
ناشر Kzinaung

برچسب‌ها

other
تاریخ انتشار: 2018-01-18
تعداد دانلود: 46
مخصوص ناشنوایان: No

پیش‌نمایش زیرنویس Burmese

نخستین 200 خط.

ရာဂျာဘာဘူး

ရာဂျာဘာဘူး

ရာဂျာဘာဘူး

မနိုဟာ

တော်သေးတာပေါ့

လမ်းလျှောက်လာတာလား

ဘာတွေ လျှောက်ပြောနေတာလဲ

မနေ့က ညရထားနဲ့ ပြန်လာတာ

ညရထား ဆိုက်တဲ့ အချိန်ကို ငါမသိဘူးများ မှတ်နေလား

မနေ့ညက လကြီးက ထိန်နေတာပဲ

အဲဒါနဲ့ မြစ်ဘေးမှာ ထိုင်နေလိုက်တာ

တော်တော် ကဗျာဆန်တဲ့ကောင်

ဒါပေါ့

ရဂုဒါလည်း ကဗျာဆရာဘဝနဲ့ နေတာပဲလေ

ငါလည်း လမင်းကြီးကို ကြည့်ပြီး

ကဗျာလေး တစ်ကြောင်း နှစ်ကြောင်းလောက် စပ်ကြည့်ချင်လို့ပေါ့ကွာ

တော်ပြီ

ကဗျာရေးတာက သူ့အလုပ်

မင်းအလုပ် မဟုတ်ဘူး

စောစောစီးစီး ကျက်သရေ မရှိတာတွေ မပြောနဲ့တော့

ဘာလို့ ဒီလောက်တောင် စိတ်ကြီးနေရတာလဲ

ကျက်သရေမရှိတာ ဘာပါလို့လဲ

ဘဝကိုနှစ်မြှုပ်ပြီး လုပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ သိလား

မသိဘူး..သိလည်း မသိချင်ဘူး

ဘယ်လို ပြန်လာတယ်ဆိုတာပဲပြောပြ

မနေ့ညက ရထားနဲ့လို့ ပြောပြီးပြီလေ

ဘာလို့လိမ်နေတာလဲ

မင်း မနေ့က ဘူတာရုံ ရောက်ခဲ့လို့လာ..ပြော

- အင်း - မလာနဲ့လို့ ပြောထားတယ်လေ

ငါက ဒီမှာထိုင်ပြီး ဘာလုပ်ရမှာလဲ

ဒီမှာ မနိုဟာ..ကိုယ့်ကျန်းမာရေး ကိုယ်လည်း ဂရုစိုက်ဦးမှပေါ့

အသည်းအသန် ဖြစ်ထားတာဖြင့် မကြာသေးဘူး

အခု ညဘက်တွေ လေစိမ်းတိုက်ခံနေပြန်ပြီ

လူ့ပြည်မှာ မနေချင်တော့ဘူးလား

ဘာဖြစ်လဲကွာ လူဆိုတာ သေမျိုးချည်းပဲ

ငါပြောတာနားထောင်

ဒီရက်ပိုင်း မင်းသေလို့မဖြစ်သေးဘူး

ဒီအကြွေးတွေနဲ့ ငါ့ကို ထားခဲ့လို့မရဘူး

ပေါက်ကရတွေ ပြောပြန်ပြီ

အေးပါ

ငါမပြောတော့ပါဘူး

ငါ့အင်္ကျီအိတ်ထဲမှာ ကြည့်လိုက်

- ဘီရီဆေးပေါ့လိပ် ရှိတယ် - ဘီရီဆေးပေါ့လိပ်

အင်း..ထုတ်လိုက်

- ဘီရီဆေးပေါ့လိပ်သောက်မလို့လား - အင်း

မင်း မကြားဖူးဘူးလား

စီးကရက်သောက်တာ ကင်ဆာ ရောဂါဖြစ်တတ်တယ် ဆိုတာလေ

ငါ့ကိုပေး

နေပါဦး..ဆိုင်ဖွင့်ရင် ငါစီးကရက် သွားဝယ်ပေးမယ်

ရတယ်

နေပါစေ

အကြွေးတွေယူပြီး ဇိမ်မခံချင်ဘူးကွာ

ဘီရီပဲ သောက်ချင်နေလည်း သောက်တော့

ပေး..ပေး

ဘယ်သွားမလို့လဲ

မင်းအိတ်ကို အထဲမှာထားမယ်လေ

- ငါ့ကိုမမေးတော့ဘူးလား - ဘာကိုလဲ

ဂျောင်းပေဂုရီကို ဘာလို့သွားလဲ

ဘာတွေဖြစ်ခဲ့လဲ မေးဦးလေ

မင်းက ဒီလိုနေရာတွေဆို သိပ်တော်တာပဲနော်

မင်းသိနေတယ် ဆိုရင်တောင်မှ..

မသိချင်ယောင်ဆောင်တဲ့ ပုံက အရမ်းပီပြင်တယ်

အိတ်ကို ချထားဦး

ချထားလိုက်

ခုံမှာ အေးဆေးသွားထိုင်

- ရော့..ဆေးလိပ်သောက် - မသောက်ဘူး

သောက်လို့ ပြောနေတယ်လေ

ဒီနေ့ မင်းငါ့ကို ရှောင်ပြေးတော့မယ်ပေါ့

မနေ့ကတော့ ငါမင်းကို ရှောင်ပြေးနေရတယ်

ဘာလို့လဲ

ငါအိမ်ရောက်တာနဲ့ မင်းမေးတာတွေ ဖြေနေရမှာစိုးလို့

ဘာတွေဖြစ်ခဲ့လဲတို့ ဘယ်လိုဖြစ်တာလဲတို့

ဘယ်လောက်လို့ ပြောလိုက်လဲ

- ဘာကိုပြောတာလဲ - ဈေးနှုန်း

ဒီမှာ..ငါသူ့ကို ဒီအိမ်လိုက်ကြည့်ဖို့တောင် မစည်းရုံးနိုင်ခဲ့ဘူး

မင်းက ဘယ်ဈေးပေးမှာလဲ လာမေးနေတယ်

ဟိုမှာ ဒိုင်ယာရီ စာအုပ်ရှိတယ်

ဟိုတစ်နေ့က အကြွေးတွေ တွက်ကြည့်သေးတယ်..အဲဒါပေး

ဟုတ်ပြီ

တွေ့ပြီ

ငါ ပါဝမ်း စရိနာ့ နဲ့ ဆာဟူးကို ၇၅၇ ပေးဖို့ရှိတယ်..ဟုတ်လား

မင်းကို ၂၂၀ ပေးဖို့ရှိတယ်

တွက်တာကတော့ ပြီးသွားပြီ အားလုံးပေါင်းရင် ၉၇၇ ရှိတယ်

ငါ့အခန်းအတွက်ကို ၃၀၀၀ ထား

ထပ်ပေါင်းတော့ ၃၉၇၇ ပေါ့

သူ ၄၀၀၀ ပဲ ပေးမယ်ဆိုရင်တောင် လက်ခံရတော့မလို ဖြစ်နေပြီ

၄၀၀၀ နဲ့ကျေနပ်တယ်ပေါ့

မရဘူးလား

ခုချိန်ထိ ငါဘယ်သူ့ကို အိမ်ကြည့်ဖို့ ခေါ်လာနိုင်သေးလို့လဲ

မင်းက ရူပီး ၄၀၀၀ ကို ပြောနေသေးတယ်

စတုရန်းကိုက် ၂၁၀၀၀ ကျယ်တဲ့ ဥယျာဉ်ပါတဲ့ နှစ်ထပ်အိမ်ကွ

ဟုတ်တာပေါ့

ဥယျာဉ်အကျယ်ကတော့ စတုရန်းကိုက် ၂၁၀၀၀ ရှိတယ်

အဲဒီအထဲက စတုရန်းကိုက် ၁၈၀၀၀ က တောကြီးလေကွာ

ဒီနှစ်ထပ်အိမ်ကြီးလား

ဒီအခန်းနဲ့ ဟိုအခန်းပဲ လူနေလို့ ရတာလေ

ဈေးကလည်း နှစ်မိုင်လောက်ဝေးတယ်

ဘူတာရုံက သုံးမိုင်

မင်းဖျားတဲ့နေ့တုန်းက ငါရထားစီးပြီးတောင် ဆရာဝန်သွားပင့်ခဲ့ရတယ်

- ဘာပဲဖြစ်ဖြစ် - အင်း

ဘာပဲဖြစ်ဖြစ် ဒီအိမ်ကြီးက ဗယ်လပါ နန်းတော်ကြီးပဲလေ

အထဲမှာတော့ သရဲအိမ်ကြီး ကျနေတာပဲ

ကိုင်း..မနိုဟာ

မင်းတို့မိသားစုတွေ ဒီမှာအလုပ်လုပ်တာ မျိုးဆက်ခုနှစ်ဆက် ရှိသွားပြီ

လစာမရတာတောင် မင်းဒီမှာပဲနေတယ်

ဒီအိမ်ကို ငွေပေးပြီးဝယ်ရမယ့်သူက..

သရဲခြောက်မယ့် အိမ်လို့တောင် ထင်နေဦးမှာ

ထားလိုက်ပါတော့

လက်ဖက်ရည်သွားဖျော်လိုက်ဦးမယ်

- ရှိလို့လား - ရှိတာပေါ့

ခုလိုအချိန်မျိုးမှာ လက်ဖက်ရည်တောင် တောင်းမသောက်ရဲတဲ့ ဘဝပါကွာ

မနေ့ကမှ ဦးလေးဆိုင်မှာ ဈေးသွားဝယ်ထားတာ

စီးကရက်ဝယ်ဖို့ပဲမေ့သွားတာ

- ဆာဟူး မပေးလိုက်ဘူးလား - ဘာလို့ပေးရမှာလဲ

ဒီနေ့

ဟုတ်ပါပြီ

ဒီနေ့တော့ သူတို့ တစ်ယောက်ပြီးတစ်ယောက် အကြွေးလာတောင်းတော့မယ်

ခုချိန်ထိ မလာသေးတာတောင် တော်တော်ထူးဆန်းနေပြီ

ဘုရား..ဘုရား

- ဘာဖြစ်တာလဲ - ဆိုဖာမှာ အိပ်တာကြာသွားလို့..

အညောင်းမိသွားတာ ဖြစ်မယ်

မင်းကို ဘယ်သူက ဆိုဖာပေါ် အိပ်ခိုင်းလို့လဲ

ငါမင်းအိပ်ဖို့ ပြင်ပေးထားတယ်လေ

မင်းမသိပါဘူး

အိမ်ရောက်တာနဲ့ ရဂုဒါနဲ့ တန်းတိုးတော့တာပဲ

ကဗျာကို ၂ နာရီလောက်ကြာအောင် ရွတ်တယ်လေ

ဒီခုံမှာ အိပ်ပျော်သွားတာတောင်..

မသိလိုက်ဘူး

- ရဂုဒါ မင်းကို မနှိုးဘူးလား - ဟင့်အင်း

ငါအိပ်ပျော်နေမှန်းတောင် သူမသိဘူး

သူက ကဗျာဆိုတာပဲ စိတ်ဝင်စားတဲ့ သူဆိုတော့

မနိုဟာ

- မနိုဟာ - သူပြန်လာပြီထင်တယ်

- ဘယ်သူလဲ - မစ္စတာဆာဟူး

သေစမ်း

ဘာလုပ်ရင်ကောင်းမလဲ

ငါတော့ မင်းဖျော်ပေးတဲ့ လက်ဖက်ရည် သောက်ချင်လာပြီ

ငါ့ကို တစ်ခု ကူညီပေး အထဲဝင်ပြီး လက်ဖက်ရည် ယူလာခဲ့

မစ္စတာ ဆာဟူးကို အာရုံပြောင်းထား

ငါစိတ်ငြိမ်အောင် လုပ်လိုက်ဦးမယ်

သူ့ကို တစ်နည်းနည်းနဲ့ ကြည့်ပြောထားလိုက်

ငါသွားပြီ..အိုကေ

- သူ့ကိုလည်း လက်ဖက်ရည်တိုက်လိုက်မယ် - အင်း..လုပ်လိုက်

မစ္စတာဆာဟူး..ကြွပါခင်ဗျ

- မင်္ဂလာပါ - မင်္ဂလာပါ

သူဘယ်အချိန်က ပြန်ရောက်တာလဲ

မနေ့ညရထားနဲ့

-ဘာထူးသေးလဲ -မထူးဘူး

သူ့ပုံစံကကော

သူကတော့ ပုံမှန်ပါပဲ

ဒီတစ်ကြိမ်တော့ အဆင်ပြေမယ့်ပုံပဲ

အဆင်ပြေမယ့်ပုံဆိုတော့ အခုထိ အဆင်မပြေသေးဘူး ပြောချင်တာလား

ကျွန်တော်က ဘယ်သိမှာလဲ

ရာဂျာဘာဘူး လာမှ မေးကြည့်

သူဘယ်တော့ နိုးမှာလဲ

သူ့အတွက် လက်ဖက်ရည်သွားဖျော်ပြီးရင် နှိုးလိုက်ပါ့မယ်

မြန်မြန်လုပ်ကွာ ငါ ဆိုင်ဖွင့်ရဦးမယ်

ဟုတ်ကဲ့

မင်္ဂလာပါ မစ္စတာဆာဟူး

မင်္ဂလာပါ..မင်္ဂလာပါ

ခင်ဗျားလည်း ရောက်လာတယ်နော် ရှရိနာ့

လာရမှာပဲလေ..မလာလို့မှ မရတာ

ကျွန်တော့် လုပ်ငန်းလေးက အမြတ်သိပ်ရတာ မဟုတ်ဘူး

- ရာဂျာဘာဘူး ဘယ်မှာလဲ - အိပ်နေလေရဲ့

မနိုဟာ သွားနှိုးနေတယ် ထိုင်လေ

သူဘာပြောသေးလဲ

မနိုဟာပြောတာတော့ ဘာသတင်းမှ မထူးဘူးတဲ့

ဒီတစ်ကြိမ်လည်း အဆင်မပြေပြန်ဘူးနဲ့ တူပါတယ်

ငါတို့ငွေတွေတော့ မဆုံးပါဘူးကွ

ငါကျိန်းသေပြောနိုင်တယ်

ဒီအိမ်ကြီး ရောင်းထွက်ဖို့သာစောင့်

ဒါပေမဲ့ ဘယ်သူကများ ဒါကြီးကို ဝယ်မလဲ မသိဘူး

- မင်္ဂလာပါ..ဆရာဆာဟူး - မင်္ဂလာပါ

မင်္ဂလာပါ ဆရာ ရှရိနာ့

မင်းလည်းဆိုင်ပိတ်ပြီး ဒီလာတာပဲလား..ပါဝမ်း

ဆိုင်ပိတ်ဖို့ မလိုပါဘူးဗျာ

ဂျန်ဗန်ဒုကို ကြည့်ခိုင်းထားလိုက်တယ်

သူနဲ့ ဖြစ်ရဲ့လား

သူဘယ်တုန်းက ဈေးရောင်းတတ်လို့လဲ

စီးကရက်တွေ ပိုက်ဆံတွေ ရေရင် အမြဲမှားတယ်

ကျွန်တော်က ဒီကိုလည်း မလာလို့မှ မရတာ

မနိုဟာ..မနိုဟာ

ပါဝမ်း..ဘယ်သူလဲ မသိဘူး သွားကြည့်စမ်း

စာပို့သမားလား

စာပို့သမားက အစောကြီး လာပါ့မလား

- မနိုဟာ..ကြေးနန်းစာ ရောက်လာတယ် - တစ်ခုခုတော့ ထူးပြီ

- မနိုဟာ - ဘယ်သူခေါ်တာလဲ

ရာဂျာဘာဘူးအတွက် ကြေးနန်းပါတယ်

ကြေးနန်းစာ

စာပို့သမားက ဘာလို့များ အခုလို အစောကြီး လာပို့ရလဲမသိဘူး

ကြေးနန်းစာ

ဘုရားမပါ

ဘာတွေပြောနေတာလဲ..ရှရိနာ့

ဘာပြောရမှာလဲ

ဘယ်သူများ ကြေးနန်းစာနဲ့ သတင်းကောင်း ကြားရဖူးလို့လဲ

သတင်းဆိုးပို့မယ့် သူတောင် ရှိလို့လား

ရာဂျာဘာဘူးမှာ ဆွေမျိုးတွေမှ မရှိတော့တာ

- သူငယ်ချင်းလည်း ဖြစ်မှာပေါ့ - အင်း

ဘာ

ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ဒီမှာ ဆက်ထိုင်နေလို့ ကောင်းပါ့မလား

نظرات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left