200 baris pertama.
မစ္စတာပိုလ်ဒတ်ခ်
ပတ်ဝန်းကျင်ကလူတွေကို စည်းရုံးလှုံ့ဆော်ပြီး
သွေးဆာနေတဲ့လူအုပ်ကြီးကို ကမ်းစပ်ဆီဦးဆောင်ခေါ်သွားမှုနဲ့စွဲထားတယ်
မဟုတ်ပါဘူး
- ဘယ်အပိုင်း မဟုတ်တာလဲ - သူတို့သွေးဆာနေတာမဟုတ်ပါဘူး
- သူတို့အစားအသောက်ဆာလောင်နေတာ - ကမ်းခြေမှာ အဓိကရုဏ်းဖြစ်အောင်
- မင်းမြှောက်ပေးတာလား - ဒါကို အဓိကရုဏ်းလို့မထင်ပါဘူး
လုယက်မှုတို့ ဥပဒေမဲ့လုပ်ရပ်တို့ကို မင်း ထောက်ခံလား
တစ်မိသားစုလုံး အစားအစာ လုံလုံလောက်လောက်မရှိဘဲ
အသက်ရှင်နိုင်မယ်လို့ပြောနိုင်လား
မက်သရူးဆန်ဆင် သေတဲ့အမှုမှာ မင်းကဘယ်အပိုင်းမှာ ပါတာလဲ
ဘယ်အပိုင်းကမှ မပါဘူး
မထီမဲ့မြင်လုပ်တာတော်တော့
ရော့စ်ဗင်နာပိုလ်ဒတ်ခ် မင်းကို ဘော့မင်တရားရုံကိုပို့ပြီး စစ်ဆေးမယ်
အာမခံကြေး ပေါင်၁ဝဝ ကျသင့်မယ်
ငါ ငဲ့ညှာမှာမဟုတ်တဲ့အတွက် ကိုယ်တော်မင်းကိုစောင့်ရှောက်ပါစေ
ဂျူးလီယာ
ရော့စ်
သူတို့ရှင့်ကိုလွှတ်လိုက်တယ် ကျွန်မသိသားပဲ
စွဲချက်တွေအားလုံး ပလပ်လိုက်ပြီလား
ဟင့်အင်း
နောက် ၅ ရက်ကြာရင် ဘော့မင်တရားရုံးမှာ တရားသူကြီးလစ္စတာ စစ်ဆေးတာခံရဦးမှာ
အဲဒီမတိုင်ခင်ညမှာ ငါကိုယ်တိုင် အကျဉ်းထောင်ထဲသွားရမှာ
ဖြစ်ရလေ
- ဘယ်လိုဖြစ်ရတာလဲ - ဂျော့ဂ်ျ
ဒီဖြစ်ရပ်တစ်ခုလုံးက အဓိပ္ပာယ်မရှိဘူး
မင်းသတိမထားမိခင်မှာ ငါပြန်ရောက်လာမှာပါ
သူတရားစွဲမခံရသင့်ဘူး
- သူကလူကြီးလူကောင်း ပိုလ်ဒတ်ခ် - သူ့ရဲ့အဆိုးဆုံးရန်သူ
- ကျွန်တော်သူ့ကိုပြောမလို့ သူကရှောင်နေတယ် - သူအားလုံးကိုရှောင်နေတာ
သူတို့ ဂျူးလီယာကို ဆုံးရှုံးပြီးကတည်းကပဲ
တစ်ခုခုတော့လုပ်မှဖြစ်မယ် မဟုတ်ရင် သူ့လည်ပင်းသူကြိုးကွင်းစွပ်မိမှာ
ဒါမှမဟုတ် ပြင်သစ်မှာရှိတဲ့ စက်အသစ်အဆန်းထဲကိုပေါ့
သူသာစဉ်းစားချင့်ချိန်တတ်တဲ့သူဆိုရင် ဒီအမှုနဲ့ပတ်သတ်ပြီး ကြားနာမှုမှာ
ငြင်းခုံလျှောက်လဲချက်ပေးမယ့် အကူအညီရှာမှာပဲ
- ဘတ်စကာဝမ်လား - စိန့်အော်ဘင်စ်
ဝေါ်လက်ဂန်လား
သူတို့ဆွေမျိုးသားချင်း သင်္ဘောနစ်လို့ ဆုံးထားတာလေ..ပြီးတော့ဂျော့ဂ်ျက
ဒီစွပ်စွဲချက်တွေရဲ့ လက်သည်ဖြစ်နိုင်တယ်
ဒါပေမဲ့ သူလုပ်ချင်ရင် သူ့အရှိန်အဝါကိုသုံးလို့ရတာပဲ
သူက ပေါက်ပေါက်ရောက်ရောက်ရှိပါတယ်
ဂျော့ဂ်ျက သူ့အရှိန်အဝါကိုသုံးပြီး ရော့စ်ကိုဘာလို့ကူညီပေးမှာလဲ
ရှင်ပြောတာမှန်တယ် သူဘာလို့လုပ်ရမှာလဲ
မုန်တိုင်းလာနေပြီ
ဂျူးလီယာက မိုးခြိမ်းသံကိုသိပ်ကြောက်တာ
သူဒီမှာရှိနေတုန်းပဲလို့ ထင်နေတုန်းပဲ
ကျွန်မ သူ့နာမည်ကို ခေါ်လိုက်ရင်..
ကျွန်မ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ
ငါ့ကိုယ်ငါလည်း အဲဒီလို နေ့တိုင်းအားပေးတယ်
ငါနေ့တိုင်း မအောင်မြင်ဘူး
- ကျွန်မတို့အမှုအတွက်စဉ်းစားရမယ် - စဉ်းစားရမှာလား
ရော့စ် ဒါအသေးအဖွဲကိစ္စ မဟုတ်ဘူး
ဒါက ပြည်နယ်တရားရုံးကြီး အောက်တရားရုံးမဟုတ်ဘူး
တရားသူကြီးနဲ့ ဂျူရီလူကြီးတွေမေးတာ ရှင်ဖြေရမှာ
- ရှင်အပြစ်ရှိကြောင်းထင်ရှားရင်.. - သူတို့ငါ့ကိုကြိုးမိန့်ပေးလို့မရဘူး
- လုပ်စရာတွေအများကြီးရှိသေးတယ် - တကယ်ပြောတာ ရော့စ်
တကယ်ပြောတာ ဒီမယ်လ်ဇာ ငါဖန်တီးမရတဲ့ကိစ္စအတွက် အာရုံမနောက်ချင်ဘူး
ငါပိုင်နိုင်တဲ့ကိစ္စကိုပဲ အာရုံစိုက်ခွင့်ပေးပါ
မိတ်ဆွေတို့
နှစ်ရက်အတွင်း ကျုပ်ဘော့မင်ကိုသွားမယ် ဘာစောင့်နေကြတာလဲ
ခင်ဗျားမသွားခင် သတ္တုကြောအသစ်တစ်ခု ခင်ဗျားရှာသွားမှာသေချာတယ်
နှစ်ကြောလောက်ရှာခဲ့မယ် အဲဒီသွားရအောင်
သတ္တုကြောသစ် သူတော့ကံကောင်းတော့မှာပဲ
ထရီဘာသာရဲ့သတ္တုကြောက အဲဒီနားမှာဆုံးသွားတာ သူရမှာမဟုတ်ဘူး
ရုံးတော်မှာစစ်ဆေးခံရလည်း အတူတူပါပဲ
သူ့ကိုကြားနာဖို့ မိုက်ကယ်မတ်စ်ဖဲကို သွားတယ်လို့ရှင်ထင်ချင်ထင်လိမ့်မယ်
ဒွိုက်
သူဒါကို မသိကျိုးကျွန်ပြုနေရုံနဲ့တော့ မပြီးဘူး
ရှင် သူ့ကိုပြောမှာလား
သူဒါကို ရင်ဆိုင်ရတော့မှာလေ သူ့ကိုယ်သူဘယ်လိုကာကွယ်မှာလဲ
- သူ့အတွက်ဘယ်သူပြောပေးမှာလဲ - ငါပြောပေးမယ် တခြားသူတွေလည်းရှိတယ်
အများကြီးပဲ
အစိုးရကဒီအမှုကို တည်ဆောက်ပြီးလောက်ပြီ
ဝမ်းပန်းတသာကူညီချင်သူတွေ များမှာသေချာတယ်
- မင်းကိုအားကိုးလို့ရမလား တန်ကတ်ဒ် - ရတာပေါ့
အမှုထမ်းရတာ ဝမ်းမြောက်လှပါတယ်
ငါတို့ရှေ့နေက ဘာလို့ဒီမှာရှိနေတာလဲ
အမှုပိုခိုင်မာအောင်လို့ အစိုးရကို သူက ကူညီနေတာပါ
ခိုးမှု ဆူပူမှု အကောက်ခွန်အရာရှိကို တိုက်ခိုက်မှု ဒီလောက်ဆိုမလုံလောက်ဘူးလား
- လူသတ်မှုလုပ်ချင်တာ - ဒီအမှုအတွက် မခိုင်လုံဘူးလေ
မက်သရူးကကမ်းပေါ်မတင်ခင် သေသွားတာ
- ပိုလ်ဒတ်ခ်က သူ့အလောင်းကိုတွေ့ခဲ့တာ - ကမ်းပေါ်မှာ သူ့အလောင်းကိုထားခဲ့တယ်လေ
- အဲဒါရာဇဝတ်မှုမဟုတ်ဘူး - ဒါဒီမိသားစုကိုစော်ကားတာပဲ
သူ့ကိုနောင်တရအောင်လုပ်ရမယ်
ပရုဒန့်စ်ပိန်တာ
ကျုပ်နာမည် တန်ကတ်ဒ်
ရက်စ်နဲ့ပိုလ်ဒတ်ခ်တို့အမှုအတွက် အစိုးရရှေ့နေပါ
သင်္ဘောပျက်တဲ့ညကို ခင်ဗျားဘာမှတ်မိလဲ
- သင်္ဘောပျက်တာလား - စဉ်းစား အစ်မကြီး
အဲဒီညမှာ အဓိကရုဏ်းနဲ့ လုယက်မှုဖြစ်ခဲ့တုန်းက..
ဦးဆောင်တဲ့သူကိုဖမ်းမိရင် နောက်လိုက်တွေသိပ်အပြစ်မကြီးတော့ဘူး
ဒါကြောင့်တကယ့်တရားခံအစစ် ရုံးတော်မှာစစ်ဆေးခံရဖို့လိုတယ်
တရားခံအစစ်ဟုတ်လား
ရော့စ်ပိုလ်ဒတ်ခ်လား
ကျွန်မသူ့ကိုလည်းမမြင်ဖူးဘူး သူ့အသံလည်းမကြားဖူးဘူး
အယ်လီဇဘက်
- မင်းတစ်ယောက်တည်းလား - ကျွန်မ ထရန်ဝစ်ကိုပြန်တော့မလို့
နည်းနည်းနောက်ကျလို့ရမလား
- ငါ့ကိုကြားဝင်ဖို့ပြောနေတာလား - ဒီမိသားစု အရမ်းကျေးဇူးတင်မှာပါ
ဒီမိသားစုက ငါ့အတွက် သိပ်အရေးမပါလှဘူး
ငါပျော်ရွှင်စေချင်တာ မင်းတစ်ယောက်ပဲရှိတယ်
ကျွန်မ ဝမ်းကွဲအစ်ကို အသက်အန္တရာယ်ရှိကြောင်းတွေးမိရင်
ကျွန်မစိတ်သောကရောက်ရတယ်
ကျွန်မရှင့်ကိုကျေးဇူးတင်နေမှာပါ ဂျော့ဂ်ျ
ကိုယ်ချင်းစာတရားရှိတဲ့ တရားသူကြီးရှေ့ကို
သူရောက်နိုင်ဖို့ ဘယ်လောက်ခက်ခဲမှာမို့လို့လဲ
ကိုယ်ချင်းစာတရားရှိအောင် တိုက်တွန်းတဲ့နည်းတွေရှိပါတယ်
ဒါပေမဲ့ ရော့စ်က ငါ့ဆီကတောင်းဆိုခဲ့လို့လား
ရှင်နဲ့ရော့စ်က ရှင်ထင်တာထက်ကိုပိုတူတယ်
ငါပြောခဲ့ပါတယ် ငါသူ့ကိုဒီလိုပဲပြောခဲ့တယ်
သူ့ကျေးဇူးရှင်အပေါ်အမြင်ပြောင်းသွားပြီး သူကျေးဇူးဆပ်ရမယ်ဆိုတာသိရင်
သူကျေးဇူးဆပ်ဖို့ ပျက်ကွက်မယ်မထင်ဘူး
ဒါဆို မင်းဘာမှ မစီစဉ်ရသေးဘူးပေါ့
- ဘာမှမစီစဉ်ရသေးဘူး - ဂျက်ဖရီကလိုင်မာ ကေစီ မင်းရှေ့နေ
သူမင်းကို ဘော့မင်မှာ လာတွေ့လိမ့်မယ်
ဟုတ်လား
နောက်တစ်ခု မင်းရဲ့ဘဏ္ဍာရေး
မင်းက ဝီးလဲရှားမှာ အကြီးဆုံးရှယ်ယာဝင်
အဲဒါအပြင်မင်းမှာ ဝင်ငွေမရှိဘူး
မင်း အိမ်ငှားတွေကလည်း ငှားရမ်းခပုံမှန်မပေးဘူး
မင်းအိမ်ကိုပေါင်ထားပြီး
မင်းမှာအကြွေး ပေါင် ၁ဝဝဝကို အတိုး ၄ဝ ရာခိုင်နှုန်းနဲ့ရှိတယ်
ကျွန်တော့်မိန်းမတော့ ကျွန်တော့်ကိုယူမိတာ နောင်တရတော့မှာပဲ
မင်းမိန်းမ ဒီထက်သာတာ ရရမှာ
- သေတမ်းစာရေးပြီးပြီလား - ဟင့်အင်း
- မင်းပိုင်ဆိုင်မှုစာရင်းလိုချင်တယ် - သိပ်မကြာပါဘူး
ဒီမယ်လ်ဇာ
ကျွန်မတို့မိသားစုနှစ်စု ဆက်ဆံရေးပျက်စေမယ့် ပြဿနာဖြစ်ခဲ့တာ ကျွန်မသိပါတယ်
ဒါပေမဲ့ ရှင်နဲ့ရော့စ်ကို ထရန်ဝစ်အိမ်တော်ကို
မနက်ဖြန်ညနေလောက်လာဖို့ ဖိတ်ချင်ပါတယ်
- ကပ္ပတိန် ပိုလ်ဒတ်ခ် - မစ္စတာထရီဗိုးနန့်စ်
- ခင်ဗျား စည်းရုံးရေးဘယ်လိုနေလဲ - ခင်ဗျားထက်တော့သာတယ်
အဲဒါဘယ်သူလဲ
သိပ်အရေးမပါတဲ့သူပါ
ဂျက်ဒ်ပိန်တာ
- တစ်ခါမှမကြားဖူးဘူး - သင်္ဘောပျက်တဲ့ညက
ခင်ဗျား ဟင်ဒရောနာကမ်းခြေမှာ ရှိနေတာလေ
- ဟုတ်လို့လား - ဒါလေးနဲ့မှခင်ဗျားမှတ်ဉာဏ်ပြန်ကောင်းလာမှာ
အင်း
အိမ်ပြန်တော့ အရှုပ်ထုတ်ကြီး
- ဦးလေး ရေး - ကယ်ရာလိုင်း
တူမလေး
မစ္စတာထရီဗိုးနန့်စ် ပါလီမန်အမတ်လောင်းကြီး
ပေါ့ပေါ့ပါးပါး ခရီးထွက်လာတာပါလား
- ဒီမှာဘယ်လောက်ကြာကြာနေမှာလဲ - အခြေအနေအရပေါ့
ကျွန်မခွေးလေးနဲ့ကျွန်မ ပျင်းလာရင်တော့ လန်ဒန်ကိုပြန်ရတော့မှာပေါ့
အဲဒီမှာ မင်းကိုအလိုရှိမယ်ဆိုတာ သိပါတယ်
ဆက်ခံသူမင်းသမီးကို နေရာတိုင်းကအလိုရှိပါတယ်
- အသက်မပြည့်သေးတဲ့သူဆိုပိုလိုအပ်တယ် - ဘာလို့လဲ
ချမ်းသာတဲ့သူ့ဦးလေးပြောတဲ့အတိုင်း လိုက်လုပ်ပြီး
သူရွေးချယ်ပေးတဲ့နေရာမှာ မင်္ဂလာဆောင်မယ်ထင်လို့လေ
- မင်းယုံကြည်ချက်ရှိလား - သူ့ရာထူးအတွက်လား ကျွန်မကိုရဖို့လား
နှစ်ခုလုံးကို ရအောင်ယူမယ်
ကျွန်တော်တို့မကြာခင်သဘောတူညီမှု ရဖို့မျှော်လင့်တယ်
ငါရောပဲ
ငါကတော့ အသက်ကြီးပြီမို့ သူ့ကိုလိုက်လို့မမီတော့ဘူး
လူငယ်တစ်ယောက်ကတော့ လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်တာပေါ့
ပါလီမန်အမတ်လောင်းအန်ဝင်ထရီဗိုးနန့်စ်ကို တွေ့ခဲ့တာပြောပြပြီးပြီလား
သူနဲ့ရည်ရွယ်ထားတဲ့ ရေးပန်ဗန်နန်ရဲ့တူမနဲ့
ဘော့မင်ရွေးကောက်ပွဲအတွက် သူရောက်လာတာသေချာတယ်
ကျွန်မ ဘော့မင်ကို တစ်ခါမှမရောက်ဖူးဘူး
မင်းအခုမသွားရတာ ကျေးဇူးတင်
ဘာလို့လဲ
တရားရုံးချိန်းတက်မယ့်နေ့မှာ ရွေးကောက်ပွဲကျင်းပမှာ
မြို့မှာစည်ကားတော့မယ်
အယ်လီဇဘက် သွားမှာလား
မထင်ဘူး
သူ ကျွန်မတို့ဆီ စာပို့ထားတယ်
သူဘာလိုချင်လို့လဲ
ကျွန်မလိုချင်တဲ့ဟာ
ဂျူးလီယာသေပြီးတုန်းက ကျွန်မတို့ ပြန်ပေါင်းစည်းကြမယ်လို့ ရှင်ကတိပေးခဲ့တယ်လေ
မင်းအဲဒါကို လိုချင်တုန်းပဲလား
ကျွန်မတို့ တရားရုံးရောက်တော့မယ်လေ
ခင်မင်မှုကို ကျေးဇူးတင်ရမယ်
ငါတို့ဂျူးလီယာကို ဆုံးရှုံးတာတောင်လား
- ရော့စ် သူတို့ကိုအပြစ်ပုံချလို့မရဘူး - ဘာလို့မရတာလဲ
ဒါကြောင့် ကျွန်မတို့ဆုံးရှုံးရပေမဲ့လည်း
ငြိမ်းချမ်းရေးယူချင်တာပေါ့
ဂျူးလီယာသေတာ အချည်းနှီးမဖြစ်တော့ဘူးပေါ့
ရှင်တို့နှစ်ယောက်လာတာ ဝမ်းသာတယ်
- ဖရန်စစ်ရှိလား - ဒီနားခဏသွားတယ်
ရှင် တရားရုံးကိုရောက်တဲ့အခါ အကူအညီများပေးနိုင်မလားလို့
ရှင်နဲ့အရင်စကားပြောချင်တယ်
ရှင့်အနေနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံပေးမယ်လို့မျှော်လင့်ပါတယ်
ကောင်းကောင်းမွန်မွန်
ရှင့်အမှုကိုကြားနာစစ်ဆေးမယ့် တရားသူကြီးနဲ့ ဂျော့ဂ်ျကသိတယ်
- အဆင်ပြေလိုက်လေ - သူကလမ်းညွှန်မယ်လို့ထင်တာပဲ
လမ်းမှန်ကိုပေါ့
ကျသလောက်ပေးရမှာပေါ့
ခင်ဗျားကိုယ်တိုင်တော့ ပေးစရာမလိုပါဘူး
ဒါပေမဲ့ကျုပ်ပေးရမယ်ဆိုတာ သိတယ်
အဲဒါက ကျုပ်ရဲ့လွတ်လပ်ခွင့်နဲ့ မထိုက်တန်အောင် ဈေးကြီးလိမ့်မယ်
ဒီမယ်လ်ဇာ ငါတို့သွားမယ်
ရော့စ်
အယ်လီဇဘက် ဒါဘယ်လိုဖြစ်တာလဲ
ကျွန်မတို့ ရော့စ်ကို ကူညီနိုင်တာများ ရှိမလားလို့
ငါတို့ဟုတ်လား
- ဒီစိတ်ကူးကိုအသိအမှတ်ပြုပါတယ် - နည်းလမ်းကိုတော့မကြိုက်ဘူး
ရော့စ်
ခင်ဗျားထွက်သွားပေးပါ ဂျော့ဂ်ျ
No comments yet. Be the first to leave one.