Mahabharat

Mahabharat

I-download ang Burmese Subtitle

Season 1

Impormasyon ng release

Mahabharat - Episode 3 (Myanmar Unicode Subtitle) (srt,ass)
Komentaryo ni YeZarni

Mga Tag

other
Na-publish noong: 2018-02-13
Mga Download: 56
May Kapansanan sa Pandinig: No

Preview ng subtitle na Burmese

Ang unang 100 linya.

အစောင့်တွေအားလုံး နိုးနိုးကြားကြားရှိကြပါတယ် ဘီသမ

မင်းရဲ့ ညွှန်ကြားမှုအောက်မှာ ဘယ်သူမှ မငိုက်မျည်းရဲပါဘူး

မင်္ဂလာပါ မယ်တော်

မင်းတို့သွားကြတော့

မင်းကို နစ်နာအောင် ပြောချင်လို့မဟုတ်ပါဘူး

မယ်တော်

မယ်တော့်စကားတွေကို ဘယ်လိုမှ သဘောမထားပါဘူး

သိပါတယ်

ဒါပေမဲ့ တစ်ခုတော့ တောင်းဆိုချင်တယ်

ဝိစိတြဝီရကို အဲဒီလောက် မတင်းကြပ်ပါနဲ့

အဲဒါက သူ့အမှားမဟုတ်ပါဘူး

ဖခင် ဆုံးရှုံးထားတဲ့ ကလေးတစ်ယောက်အတွက်

တင်းကြပ်တဲ့ စကားပဲဖြစ်ဖြစ် ချိုသာတဲ့စကားဖြစ်ဖြစ်

ရန်လိုနေသလိုပဲ ခံစားနေရမှာပဲ

ဒါကတော့ ကျွန်တော့်တာဝန်ဖြစ်နေလို့ပါ မယ်တော်

ဆရာကောင်းတစ်ယောက်ရဲ့ တင်းကြပ်တဲ့စည်းကမ်းတွေဟာ

အရေးကြုံလာရင် ဝိစိတြဝီရအတွက် ရှင်သန်ရာလမ်းဖြစ်လာမှာ

လူတစ်ယောက်ဟာ ပြင်ပအားနည်းချက်တွေရှိနေရင်

သူ့ကိုယ်သူ နာကျင်မှုတွေကနေကာကွယ်ဖို့

သူ့နှလုံးသားက ကျောက်သားလိုဖြစ်လာလိမ့်မယ်

သူများတွေကိုပဲ နာကျင်မှုတွေပေးလိမ့်မယ်

မဖြစ်ဘူး၊ မယ်တော်

ကျောက်သားလိုနှလုံးသားနဲ့ ဟတ္တနာပုရကို အုပ်စိုးလို့မရဘူး

ဒါဆို သူ့ကို အိမ်ထောင်ချပေးလိုက်တော့ ဘီသမ

ဘဝရဲ့ တာဝန်တွေကသာ အကောင်းဆုံးဆရာဖြစ်လာလိမ့်မယ်

ကာသိမင်းက သူ့ရဲ့ သမီးတော် ၃ ယောက်လုံးအတွက်

ကြင်ယာရွေးပွဲလုပ်ဖို့စီစဉ်နေတယ်

တခြားနိုင်ငံတွေမှာလဲ

အရွယ်ရောက်ပြီးသား သမီးတော် မရှိကြသေးဘူး

ဝိစိတြဝီရ သာ

ကာသိမင်းရဲ့ သမီးတော်တွေကို လက်မထပ်နိုင်ခဲ့ရင်

ငါတို့ ဘယ်လောက် စောင့်ရမလဲ မသိနိုင်ဘူး

ဘာလုပ်သင့်သလဲ မယ်တော်

ဟတ္တိနာပုရ ကိုယ်စား သွားပြီး

သမီးတော် ၃ ယောက်လုံးကို ခေါ်ခဲ့

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မယ်တော်

မိန်းကလေးက ယောက်ျားလေးကိုပဲ လက်ထပ်မှာပေါ့ နိုင်ငံတစ်ခုကို လက်ထပ်တာမျိုးမှ မရှိတာ

အဲဒီလိုပဲ တွေးပါ။ ဘီသမ

သူတို့ ၃ ယောက်သာ ဟတ္တိနာပုရရဲ့

မိဖုရားတွေဖြစ်လာရင်

ငါ အရမ်းဂုဏ်ယူမှာပဲ

ခွင့်လွှတ်ပါ မယ်တော်။ ဒါက ...

ကျွန်တော် သဘောမတူဘူး

ဟတ္တိနာပုရ ရဲ့ မယ်တော်တစ်ယောက်အနေနဲ့ မင်းကို အမိန့်ပေးလို့ရတယ် ဘီသမ

မင်းသာ ငါ့အမိန့်မနာခံရင်

ဒီ တိုင်းပြည်ကနေထွက်သွားပြီး

တစ်ခြား တိုင်းပြည်ကိုသာ အလုပ်အကျွေးပြုတော့

မင်း ကျိန်ဆိုထားတဲ့ ကတိကြောင့် ဒီတိုင်းပြည်ကနေ ထွက်သွားလို့မရဘူး

သမုဒ္ဒကုသိ နိုင်ငံ

သာလွှမင်း ကြွရောက်လာပါပြီ

ကောသလမင်း ကြွရောက်ပါတယ်

တြိဂရ်္တ ဘုရင် ပြသန္နစိတ္တ

ကြွရောက်လာပါပြီ

အမွှေးနံသာ သုံးပါ မင်းသမီး

ကမ်ပလျ မြို့တော်ကပါ

မင်းသမီး အမ္ဗာ

အစ်မတော်က ဒါတွေ ကြိုက်မှာမဟုတ်ဘူး

ရှင်တို့မှာ ပင်လယ်ရဲ့ ရနံ့ပါတဲ့ အမွှေးနံသာပါလား

ဘာလို့လဲ။ ဘာလို့ အဲဒီ မွှေးရနံလိုတာလဲ

ဘာလိုလဲ ဆိုတော့ သမုဒ္ဒကုသိနိုင်ငံက သာလွှ ဘုရင်သာလျှင်

အစ်မတော်ရဲ့ သတို့သားဖြစ်မှာမို့ပဲ

အစ်မတော် အမ္ဗာက သတို့သားရွေးထားပြီးပြီ

နင်မသိဘူးလား

ကျွန်မ အရမ်းစိတ်လှုပ်ရှားနေတယ်

မှန်ကန်တဲ့ သတို့သားကို ဘယ်လိုရွေးချယ်ရမလဲ

နည်းနည်းလေးတောင် စဉ်းစားလို့မရဘူး

ဒီနေ့ သတို့သားရွေးပွဲမှာ

ဘယ်သူ့ကို ရွေးသင့်သလဲ

အမ္ဗာလိကာ

တစ်ယောက်ယောက်ကို မြင်လို့ ရင်တွေအရမ်းခုန်လာရင်

မင်းရဲ့ မျက်လုံးက သူ့မျက်နှာက မခွာချင်ဖြစ်လာရင်

သူ့ကို ရွေးချယ်လိုက်ပေါ့

ညီမ နားလည်မယ်ထင်တယ်

အဲဒီလိုလူမျိုး ရှာမတွေ့ခဲ့ဘူးဆိုရင်ရော

ငါတို့ တစ်ဘဝလုံး နာကျင် စိတ်ပျက်စရာတွေနဲ့ပဲ ပြည့်နေတော့မှာပေါ့

အစ်မတော် အမ္ဗာ

ဒါပေမဲ့ အစ်မတော်ယုံကြည်ပါတယ်

ညီမတော်တို့လဲ သတို့သားကို ရှာတွေ့မှာပါ

ကမ္ဘာပေါ်မှာ ရှိသမျှ အပျော်တွေကို ပေးမယ့် သတို့သား ရှာတွေ့ကြမှာပါ

ငါ့တို့ ရဲ့ ပျော်ရွှင်မှုကို ဘယ်သူမှ မနှောက်ယှက်နိုင်ဘူး အမ္ဗာလိကာ

ဘုရင်၊ မင်းသား၊ ဧကရာဇ်တွေ အားလုံးကို

ကာသိနိုင်ငံတော်က ကြိုဆိုပါတယ်

ကျွန်ုပ် သမီးတော် ၃ ယောက်ရဲ့ ကြင်ယာရွေးပွဲအနေနဲ့

သင်တို့တွေ... -ဟတ္တိနာပုရရဲ့ စစ်သူရဲကောင်း

ဂင်္ဂါနတ်သမီးရဲ့ သားတော် ဘီသမ

ကြွရောက်လာပါတယ်

မင်္ဂလာပါ ကာသိဘုရင်

ဟတ္တိနာပုရ ရဲ့ ကိုယ်စား ကျွန်ုပ် လာရောက်ခြင်းဖြစ်ပါတယ်

ဝိစိတြဝီရ မင်းသားကိုယ်စား

သင့်သမီးတော်တွေကို သတို့သမီးအဖြစ် လာရောက်ခေါ်ယူတာဖြစ်ပါတယ်

ဒါပေမဲ့ သူရဲကောင်းဘီသမ

ကျွန်ုပ် သမီးတော်တွေအတွက် ကြင်ယာရွေးပွဲ လုပ်နေတာပါ

ကျွန်ုပ် လက်ခံပါတယ်။ ကာသိမင်း

ကြင်ယာရွေးပွဲတွေမှာ ရဲစွမ်းသတ္တိပြပြီး

သတို့သမီးကို ခေါ်ယူရတဲ့ အစဉ်အလာလဲ ရှိတယ်မဟုတ်လား

သစ်ရွက်တွေဟာ နေမင်းရှိရာအရပ်ကိုပဲ မျက်နှာမူရသလိုပဲ

ရဲစွမ်းရှိတဲ့ ဘုရင်သာလျှင် သတို့သမီးကို ဆောင်ယူရတာပါ

ရဲစွမ်းသတ္တိရှိတဲ့ မင်းသားကိုပဲ ထိမ်းမြားရမှာပဲ

ဟတ္တိနာပုရ နိုင်ငံတော်ကို ယှဉ်နိုင်တဲ့ တိုင်းပြည်

လောကမှာမရှိပါဘူး

Mahabharat subtitles in other languages

More Burmese subtitles for Mahabharat

Mga Komento

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left