Ang unang 200 linya.
ကျွန်တော့်နာမည်က ဘယ်ရီအယ်လင်ပါ ပြီးတော့ကျွန်တော်က ကမ္ဘာ့အမြန်ဆုံးလူသားပါ
ကျွန်တော်ကလေးဘဝက ကျွန်တော့်အမေကို ထူးဆန်းတဲ့အရာတစ်ခုကသတ်သွားခဲ့တယ်
ပြေးတော့ ဘယ်ရီ ပြေး
အမေ့ကိုသတ်တဲ့အမှုနဲ့ အဖေကစွပ်စွဲခံရပြီး ထောင်ကျခဲ့တယ်
နောက်ပိုင်းမှာ မတော်တဆမှုတစ်ခုက ကျွန်တော့်ကိုထူးခြားအောင်လုပ်ပေးခဲ့တယ်
ပုံမှန်ဘဝမှာတော့ ကျွန်တော်ကမှုခင်းဆေးသိပ္ပံပညာရှင်ပါပဲ
ကျွန်တော့်ရဲ့လျင်မြန်မှုကိုလူတွေမသိအောင် ရာဇဝတ်မှုတွေကိုတိုက်ခိုက်ဖို့နဲ့
ကျွန်တော့်လို လူတွေကိုလိုက်ရှာဖို့ အသုံးချနေပါတယ်
တစ်နေ့မှာတော့ ကျွန်တော့်အမေကို သတ်သွားတဲ့တရားခံကိုတွေ့အောင်ရှာပြီး
ကျွန်တော့်အဖေအတွက် အမှန်တရားကိုဖော်ထုတ်မယ်
ကျွန်တော်ကတော့ ဖလက်ရှ်ပါ
ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း
အိုင်းရစ်ဝက်စ်
အက်ဒီ
အဝါရောင်ဝတ်စုံနဲ့လူ အက်ဒီ့ကို ခေါ်သွားပြီ
ငါသူ့ကိုတွေ့အောင်ရှာပေးမယ် ကတိပေးတယ် ဟုတ်ပြီလား
ဘယ်ရီ
ရှင့်ရဲ့အကောင်းဆုံးသူငယ်ချင်းအကြောင်း တွေးလိုက်ပါ
အဲဒါကရှင့်အမျိုးသမီးဖြစ်ချင်ဖြစ်မယ် အဖေဖြစ်ချင်ဖြစ်မယ်
ရှင်နဲ့အတူတူကြီးပြင်းလာတဲ့လူ ဖြစ်ချင်ဖြစ်မယ်
တစ်နေ့တာကုန်ဆုံးတိုင်းသူနဲ့စကားပြောကို
ပြောရမှဖြစ်မယ့်လူမျိုးပေါ့
ရှင်နဲ့ပတ်သက်ရင်အကုန်လုံးကိုသိနေတဲ့လူ
ရှင့်ဘက်ကနေအမြဲပါမယ့်သူ
အခုရှင့်အခင်ဆုံးသူငယ်ချင်းမှာလျှို့ဝှက်ချက် တစ်ခုရှိတယ်လို့တွေးကြည့်လိုက်ပါ
လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘူး
မဆုံးနိုင်တဲ့လျှို့ဝှက်ချက်တွေပဲထား
ရှင်သူ့ကိုမေးမှာလား
တိတ်တိတ်လေးပဲနေမလား
ဘယ်တစ်ခုပဲဖြစ်ဖြစ် အရင်တုန်းက အခြေအနေနဲ့တော့မတူတော့မှာသေချာတယ်
သွန်းတစ်ယောက်ဘယ်မှာလဲ
သူခွင့်ယူထားတယ်
ဟုတ်တယ် အက်ဒီအခုတလော စိတ်ညစ်နေလို့ပါ ရဲအုပ်ကြီး
ငါတို့အားလုံးပဲမဟုတ်ဘူးလား
ရွှေဆိုင်ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး ဘာသိထားသေးလဲ
လွန်ခဲ့တဲ့အပတ်ကနှစ်မှုထပ်ပြီးတိုးလာပြီ
- ငါတို့မှာဘာမှမရသေးဘူး - ငါတို့လိုက်နေပါတယ်
ဓာတ်ခွဲခန်းကနောက်ဆုံးအဖြေလေးတွေ စောင့်နေလို့ပါ
ကောင်းပြီ မြန်မြန်လှုပ်ရှားကြ
ပြီးတော့ဖလက်ရှ်ကိုဆက်သွယ်နိုင်မယ့်လူ ရှိလားရှာကြည့်
သူဆိုနည်းနည်းများမြန်မြန်လုပ်နိုင်မလားလို့
မင်းတို့နားလည်ပါတယ်
လုပ်တော့
- ဘာရထားသေးလဲ - မရဘူး
ကျွန်တော်ရှာတာနှံ့နေပြီ
ဆက်ရှာဦး
ဟုတ်ကဲ့ပါ
ငါအခုပဲအပြင်ထွက်တော့မလို့
- ဘာဖြစ်လို့လဲ - တစ်ခုခုဖြစ်ထားတယ်
ငါ့မှာပြောခွင့်တော့မရှိဘူး
ဒါပေမဲ့ငါပါးစပ်တော့ပိတ်မထားနိုင်ဘူး
ဘာဖြစ်လို့လဲ
အဝါရောင်ဝတ်စုံနဲ့လူ
သူငါ့ရှေ့မှာပဲအက်ဒီ့ကိုခေါ်သွားတယ်
ဘုရားရေ
နင်အဆင်ပြေရဲ့လား
မပြေပါဘူး ဘယ်လိုလုပ်ပြေမှာလဲ
- မဟုတ်ဘူး ငါ.. - ဖလက်ရှ်လည်းအဲဒီမှာရှိတယ်
သူငါ့ကိုအိမ်ပြန်ခိုင်းတယ် ပြီးတော့ ဘယ်သူ့ကိုမှမပြောနဲ့တဲ့
သူရအောင်ရှာပေးမယ်တဲ့ ဒါပေမဲ့အခုထိရှာမတွေ့သေးဘူး
ငါ့အထင်ရဲတွေအက်ဒီ့ကိုရှာနေသင့်တယ်
မဟုတ်ဘူး အိုင်းရစ်
အဖေလည်းအဖြစ်မှန်ကိုသိသင့်တယ်
ငါ့အထင်ဖလက်ရှ်ပြောတာမှန်တယ်
ဂျိုး နဲ့ ရဲတွေက အဝါရောင်ဝတ်စုံနဲ့လူကို
ယှဉ်နိုင်မှာမဟုတ်ဘူးအိုင်းရစ်
သူတို့ကိုထိခိုက်သွားတာပဲအဖတ်တင်မယ်
ဒါဆိုနင်ကဖလက်ရှ်အခုနေအပြင်မှာ
အက်ဒီ့ကိုရှာနေမယ်ထင်လား
ငါကတော့သူတတ်စွမ်းသလောက် ကြိုးစားပြီးရှာနေမယ်လို့ထင်တယ်
ဟုတ်လား ငါကတော့အခုဖလက်ရှ်ကို
ယုံကြည်ဖို့တော်တော်လေးခက်နေတယ်
ဒါဆိုငါ့ကိုယုံ
ဟုတ်ပြီလား
ငါအားလုံးအတွက်စိတ်မကောင်းပါဘူး
အကုန်လုံးအဆင်ပြေသွားမှာပါ
ငါသွားမှဖြစ်မယ်
ဟုတ်ပြီ နောက်ဆုတ်
ထွက်တော့
ရှောင်ဟေ့
ဝဲလ်စ်ငါတို့ကိုစောင့်ကြည့်ဖို့သုံးတဲ့ ကင်မရာတွေကို
မင်းအကုန်သိမ်းထားမလို့လား
အဲဒါကနည်းနည်းတော့တစ်မျိုးကြီးပဲလို့ မထင်ဘူးလား
စက်မှုအင်ဂျင်နီယာပညာရပ်ရဲ့ပထမဆုံး စည်းကမ်းချက်က သူငယ်ချင်း
ပစ္စည်းကောင်းကိုဘယ်တော့မှလွှင့်မပစ်ရဘူး
စင်ထရယ်မြို့ရဲ့ရွှေတိုက်ကိုတိုက်ခိုက်နေတယ်
ရွှေလား.. ကပ္ပတိန်ဆင်းငါတို့ကိုခိုင်းထားတဲ့ အမှုပဲ
ငါပြန်လာခဲ့မယ်
ခင်ဗျားနေ့အရွေးမှားသွားပြီ ကိုယ့်လူ
အဲဒါဘာဖြစ်သွားတာပါလိမ့်
နင့်မျက်လုံးလှုပ်ရှားမှုကသာမန်ပဲ
အာရုံကြောထိခိုက်မှုမရှိဘူး
မင်းအထင်သူခိုးကသန္ဓေပြောင်းလူသား ဖြစ်ပြီး
မင်းကိုပြုစားတာတို့ဘာတို့
လုပ်သွားတယ်ထင်လား
ငါလည်းမသိဘူး
သက်တံဖောက်ထွင်းသမားငါ့ခေါင်းထဲ ဝင်လာတုန်းက
ငါခံစားမိတာကဒေါသတွေချည်းပဲ
ဒါပေမဲ့ဒီတစ်ခုကမတူဘူး
အခုကလုံးဝအကြောက်တရားတွေချည်းပဲ
မင်းလဲကျသွားတဲ့အချိန်မှာသူလည်း ဖရိုဖရဲဖြစ်သွားတယ်
ဒါဆိုငါတို့နှစ်ယောက်လုံးပြုစားခံရတာပေါ့
ဒါဆိုနင်အဲဒါဘယ်လိုခံစားချက်လဲသိပြီပေါ့
မင်္ဂလာပါ ဘယ်ရီ
ဒါမှမဟုတ် ဖလက်ရှ်လို့ခေါ်ရမလား
ဒါကငါဘယ်ရီအယ်လင်မဖြစ်ချင်ရတဲ့
အချိန်တွေထဲကတစ်ခုပဲ
သူဘာများပြောမလဲမသိဘူး
ငါတို့ချောင်းတော့နားမထောင်သင့်ဘူး
ငါတို့နဲ့မဆိုင်ဘူးလေ
ဒါပေမဲ့ ဖလက်ရှ်ကတော့ငါတို့နဲ့ဆိုင်တယ်
ပြီးတော့အိုင်းရစ်ကဘယ်ရီ့ကိုဖလက်ရှ်မှန်း သိသွားပြီ
ဒီတော့တစ်နည်းအားဖြင့်ဘယ်ရီနဲ့ အိုင်းရစ်ကိစ္စကငါတို့နဲ့ဆိုင်သွားပြီ
နေပါဦး နင်ဘယ်လိုလုပ်သိသွားတာလဲ
ငါဟိုနေ့ညကဖလက်ရှ်ကိုထိလိုက်တုန်းက
ဓာတ်လိုက်သွားသလိုခံစားလိုက်ရတယ်
ငါအဲဒီလိုမျိုးကြုံဖူးခဲ့တာက
နင်မတော်တဆမှုဖြစ်ပြီးသတိမေ့နေတုန်းကပဲ
ငါမယုံနိုင်ဘူး ဘာဖြစ်လို့စောစောမသိခဲ့တာပါလိမ့်
နင်ဘယ်လောက်ဒေါသထွက်နေမလဲဆိုတာ ငါမတွေးရဲလောက်အောင်ပဲ
ငါဒေါသမထွက်ပါဘူး ဘယ်ရီ
ငါစိတ်ပျက်တာပဲရှိတာပါ
ဟုတ်ပါပြီ
အက်ဒီကောသိလား
သူသိတယ်
အဲဒါကြောင့်များပြန်ပေးဆွဲခံရတာလား
ဝဲလ်စ်ဘာဖြစ်လို့အက်ဒီ့ကိုခေါ်သွားလဲဆိုတာ ငါလည်းမသိဘူး
ဒေါက်တာဝဲလ်စ်ကအဝါရောင်အင်္ကျီနဲ့ လူလား
သူလုပ်နေသမျှတွေ ငါ့ကိုကူညီနေတာတွေ
အကုန်လုံးကအလိမ်အညာတွေချည်းပဲ
ဝဲလ်စ်ကငါ့အမေကိုသတ်ခဲ့တာ
- သူအက်ဒီ့ကိုကောသတ်မှာလား - မသတ်ပါဘူး
ငါအက်ဒီ့ကိုရအောင်ပြန်ကယ်လာမယ် ကတိပေးတယ်
ဖလက်ရှ်လည်းအဲဒီလိုပဲပြောတာပဲ
အိုင်းရစ် နင်ငါ့ကိုယုံမှဖြစ်မယ်
ငါနင့်ကိုပြောပြချင်တာမှခဏခဏပဲ
ငါဘယ်သူဆိုတာနင့်ကိုပထမဆုံး ပြောပြချင်ခဲ့တာ
ဒါပေမဲ့အားလုံးတဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်
ပြီးတော့ဂျိုးပြောတာမှန်တယ်ထင်ပြီး ငါလည်း
နေပါဦး
နင်ပြောချင်တာကငါ့အဖေကဒီကိစ္စကို သိရဲ့သားနဲ့
ငါ့ကိုမပြောပြဖို့နင့်ကိုတားထားတယ်ပေါ့
သူကနင့်ကိုကာကွယ်ချင်လို့ပါ
ငါတို့နှစ်ယောက်လုံးပဲ
အခုတော့နင်တို့နှစ်ယောက်ရပ်တန်းက ရပ်သင့်ပြီ
ဟုတ်ကဲ့
ကျွန်တော်တို့ကိုနောက်ထပ်ကွန်ပျူတာတွေ
သင်္ဘောနဲ့တင်ပေးလိုက်ပါဦး
အခုဟာကငါတို့နဲ့မဆိုင်ဘူးထင်တယ်နော်
မဆိုင်ဘူး
ခင်ဗျားနေ့လယ်စာတော့မပါဘူးထင်တယ်
လူသားတွေကအစားမစားဘဲနှစ်လလောက်
အသက်ရှင်နိုင်တယ်ဆိုတာ
ခင်ဗျားသိလား
ခင်ဗျားကကျုပ်ကိုဒီမှာအဲဒီလောက် ပိတ်ထားဖို့စိတ်ကူးနေတာလား
ခင်ဗျားသိလား
အဲဒီလိုလည်းဖြစ်ချင်ဖြစ်သွားမှာ
ကျုပ်တို့ဒီအောက်မှာဘာလုပ်နေတာလဲဆိုတာ မပြောပြတော့ဘူးလား
မပြောဘူး
ကျုပ်တို့အမျိုးတော်တယ်လို့ပြောတယ်နော် ခင်ဗျားကအနာဂတ်ကလို့လည်းပြောတယ်
သက်သေပြလေ
ကျုပ်ဘယ်သူ့ကိုမှဘာအတွက်နဲ့မှ သက်သေပြစရာမလိုဘူး
ကျုပ်ကတော့ခင်ဗျားကိုအပိုတွေ လျှောက်ပြောနေတယ်ပဲထင်တယ်
ပြီးတော့ခင်ဗျားဘာပဲလုပ်ဖို့ကြိုးစားကြိုးစား
လွတ်လမ်းရှိမယ်လို့တော့မထင်နဲ့ ဖလက်ရှ်ကခင်ဗျားကို..
ပါးစပ်ပိတ်ထား
သမီးဘယ်ရီနဲ့စကားပြောပြီးပြီဆို
အဖေ့ကိုမသိချင်ယောင် ဆောင်နေတော့မယ်ပေါ့
နားထောင်သမီး
အဖေကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းတာက..
မဟုတ်ဘူး .. အဖေမှားပါတယ်
အဖေကသမီးကိုလုံခြုံစေချင်လို့ပါ
အဖေသိလား အဲဒီအကြောင်းပြချက်က နည်းနည်းတော့ရိုးနေပြီ
ရဲသင်တန်းတက်မယ်ဆိုတုန်းကရော
အက်ဒီနဲ့တွဲတုန်းကရော အခုလည်းကြည့်
သမီး အဝါရောင်ဝတ်စုံနဲ့လူကဘယ်လောက် စွမ်းတယ်ဆိုတာလည်းသိနေတာပဲ
သူ ရဲတွေကိုလည်းသတ်တယ် မေဆင်ဘရစ်ဂ်ျကိုလည်းသတ်တယ်
မေဆင်ကိုဝဲလ်စ်သတ်လိုက်တာလား
အဖေကအဲဒါကိုဖုံးထားတယ်ပေါ့
မဟုတ်ပါဘူး
ဝဲလ်စ်အကြောင်းကမ္ဘာကတွေသိသွားရင်
ဘယ်ရီ့အကြောင်းလည်းသိသွားလိမ့်မယ်
အဖေကဘယ်ရီ့ကိုလည်းလုံခြုံစေချင်လို့ပါ
သမီးကိုဝိုင်းထဲကပယ်ထားတာက
လုံခြုံစေတယ်လို့ဘာဖြစ်လို့ထင်နေတာလဲ
ဘာတွေဖြစ်နေလဲဆိုတာသာသမီးသိရင်
ကြိုတင်ပြင်ဆင်ထားလို့ရတယ်လေ
အဖေနဲ့ဘယ်ရီ လူဆိုးတွေဖမ်းတဲ့အခါ ဝင်ရှုပ်နေမယ့်အစား
ကူတောင်ကူညီပေးနိုင်သေးတယ်
မယုံမရှိနဲ့ အဖေလည်းကိုယ့်ကိုယ်ကို အဲဒီမေးခွန်းအမြဲမေးတယ်
သမီးရဲ့ဘလော့မှာဖလက်ရှ်အကြောင်း
တစ်ခါတင်လိုက်တိုင်း
အဖေ ဒီကိစ္စကဘယ်ရီတစ်ယောက် ဖလက်ရှ်ဖြစ်နေလို့ဆိုတာတင်မဟုတ်ဘူး
သူသမီးအပေါ်ဘယ်လိုခံစားရတယ်ဆိုတာ အဖေသိတာကြာလှပြီ
ဒါပေမဲ့သမီးကိုအဲဒါလည်းမပြောပြဘူး
အဲဒါကအဖေဝင်ပြောရမယ့်ကိစ္စမဟုတ်ဘူး အိုင်းရစ်
အဖေသိလား အဖေနဲ့ဘယ်ရီသာသမီးကို ပွင့်လင်းရိုးသားမှုရှိခဲ့ရင်
အက်ဒီလည်းသမီးအနားမှာရှိရင်ရှိနေဦးမှာ
အက်ဒီနဲ့သမီးသာမတွဲခဲ့ရင်
သူလည်းအခုလိုအခြေအနေကိုရောက်နေမှာ မဟုတ်ဘူး
No comments yet. Be the first to leave one.