200 baris pertama.
ခင်ဗျားတို့ ဘယ်လိုထင်မလဲဆိုတာ ကျွန်တော်သိပါတယ်
လူမည်း လူငယ်တစ်ယောက်
နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တဲ့
စစ်သားဟောင်း တစ်ယောက်ရဲ့ အိမ်ကို ဖောက်ထွင်းဝင်ရောက်တယ်
ပိုက်ဆံတွေနဲ့အတူ
ဆုတံဆိပ်တွေပါ ခိုးသွားတယ်
ခင်ဗျားတို့ ဒါကိုရွံရှာကြလိမ့်မယ် ကျွန်တော်လည်း တူတူပဲ
အဆင်ပြေပါတယ် ခဏနေတွေ့မယ်နော် ချစ်
လီယမ်ဂျွန်စတုန်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့မှာ အထင်အမြင်တွေရှိနေမှာပါ
ဒါပေမဲ့ အဲဒီ ထင်မြင်ချက်တွေကြောင့်
သက်သေ အထောက်အထားတွေကို မျက်ကွယ်ပြုလို့ မရပါဘူး
ဗိုလ်မှူးကာ့တ်ရိုက်က စစ်သားဟောင်း တစ်ယောက်ပါ
ဒါပေမဲ့လည်း အဲဒါကြောင့် ခင်ဗျားတို့ဘက်လိုက်ပြီး ဆုံးဖြတ်လို့မရပါဘူး
ဘာလို့လဲဆိုတော့ ဒီကိစ္စမှာ
လီယမ်ဂျွန်စတုန်းကလည်း ဗိုလ်မှူးကာ့တ်ရိုက်လိုပဲ
မတရားခံရသူ ဖြစ်နေနိုင်ပါတယ်
ခင်ဗျားတို့ သူတရားခံဆိုတာ သေချာလား
သူလုပ်ခဲ့တယ်ဆိုတာ သေချာရဲ့လား
ဒီလိုပြောရတာ စိတ်မကောင်းပေမယ့် ရဲတွေအမှား လုပ်ဖူးတာ
ဒါ ပထမဆုံးတစ်ခေါက် မဟုတ်ပါဘူး
အဲဒါကို သတိပြုပေးကြပါ
ဝီလ်လား
- ပြန်ရောက်လာပြီလား - ဟုတ်တယ်
အကြာကြီး ဘယ်သွားနေတာလဲ
လမ်းလျှောက်ထွက်တာ
လမ်းလျှောက်တာကလည်း အကြာကြီးပဲ
ဝက်အူချောင်းတွေကော
- လက်ဖက်ရည်ယူဦးမလား - အင်း
- ဝက်အူချောင်းတွေ ဘယ်သူစားလိုက်တာလဲ - ခွေးပေါ့
စိတ်မရှိပါနဲ့
ဒီနေ့ ဘာလုပ်ဖို့ရှိလဲ
သမီး ချိန်းထားတာရှိတယ်
- ချိန်းထားတာ ဟုတ်လား - ဟုတ်တယ် အဖေ
- ကောင်လေးနာမည် ဘယ်လိုခေါ်လဲ - ကောင်လေးလို့ ဘယ်သူပြောလဲ
ကောင်လေးမဟုတ်ရင် သူ့နာမည်ကို သမီး ထုတ်ပြောပြီးနေလောက်ပြီ
သူ့နာမည် ဂျိုးတဲ့
အဲဒီနာမည်က အရမ်းရိုးရှင်းလွန်းနေတယ်
ဟုတ်ပါပြီ..ကျွန်မ သွားရတော့မယ်
ခြေလေးချောင်းတော်လှန်ရေးစာအုပ်ကို တွေ့မိကြလား
- အဲဒီစာအုပ်ကို သင်မလို့လား အမေ - ပေါင်မုန့်မီးကင်စက်နောက်မှာ
သမီး အေလယ်ဗယ်လ်တုန်းက ဖတ်ဖူးတယ်
- ဘာမှလည်း မစားရသေးဘူး - မဆာလို့ပါ
စိတ်မပူပါနဲ့ အလုပ်ကိစ္စကြောင့်ပါ
အလုပ်ကိစ္စဆိုရင် ပိုပြီးတောင် စိတ်ပူရဦးမယ်
- သွားပြီ - တာ့တာ
မစ္စတာဝက်တ်စ်..၁၅ ရက်နေ့ည အဲလ်ကော့တ်လမ်းမှာ
ခင်ဗျား ဘာလို့ရှိနေတာလဲ
ကျွန်တော် အိမ်ပြန်နေတာပါ
- ခင်ဗျားက လုံခြုံရေးဝန်ထမ်း ဟုတ်ပါတယ်နော် - ဟုတ်ပါတယ်
အဲဒီနေ့က နေသိပ်မကောင်းလို့ စောစောပြန်လာတာ
ခင်ဗျား ဒီအလုပ်မလုပ်ခင်က ဘယ်မှာ လုပ်သေးလဲ
ကျွန်တော် ရဲဌာနမှာ လုပ်ပါတယ်
ရဲဌာနမှာ လုပ်တုန်းက
- လီယမ်ဂျွန်စတုန်းကို သိခဲ့ဖူးလား - မသိခဲ့ဖူးပါဘူး
အဲဒါတောင် ခင်ဗျားက သူဆိုတာ ပြောနိုင်တယ်နော်
သူဘယ်သူလဲတော့ ကျွန်တော် မသိဘူးလေ
လူတစ်ယောက်ကို တွေ့လိုက်တာပဲ
အတွေ့အကြုံအရ
သူမကောင်းမှုလုပ်ထားတယ်ဆိုတာ သိလိုက်တယ်
ရဲတွေကို အရမ်းတိကျတဲ့ ပုံပန်းသဏ္ဍာန်တစ်ခုကို ခင်ဗျားပြောခဲ့တယ်နော်
ဟုတ်ပါတယ်..သူ့ကို မီးရောင်အောက်မှာ မြင်လိုက်တာပါ
ဘီးခ်ျမိုးလမ်းနဲ့ အဲလ်ကော့တ်လမ်းထောင့်က
လမ်းမီးကို ပြောတာလား
ဟုတ်ပါတယ်
ဒါကို တစ်ဆိတ်လောက် ဖတ်ကြည့်လိုက်ပါ
သက်သေခံပစ္စည်းအမှတ် အိုင်စီ ၁၇
ဘီးခ်ျမိုးလမ်းအတွက် အစ်ပ်စဝှစ်ခ်ျကောင်စီက ထုတ်ပြန်ထားတဲ့
လမ်းပြုပြင်ရေး အစီရင်ခံစာပါ
သုံးခုမြောက် စာပိုဒ်ကို တစ်ချက်လောက် ကြည့်ပေးပါ
အဲဒီ အစီအရင်ခံစာအရဆိုရင်
ခင်ဗျားပြောတဲ့ လမ်းမီးက ဒီအမှုမဖြစ်ခင် နှစ်ရက်ကတည်းက
ဖျက်ဆီးခြင်း ခံထားရပါတယ်တဲ့
မဟုတ်ပါဘူး အဲဒီမီးက အကောင်းကြီးပါ
ပြီးတော့ ခင်ဗျားက အဲဒီလူနဲ့ အနည်းဆုံး ၁၅ မီတာလောက် အဝေးမှာရှိခဲ့တယ်
မစ္စတာဝက်တ်စ်..ခင်ဗျား ရဲဌာနမှာ လုပ်တုန်းက
တရားခံကိုဖမ်းခဲ့တဲ့ ရဲအရာရှိ တပ်ကြပ်ကြီးဘိုးမန်းနဲ့
သူငယ်ချင်းတွေ ဖြစ်ခဲ့တယ်မဟုတ်လား
ဒါမေးလို့မရမှန်း မင်းသိပါတယ် မစ္စတာထရာဗားစ်
ခွင့်လွှတ်ပါ တရားသူကြီးမင်း ထပ်မေးစရာ မရှိတော့ပါဘူး
- မင်းသူ့ကို လာဘ်ထိုးလိုက်လား - ဘယ်သူ့ကိုလဲ
မသိချင်ယောင်မဆောင်နဲ့ ဒန်းနစ်ဝက်တ်စ်လေ
မဟုတ်ပါဘူး
ဒါဆို တိုက်ဆိုင်သွားတာလား
- မင်းရဲ့ အဓိကသက်သေအနေနဲ့ ထွက်ဆိုပေးတာ - ငါသူ့ကို ဘာမှမပေးပါဘူး
ဒီအခြေအနေအတိုင်းဆိုရင် မင်းလည်း သူ့လမ်းလိုက်ရလိမ့်မယ်
- လမ်းမီးနဲ့များကွာ - လီယမ်ဂျွန်စတုန်းက လူဆိုးကောင်
သူထောင်က လွတ်လာကတည်းက အိမ်တွေ ဖောက်ထွင်းလိုက်
မူးယစ်ဆေးဝါးတွေ ရောင်းလိုက်လုပ်နေတာ
သူ့ကိုဖမ်းပေးတာတောင် ငါတို့ကို ကျေးဇူးတင်သင့်တယ်
မင်း အဲဒီလိုထင်လား သူတို့လား ကျေးဇူးတင်မှာ
လမ်းပေါ်မှာ ဘာဖြစ်ဖြစ် သူတို့ ဂရုမစိုက်ဘူးကွ
သူတို့ ဝတ်စားပုံ ပြောပုံဆိုပုံတွေကို ကြည့်ပါလား
ဥပဒေဆိုတာ အပြင်လောကနဲ့ဘာမှမဆိုင်တဲ့ ကစားပွဲတစ်ခုပဲ
ဝက်တ်စ်နဲ့ ငါ ဘာမှ အပေးအယူမလုပ်ထားပါဘူး
မင်းက ငတုံးပဲ
သေခါနီးမှာသွားတဲ့ စကားများဟာ
အင်မတန် ကြေကွဲစရာ ကောင်းပါတယ်
သူက ဆောက်လုပ်ရေးမပြီးခင် သေရတဲ့အတွက် ဝမ်းနည်းပါတယ်တဲ့
ဆက်လက် ချီတက်ကြပါ ရဲဘော်တို့
ခြေလေးချောင်းကွင်းကြီး ထာဝရတည်တံ့ပါစေတဲ့
သူ့ကို နက်ကာဆီခေါ်သွားတာ မဟုတ်ဘူးလား
စကွီလာက ညာနေတာ
ဘောက်ဆာကို နပိုလီယံကသတ်တာ
အဲဒါကို သူကလူတွေကို လှည့်စားပြီး အယုံသွင်းနေတာ
သူက ဘာလို့အဲဒီလိုလုပ်တာလဲ
သူ့ရဲ့ဇာတ်ကောင်ကိုက သူ့အာဏာတည်မြဲဖို့ လိမ်ညာတတ်တဲ့ ဇာတ်ကောင်လေ
အဲဒါကြောင့်မို့ ဝက်ဖြစ်နေတာဖြစ်မယ်
ကျွန်တော် ဝက်တွေကိုမကြိုက်ဘူး
ဒါကတိရစ္ဆာန်တွေနဲ့ မဆိုင်ဘူး
ဆက်ပြောပါ အယ်လင်
အဲဒါ ကွန်မြူနစ်တွေအကြောင်းမဟုတ်လား
- ရုရှားတို့ဘာတို့ အကြောင်း - မင်းဘာတွေပြောနေတာလဲ
ဆိုင်မွန်..အယ်လင်ပြောတာ မှန်တယ်
အပေါ်ယံဆိုရင်တော့ တိရိစ္ဆာန်တွေအကြောင်း ဟုတ်တယ်
ဒါဆိုရင် သူတော်တာပေါ့
ဆရာမ သူ့ကိုဆုချမှာလား
- ငါ - ဒါအလကားစာအုပ်
ဘာမှ အဓိပ္ပာယ်မရှိဘူး
- အခြေအနေ ဘယ်လိုလဲ - ဒီလိုပါပဲ
ဒီ လီယမ်ဂျွန်စတုန်းဆိုတဲ့ ကောင်လေးက
၃ နှစ်သားကတည်းက အဖေနှိပ်စက်တာခံခဲ့ရပြီး
၆ နှစ်သားမှာ ထိန်းသိမ်းရေးစခန်းကိုရောက် ၁၆ နှစ်သားရောက်တော့ ဆေးစွဲနေပြီ
ပညာလည်း မသင်ခဲ့ရဘူး အရင်တစ်ခေါက် သူပြစ်ဒဏ်ချခံရတုန်းကလွဲလို့
ဘယ်သူမှ သူ့ဘက်မှာမရှိခဲ့ဘူး
ရှင်ရှိနေပြီလေ
ငါ ကြည့်တာ တစ်ခုခုလိုနေတယ်
ကြည့်သာကြည့်နေရတယ် ဘာမှန်းမသိသေးဘူး
ညစာစားရင်း ခဏလောက်နားလိုက်ပါလား
ကောင်းပါပြီဗျာ
မင်းကော ဒီနေ့အလုပ်မှာ အဆင်ပြေလား
ပြေပါတယ်..ထောင်စောင့်ကတော့ စောင်းမြောင်း ကြည့်တုန်းပဲ
မှားလို့ လုံခြုံရေးဝန်ထမ်းလို့ပြောတာ
ုအဲဒါက ထောင်မဟုတ်ဘူး လူငယ်ထိန်းသိမ်းရေးစခန်းတဲ့
ပြီးတော့ သူတို့ကလည်း ထောင်သားတွေ မဟုတ်ဘူး..ထောင်မှာ နေထိုင်သူတွေတဲ့
အသုံးအနှုန်း ပြောင်းလဲတာကို ကျင့်သားမရသေးဘူး ဖြစ်နေတယ်
- ခြေလေးချောင်းတော်လှန်ရေးကို ကြိုက်ကြလား - မပြောတတ်ပါဘူးရှင်
အယ်လင်ဆိုတဲ့ ဉာဏ်ကောင်းတဲ့ကောင်လေး တစ်ယောက်တော့ရှိတယ်
- ဒါ မကောင်းတော့ဘူးထင်တယ် - ကောင်းပါသေးတယ်
သူက သူ့အရိပ်သူတောင် ပြန်ကြောက်နေတဲ့ ပုံမျိုး
အသက်က ၁၇ နှစ်နဲ့ အဲဒီရောက်နေတာ ဘယ်လောက် ကြာပြီလဲမသိဘူး
ဒါပေမဲ့ သူတော်တော်လိုက်နိုင်ရှာပါတယ်
ဝိုင်သောက်ကြမလား
ရှင်ဒီမနက်ခွေးနဲ့ လမ်းလျှောက်ထွက်တော့
ကျွန်မ တော်တော် အိပ်မောကျနေပေမယ့်
ရှင်ထတာ တော်တော်စောတယ်
၆ နာရီတောင်မဖြစ်နိုင်ဘူး ၄ နာရီလောက်ဖြစ်မယ်
မဟုတ်ပါဘူး
ရှင် တစ်ညလုံးအလုပ်လုပ်တာ ကျွန်မ စိတ်မဆိုးဘူး ဝီလ်
ကျွန်မက ရှင့်အတွက် စိတ်ပူလို့ပါ
ရှင်အရမ်း ပင်ပန်းသွားလိမ့်မယ်
ဂျာရိုးလ်ဒ်
ဂျာရိုးလ်ဒ်
ဂျာရိုးလ်ဒ်
စူး..ငါ့ကို အကြံပေးပါဦး
နင်က နားထောင်တာလည်း မဟုတ်ဘဲနဲ့
အဲဒီလို မဟုတ်ရပါဘူး
နင်သာငါပြောတာ နားထောင်ရင် လန်ဒန်ကနေ ထွက်လာမှာမဟုတ်ဘူး
ဒီကိုလည်း ပြောင်းလာမှာမဟုတ်ဘူး
နင်ကလည်း..ငါ့မှာ ရွေးစရာမရှိတာ နင်သိသားနဲ့
နင်က ဝီလ်နောက်ကိုလိုက်ပြီး
သူ့အတွက် ဘာမဆိုလုပ်ပေးမယ်ဆိုတာ ငါသိသားပဲ
ဒါပေမဲ့ နင်တို့နှစ်ယောက် ဒီနေရာကိုမှ ပြန်လာရလား
ဆက်ဖော့လ်က်မြို့က နင်တို့နဲ့ အရင်ကတည်းက မသင့်တော်ခဲ့ဘူး
နင်ဒီကနေ ထွက်ပြေးသွားတာကို ငါ မှတ်မိသေးတယ်
- ဝုဒ်ဘရဒ်ခ်ျထိပဲ ပြေးနိုင်ခဲ့တယ် - ဆက်သွားလိုက်ရမှာ
ဒီနေရာမှာ ကြာကြာနေရင် ရူးသွားလိမ့်မယ်
ငါသိတဲ့ လူတွေအကုန် တစ်နည်းမဟုတ်တစ်နည်းနဲ့ ရူးနေကြတာ
- နင် ဒီမှာနေရတာကြိုက်ပါတယ် - ငါကြိုက်ပေမယ့် နင်မကြိုက်ဘူးလေ
ဘာလို့ အရာရာကိုစွန့်လွှတ်ခဲ့လည်း ငါ နားကိုမလည်းဘူး
ဟင်နရီက ငါ့ကို အရင်နေရာမှာ ပြန်လုပ်ဖို့ခေါ်ထားတယ်
- လန်ဒန်မှာလား - တည်းဖြတ်အယ်ဒီတာရာထူး
ငါ့စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်ရမယ်တဲ့
နင်က ဘာပြန်ပြောလိုက်လဲ
- ငါ ငြင်းလိုက်တယ် - ငြင်းလိုက်တယ် ဟုတ်လား
ငါမှ လန်ဒန်မှာအလုပ်မလုပ်နိုင်တာ ဒီကနေလည်း သွားလို့မရဘူးလေ
နင့်လုပ်ရပ်မှားနေတာကို သိရက်နဲ့ ငါ့ဆီကဘာလို့ အကြံလာတောင်းနေတာလဲ
နင် သွားလုပ်သင့်တယ်လို့ပြောတာကို နင်ကြားချင်တာ မဟုတ်လား
ဟုတ်တယ်
သွားလုပ်လိုက်ပါ
အဲဒါတွေအားလုံးက အလိမ်အညာတွေ တစ်ခုမှ အဓိပ္ပာယ်မရှိဘူး
လီယမ်..စိတ်ကို လျှော့ထား ဟုတ်ပြီလား
ငါတို့ အောင်မြင်တော့မှာ
မစ္စတာထရာဗားစ် ခင်ဗျားကို ပြောပြီးသားပဲ
အဲဒီ အဘိုးကြီးရဲ့ အိမ်နား မသွားပါဘူးလို့
ရဲတွေက အတင်း ဝန်ခံချက် ထိုးခိုင်းတာ
- ကျွန်တော်အပြစ်မရှိလည်း သူတို့ဂရုမစိုက်ဘူး - မင်းအပေါ်စွပ်စွဲမှုတွေက ကျရှုံးနေပြီ
အခုမေးစရာ နောက်ဆုံးတစ်ခုက ပစိဖိတ်ကြယ်ဆုတံဆိပ်ပဲ
ကျွန်တော် ဘာဆုတံဆိပ်မှ မသိဘူး
သူတို့က အဲဒါကို မင်းတိုက်ခန်းမှာ ရှာတွေ့ခဲ့တယ်တဲ့
မဟုတ်ပါဘူး..အဲဒါကို ကျွန်တော့် အိတ်ကပ်ထဲမှာတွေ့တာတဲ့
အဲဒါကို မင်းအိတ်ထဲက တွေ့တာတဲ့လား
ဒီ ပစိဖိတ်ကြယ်ဆုတံဆိပ်ကို လီယမ်ဂျွန်စတုန်းဆီမှာ တွေ့ခဲ့တာ
- ဟုတ်ပါသလား - ဟုတ်ပါတယ်
- သေချာလား - သေချာပါတယ်
ပစိဖိတ်ကြယ်ဆုတံဆိပ်တွေ အားလုံးနီးပါးက တစ်ပုံစံထဲဆိုတာ ခင်ဗျားလက်ခံလား
ဖြစ်နိုင်ပါတယ်..ဒါပေမဲ့ အဲဒီတစ်ခုကိုတော့ မစ္စတာဂျွန်စတုန်းရဲ့ အိတ်ထဲကတွေ့ခဲ့တာပါ
ဒီဆုတံဆိပ်က ဗိုလ်မှူးကာ့တ်ရိုက်ရဲ့ တံဆိပ်ပါဆိုတာကို
ခင်ဗျား ဘယ်လိုသိတာလဲ
ပြောရရင် အစ်ပ်စဝှစ်ခ်ျက ရှေးဟောင်းပစ္စည်းဆိုင်တွေမှာ
ဒီလိုပုံစံ ဆုတံဆိပ်တွေအများကြီးရှိတာ ခင်ဗျား သိမှာပါ
No comments yet. Be the first to leave one.