Az első 200 sor.
နတ်ဆိုးတွေကို ဖန်တီးတာ ငါတို့တွေပဲလို့
ထင်ရှားကျော်ကြားတဲ့သူတစ်ဦးက ပြောခဲ့ဖူးတယ်
အဲဒါ ဘယ်သူပြောခဲ့တာလဲ အဲဒီအဓိပ္ပာယ်ကကော ဘာလဲ
ဒါကတော့ အရေးမကြီးပါဘူး သူ ပြောခဲ့လို့ ကျွန်တော် ပြောတာပါ
သူကနာမည်ကြီးတစ်ယောက်ဆိုတော့
အခု အဲဒါက နာမည်ကြီးပုဂ္ဂိုလ် ၂ ယောက် ပြောတဲ့စကားဖြစ်သွားပြီပေါ့
ကျွန်တော်..
ကျွန်တော် အစကပြန်လုပ်မယ်
အစကနေ ခြေရာကောက်ကြည့်ပါစို့လား
၁၉၉၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့
နှစ်သစ်ကူးအကြို
ပွဲကျင်းပဖို့ နာရီဝက်လိုသေးတယ်
တိုနီစတာ့ခ်မှတ်လား
- မိန့်ခွန်းပြောတာ သိပ်ကောင်းတာပဲ - တွေ့ပြီ မိတ်ဆွေ
ကျုပ်မိန့်ခွန်းလား ဘယ်လိုနေလဲ
- စိတ်အားတက်စရာပဲ - မရှင်းလင်းဘူး
တကယ်လား ဒါ ကိုယ့်အကြိုက်ပဲ အောင်ပွဲရသွားတဲ့ ဂီတပညာရှင်အဖွဲ့လေ
- ဘယ်ကိုသွားနေတာလဲ - မြို့ထဲက ကိုယ့်အိမ်ကိုယ် ပြန်ကြမယ်လေ
မင်းအခန်းကိုလည်း ပြန်သွားချင်သွားမှာပေါ့
မင်းသုတေသနလုပ်ထားတာကိုလည်း ကြည့်ချင်လို့ပါ
ရပါတယ် ကျွန်မ သုတေသနလုပ်ထားတာကို လိုက်ကြည့်လို့ ရပါတယ်
ဒါပေမဲ့ ရှင့်ကို ကျွန်မမြို့ မပြနိုင်ပါဘူးနော်
မစ္စတာစတာ့ခ်
ဟိုရင်ဆန်ပါ
နောက်ဆုံးတော့ ဟိုလို့ ခေါ်တဲ့ လူတစ်ယောက်နဲ့ ဆုံရပြီ
ကျွန်တော်တို့ရဲ့ ဧည့်သည် ဒေါက်တာဝူနဲ့ မိတ်ဆက်ပေးချင်တယ်
- ဒီလူလား - မစ္စတာစတာ့ခ်ပါ
ခင်ဗျားက နှလုံးရောဂါကုဆရာဝန်ပဲ နောက်ပိုင်း သူ
နှလုံးအထူးကုနဲ့ပြဖို့လိုအပ်လိမ့်မယ် သိတယ်မဟုတ်လား..ကျွန်တော်နဲ့..
နောက်တစ်ခါမှပဲ ပြောကြမလား
၁၉၉၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့မှာ စခဲ့တာ
- ဟိုးတုန်းကပေါ့ - မစ္စတာစတာ့ခ်
ကျွန်တော့်ကို တုံ့ပြန်ဖို့
သူတို့ ပြန်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ပါဘူး
သူတို့ ဘာလို့ ဒီလိုလုပ်ကြတာလဲ
ဟေး တိုနီ
အောလ်ဒရစ်ရှ်ကီလီယန်ပါ ခင်ဗျားရဲ့အလုပ်ကို တကယ် အားပေးတဲ့သူပါ
- ကျွန်မရဲ့အလုပ် ဟုတ်လား - သူ မဟုတ်ပါဘူး ငါ့ကို ပြောတာပါ
ဟုတ်ပါတယ် ဒါပေမဲ့ မစ္စဟန်ဆန်..
မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကတည်းက
ကျွန်တော့်အဖွဲ့အစည်းက ခင်ဗျားရဲ့ သုတေသနကို လေ့လာနေခဲ့တာပါ
ဟုတ်ကဲ့ လူပြည့်သွားပါပြီ
သူ ဝင်လာနိုင်ခဲ့တာပဲ တားထားတာကို ဝင်လာနိုင်တယ်
ဘယ်အထပ်ကို သွားမလို့လဲ မိတ်ဆွေ
အင်း.. မေးသင့်ပါတယ်
တကယ်တော့ မြေညီထပ်ဗျ
အဆိုပြုချက်တစ်ခုအတွက် လိုက်လာတာပါ
ဒါကခေတ်ရှေ့ပြေး စွမ်းအင်သိပ္ပံပညာလို့ခေါ်တဲ့
ပုဂ္ဂလိက ရန်ပုံငွေထောက်ပံ့ရေး အတိုင်ပင်ခံအဖွဲ့ပါ
သူ ၂ ကတ်စလုံး ယူလိမ့်မယ် တစ်ကတ်က လွင့်ပစ်ဖို့
နောက်တစ်ကတ်က ဖုန်းဆက်သွယ်ဖို့ မဟုတ်ပါဘူး
ရှေ့ပြေးစိတ်ကူးစွမ်းအင်သိပ္ပံပညာ အတိုကောက် အေအိုင်အမ်ပါ
သဘောပေါက်ပါတယ်နော်
သိပါတယ် မင်းတီရှပ်အင်္ကျီပေါ်မှာ ရေးထားသားပဲ
အမျိုးသမီးတို့ ကိုဆံရှည်နောက် လိုက်ခဲ့ကြပါ အမျိုးသမီးတွေ အရင်ထွက်ကြပါ
ကျေးဇူးတင်ပါတယ် ဖုန်းဆက်လိုက်မယ်နော်
မင်းနဲ့အတူတူ အလုပ်လုပ်ရမယ်ဆိုလို့ တက်ကြွမိတယ်
- ဟုတ်လား - ဒီငတုံးတွေကို ထားခဲ့လိုက်ဦးမယ်
၅ မိနစ်ကြာရင် အမိုးပေါ်မှာ မင်းကို လာတွေ့မယ်
ငါတို့ မြန်မြန် အကျိုးတူပူးပေါင်းကြတာပေါ့ကွာ
ငါ ပြောတာကို သိတယ်မဟုတ်လား
အပေါ်မှာ တွေ့မယ်နော်
ကျိန်းသေ လာခဲ့မယ်
လုပ်စမ်းပါ ဒါကို သဘောတရားလောက်ပဲ ထင်ထားတာ
ဒါ သဘောတရားပဲလေ
ကျွန်မ ပြောတာမှန်ရင် ပြင်ဆင်ထိန်းချုပ်မှုကို စိုးမိုးတဲ့
- ဦးနှောက်အစိတ်အပိုင်းကို ဝင်ကြည့်နိုင်မှာပဲ - တယ်ဟုတ်ပါလား
ပြီးတော့ ဓာတုနည်းနဲ့ ပြန်ဖော်နိုင်မယ်
မယုံနိုင်စရာပဲ ပြောရရင်တော့
သက်ရှိဇီဝရုပ်ရဲ့ မျိုးရိုးဗီဇလည်ပတ်မှုစနစ်ထဲကို
- မင်းက ဖောက်ထွင်းဝင်ကြည့်နေတာပေါ့ - သေချာတာပေါ့
အဲဒီဟာကို..ရှင်..
- ဘာလဲ - ကျွန်မအပင်ကို မထိပါနဲ့ရှင် ။
ဒီလိုထိတာကို ကြိုက်မှာ မဟုတ်ဘူး ဒီအပင်က
တခြားအပင်တွေနဲ့ မတူဘူး ကဲ..လာ..အိပ်ခန်းထဲ သွားကြစို့
- ဟက်ပီး.. - ချစ်စရာပါလား
သူ့သဖန်းပင်ကို သွားမထိနဲ့နော်
ဘာလို့လဲဆိုတော့..မဟုတ်ဘူး တကယ်ပြောတာ သွားမကိုင်နဲ့နော်
- အခု မင်းက အပင်တွေနဲ့ စစမ်းသပ်နေပြီပေါ့ - အခုလောလောဆယ်တော့ ဟုတ်ပါတယ်
ကျွန်မကတော့ အိပ်စထရင်းမ်မစ်လို့ ခေါ်တယ်
- အင်း အဲဒါ.. - လူသားသုံးပရိုဂရမ်ပေါ့
အတိအကျပဲ အတိအကျပဲ
- ဆဲလ်တွေ ပြန်လည်ရှင်သန်ခြင်းပေါ့ - လုံးလုံးလျားလျား ပြုပြင်ပြောင်းလဲမှုပဲ
- ရောဂါကာကွယ်ရေး.. - ကမ္ဘာကြီးကို ပြောင်းလဲပေးမှာ
ခြေလက်တွေတောင် အသစ်တစ်ဖန် ပြန်ထွက်လာမှာ
ငါ တွေ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ မင်းက ပါရမီရှင်ပဲ
အလိုလေး
- ဆွစ်ဇာလန်မှာလေ - အဲဒီလိုလုပ်ပါ
- ရှင် မြင်နေရလား - ဒီတစ်ပတ်
မင်း ဝယ်ခဲ့တာပဲ မဟုတ်ဘူးလား
ကျွန်မပြောတဲ့ ချွတ်ယွင်းချက်ဆိုတာ အဲဒါပဲလေ
ဗီဇဆောင်မျှင် အဖြေရှာတဲ့စနစ်ကို စစ်ဆေးပြီးပြီလား
- ဘာကို - လှဲချလိုက်
လှဲနေ လှဲနေ ဆရာ
- ဘာမှမဖြစ်ဘူး - လှဲနေ
မင်း ငါ့ပေါ်ဖိထားတယ် ငါ ဘာမှမဖြစ်ပါဘူး
ဘာလဲကွာ
- အဲဒါ ဘာလဲ - ဒါက သုတေသနလုပ်ငန်းရဲ့ချွတ်ယွင်းချက်ပဲ
အဲဒီအကြောင်း သူ ပြောပြနေတာ ချွတ်ယွင်းချက်တွေ ဖြစ်တတ်ပါတယ်
၂ဝဝဝ ခုနှစ် မဟုတ်ဘူး
ဟေး.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ
- နှစ်သစ်မှာ ပျော်ရွှင်ပါစေ - နှစ်သစ်မှာ ပျော်ရွှင်ပါစေ
ဟုတ်ပြီ မနက်ကျရင် တွေ့တာပေါ့ ကောင်းသောညပါ
- မင်း အဆင်ပြေတယ် မဟုတ်လား - ဟုတ်ကဲ့ပါ
- ငါ ချက်ချင်း ထွက်လာမှာပါ - ကောင်းပါပြီ
ဒါဖြင့် ခင်ဗျားကို ဘာလို့ ပြောပြနေရတာလဲ ဆိုတော့..
နတ်ဆိုးတွေကို ကျွန်တော် ဖန်တီးခဲ့မိလို့ပါပဲ
ဒါကို ကျွန်တော်တောင် မသိခဲ့ဘူး
ဟုတ်တယ် အဲဒီတုန်းက စိတ်ချမ်းမြေ့ဖွယ်အချိန်လေးပါပဲ
နောက်တော့ ကျွန်တော် ပြောင်းရွှေ့နေထိုင်ခဲ့တယ်
အာဖဂန်ဂူတစ်ဂူမှာ ဧည့်ခံပွဲ အကျဉ်းချုံးလုပ်ပြီးနောက်
နှုတ်ဆက်ကြောင်း ပြောခဲ့လိုက်တယ်
ဆွစ်ဇာလန်မှာတုန်းက အဲဒီညကို မေ့ပျောက်သွားခဲ့ပြီ
- ခုတော့ ကျွန်တော် ပြောင်းလဲသွားပြီ - ၄၆
အခုတော့ ကျွန်တော်က အရင်နဲ့ မတူတော့ဘူး
ကျွန်တော်.. တကယ်တော့..
- ၄၇ - ကျွန်တော် ဘယ်သူမှန်း ခင်ဗျား သိပါတယ်
ဆရာ အမှတ်အသားတွေ ချိန်ညှိဖို့ အချိန်နည်းနည်း ပေးလို့..
နံပါတ် ၄၈
သေနတ်အသေးစား ထည့်တာ ပြည့်စုံပြီ
ဆရာ့သဘောအတိုင်းပါ ဆရာ
ဆရာ လုံးဝ အာရုံမစိုက်ရအောင်လို့
လုံခြုံရေး ညွန်ကြားချက်လည်း ပြင်ဆင်ထားပါတယ်
ငါ ပြင်ဆင်မှာပါ
ဟုတ်ပြီ ဒီလိုလုပ်ကြတာပေါ့
ဒမ်းအီး
ဟေး ဒမ်းအီး
အဲဒီဦးထုပ်က မင်းခေါင်းပေါ် ဘယ်လိုလုပ်ရောက်နေတာလဲ
မင်းနဲ့ တန်လို့လား
ဟေး.. ဟေး
အဲဒီကနေ ဘာစွေကြည့်နေတာလဲ မင်း လုပ်ခဲ့တာ မင်း သိမှာပေါ့
ဖျာပေါ်မှာ သွေးတွေ သုတ်လိုက်ဦး
ဆရာ မအိပ်ဘဲနေတာ ၇၂ နာရီနီးပါး ရှိနေပြီလို့ သတိပေးမလို့ပါ
အာရုံစိုက်နားထောင်ကြပါ အမျိုးသမီးတို့
မင်္ဂလာညနေခင်းပါ မွေးဖွားခန်းမကနေ ကြိုဆိုပါတယ်
ခင်ဗျားတို့ရဲ့မောင်ငယ်လေး ရောက်လာတော့မယ်ဆိုတာ
ကြေညာပေးခွင့်ရလို့ ကျေနပ်မိပါတယ်
စကျပ်လိုက် ပြီးမှ ကျယ်လိုက်
ရက်နဲ့ အချိန်ကို မှတ်ထား
အဆင့် ၄၂ တွန်းကန်အားကို ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ ဝတ်စုံ စမ်းသပ်တာ
အစဉ်လိုက် သုံးဖို့ ပြင်ထား
ဂျာဗစ်.. ဓာတ်စက်အပ်ကို ချလိုက်တော့
အလုပ်မဖြစ်ပါလား
ဟုတ်ပြီ ဒီလောက်ဆို လုပ်လို့ရပြီ ထင်တယ် အားလုံး လွှတ်လိုက်
နည်းနည်း မြန်နေတယ် ဖြည်းဖြည်းပေါ့
ဖြည်းဖြည်းလေး ..
မဆိုစလောက်လေး
မိုက်တယ် မဟုတ်လား ဂျာဗစ်
လာလေ မင်းကို ငါ မကြောက်ပါဘူး
ငါက အတော်ဆုံးပဲ
ထုံးစံအတိုင်း ဆရာ့အလုပ်ကို ကြည့်ရတာ တကယ် ပျော်စရာကောင်းလိုက်တာ
တစ်မှေးနဲ့တစ်မှေးအိပ်ရတဲ့ကြားမှာ ၇၂ နာရီဆိုတာ တော်တော်ကြာတာပေါ့
ဒီလောက်ဆိုးမယ်လို့ မထင်ထားဘူး
နောက်တော့ ကျွန်တော် တီဗွီသွားဖွင့်လိုက်တယ်
အဲဒီအချိန်မှာ သူဒီလိုဖြစ်ခဲ့တယ်
တချို့လူတွေက ကျုပ်ကို အကြမ်းဖက်သမားလို့ ခေါ်ကြတယ်
ကျုပ်ကိုကျုပ်တော့ ဆရာတစ်ယောက်လို့ပဲ မြင်တယ်
အမေရိက
နောက်သင်ခန်းစာအတွက် အဆင်သင့်ဖြစ်ပြီလား
၁၈၆၄ ခုနှစ် ကော်လိုရာဒို သဲချောင်းမှာ အမေရိကန်စစ်တပ်ကြီးက
ဖော်ရွေရဲရင့်တဲ့ မူလအမေရိကန်တိုင်းရင်းသားတွေ
အမဲလိုက်ထွက်သွားတဲ့အထိ စောင့်နေခဲ့တယ်
မိသားစုတွေကို နောက်ချန်ထားပြီး တိုက်ခိုက်သတ်ဖြတ်ဖို့ စောင့်နေခဲ့ကြတယ်
ပြီးတော့ သူတို့နယ်မြေဆိုပြီး အခိုင်အမာဆိုခဲ့ကြတယ်
လွန်ခဲ့တဲ့ ၃၉ နာရီက..
ကူဝိတ်က အလီအာလ်ဆလမ်လေတပ်စခန်း တိုက်ခိုက်ခံခဲ့ရတယ်
ကျုပ်.. ကျုပ်.. ကျုပ် လုပ်ခဲ့တာပဲ
တစ်မူထူးခြားတဲ့ စစ်ဝတ်ပြုကျောင်းက
မိန်းမတွေ ကလေးတွေနဲ့ ပြည့်နေတယ်
တပ်သားတွေကတော့ စစ်ရေးလေ့ကျင့်ဖို့ အပြင်ထွက်သွားကြတယ်
ရဲရင့်သူတွေ အဝေးရောက်နေခဲ့တယ်
သမ္မတ အဲလစ်
ပညာပေးဖို့ ကျုပ်ရဲ့ကြိုးပမ်းချက်တွေကို
ခင်ဗျားက ဆက်တိုက် ငြင်းဆန်တွန်းလှန်နေတယ် သမ္မတကြီး
အခုတော့ ခင်ဗျား ကျုပ်ကို ထပ်ပြီး သတိရနေမှာပဲ
ကျုပ် ဘယ်သူဆိုတာ ခင်ဗျား သိပါတယ်
ကျုပ် ဘယ်မှာလဲဆိုတာတော့ ခင်ဗျား မသိပါဘူး
ကျုပ် ရောက်လာမှာကို ခင်ဗျား ဘယ်တော့မှ ကြိုသိမှာ မဟုတ်ဘူး
အခု ကျွန်တော်တို့ ပြန်ရောက်လာပါပြီ
ကြောက်စရာကောင်းတဲ့ တီထွင်မှုတချို့ကို ပြန်ကြည့်ကြပါစို့
အမေရိကန်ရေဒီယိုအသံလွှင့်ရုံတွေ အပိုင်စီးခံထားရ..
တိုင်းပြည်အသင့်အနေအထားရှိဖို့ သတိပေးနှိုးဆော်ထားပါတယ်
မန်ဒရင်းကို ရှာတွေ့ဖို့ ကြိုးပမ်းမှုမှန်သမျှ အထမမြောက်ကြောင်း သက်သေပြလိုက်ပါပြီ
ဒီအကြမ်းဖက်လုပ်ရပ်အပေါ် ကျွန်ုပ်တို့ အစိုးရရဲ့အဓိကတုံ့ပြန်ချက်ကတော့
အသစ်စက်စက် စွမ်းအင်ရင်းမြစ်အသစ်ပါပဲ
သူ့ကို ဗိုလ်မှူးကြီးဂျိမ်းစ်ရို့ဒ်အနေနဲ့ သိထားပါတယ်
မကြာခင်မှာ အမေရိကန်ပြည်သူတွေ သူ့ကို
သံမဏိစစ်သည်အနေနဲ့ တွေ့ရတော့မှာပါ
သမ္မတအဲလစ် ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ သိချင်မိပါတယ်
သူတို့ပြောသလို စစ်ပွဲသုံးစက်ရုပ်ကို ခေါ်ပြီးတော့
ဆေးသုတ်တဲ့အလုပ်မျိုး လုပ်ခိုင်းမှာလား
တစ်ပုံစံတည်းပဲ ဒါပေမဲ့ အနီ အဖြူ အပြာနဲ့ ခြယ်မှုန်းထားတယ်
ကြည့်ပါဦး ပြီးတော့ သူ့ကို သံမဏိစစ်သည်လို့လည်း
နာမည်ပြောင်းပေးထားကြတယ်
အရောင်ကြောင့် သိမ်မွေ့လွန်းတဲ့ ပုံစံပေါက်နေမှာစိုးလို့ပါ
အဖွဲ့လိုက် သေချာ စမ်းသပ်ခဲ့တယ် ဟုတ်ပြီလား
ငါက သံမဏိစစ်သည်ပဲ ဆိုးလိုက်တဲ့နာမည်
စစ်ပွဲသုံးစက်ရုပ်ဆိုတဲ့ အသုံးအနှုန်းက နည်းနည်း အရိုင်းအစိုင်းဆန်တယ်
ဟုတ်လား ဒီစကားမျိုးကမှ နားထောင်ကောင်းသေးတယ်
ဒါဖြင့် ဘာတွေဖြစ်နေတာလဲ
No comments yet. Be the first to leave one.