Le prime 200 righe.
လူတွေ ဘာကြောင့် မူးယစ်ဆေး သုံးနေသလဲ
ကျုပ်တစ်ချိန်လုံး နားမလည်ခဲ့ဘူး
အကိုခွင်းနဲ့ အားဖန် သေပြီးနောက်မှ သိလာခဲ့တယ်
တကယ်တော့ အားလုံးက စိတ်လေမှုတစ်ခုက စတာပဲ
စိတ်လေတာဟာ ကြောက်စရာကောင်းတာလား
မူးယစ်ဆေးက ကြောက်စရာကောင်းတာလား
ကျုပ်တကယ်ကို မသိတော့ဘူး
အားလီ လှည့်ကား တစ်မိနစ်နေရင် ရောက်မယ်
ဟယ်လို
မင်း ညာဘက်က JV1889 ကားပေါ်တက်လိုက်
ကောင်းပြီ
မင်းဘေးက ငအူသုံးကောင်လည်း မင်းနဲ့အတူ လိုက်တက်ခိုင်း
သူတို့က မင်းနဲ့အတူတူပဲ
လီမွန်တီးကိုင်ထားတဲ့ သုံးကောင် ဒါပဲ
မင်းတို့ သုံးယောက် ကားပေါ်တက်
ဘာလို့အမြဲတမ်း လီမွန်တီးပဲ သောက်နေတာလဲ မသိဘူး
အခြားပြောင်းသောက်တော့ မရဘူးလား
လာပြီ
လှည့်ကားရောက်ပြီ အားလုံး အသင့်ပြင်
ငွေရောင် ၇ ယောက်ဆံ့ကား
ကားနံပါတ် JV1889
နံပါတ်တစ် စလိုက်ထား
သွားတော့
နံပါတ်တစ်ကား မျက်ခြေပြတ်သွားပြီ
သူတို့ ဂျော်ဒန်လမ်းကို ဝင်သွားတယ်
နံပါတ်နှစ် ဆက်လိုက်ထားမယ်
သွား
ဟယ်လို
အားလီ ငါ ပစ္စည်းပို့ခဲ့ပြီ
ဒီနေ့ နားတော့
လှည့်ကား ကျဲချန့်လမ်းမှာ ကွမ်လုံမြို့ကို ဦးတည်နေတယ်
လှည့်ကား ပေါကျွယ်လမ်းကို ချိုးသွားပြီ
ဖြေးဖြေး အရမ်းမကပ်နဲ့ သတိထားမိသွားမယ်
အားလီ မုန့်ကား ရောက်လာပြီ
၎လွှာ အခန်း ၄၀၇ ဆာတင်လမ်းကို ပို့လိုက်
မီးစိမ်းနေတာ မရပ်နဲ့ ဆက်သွား
သူ အဲဒီလိုလုပ်မယ်ဆိုတာ ငါသိသားပဲ
သူ မင်းကို ကြည့်နေတယ်
ဆက်မောင်းလေ သွားတော့
ငါတို့နောက်က သူပြန်လိုက်လာပြီ နောက်လှည့်မကြည့်နဲ့
အခုဘယ်လိုလုပ်မလဲ တည့်တည့်သွားမလား ကွေ့ရမလား
တည့်တည့်ဆက်သွား
သူကွေ့သွားပြီ
နံပါတ်သုံးကား မျက်ခြေပြတ်သွားပြီ
စိတ်အေးအေးထား နံပါတ်နှစ်ကား လိုက်နေပြီ
အရှေ့ဘက်မှာလမ်းကြား ပေါတယ် မျက်ခြေမပြတ်စေနဲ့
ဟုတ်ကဲ့
မင်း တစ်ယောက်ပဲ ကျန်တော့တယ်
ဆက်လိုက်ထား
သူ ကွေ့သွားပြီ
ညာဘက်ကြောကို ကပ်ထား
မရဘူး ပိတ်မိနေပြီ
စောင့်ကြည့်ထား
နံပါတ်နှစ်ကား မျက်ခြေပြတ်သွားပြီ
ပစ်မှတ်ကား ကွမ်လုံမြို့ထဲ ဝင်လာပြီ
အားလီ အားလုံး ရှင်းပြီးပြီ
- စန့်မာတင် တံတား - ဟုတ်ပြီ
မဆိုးပါဘူး
ငါတို့ အချိန်တန်ကြာမှာ မျက်ခြေပြတ်သွားတယ်
သွားကြစို့
- ရုံးကိုပြန်မှာလား - မဟုတ်ဘူး ငါ ဂိမ်းသွားကစားမလို့
ယူထားကြ
ထွက်ကြတော့
မြန်မြန်လုပ်ကြ
- အင်း - အဆင်ပြေသွားပြီ
- ဒါပြီး နားလိုက်တော့ - ဟုတ်ကဲ့
မေမေ သမီး ဗိုက်ဆာတယ်
ခဏစောင့်ပါနော် အဒေါ်ကြီး ပြန်မလာသေးဘူး
သူ့စီက ပိုက်ဆံရရင်
အမေ သမီးကို အပြင်မှာ ညစာလိုက်ဝယ်ကျွေးမယ်
ရှင့်မှာ ခေါက်ဆွဲရှိသေးရင် နည်းနည်းလောက် ချေးပါ့လား
ကုန်သွားပြီ
ပေါင်မုန့်အချို့တော့ ရှိသေးတယ် ယူမလား
ကျွန်မ လစာမရသေးလို့ပါ
ခဏနေ ပိုက်ဆံရရင် ချက်ချင်း ပြန်ဆပ်ပါ့မယ်
စားလေ
ဘယ်လောက်လဲ
၈၀၀
အကိုခွင်း ကျုပ် ဖုန်းကဒ်အသစ် ဖွင့်ထားတယ်
အားလီ လား
ဟုတ် အမကြီးလား
အကိုခွင်း ဆေးရုံရောက်နေတယ် မြန်မြန်လာခဲ့
နားထောင်ဦး
အိမ်ပြန်ပြီး နင့်အဖေ ပစ္စည်းတွေ ယူခဲ့
ကျွန်တော်မအားဘူး အမေ့ညီမကို ယူခိုင်းလိုက်
- မင်း - ဟေ့ အားလီ
- အားလီ - သူ ဘယ်လိုနေသေးလဲ
သူ့ကို ခွဲစိတ်ဖို့ပြောပါဦး
သူ ဒီလိုဖြစ်နေတာ ကြာနေပြီ
သူ အဆင်ပြေမှာပါ
ကျွန်တော်အခု ဝင်ကြည့်လိုက်မယ်
ဟိုဘက်မှာ
နတ်စ်
နတ်စ်
ခဏစောင့်ပါ
ဘာလိုလို့လဲ
အိမ်သာသွားမလို့
- ကျွန်တော် အိုးယူပေးမယ် - နေပါစေ
ဒီမှာ မိန်းကလေးတွေ များနေတယ်လေ
ဘာဖြစ်လို့ ပုဂ္ဂလိက ဆေးရုံကိုမသွားတာလဲ
ဒီနှစ် တစ်နှစ်လုံး ကံမကောင်းဘူး
မွေးကတည်းက သွေးချိုရောဂါကရှိတယ်
ငါ့မိန်းမကလည်း သွေးတိုးနေတယ်
သမီး အငယ်မကလည်း နှလုံးအားနည်းတယ်
အကြီးမက ကျန်းမာရေးကောင်းပေမယ့်
စကားနားမထောင်ဘူး သူ့ပုံစံ မင်းလည်းမြင်တာပဲ
မင်း လက်ခံနိုင်လို့လား ငါတော့ လက်မခံဘူး
ခင်ဗျား ကိုယ့်ကိုယ်ကို အရင် ကျန်းမာအောင် လုပ်ပါ
အမက ခင်ဗျားကို ခွဲစိတ်စေချင်နေတယ်
ဒါပေမယ့် ခွဲစိတ်လိုက်ရင် အားနည်းပြီး သေသွားနိုင်တယ်လေ
အခုတောင် ဒီလိုဖြစ်နေတာ ရှောင်လို့မှ မရတာ
အငယ်မကို နိုင်ငံခြားမှာ သွားခွဲစိတ်တော့မှ
ငါပါ ခွဲစိတ်လိုက်တော့မယ်
- ဆေးကိစ္စတွေ ဘယ်လိုလဲ - အင်း ပြေပါတယ်
ကျွန်တော် နည်းနည်းပြောစရာရှိတယ်
ဘာကိစ္စလဲ
ကျွန်တော် ဖောက်သည်အသစ် တွေ့ထားတယ်
ကျွန်တော် ကိုယ်ပိုင်ပစ္စည်းထုတ်ချင်လို့
ခဏ
မင်း ဘယ်လိုပြောလိုက်တာလဲ
ကျုပ် ကိုယ်ပိုင်ပစ္စည်းထုတ်ချင်လို့
ကျုပ် အိမ်ဝယ်ဖို့ လိုနေတယ်
ဘယ်လောက်လဲ
လေးစုံ
ငါမေးနေတာ အိမ်က ဘယ်လောက်လဲ မေးတာ
ကျုပ် ကို့ယ်ဘာသာ ရှာပါရစေ
ချေးလိုက် ဆပ်လိုက်နဲ့ ကျုပ် ပင်ပန်းနေပြီ
မင်း ဝယ်လက်က ဘယ်သူလဲ
အဲဒါတော့ မမေးနဲ့လေ ဒါ အကိုပဲ သင်ပေးထားတာ
သူတို့က စိတ်ချရရဲ့လား
ခင်ဗျား ကျုပ်ကို ယုံရင် ဖြစ်တာပဲ
အင်း ဟုတ်ပါတယ်
ဘယ်လိုအိမ်အမျိုးအစား ဝယ်မှာလဲ
စရံပေးပြီးပြီလား ဘယ်တော့ငွေချေရမလဲ
ဒါဘာလဲ
နည်းနည်းပဲစား
သိမ်းထားဦး
မကုန်ရင် လွှင့်ပစ်လိုက်
အမတွေ့သွားရင် ကျုပ်ဝယ်တာ သိသွားလိမ့်မယ်
မင်းက လာနောက်နေတာလား ဘယ်လိုလုပ် မကုန်ရမှာလဲ
တခြားသူတွေရော
သူတို့ အိမ်ပြန်ပြီး အကိုခွင်း ပစ္စည်းတွေ သွားယူတယ်
မင်းကရော
ကျွန်မ ရှင့်ကို စောင့်နေတာလေ
ကျွန်မတို့ ရုပ်ရှင်သွားကြည့်ရအောင်လေ
ကျွန်မမှာ ရုပ်ရှင်လက်မှတ် နှစ်ဆောင်ရှိတယ်
လာပါ
အချိန်စောသေးတာပဲ ကျွန်မတို့ လျှောက်လည်ရအောင်ပါ
မင်း အရင်ပြန်နှင့်ပါ
ကြည့်ထားနော်
သမီး နာမည် ဘယ်လိုခေါ်လဲ
ကျင်းကျင်း
ကျင်းကျင်း သကြားလုံးစားမလား
အသီးအရွက်တွေရောစားလေ
ငါးရောစားလေ
ရှင့်စီမှာ ကြွက်တွေရှိလား
မနေ့ညက ကြွက်တစ်ကောင် ကုတင်ပေါ်တက်လာတယ်
သူ့ကို ကိုက်တော့မလို့
ငါ ကြွက်သတ်ဆေး ချထားတယ်လေ
ကျွန်မလည်း လုပ်တာပဲ
ဒါပမယ့် သူတို့က စားပြီးဘာမှမဖြစ်သလိုပဲ ပြန်လာတယ်
တခြားတံဆိပ်သုံးကြည့်လေ ညစာစားပြီး သွားဝယ်ပေးမယ်
ကျေးဇူးပဲ
မင်းက ခိုးကူးခွေ ရောင်းတာလား
အရှေ့တိုက်က ဒေါ်ကြီးလုရဲ့ သားပစ္စည်းတွေပါ
သူတို့အတွက် ကျွန်မ ရောင်းပေးနေတာ ဒါကြောင့် ဒီမှာ နေလို့ရတာပေါ့
ရေနွေး လာသောက်ပါဦး
ဒီမှာ မင်းတို့ပဲနေတာလား
ဟုတ်တယ်
ယောက်ျားနဲ့ကွဲပြီးကတည်းက ဒီပြောင်းလာတာ မကြာသေးဘူး
အစကတော့ သမီးကို ကျွန်မမိဘတွေ အိမ်ပို့မလို့ပဲ
ဒါပေမယ့် ကျွန်မအဖေက လုံးဝ သဘောမတူဘူးလေ
အရင်တုန်းက ကျွန်မယောက်ျားနဲ့ ပြသနာတက်ဖူးတော့
အိမ်လာပြီး ပြသနာရှာမှာ စိုးရိမ်တယ်လေ
ကျွန်မတို့ လက်မထပ်ခင် ကတည်းက အဖေက ကျွန်မ ယောက်ျားကို သဘောမကျဘူး
သူက ရုပ်ကလေးရှိတာက လွဲလို့ ဘာမှ အသုံးမကျဘူးပြောတယ်
သူပြောတာလည်း ဟုတ်တာပဲ ကျွန်မယောက်ျားက အသုံးမကျဘူး အပျော်အပါးမက်တယ်
ဒါတွေ မင်း ငါ့ကို
ပြောပြနေစရာ မလိုအပ်ပါဘူး
လူတိုင်း ဒီလိုကိစ္စတွေ ကြုံဖူးကြတာပဲ
ဒါတော့ ဟုတ်ပါတယ်
ဒီဆိုဖာက ဇိမ်ကျသားပဲ
ဒီနေရာကို ဒီဆိုဖာ ဘယ်လိုရောက်နေလဲ ကျွန်မ မသိပါဘူး
ရေနွေးသောက်ပါဦး
အင်း
ဟေး
ဘာဖြစ်တာလဲ
အခု ငါ့ကို ဆေးရုံမှာလာကြို ဦး
နောက်မှဆက်ပြောကြတာပေါ့ ငါအခု သွားရဦးမယ်
ကျေးဇူးတင်ပါတယ်
ရပါတယ် ဒီလောက်က ဘာမှမဖြစ်ပါဘူး
ပစ္စည်းတွေ ပြသနာရှိလို့ အလုပ်ခန်းကို သွားရအောင်
ကျွန်တော်တို့ ဘာကိုစောင့်နေတာလဲ
အဲဒိ ဘယ်မှာလဲဆိုတာ ငါလည်း မသိလို့
သူလာပြီ
ဟေး နေဦး
သူ ဘယ်သူလဲ
အားလီ တဲ့ သူက သယ်ယူပို့ဆောင်ရေးကို တာဝန်ယူထားတယ်
ဆရာက ကြိုပြောထားတာလည်း မဟုတ်တော့
ကျွန်တော် လန့်သွားလို့ပါ
No comments yet. Be the first to leave one.