Magic Hour : The Series - First Season

Magic Hour : The Series - First Season

Lataa Burmese -tekstitys

Julkaisutiedot

Magic Hour Season 1 Episode 01 Myanmar(Zawgyi)
Kommentaari kikywebsite

Tunnisteet

other
Julkaistu: 2019-04-15
Lataukset: 6
Kuulovammaisille: No

Burmese tekstityksen esikatselu

200 ensimmäistä riviä.

အမေရိကန်နိုင်ငံ နယူးယောက်မြို့

ရှင်က ဘယ်သူလဲ

ဒီမတ်စ်အာရီယာနူဂရာဟာ ၁၉၈၈ ခု မေလ ၅ ရက် - ၂၀၁၄ နိုဝင်ဘာ ၁၀ ရက်

ငါတို့ဘ၀ရဲ့အကောင်းဆုံး အရုဏ်ဦးနေခြည်လေး

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့

နင်သိလား

နောက်တစ်ပိုင်း ထပ်ရေးပြီးသွားရင်

အရုဏ်ဦးနေခြည်ဆိုတဲ့ ဒုတိယ၀တ္ထုလေးပြီးတော့မယ် ဒီမတ်စ်

အဲဒါက နင့်ကြောင့်ပဲလေ

နင်က နေမကောင်းလျက်နဲ့ ငါ့အတွက်စာအုပ်ကို စိတ်အားထက်သန်မှုအပြည့်နဲ့ ရေးပေးခဲ့တာ

အဲဒါက ငါ့အတွက် အားပေးလှုံဆော်မှုဖြစ်ခဲ့တာပေါ့

နင်က အရမ်းကောင်းတဲ့သူပါ ဒီမတ်စ်

နင် ငါ့ကိုထားသွားတာ ၃ လရှိသွားပြီဆိုပေမယ့်

အခုထိ အရမ်းသတိရနေတုန်းပဲ

ငါ့ဆီမှာ ရန်ဂါရှိပေမယ့်လည်း

ခံစားချက်ချင်းမတူဘူး

ငါတို့ အတူဖြတ်သန်းခဲ့ရတာတွေကို ဘယ်တော့မှမမေ့ဘူး

ပရမ်ဘော်စ် ရေဒီယိုအစီအစဉ်ကပါ အခုတင်ဆက်နေတာကတော့ ဒက်စ်တာနဲ့..

မနက်ခင်းလေးရဲ့ ဂီနာတို့ဖြစ်ပါတယ်

- အိပ်ငိုက်နေလား - အိပ်ငိုက်နေတာပေါ့

မငိုက်ပါနဲ့..အိပ်ငိုက်နေရင်တောင် တက်ကြွလန်းဆန်းနေအောင်လုပ်ရမယ်

ကျွန်မလိုမျိုးပေါ့

ကျွန်မ ရင်ခုန်သွားပြီဆိုရင် ချစ်မိသွားပြီပဲ

- ဂီနာတော့ ချစ်မိနေပြီထင်တယ် - သိပ်ဟုတ်တာပေါ့

ချစ်မိသွားတဲ့သူတွေအတွက် သီချင်းလေးဖွင့်ပြပေးချင်ပါတယ်

- ဖွင့်ပြလိုက်ရအောင် - နားဆင်ကြည့်ပါ

တိုဘီလား

ကျွန်မနာမည်က ရိန်နာ ကျွန်မက မိုးကို အရမ်းချစ်တယ်လေ

မိုးတိတ်သွားတဲ့အချိန်မှာ ပေါ်လာမယ့် သက်တံလေးကို မျှော်လင့်မိလို့မဟုတ်ပါဘူး

ဒီအတိုင်းလေးပဲ ချစ်တာ

မိုးဆိုတာက ကျွန်မအတွက် ရိုးရှင်းတဲ့ပျော်ရွှင်မှုလေးတစ်ခုပါ

မိုးရေစက်တိုင်းက ဘုရားသခင်ဖန်ဆင်းပေးတဲ့ ဂီတသံစဉ်တွေပဲလေ

ကျွန်မရဲ့နာကျင်မှုတွေကို ပျောက်စေပြီး ဘုရားသခင်ရဲ့ကောင်းချီးကို ခံစားမိစေတယ်

ဒါပေမဲ့ ကျွန်မကြောက်ရွံ့မိတာ တစ်ခုရှိတယ်

ရန်ဂါနဲ့အဆက်အသွယ်မရတာ တစ်ပတ်လောက်ရှိသွားပြီ

သူအဆင်ပြေဖို့ မျှော်လင့်ပါတယ်

ဒီမတ်စ် ၅ ရက်လောက် ပျောက်သွားတုန်းကလိုအဖြစ်မျိုး

ရန်ဂါ့ကို မကြုံစေချင်ဘူး

ရန်ဂါက နင်မဟုတ်ဘူးဆိုတာ သိပါတယ်

ဒါပေမဲ့ နင့်ရဲ့စိတ်ဝိညာဉ်တစ်ဝက်လောက်က ရန်ဂါ့ဆီမှာရောက်နေတယ်

ဒီတော့ နင့်ကိုဆုံးရှုံးခဲ့ရသလို သူ့ကိုလည်း မဆုံးရှုံးရအောင်လို့

ဘုရားသခင်ဆီမှာ ငါဆုတောင်းမိတယ်

- အန်တီ - မနက်အစောရောက်လာလို့ အံ့ဩသွားတယ်

သူတို့နှစ်ယောက်က တစ်ပုံစံတည်းပဲနော်

ဒါပေမဲ့ အကျင့်စရိုက်ချင်း တူလားဆိုတာတော့ ကျွန်မမသိဘူး

ဘာဖြစ်လို့လဲ သမီး အဆင်ပြေရဲ့လား

တကယ်တော့ ရန်ဂါ့အကြောင်းမေးဖို့ လာခဲ့တာပါ

ဘယ်လို

သူ့အကြောင်း နင်က ပိုသိရမှာလေ

အဲဒါကြောင့်ပဲ လာခဲ့တာပါ

သူ့ဆီကို ဖုန်းဆက်ခဲ့တယ်

မက်ဆေ့ခ်ျပို့ခဲ့တယ် ဒါပေမဲ့ သူ လုံးဝပြန်မဖြေဘူး

ရန်ဂါ ကျွန်မကိုမဆက်သွယ်လို့ ကျွန်မ စိုးရိမ်နေမိတယ်

ပြောရရင် ကျွန်မ အခုထိ စိတ်ထိခိုက်နေတုန်းပါပဲ

ဒီမတ်စ်ဖြစ်သွားသလိုမျိုး သူလည်းဖြစ်မှာကို ကြောက်နေမိတယ်

- သူ့ကို နောက်ဆုံးဖုန်းခေါ်တာ ဘယ်တုန်းကလဲ - အချိန်ရတိုင်း ဖုန်းခေါ်နေတာပဲ

ဒါပေမဲ့ သူမကိုင်ဘူး

အခုဆက်ကြည့်လိုက်

ရိန်နာ

ရိန်နာ

ဆောရီး

ရိန်နာ

စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ် အန်တီ

အန်တီ့ကို ဆက်သွယ်လိမ့်မယ်ထင်လို့ပါ

အဲဒါဆို အိမ်ပြန်လိုက်ဦးမယ် အန်တီ

ဟုတ်ပါပြီ

ဖလော်ရာနဲ့ဂွင်နီ့တို့ကိုလည်း သတိရတဲ့အကြောင်း ပြောပေးနော်

ပြောပေးပါ့မယ် အန်တီ

- သွားတော့မယ်နော် အန်တီ - ဖြည်းဖြည်းသွားနော်

ဟုတ်ကဲ့ပါ

နင်ပြောတာမှန်တယ်

ရန်ဂါက ဒီမတ်စ်နဲ့မတူဘူး

အချစ်လေး

ကျေးဇူးပဲ

ရန်ဂါ..ရိန်နာ့ဆီဖုန်းဆက်လိုက်ဦး သူစိတ်ပူနေတယ်

ကျေးဇူးတင်ပါတယ် နောက်လည်းလာခဲ့ပါဦး

ဘယ်အချိန်ရှိနေပြီလဲ ကောင်မလေး

မိုးရေထဲမှာ လျှောက်ဆော့ပြီး နောက်ကျတော့မယ်လို့ အာရုံရနေပါတယ်

တောင်းပန်ပါတယ် အန်တီ

တောင်းပန်ပါတယ်

ပြောလိုက်ရင်တော့ တောင်းပန်ပါတယ်ပဲ

အအေးမိသွားရင် တောင်းပန်ရုံနဲ့ ပြန်ကောင်းသွားမယ်ထင်လား

ကလေးလည်း မဟုတ်တော့ဘူးလေ မကြာခင်ပဲ လက်ထပ်ရတော့မယ်

ရင့်ကျက်စမ်းပါ

နမ်းပြန်ပြီ..နင့်ကို ဒေါသမထွက်နိုင်အောင် လျှို့ဝှက်လက်နက်ထုတ်သုံးတယ်ပေါ့

နေဦး..ဒီကိုလာ

- နင့်အတွက် ပစ္စည်းရောက်နေတယ် - ကျွန်မအတွက်လား

ဟုတ်တယ် နင့်အတွက်

- တိုဘီ့ဆီကပဲ - ဟုတ်တယ်

နေဦး..ဘယ်သွားမလို့လဲ

သွားလည်းမမီတော့ဘူး သူထွက်သွားတာ ၁ နာရီလောက်ရှိပြီ

အခြေအနေက ရယ်ရလိုက်တာ နင် ဒီအခွေလေးကို နားထောင်နေတဲ့အချိန်ဆို

ငါမရှိတော့ဘူး

နင်ရော ဂွင်ရောက ငါ့ကို ဒေါသထွက်နေမယ်ဆိုတာ သိပါတယ်

စာတစ်စောင်ပဲ ထားသွားလို့လေ

ဂွင်နီက ငါ့အတွက်အရေးမပါလို့ မဟုတ်ပါဘူး

ဘာလို့လဲဆိုတော့

ငါ့နှလုံးသားကို အပိုင်သိမ်းထားတဲ့ မိန်းကလေးတစ်ယောက်ကို ထားခဲ့ဖို့တောင်

ဒီလောက်ခက်ခဲခဲ့တာ

အခုတော့​ နှစ်ယောက်လုံးကို ထားရစ်ခဲ့ရပြီ

ငါအောင်မြင်သွားတဲ့ တစ်နေ့ကျရင် နင့်ဆီကို ပြန်လာခဲ့မှာပါ

မှတ်မိသေးလား ငါ့ကို အဆိုတော်လုပ်ဖို့ နင်ပြောခဲ့တာလေ

အောင်မြင်တဲ့အဆိုတော်တစ်ယောက် ဖြစ်မယ်လို့ ငါယုံကြည်တယ်

အဲဒါကလည်း နင့်ကြောင့်ပဲ

တိုဘီက ဘာတဲ့လဲ

ဂွင်

ဂွင်

ဂွင်

ဂွင်

ဒီမှာ ပြန်အမ်းငွေနဲ့ပန်းစည်းပါ

- ပျော်ရွှင်ပါစေ - ကျေးဇူးတင်ပါတယ်

ရပါတယ်..နောက်လည်း လာခဲ့ပါဦး

ဟယ်လို..ဖလော်ရာပြောနေပါတယ် နေကောင်းရဲ့လား အချစ်ဆုံးသူငယ်ချင်းကြီး

နင် ဘယ်တွေရောက်နေတာလဲ သူငယ်ချင်းရဲ့

အဲဒါကြောင့် နင့်ကိုသတိရနေရတာ

နင့်ရဲ့ ပွစိပွစိပြောတာကိုပေါ့

ငါအဆင်ပြေပါတယ် နင်ရော အဆင်ပြေရဲ့လား

အဆင်တော့မပြေပေမယ့် အရင်လိုမျိုး အားအင်အပြည့်နဲ့ လှတုန်းပါပဲ

နင် ငါ့အကြောင်းသိပါတယ်

ဖလော်ရာရယ်

ဒီလိုရှိတယ်ဟ

နင့်ကို အရေးကြီးကိစ္စတစ်ခု ပြောစရာရှိတယ်

တိုဘီ ဘာလို့ထွက်သွားလဲ ဘယ်ကိုထွက်သွားလဲဆိုတာ မသိဘူးပေါ့

ထူးဆန်းလိုက်တာ

ရုပ်ရည်ချောမောတဲ့ ယောက်ျားတိုင်းက အဲဒီလိုပဲလေ

ရုတ်တရက်ကြီး ထူးဆန်းပြီးတော့ ပဟေဠိဆန်တတ်တယ်

ငါ့ကို အထင်မလွဲနဲ့နော်

ငါက ချစ်ဖို့ကောင်းတာ ဒီတော့ အဲဒီလိုလူမျိုးမဟုတ်ဘူး

ရိန်နာရယ်

နင့်ကို ဘာဖြေရှင်းချက်မှပေးမသွားတဲ့ တိုဘီ့အကြောင်း ဘာလို့တွေးနေသေးတာလဲ

သူ့အကြောင်းတွေးပြီးတော့

နင့်နှလုံးသားနဲ့ခံစားချက်တွေကို ၀န်ပိအောင်လုပ်နေတာ

နင်က အမေရိကမှာ ချစ်သူရှိတယ်လေ

ယုတ္တိရှိရဲ့လား

ဒါကမတူဘူးလေ

တိုဘီက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း ငါက သူ အရင်းနှီးဆုံးသူငယ်ချင်းလေ

ဒီတော့ ငါ့ကို ဘာမှမပြောဘဲထွက်သွားတာကို အံ့ဩ၀မ်းနည်းမိတာပေါ့

နင့်ကို ဘာမှမပြောဘဲ ထွက်သွားတာက

နင်နဲ့ပတ်သက်လိမ့်မယ်လို့ လုံးဝမတွေးမိဘူးလား

နင် ချစ်သူအသစ်ရသွားလို့

သူ အသည်းကွဲသွားတာလို့ လုံးဝမတွေးမိဘူးပေါ့

- သူ့မှာ ဂွင်နီရှိတယ်လေ - နင်ကလည်းလေ

နင်တော်တော်အတာပဲ ရိန်နာရယ်

နင် တိုဘီနဲ့သိလာတာ နှစ်ပေါင်းများစွာကြာပြီလေ

တိုဘီက နင့်ကိုဂရုစိုက်ပြီး ချစ်လာခဲ့တယ်ဆိုတာ နင်လည်းသိမှာပါ

အခုတော့ နင်က အမေရိကမှာ ချစ်သူအသစ်ရသွားပြီ

သူ စိတ်ပျက်ဒေါသထွက်ပြီး ကြေကွဲသွားမှာပဲ

သူကလည်း နင့်ညီမ ဂွင်နီနဲ့တွဲနေတယ်

အစားထိုးတွဲခဲ့တယ်လို့ နင် တစ်ခါမှမတွေးခဲ့ဘူးလား

သူ ဂွင်နီနဲ့သိတာ သိပ်မကြာသေးဘူးလေ

တကယ်မေ့ပစ်လိုက်တဲ့သူနဲ့

မေ့ပစ်ချင်ယောင်ဆောင်တဲ့သူကို နင် ကွဲကွဲပြားပြားသိရမယ်

အချစ်ဇာတ်လမ်းကတော့ ပြင်းထန်လာပြီ

တိုဘီ့ကြောင့် အသည်းကွဲရတဲ့ မိန်းကလေးတွေ ပိုများလာပြီပေါ့

အမြဲတမ်းပင်ပန်းနေလို့ ဘယ်တော့မှစကားမပြောတဲ့

ငါ့ရဲ့ဝန်ထမ်းကောင်မလေး အန်နီဆာလည်း

အသည်းကွဲပြီးပြီ

ဂွင်နီကလည်း မကြာခင်အသည်းကွဲတော့မှာ

စိတ်ကူးတွေထဲမှာပဲ ရှင်သန်နေတဲ့ ငါ့ရှေ့က အရမ်းလှတဲ့ကောင်မလေး ရိန်နာ

သူလည်း ထိခိုက်နာကျင်ကြေကွဲရမှာ သေချာသလောက်ပဲ

အကုန်လုံးပါပဲလား

တစ်ယောက်ကျန်သေးတယ်

ကနွဲ့ကလျနဲ့ ငါ့ရဲ့ဝန်ထမ်းကောင်လေးလည်း အသည်းကွဲနေတယ်

- ဂီလ်ဒါကို ပြောတာလား - ဟုတ်တယ်

တိုဘီက သူ့ကိုအဖက်မလုပ်လို့ဆိုပြီး ထွက်စာတင်သွားတယ်

- တကယ်လား - တကယ်

နင့်ရဲ့ပြိုင်ဘက်ထဲမှာ ယောက်ျားလေးပါလို့ အံ့ဩသွားလား

ရိန်း

လာ..ထိုင်ပါဦး

ဘာကိစ္စလဲ

ဒီနေ့ ရိန်နာ အိမ်ကိုရောက်လာတယ်

ရန်ဂါ အဆက်အသွယ်မလုပ်တာ တစ်ပတ်လောက်ရှိပြီမို့လို့ စိတ်ပူနေတယ်တဲ့

ဒီလိုလား

ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ

ရိန်နာ့ကို ရန်ဂါ့ဘေးမှာ အမြဲရှိနေစေချင်တယ်

ပြီးတော့

ဘာတွေပဲဖြစ်ဖြစ်

ဒီမတ်စ်အတွက် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်မဟုတ်လား

ပြဿနာကလေ

အဲဒီကိစ္စက ရန်ဂါ့အပေါ်မှာ မူတည်သွားပြီ

အဲဒီလိုမထင်ဘူးလား

အဲဒါကြောင့် ငါလာခဲ့တာပေါ့

နင့်ဆီကနေ ခွင့်ပြုချက်တောင်းချင်လို့

ရိန်နာ့ကို အမေရိကကိုလွှတ်ချင်တယ်

အခန်းငှားမည် ယောက်ျားလေးသီးသန့်

တိုဘီရေ

တိုဘီ

ဦးလေး..တိုဘီရှိလားဟင်

ရိန်နာ..တိုဘီ ဒီမနက်ပဲထွက်သွားတယ်

သမီးကို ပြောမသွားဘူးလား

- ဒါဆို နောက်မှတွေ့မယ်နော် - ဟုတ်ကဲ့

အမေရိကကို သွားရမှာလား အန်တီ

ကျွန်မက ဘာလို့သွားရမှာလဲ

ရန်ဂါ တစ်ခါမှ ဒီလိုမလုပ်ဖူးဘူး

သူ့ကို ကူရှာပေးပါနော်

နင် အဲဒီမှာရှိနေရင် အန်တီလည်း စိတ်အေးရတာပေါ့

အနည်းဆုံးတော့ သူ့အခြေအနေသိရတယ်လေ

ငါကလည်း အလုပ်များနေလို့ နင်နဲ့အတူ လိုက်နိုင်မှာမဟုတ်ဘူး

ဂွင်နီနဲ့ အတူသွားလိုက်ပေါ့

သွားမယ်မဟုတ်လား

Kommentit

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left