Dial 100

Dial 100

Télécharger le sous-titre en Burmese

Informations sur la version

Dial 100 2021ndi WEB UNI
Un commentaire de aungmyintoo

Tags

web
Publié le: 2021-08-18
Téléchargements: 34
Malentendants: No

Aperçu des sous-titres Burmese

Les 200 premières lignes.

အခြားတစ်ဖက်မှာ ယခုအချိန်က ဂီလော့ အမှုကို ကြားဖြတ်သတင်း တင်ပြရန် အချိန်ဖြစ်ပါတယ်

စောစောကပြောခဲ့သလိုဘဲ...

မိုးကြောင့်ယာဉ်ကြောကျပ်နေပါတယ်

ဒါက မီးသတ်ဌာနမဟုတ်ပါဘူး

ဖုန်းမှားနေပါတယ်

Subtitles By Aung Myint Oo

ရတ်(ရှ်)ဂီလော့ အမှုနဲ့ပတ်သက်ပြီး သတင်း အချက်အလက်အသစ် တစ်ခုရရှိပါတယ်

မနေ့က သူ့ကိုရဲတွေက ဖမ်းဆီးရမိပြီး

ဒီနေ့ သူရုတ်တရက် လွတ်လာခဲ့တာက

ရတ်(ရှ်)ဂီလော့ဟာ အမှုအတွက် ခိုင်လုံတဲ့ သက်သေမရှိလို့ ရဲဘက်ကပြောပါတယ်

ဒါပေမဲ့ ရဲတွေဆီက ဒီထုတ်ပြန်ချက်ကို

ပြည်သူတွေကတော့ လက်မခံပါဘူး

အခု ဖန်သားပြင်မှာမြင်နေရတာက ရတ်(ရှ်)ဂီလော့ ကွန်ပျူတာထဲက

ရှာတွေ့ခဲ့တဲ့ သီးသန့်ဇာတ်လမ်းဖြစ်ပါတယ်

ရဲဘက်က ရတ်(ရှ်)ဂီလော့ကို ကင်းလွတ်ခွင့်ပေးလိုက်ပေမဲ့

ကျမတို့ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကတော့

ပုစ္ဆာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်

ရဲရော တရားရုံးရော တရားသူကြီးရောပဲဟ

ရောက်လာပြီလား

ကြည့်ပြီးပြီလား

မီဒီယာကတော့ လုပ်နေတော့တာပဲ

ငါတို့ကသာ ဒီမှာ လက်မထောင်နေကြတာ

ဘယ်လိုလုပ် ဒီရောက်နေတာလဲ

ပြန်သွားပြီလို့ ထင်နေတာ

ဟုတ်တယ်

မြို့က ရေမြုပ်နေပြီ

မင်းက ဒီနားမှာနေတော့ ကံကောင်းတယ်

ဘာကို ကံကောင်းတာလဲ

ငါ့အိမ်ကနီးနေတော့ တခြားငပျင်းတွေလို ဆင်ခြေဆင်လက်ပေးလို့မရတော့ဘူးပေါ့

ဟယ်လို

ဖုန်းက ဘာလို့မကိုင်တာလဲ နစ်ခေး

ကားမောင်းနေလို့ အသံပိတ်ထားတာ

တစ်နေ့နေ့ ကျမသာ မတော်တဆဖြစ်ခဲ့လို့ ရှင့်ဆီ ဖုန်းဆက်လည်း အလကားပဲနေမှာ

ကျမသေပြီးမှပဲ ရှင်ရောက်လာမယ်

ရှင့်မိန်းမနဲ့ ကလေးတွေမှာလည်း အရေးပေါ် ကိစ္စရှိနိုင်တယ်နော် နစ်ခေး

တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး

ဘာဖြစ်လို့လဲ

နစ်ခေး .. ဒရု(ဗ်)ကိုပြောဦး

သူ ဘာလုပ်လို့လဲ

စကားပြောလို့ မပြီးသေးဘူး ထထွက်သွားတာ

ဘယ်သွားတာလဲ

အခြားဘယ်ရှိမှာလဲ

သူ့ သူငယ်ချင်းတွေဆီပေါ့

ကျမဆီက ပိုက်ဆံတောင်းတယ်

မပေးတော့ အော်ဟစ်ပြီး သောင်းကျန်းသွားတယ်

ရှင် အလိုလိုက်ထားတာလေ

စာလုပ်ဖို့ပြောတိုင်း အိမ်ကိုမုန်းတယ်တဲ့

ပြန်ပြောတယ်လေ

ဖိအားတွေမပေးပါနဲ့တဲ့

ဘာဖြစ်နေလဲ နားမလည်တော့ဘူး

ပရီနာ အရမ်း ဒေါသထွက်မနေပါနဲ့

မဟုတ်ဘူး နစ်ခေး

ဒါက ပုံမှန်တော့ မဟုတ်ဘူး

ကျမက သူ့အမေလေ

သူ့ကိုတားရင် ဘယ်မှာမသွားသင့်ဘူး

ရှင်သူ့ကို စကားပြောသင့်နေပြီ

အရင်ကလိုမျိုး သူနောက်တစ်ခါ ..

ဘာလို့ အတိတ်ကို ပြန်ပြောနေတာလဲ

ကျမ စိုးရိမ်တယ် နစ်ခေး

သူ ထပ်လုပ်မှာကို ..

အဲဒါတော့ မဖြစ်ပါဘူး

သူ မင်းကို ကတိပေးထားတာပဲ

ပြီးတော့ ငါလည်းသူ့ကို လန့်ထားတယ်လေ

အဲဒါနဲ့ပဲ သူကကြောက်တယ် ထင်လား

မင်း ငါ့ကိုဘာလုပ်စေချင်တာလဲ

အလုပ်ကထွက်ပြီး အိမ်မှာပဲနေရမှာလား

သူ့ကို လိုက်ချောင်းပေးရမှာလား

ဘာမှမလုပ်နဲ့တော့ နစ်ခေး ဘာမှမလုပ်နဲ့

ကျမလည်း ဘာမှမလုပ်ဘူး

ဒီအတိုင်းသာ ကြည့်နေတော့

ဟုတ်လား

မိန်းမလား

လူတိုင်းက အတူတူပါပဲ

ဒီနေ့အထိ ဘယ်သူကမှ သူတို့ကိုမနိုင်ဘူး

ဖြည်းဖြည်းပြောပါ ကျမ နားမလည်လို့

အရင်ဆုံး အသက် ပြင်းပြင်းရှူ

မဒမ်

ကျမ လုပ်ပေးမှာပါ

ဆရာဆု ဆရာဆု လွှဲပေးလိုက်မယ်

အမျိုးသမီး တစ်ယောက် ငိုနေလို့

စကားပြောပေးလိုက်လေ

ပြောပေးပါတယ် ငိုနေတာမရပ်ဘူး

ကျမနဲ့စကားမပြောချင်ဘူးတဲ့

အေး လွှဲပေးလိုက်

မဒမ် ဖုန်းလွှဲပေးလိုက်မယ်နော်

သေကြောင်း ကြံနေပုံရတယ်

အခြေအနေ မကောင်းဘူး

ဟယ်လို

အရေးပေါ်ရဲဌာနကပါ

ဘာများကူညီပေးရမလဲ

ဟယ်လို မဒမ်

မဒမ် ဘာဖြစ်လို့ပါလဲ

ကျမ သေချင်တယ်

နာမည်နဲ့ ကားနံပါတ်လေး ပြောပြပေးပါ

မဒမ်

နာမည်နဲ့ ကားနံပါတ်ကို ပြောပြပေးပါ

ကျေးဇူးပြုပြီး

မဟုတ်ရင် ကူညီနိုင်မှာ မဟုတ်ပါဘူး

ဘယ်သူမှ မကူညီနိုင်ပါဘူး

ကျနော် နားလည်ပါတယ် ဒါပေမဲ့

အလိမ်အညာတွေ

ခင်ဗျာ

လိမ်နေတာ .. ဟိုရဲအမျိုးသမီးလိုပဲ

သင်တန်းမှာတုန်းက သင်ပေးထားတာမလား

ခင်ဗျားပြဿနာကို နားလည်ပါတယ်ဆိုပြီး

ဘယ်သူမှနားမလည်ဘူး

စက်ရုပ်လိုပဲပြောနေကြတာ အားလုံးအလိမ်တွေ

မဒမ် ကားရဲ့ အရောင်နဲ့ အမှတ် တံဆိပ်ကို ပြောပြလို့ရမလား

အခုဖုန်းဆက်တာ အသံသွင်းထားလား

အရေးပေါ် ဖုန်းခေါ်ဆိုမှုအားလုံး မှတ်တမ်း တင်ထားပါတယ်

အသံသွင်းတာတွေ ခြေရာခံတာတွေက အချိန်ဖြုန်းတာ သက်သက်ပဲ

ကယ်ပေးဖို့ ဆက်လိုက်တာ မဟုတ်ဘူး

ကျမက သေချင်တာ

အရက်သောက်ထားတာလား မဒမ်

ဒါကို လနဲ့ချီပြီး စီစဉ်ခဲ့တာ

အရင်က နှစ်ခါကြိုးစားဖူးတယ်

နောက်ဆုံးအချိန်ကျမှ ကြောက်ပြီး မလုပ်ဖြစ်ခဲ့တာ

ဒီနေ့တော့ တွေးမိတယ်

ဝီစကီက ကူညီပေးမယ်ဆိုပြီး

တစ်ချို့ကပြောတယ်

အရက်က သတ္တိရှိစေပြီး ..

နာကျင်မှုကို လျှော့ကျစေတယ်တဲ့

ခင်ဗျားရဲ့ ကားနံပါတ်ကို ပြောပြပေးပါ

ရှင့်နာမည် ဘယ်လိုခေါ်လဲ

ဆောရီး ရှင့်ကိုဘယ်လိုခေါ်ရမလဲ

ဒါက မပြောပြဖို့ တားမြစ်ထားပါတယ်

စည်းကမ်းပါ

စည်းကမ်းက အသက်ရှင်တဲ့လူတွေအတွက်ပါ

ကျမက သေတော့မှာ

ရှင်က ကျမနဲ့ နောက်ဆုံးစကားပြောတဲ့လူပဲ

ဒီတော့

ကျနော်

စိတ်မကောင်းပါဘူး

နာမည်က ပြောပြလို့မရပါဘူး

ဒါဆို ရှင်နဲ့စကားမပြောချင်ဘူး

ဒါက ပြောပြလို့မရလို့ပါ

ကောင်းပြီ

ဟယ်လို ကြားလား

နစ်ခေးပါ

စီနီယာ ပီအိုင် နစ်ခေးဆု

စီနီယာ ပီအိုင် နစ်ခေးဆု

တခမ်းတနားဖြစ်လွန်းတဲ့နာမည်ပဲ

နစ်ခေးလို့ပဲ ခေါ်လို့ရမလား

အင်း ရပါတယ်

ကိုယ်မသိတဲ့အသံကို ခေါ်လို့ရအောင်

နာမည်တစ်ခုပြောခိုင်းတာပါ

နစ်ခေး

ဟုတ်ကဲ့

နစ်ခေး

ရှင်က ရဲအရာရှိကောင်းလား

ဟုတ်ကဲ့ ပြောလို့ရပါတယ်

ရှင် ဘယ်တုန်းကမှ လာဘ်မယူဖူးဘူးလား

ဟင့်အင်း

အဖြေက သံသယဖြစ်စရာဘဲ

ဟင့်အင်း

ဘယ်တုန်းကမှ လာဘ် မယူဖူးပါဘူး

နေမကောင်း ဖြစ်နေတာလား ဆောရီး

မြို့ထဲမှာက အကျင့်ပျက် အရာရှိတွေ အများကြီးဆိုတော့ မေးကြည့်တာပါ

ကျမမှာ သီအိုရီ တစ်ခုရှိတယ်

သာမန်လူတွေကို ကာကွယ်ပေးရမယ့်လူက

သူတို့က စပြီး ကျူးလွန်လာပြီဆိုရင်

သူ့အပြစ်ဒဏ်က သာမန်ရာဇဝတ်သားထက်

ပိုပြီးတော့ အပြစ်ပေးသင့်တယ်

မှန်ရဲ့လား

ဟုတ်ကဲ့

ဒါပေမဲ့ အခြေအနေပေါ် မူတည်ပါတယ်

- အိမ်ထောင်ရှိလား - ရှိပါတယ်

အင်း

ကလေးရော

သားတစ်ယောက်

အသက်

၁၈နှစ်

ရှင့်သားက လိမ္မာလား

ဟုတ်ကဲ့

ရှင်ဘယ်လိုသိတာလဲ

ဘာပြောလိုက်တာလဲ

ရှင့်သားက လိမ္မာမှန်း ရှင်ဘယ်လိုသိလဲလို့ပါ

ဒီနေ့ခေတ်မှာ ဘယ်သူမှ အာမခံချက်မပေးနိုင်ဘူးလေ

အင်တာနက်ပေါ်မှာ ဘာတွေကြည့်လဲ

ဘာတွေလုပ်နေမလဲ မသိနိုင်ဘူးလေ

ရှင့်နောက်ကွယ်မှာ သူဘယ်သူတွေနဲ့တွေ့ နေလဲ ဘယ်တွေသွားနေလဲ ဘယ်သူသိမှာလဲ

မဟုတ်ဘူး

ကျနော့်သား အကြောင်းကို သိပါတယ်

သားတစ်ယောက် ဆုံးရှုံးရတဲ့ နာကျင်မှုကိုရော

ရှင်သိလား နစ်ခေး

ကျမသိတယ်

ကျမသားကို ဆုံးရှုံးသွားပြီ

သားက အရမ်းလိမ္မာတယ်

သန်မာတယ်

ကြင်နာတတ်တယ်

စာလည်းအတော်ဆုံးပဲ

များသောအားဖြင့် ယောကျ်ားလေးတွက မိဘတွေကို ဒုက္ခပေးတတ်ကြတယ်

ကျမရဲ့ အမ်မာကတော့ အဲ့လိုမဟုတ်ဘူး

သူ့ရှေ့မှာ သူ့ဘဝတစ်ခုလုံးကတောက်ပနေတာ

အခုတော့ ဘာမှမရှိတော့ဘူး

သူထွက်သွားပြီး မရှိတော့ဘူး

စိတ်မကောင်းပါဘူး အရမ်းကိုပါ

အချိန်ကြာလာတာနဲ့အမျှ နာကျင်မှုက သက်သာသွားမယ်လို့ထင်ခဲ့ပေမယ့်

မဟုတ်ဘူး တိုးပဲလာတယ်

ကျမရဲ့ အစိတ်အပိုင်းတစ်ခုကို ဖြတ်ထုတ်လိုက်တဲ့အတိုင်းပဲ

Commentaires

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left