पहली 89 पंक्तियाँ।
ကျွန်ုပ်ရဲ့ စွမ်းဆောင်မှုတွေက ကျွန်ုပ်အတွက် မဟုတ်ပါဘူး။ အမ္ဗာမင်းသမီး
ဟတ္တိနာပုရ နဲ့ ကုရု နိုင်ငံတော်ကို
အလုပ်အကျွေးပြုဖို့ပါ
ကျွန်ုပ်ရဲ့ အောင်မြင်မှုတွေ အကျိုးကျေးဇူးတွေအားလုံးဟာ
ဟတ္တိနာပုရ အတွက်ပါပဲ
တံငါသည် ဖမ်းတဲ့ငါးကို တစ်ပါးသူကပဲ စားသောက်ရသလိုလား
တံငါသည်ရဲ့ သမီးက မယ်တော်ဖြစ်နေလို့
ဒီလိုအစဉ်အလာဖြစ်လာတာလား
အမ္ဗာမင်းသမီး
သင့်ရဲ့ ရိုင်းစိုင်းမှုအတွက် အပြစ်ပေးရမယ်
အမတ်ကြီး
မပြောပါနဲ့
မင်းသမီးကို ပြောခွင့်ပေးလိုက်ပါ
သူ့ရဲ့ စွတ်စွဲချက်တွေက အခြေအမြစ်မရှိပေမယ့်
သူခံစားနေရတာတွေက အစစ်အမှန်ပါ
ကျွန်မရဲ့ စွတ်စွဲချက်က
အခြေအမြစ်မရှိဘူးလို့ ဘယ်လိုလုပ်ပြောနိုင်တာလဲ
ပြစ်မှုကျူးလွန်သူကို တရားမျှတစွာ စီရင်ပေးပါ
ဘီသမက မယ်တော့်စကားကို
လိုက်နာခဲ့တာပဲ မင်းသမီး
မင်းတို့ကို ဝိစိတြဝီရရဲ့ ဇနီးအဖြစ်
ဟတ္တိနာပုရရဲ့ မိဖုရားတွေအဖြစ် ဆောင်ကျဉ်းဖို့
ကာသိတိုင်းကို ငါစေလွှတ်ခဲ့တာ
မင်းကိုယ်တိုင်လဲ မိဖုရားဖြစ်ခွင့်ရှိပါတယ် -မဖြစ်ဘူး
အခုတော့ လက်ထပ်တာတွေ၊ ခင်ပွန်းဆိုတာတွေ ကလေးဆိုတာတွေ ကျွန်မအတွက် အဓိပ္ပာယ်မရှိတော့ဘူး
ကျွန်မ တရားမျှတမှုကိုပဲ လိုချင်တယ်
ကျွန်မ တစ်စုံတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင်လဲ အဲဒီလူက ဘီသမပဲ ဖြစ်ရမယ်
ခွင့်လွှတ်ပါ၊ မင်းသမီး
အဲဒါကတော့ မဖြစ်နိုင်ပါဘူး
ကျွန်ုပ်က ဗြဟ္မစရိယာ ကျင့်ဖို့ ကျိန်ဆိုထားတာပါ
ကျွန်မ အခုရောက်နေတာကလဲ ရှင့်ရဲ့ကတိသစ္စာကို ပျက်စေဖို့ပဲ၊ ဘီသမ
ကတိသစ္စာပျက်တဲ့သူဟာ ငရဲမှာ ဒုက္ခခံစားရမယ်
ကျွန်မက သင့်ကို အဲဒီလိုပဲဖြစ်စေချင်တာ
ကျွန်မ နာကျင်ခံစားရသမျှ အားလုံးဟာ သင့်ကြောင့်ပဲ
ဂင်္ဂါရဲ့သားတော်၊ ဘီသမ
သင့်ကြောင့် ကျွန်မ နာကျင်ခံစားနေရတာ
သင် ဒီထက်ပိုပြီး နာကျင်ခံစားစေရမယ်
မင်းက တရားမျှတမှုကို တောင်းဆိုတာမဟုတ်ဘူး အပြစ်ဒဏ်ကို တောင်းဆိုနေတာမဟုတ်လား
ဟုတ်တယ်၊ အပြစ်ဒဏ်ပဲ မယ်တော်
ကလဲစားခြေခြင်းကိုပဲ
တရားမျှတမှုအတွက် တောင်းဆိုတယ်
ဒီနေရာမှာ တရားမျှတမှုကို ရှာလို့ရမှာမဟုတ်ဘူး
ဘီသမ
သင့်ရဲ့ အရည်အချင်းနဲ့ သင့်နိုင်ငံတော်ရဲ့ အင်အားကြောင့်
အသင် လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့
ရှိသမျှ အာရိယန်ဘုရင်တွေဆီကို ကျွန်မသွားမယ်
ကြီးမားတဲ့ စစ်တပ်နဲ့ ရှင့်ကို ရင်ဆိုင်မယ်
မင်းသမီးကို သွားခွင့်ပေးလိုက်ပါ
အာရိယန် ဘုရင်တွေ ဆီရောက်ရင်
ဘယ်သူမှ သူ့ကို ကူပြီး ဘီသမကို ရင်မဆိုင်နိုင်မှန်း
သူ သိသွားပါလိမ့်မယ်
ရပ်လိုက်ပါ။ အမ္ဗာမင်းသမီး
ကျွန်ုပ်ကို ရင်ဆိုင်နိုင်တဲ့သူ မရှိဘူးဆိုတာ အမှန်ပါပဲ
သင့်ရဲ့ တောင်းဆိုချက်ကိုလဲ ဘယ်သူမှ နားထောင်မှာ မဟုတ်ဘူး
ဒီလိုဆိုရင်တော့ မတရားဘူး
စွတ်စွဲချက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
စွတ်စွဲခံရသူက မင်းဖြစ်စေ သာမန်လူဖြစ်စေ
စွတ်စွဲသူရဲ့ စကားကို
သေချာ နားထောင်သင့်တယ်
စွတ်စွဲသူ စိတ်ကျေနပ်အောင် အဖြေပေးသင့်တယ်
ဒါမှသာ ကမ္ဘာပေါ်မှာ တရားမျှတမှု ရှင်သန်လိမ့်မယ်
ကျွန်ုပ်ရဲ့ ဆရာ ပရသုရာမ ကို သင် သွားရှာပါ
တကယ်လို့များ
ကျွန်ုပ်မှာ အပြစ်ရှိရင်
အပြစ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူက
ကျွန်ုပ် ဆရာ၊ ပရသုရာမ ပဲ
အရှင် ပရသုရာမ
အရှင် ဘယ်မှာလဲ
အရှင့်ကို ရှာဖွေနေတာ ရက်ပေါင်းများစွာရှိခဲ့ပါပြီ
ကျွန်တော်မျိုးမရှေ့ကို ကြွရောက်လာပါတော့
အရှင့်ကို မတွေ့မချင်း
ကျွန်တော်မျိုးမ
အရှုံးမပေးဘူး
အရှင် ပရသုရာမ
အရှင် ပရသုရာမ
"ကြီးမြတ်သော သီဝအရှင်ကို ဦးညွှတ်ပါ၏"
အရှင် ပရသုရာမ
အရှင် ပရသုရာမ
ကျွန်တော်မျိုးမ တောင်းဆိုချက်ကို နားထောင်ပါ အရှင်
မင်္ဂလာပါ၊ အရှင်
မင်းဘယ်သူလဲ မိန်းကလေး
ဒီနေရာကို ဘာအလိုရှိလို့ ရောက်လာတာလဲ
တရားမျှတမှုကို ရှာဖွေနေတာပါ အရှင်
လူတိုင်းက ပြောတယ် ခတ္တိယတွေကို အရှင်က သုတ်သင်ခဲ့တယ်တဲ့
ကာလတာရှည် ဒီကမ္ဘာမြေမှာ
ကိုယ်ကျင့်တရားမရှိသူ၊ မတရားတဲ့သူတွေကို
ငါ သုတ်သင်ခဲ့တယ်
ဒါပေမဲ့ အဆုံးမှာ ငါ နားလည်လိုက်တယ်
ရေတကောင်းကို မှောက်ထားလိုက်တာနဲ့
No comments yet. Be the first to leave one.