Informasi rilis

Begum Jaan 2017 Hindi 1080p WEB-DL x264 LOKI-M2Tv
Komentar oleh ZawHtoo
For Web-Dl, Blu-Ray and HD Rip

Tag

Web-DL
web-dl
web
WEB-DL
x264
1080
Diterbitkan pada: 2018-08-21
Unduhan: 28
Tuna Rungu: No

Pratinjau subtitle Burmese

200 baris pertama.

ငါခေါ်လိုက်တာနဲ့ တန်းလာလိုက်နော်, ပဲမများနေနဲ့။

ငါကပဲ ပဲများရတယ်လို့? - အခု ဘယ်သွားနေတာလဲ?

ဘယ်သွားမလို့လဲ အဖေ?

သမီး ဦးလေးအိမ်ကို။ - ဒီမှာ အဝတ်စားကောင်းတွေ ဝယ်လို့ရတယ်။

ဒါကြောင့် လူတိုင်းပြောကြတာ ...

ဆာရိုဂျီနီမှာ ဒီဇိုင်းလှလှလေးတွေ ဝယ်လို့ရတယ်လို့။

ရပ်! - ကားရပ်!

မြန်မြန်လေး?

လာ သမီး, ငါတို့ ဒီမှာဆင်းမလို့ - ခနနေပါဦး ကြီးတော်

မင်းတို့ ဘယ်သွားမလို့လဲ?

မောင်းမှာသာ မောင်းစမ်းပါ။ - ဆင်းချင်တဲ့ နေရာ ဆင်းမယ်။

ထိုင် ထိုင်။

ဒီတော့ ဘယ်မှာ ဆင်းမလဲ?

သူတို့နှစ်ယောက် ဆင်းမယ့် နေရာမှာပဲ။

ဒါမှ မဟုတ် သူလေးဆင်းမယ့် နေရာ။

ဘာကောင်မို့ သူ့ကို ထိရဲတာလဲ။

လွတ်ပါ. - လွတ်ပါ.

သေနာကောင်... ငါ့ကို လွတ်ပါ! မင်းကများ...

သူ့ကို မထိနဲ့, သူ့ကို မထိနဲ့စမ်း။ - ဘာလုပ်နေတာလဲ?

ကျွန်မကို လွှတ်ပါ ဖယ်စမ်း.

မင်းကို သတ်ပစ်မယ်, မသာကောင်။

စန်နီ! အပေါက်ပိတ်ထား။

ကားပေါ်က ခေါ်ခဲ့စမ်း။

စန်နီ! - ရိုက်စမ်း။

ပရီယာ, ပြေး. - ဘယ်သွားမလို့လဲ? မလွတ်စေနဲ့.

ပရီယာ, ပြေး! ပြေး!

လိုက်ဖမ်းစမ်း! - ဟင့်အင်း!

သူ့ကို ဖမ်းစမ်း။

သူ့ကို ဖမ်းစမ်း။

ရပ်စမ်း! ရပ်!

ဒီအဖွားကြီး ဘယ်က ရောက်လာတာလဲ?

အဖွားကြီး ဖယ်စမ်း, နားကန်းနေတာလား?

ရူးနေတာလား? သွားစမ်း။

အဖွားကြီး, သွားစမ်း။

ရူးနေတာလား? - ပြောနေတာ မကြားဘူးလား?

၁၉၄၇ ခုနှစ်, သြဂုတ်လ။

အိန္ဒိရဲ့ နောက်ဆုံး ဘုရင်ခံဖြစ်သူ

အရှင် မွန့်တ်ဘတင်း ရဲ့ အမိန့်တော်နဲ့

ဗြိတိန်ရဲ့ အရာရှိတစ်ယောက် ဖြစ်သူ ဆရာ ရှီရဖ်ရက်ကလစ်ကို ...

ရူးနှမ်းပြီး အလွန်အရေးပါသော တာဝန် တစ်ခု ပေးအပ်ခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံကို နှစ်ပိုင်းခွဲ ဖို့ ။

ဒီတော့ ဆရာ ရက်ကလစ်ဖ် အနေနဲ့

အိန္ဒိယ မြေပထဝီ အနေအထားကို နည်းနည်းလေးမှ မကျွမ်းကျင် မသိရှိပဲ။

ပြီးတော့ တောင်နဲ့မြောက်တောင် မခွဲခြားတတ်တဲ့ သူက

အိန္ဒိယ မြေပုံကို ကြည့်ပြီး အလွယ်တကူ ဆုံးဖြတ်ချက်ချခဲ့တယ်။

သူ အနားသတ်မျဉ်း နှစ်ခု ဆွဲခဲ့တယ်။

တစ်ခုကို ဘင်္ဂါလီ နဲ့ နောက်တစ်ခု ပန်ဂျဗ် မှာ။

လေးပတ် အတွင်းထဲမှာပဲ...

လေးပတ်ဆိုတဲ့ အချိန်နဲ့။

သူ့ရဲ့ ဘာမဟုတ်တဲ့ အသိဥာဏ်နဲ့,

နိုင်ငံ တစ်နိုင်ကို နှစ်ခြမ်း ပိုင်းခဲ့တယ်။

အိန္ဒိယ နှင့် ပါကစ္စတန် ဆိုပြီးတော့.

အားလုံးကို ပိုင်းခြားခဲ့တာ။

လယ်တွေ, စားကျက်တွေ, လမ်းသွယ်တွေ, ရွာတွေ, မြို့တွေ, မြစ်တွေ.

ဂျူဟ်လီယမ်(ပါကစ္စတန်မြို့တစ်မြို့), ဟေမာလီယား ( အိန္ဒိယ တောင်တန်းတစ်ခု), ကခ်ျ, သားရ်,

တရိစ္ဆာန်တွေ, ယောက်ျား, မိန်းမ, ခလေး, လူကြီး လူငယ်, တစ်ခုမကျန်.

တစ်ယောက်မကျန်, တစ်ခုမကျန် အားလုံးကို နှစ်ပိုင်း ခွဲခြား လိုက်တယ်။

ဆရာ ရက်ကလစ်ဖ် ရဲ့ စိတ်ကူးယဉ်ဆန် မျဉ်းနှစ်ကြောင်းနဲ့

၁၄သန်းမျှသော လူတွေရဲ့ အသက်နဲ့ ဝိဥာဉ်တွေကို ပိုင်းခြားပစ်လိုက်တယ်။

သန်းချီသောလူတွေ အိမ်ယာမဲ့ ဖြစ်ကုန်တယ်။

လူဦးရေ သောင်းကျော် အပြစ်မဲ့ သေဆုံးခဲ့ရတယ်။

နောက်လာမယ့် မျိုးဆက်သစ်တွေကတော့

ရက်ကလစ်ဖ် မျဉ်းကြောင့် အိုးမဲ့အိမ်မဲ့ ဘုံပျောက်ခဲ့ရတယ်။

ဒီဇာတ်လမ်းက ဒီအိမ်ရဲ့ အကြောင်းပဲ။

ဒီ အိမ်ကြီးက နယ်စပ် မျဉ်းနှစ်ကြောင်းပေါ်မှာ ...

ချိတ်ဆက်ပြီး တည်ရှိနေသော်လည်း ...

ဒါပေမယ့် နှစ်ပိုင်းပိုင်းလို့ မရခဲ့ဘူး။

ဘွန်ဒေလေယားစ် ကနေ ဟာဘိုလားစ် အထိ

ဒီ ဂုဏ်သတင်းကြီးမားတဲ့ ပုံပြင်ကို တို့တွေ ကြားသိ နားထောင်ခဲ့ရတာ။

ရန်သူတွေကို ရဲရဲဝံဝံ တိုက်ခိုက်ခဲ့တဲ့ ဂျန်ဆီ က ဘုရင်မကြီး အကြောင်းပဲ။

နားလည်ရဲ့လား လာလ်ဒီး?

ဘုရင်မင်းမြတ်ကြီး နတ်ရွာစံသွားတော့,

ဘုရင်မကြီးက ပုဝါနောက်မှာ ပုန်းကွယ်ပြီး ငိုမနေဘူး။

နန်းတော် တစ်ခုလုံးမှာ သစ္စာဖောက် လှည့်ဖြားတဲ့သူတွေ ဘယ်လောက်ပဲ များများ

ဘုရင်မကြီးက ရဲရဲဝံဝံ ရင်ဆိုင်ခဲ့တယ်။

ကြောက်ရွံမနေဘူး။

ဓါးရေး, မြင်းစီးတာ အကုန်လုံးကို အရင်ကတည်းက တတ်မြောက်ပြီးသား။

ဒါပေမယ့် ဘုရင်မ အနေနဲ့ ကိုယ်တိုင် တပ်မတော် တစ်ခု ဖွဲ့စည်းဖို့

အခက်အခဲ အလွန်ဖြစ်နေတယ်။

အလံကို လေပေါ်မှာ လွှင့်ထူပြီး နှလုံးသားမှာ ရဲစွမ်းသတ္တိ အပြည့်နဲ့

ရန်သူစီကို နောက်ပြန်မလှည့် တိုက်ခိုက်ခဲ့တာ။

ရန်သူတွေကိုလည်း... - အလွန်ကို ရဲစွမ်း သတ္တိရှိတဲ့ မိန်းမသားတစ်ယောက်။

လက်ရှမီးဘိုင် ဆိုတဲ့ နမည်နဲ့, သူ(မ)က သမိုင်းအသစ် ရေးထိုးခဲ့တယ်။

ဂျန်ဆီရဲ့ နန်းတော်ကို ကာကွယ်ခဲ့တယ်။

ဗြိတိသျှတွေကို တော်လှန်ခဲ့တယ်။

လက်ထဲမှာ ဓါးတစ်လက်နဲ့

နောက်မှာ သားငယ်လေးကို ချီ်ထားပြီး... - ဘုရင်မကြီး လက်ခ်ရှမီးမှာ သားတော် ရှိတယ်?

အင်း, ဒါပေမယ့် သူ့သွေးသားတော့ မဟုတ်ဘူး။

မွေးစားထာတာ ဖြစ်မယ်။

ဒါဆို သမီးက ဘယ်သူ့ သမီးလဲ?

ဒီကောင်စုတ်မလေး တခြားမေးစရာ မရှိဘူးလား။

လာဒ်လီ! - သွား ဘာပုံပြင်မှ ထပ်မပြောပြတော့ဘူး။

သွား စာသွားလုပ်... - လာဒ်လီ.

ဘာမှ ထပ်မပြောတော့ဘူး။ - ဒီကောင်မလေးနဲ့တော့...

လာဒ်လီ. - လေအိုး။

ကိုယ့်ဖာသာ ရေချိုးမလား ရေတွင်းထဲ ပစ်ချပေးရမလား?

ဘေဂွန်ဂျမ်း က အန်တီ့ကို ခေါ်နေတယ်။

ဒါပေါ့. ဘေဂွန်ဂျမ်း ခေါ်မှတော့ လာကိုလာရမှာပေါ့။

ဖယ်စမ်း။

ဘာဖြစ်တာလဲ ကောင်မ? ရူးသွားတာလား?

သေခြင်းဆိုး မျိုးမစစ်ကြီး။

ငါ့ရင်ဖက်ကို မကိုင်နဲ့လို့ ဘယ်နှစ်ခါ ပြောရမလဲ !

လူလို နားမလည်ဘူးလား?

ထွက်သွားလိုက်တော့။

နောက်တစ်ခါ ဒီမှာ ထပ်တွေ့ကြည့်,

နင့်ညီလေးကို အပိုင်းပိုင်း ဖျက်ပစ်မယ်။

ပါးစပ်ပိတ်. - ထွက်သွား!

ဂူလာဗိုး. စောက်ရူးမ။

စောစောစီးစီး ဘာလို့ ဆူညံနေတာလဲ။

ကိစ္စဖြတ်ပြီး အပြင်ထွက်လာခဲ့တော့, ဘေဂွန်ဂျမ်း က တွေ့ချင်လို့တဲ့။

ဘေဂွန်ဂျမ်း, ဒီကောင်မလေးက ပြီးခဲ့တဲ့ အရေးခင်းတုန်းက အဓမ္မကျင့်ခံလိုက်ရတယ်။

ဒီလို အချိန်အခါမျိုးမှာ ယောက်ျားလေးခြင်းတောင် အဓမ္မကျင့်ခံ နေရတာ။

သူ့အဖေက သူ့ကို လက်မခံတော့ပဲ, ဒီမှာ ထားခဲ့လိုက်တယ်။

အဖေ, မောင်, အကို, သား, ယောက်ျား.

ဘေဂွန်ဂျမ်းရဲ့ အမြင်မှာတော့ ,

ယောက်ျားတိုင်းဟာ နှာဘူးတဏှာရူးတွေပဲ။

ဒါပေမယ့် ဘေဂွန်ဂျမ်းရဲ့ အမြင် နောက်တစ်ဖက်မှာဆိုရင်တော့ ယောက်ျားတိုင်းဟာ ဘဲငန်းတွေလိုပဲ။

ခြေသုံးချောင်းပါတဲ့ ဘဲငန်းတွေပေါ့။

မင်းအဖေက အမည်တော့ ပေးခဲ့မှာပဲ။

ထားလိုက်ပါ, ငါ အသစ်တခု ပေးတာပေါ့။

သူ့ ပါးလေးတွေက ပန်းသီးတွေလို အနီရောင် သန်း နေတာပဲ။

ကရှ်မီး က ဖြစ်ဖို့ များတယ်။ - ဟုတ်.

ကောင်းပြီ, ဒီနေ့က စပြီး မင်းအမည်က ရှဗ်နမ်း.

ချစ်စနိုး အမည်က ရှဗ်ဗူး.

မှတ်မိမယ် မလား?

အန်တီ, သူ့ကို အထဲခေါ်သွားလိုက်။

ရေမိုးချိုးပြီး တစ်ခုခု ကျွေးလိုက်။

စူဂျီးဒ်. - ဟုတ်, မမကြီး.

ဈေးကနေ သူ့အတွက် ဝတ်ကောင်းစားလှလေးတွေ ဝယ်ခဲ့

ရူဗီနာ.

ဟုတ်. - လာ သမီး.

ဂျမီလာ, လတ်တား.

နင်တို့ သုံးယောက် သူ့ကို ဂရုစိုက်လိုက်, လာ သမီးလေး။

သူ့ကို သင်ပေးလိုက်။

စလင်းမ်, တကယ်လို့ ရဲစခန်းကပဲ ဖြစ်ဖြစ် သူ့ ဆွေမျိုးသားခြင်းထဲက တစ်ယောက်ယောက် ဖြစ်ဖြစ်

လာရှာတယ်လို့ သတင်းကြားရင်။

ဘေဂွန်ဂျမ်းက သူ့ကို ခိုလှုံရာ ပေးလိုက်ပြီလို့ ပြောလိုက်။

ထပ်မရှာခိုင်းနဲ့တော့။

ဟုတ်ကဲ့။

ခနလေး ဒီကိုလာဦး။

ခပ်နာနာလေး နှိပ်ပေး, ရူဗီနာ.

ငါ့သမီးလေး, သိပ်နာကျင်နေတယ် မလား?

လန့်ဖြန့်သွားတယ် မလား။

အဲ့ဒီလူတွေ တော်တော် ယုတ်မာ ရက်စက်တယ် မလား?

ဒီလူတွေ အညှာအတာ မရှိဘူး မလား။

အဖေအရင်းကတောင် တာဝန် မယူတော့ဘူး။

နောက်ဆုံးတော့ အကုန်ပွင့်ထွက်သွားပြီ။

မဟုတ်ရင် မင်းရဲ့ နာကျင်မှု ဒီတသက် သက်သာမှာ မဟုတ်ဘူး။

အခု ဘဝ ရှေ့ဆက်ဖို့ မခက်ခဲတော့ဘူး။

"သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ မိတယ်"

"အမှတ်တရ အဟောင်းလေးတွေကလည်း အသစ် အသစ် ပြန် ဖြစ်နေလို့"

"ဒါ ဘာတွေ ဖြစ်နေတာလဲ?"

"ဘယ်အခါမှာ အသက်ကို ရှုသွင်းရပါမလဲ"

"ဘယ်အခါမှာ ပြန်ရှုထုတ်လိုက်ရမလဲ?"

"နာကျင်မှုတွေ အားလုံး တို့စီပဲ ဆောင်ကျဉ်းလာနေတယ်"

"ဒါ ဘာတွေ ဖြစ်နေတာလဲ?"

"နက်နက်ရှိုင်းရှိုင်းကို ခံစားခဲ့ရတယ်..."

"အဝဒ်မြို့လေးရဲ့ နေဝင်ဆည်းဆာက မျက်ဝန်းမှာ ရောင်ပြန် ဟပ်နေရဲ့"

"နှုတ်ခမ်းတွေက ဘီနာရပ်စ် လို လှပနေလေရဲ့."

"ဂျီဟ်လူးမ် က မိုးရေ စက်တွေက တို့ခေါင်းပေါ်ကို သွန်းချလျှက်."

"ကမ်းစပ် တစ်ခုကနေ တစ်ခုကို လှည့်လည် သွားနေလေရဲ့"

"ဒါကြောင့်ပဲ တို့ ခိုလှုံရာ ရှာမတွေ့ခဲ့ဘူး"

"ဒါ ဘာတွေ ဖြစ်နေတာလဲ?"

"နက်နက်ရှိုင်းရှိုင်းကို ခံစားခဲ့ရတယ်..."

"နာကျင်တဲ့ ဝေဒနာတွေကြားက သူ့အရိပ်အယောင်ကို မျှော်ကြည့်နေမိတယ်"

"သူ့ အရိပ်နဲ့ ကင်းဝေးတဲ့ နေရာမှာ မသေဆုံးလိုက် ပါရစေနဲ့"

"တို့ အိမ်အဝထိ ရှင် ရောက်လာခဲ့ပြီးမှ."

"တို့နှလုံးသားကတော့ သွေးသံတရဲရဲ နှင့် လူသူ ကင်းမဲ့ရာကို ရောက်နေလေရဲ့"

"တို့နှလုံးသားကတော့ သွေးသံတရဲရဲ နှင့် လူသူ ကင်းမဲ့ရာကို ရောက်နေလေရဲ့"

"ဒဏ်ရာတွေကို နံနွင်းလေး သုတ်လူးလိုက်ပါ"

"နာကျင်မှုတွေ ပြေပျောက် နိုင်ပေမလား"

"ဒါ ဘာတွေ ဖြစ်နေတာလဲ?"

"သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ မိတယ်"

"အမှတ်တရ အဟောင်းလေးတွေကလည်း အသစ် အသစ် ပြန် ဖြစ်နေလို့"

"ဒါ ဘာတွေ ဖြစ်နေတာလဲ?"

"နက်နက်ရှိုင်းရှိုင်းကို ခံစားခဲ့ရတယ်..."

ဆရာ ကျွန်တော်တို့ ဆက်ရာဂ်ျ ရဲစခန်းကို သွားခဲ့တယ်။

ဒါပေမယ့် သူတို့က သူတို့ လုပ်ပိုင်ခွင့် မရှိဘူးလို့ ပြောလွှတ်လိုက်တယ်။

အဲ့ဒီတော့ သူတို့ ဘာမှ မလုပ်ပေးလိုက်ဘူး။

ကျေးဇူးပြုပြီး... - ငါ ဘာလုပ်ရမလဲ?

အဲ့ဒါက ငါတို့လုပ်ပိုင်ခွင့် နယ်ပယ်လည်း မဟုတ်ဘူး။

မြို့နဲ့လည်း ဝေးတယ်။

ကောင်လေးတွေက အရွယ်ရောက်လာပြီ ဆရာ။

သူတို့ကို ထိန်းသိန်းဖို့ မလွယ်တော့လို့ပါ။

ခင်ဗျားသိလား, ကျွန်တော့် သမီးလည်း အရွယ်ရောက်လာတာပဲ။

ရှေ့လကပဲ, ၁၀နှစ် ပြည့်တာ။ ဟုတ်ကဲ့။

မှန်ပါတယ်. - ဒါပေမယ့် ကျွန်တော် သိတယ်

ဒါတွေက အဖေရဲ့ တာဝန်ပဲလေ။

ဒီတော့ ကျွန်တော့်သမီးကို ညစ်ညမ်းတဲ့စာပေ ကိစ္စ တွေနဲ့ ဝေးရာမှထားတယ်။

ဒါပေမယ့် ဆရာ, အဲ့ဒါက ပြသနာ မဟုတ်သေးဘူး။

အဲ့ဒီ့ ပတ်ဝန်ကျင်မှာ ပြည်တန်ဆာ တွေက ခြေချင်း လိမ်နေတာ။

အဲ့ဒီကနေ ဖြတ်သွားဖြတ်လာ လုပ်ဖို့တောင် မလွယ်တော့ဘူး။

အရက်သောက်မယ်, ဆေးရူမယ်.

၂၄ နာရီ ဆဲဆိုနေတယ်။ - ခင်ဗျား ဘယ်လိုထင်လဲ?

ဖာ တွေက ဘာသာရေး ကိုင်းရှိုင်းတယ်လို့ ထင်နေတာလား။

ဒီသဘော မဟုတ်ပါဘူး, ဆရာ။

ခင်ဗျား အသိပဲဗျာ။

သူတို့ကြောင့် ရောဂါတွေ ပွားများတာပေါ့ - ကျွန်တော့်ကို ပြောစမ်း

စနေနေ့ည ၉နာရီခွဲလောက်က ခင်ဗျား ဘယ်ရောက်နေလဲ?

အမ်, ကျွန်တော်...

Komentar

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left