It's Entertainment

It's Entertainment (Entertainment)

Scarica il sottotitolo Burmese

Informazioni sulla release

It's Entertainment
Un commento di salmad

Tag

other
Pubblicato il: 2017-11-19
Download: 48
Sottotitoli per non udenti: No

Anteprima dei sottotitoli in Burmese

Le prime 200 righe.

မင်္ဂလာရှိသောနေ့လေးပါ တီစီရှိုးမှ ကြိုဆိုပါတယ်

မီးရထားလက်မှတ်လိုက်စစ်တဲ့ တီစီကို ပြောတာမဟုတ်ပါဘူး

ဒါကတော့ တယ်လီရှော့ပင်း ရုပ်သံလိုင်း တီစီပဲ ဖြစ်ပါတယ်

အထူးဧည့်သည်တော်ကြီးများကို ကျွန်တော် ဗီဒီယိုလေးတစ်ခု ဖွင့်ပြချင်ပါတယ်

သူ့ကို သာမန်လူလို့ပဲ မထင်လိုက်နဲ့နော်

ဘာဖြစ်လို့လဲဆိုတော့ သူက အဝလွန်နေတဲ့သူတစ်ယောက် ဖြစ်နေလို့ပါ

သူကတော့ ကျွန်တော်တို့ရဲ့ မွန်ဘိုင်းမြို့သားလေး

အာခီးလ် လိုခမ်းဒေ ဖြစ်ပါတယ်

ကျွန်တော် စိတ်ဓာတ်ကျမိပါတယ်

ဘာအလုပ်ပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် ကျွန်တော်လုပ်ချင်တယ်

ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ ဆိုက်အကြီးဆုံးအင်္ကျီတွေပဲ ၀တ်နေရတယ်

လူခြောက်ယောက်စာအလုပ်ကို

တစ်ယောက်တည်းလုပ်နိုင်မယ့် စွမ်းအားမျိုးရှိချင်ခဲ့တယ်

အခုတော့ ဓာတ်လှေကားထဲ ၀င်လိုက်တာနဲ့

ကျွန်တော့်ကိုယ်အလေးချိန်က လူခြောက်ယောက်စာဖြစ်နေမှန်း သိလိုက်ရတယ်

လူတစ်ယောက်ရဲ့ဘဝမှာ ဟန်ချက်ညီဖို့တော့ လိုတယ်မဟုတ်လား

ဒါပေမဲ့ ကျွန်တော် ဘီးပေါ်တက်လိုက်ရင်တော့ ဘယ်လိုမှ ဟန်ချက်မညီနိုင်တော့ပါဘူး

ကျွန်တော့်ကလေးငိုတဲ့အခါ ဘယ်လိုချော့ရမလဲလို့ စဉ်းစားနေခဲ့တာ..

ကျွန်တော်အရမ်း စိတ်ဓာတ်ကျရပါတယ်

ပရိသတ်များခင်ဗျာ

စိတ်ဓာတ်ကျနေတဲ့ ဒီလူ့အကြောင်းကို လွန်ခဲ့တဲ့နှစ်လက ရိုက်ကူးထားတာပါ

ဟုတ်ပါပြီ သူ့ကို ကြိုဆိုလိုက်ရအောင်

ဖာရက် ဆာဂျေး စတိတ်စင်က ခိုင်ပါတယ်နော်

- ခိုင်ပါတယ် ခင်ဗျ - ခိုင်တာပေါ့

အာခီးလ်လိုခမ်းဒေကို အားလုံးပဲ ကြိုဆိုလိုက်ကြပါ

အာခီးလ် လိုခမ်းဒေ

တစ်ယောက်တည်းပဲလား

ခင်ဗျားပြောတော့ ခင်ဗျားက လူခြောက်ယောက်စာနဲ့ ညီမျှတယ်ဆို

တခြားသူတွေ ဘယ်ရောက်ကုန်လဲ

ကျွန်တော် စိတ်ဓာတ်မကျတော့ပါဘူး

နေပါဦး ကျွန်တော် အံ့သြမိတယ် ဘယ်လိုဖြစ်သွားရတာလဲ

ခဏပဲစောင့်

ဂျေစီ ဂျက်တာဆေးတောင့်

ဆေးဖက်ဝင်အပင်များနဲ့ ဖော်စပ်ထားတဲ့ အစွမ်းထက်သော ဆေးပဲဖြစ်ပါတယ်

ဂျေစီတစ်ဘူးက ခင်ဗျားဘ၀ကို ပြောင်းလဲပေးပါလိမ့်မယ်

ဆေးရဲ့အမည်က ဂျက်တာနော်

- လုပ်စမ်းပါ ဒီကောင့်ကိုပုံပြောင်းပေးလိုက် - ဟုတ်ကဲ့ပါ ဆရာ

အာခီးလ် လိုခမ်းဒေနဲ့ ချွတ်စွပ်တူနေမှဖြစ်မယ်

- ဆရာ - သေသေချာချာ လုပ်စမ်းပါ

- ဆရာ - အလုပ်ကို အာရုံစိုက်စမ်းပါ

ကျုပ်ကို ရူပီး ၄၀၀၀ ပေးမယ်လို့ ပြောထားတာလေ

၂၅၀၀ ပဲ ပေးရသေးတယ်

အဲဒီတော့ ဘာဖြစ်လဲ ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရဘဲနဲ့များ

ရော့ ယူသွား ဂျေစီတစ်ဘူး

ဗလတောင့်အောင်လုပ်ပြီး ကမ္ဘာ့စံချိန်တင်လိုက် ပျော်ပျော်နေပေါ့

ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွားပြီထင်တယ်

ငါ မင်းကို သတ်မှာနော်

ဘာလဲ ခင်ဗျားက ကြေးစားလူသတ်သမားလား

ကြေးစားလူသတ်သမား..

ဒီမှာလာပြီး ဇာတ်လမ်းလာမစနဲ့နော်

- ဘာလဲ ခင်ဗျားက ဒါရိုက်တာလား - ဒါရိုက်တာ..

ငါ့ဒေါသကို လာမဆွနဲ့ ငါ့လက်တွေကို ကြိုးချည်ထားတာမဟုတ်ဘူး

- ဘာလဲ ခင်ဗျားက ပြန်ပေးဆွဲခံရလို့လား - ပြန်ပေးဆွဲတယ်

မင်း ဘာဖြစ်ချင်တာလဲ

ကျုပ် ဖုန်းလာနေတယ်

သူ့ကို ထိန်းထား ဟဲလို

ဟုတ်ပါတယ် လာနေပါပြီ ခဏနေရင် ရောက်ပါတော့မယ်

ကျုပ်သာ အလျင်စလိုဖြစ်မနေဘူးဆိုရင်

ခင်ဗျားဆီက ရစရာရှိတဲ့ဟာကို မရရအောင် တောင်းပစ်မှာ

သွားစရာရှိတာ သွားစမ်းပါကွာ

အရေးကြီးကိစ္စပေါ်လို့ နို့မို့ဆို ခင်ဗျားခက်မယ်

တစ်လောကလုံး သူမပါရင်မပြီးသလိုမျိုး ဟန်ဆောင်နေသေးတယ်

နောက်တစ်ခေါက်ပဲ ငါး ခြောက် ခုနစ် ရှစ်

ရပ်လိုက်တော့ အစမ်းလေ့ကျင့်တာ ရပ်လို့ရပြီ

သီချင်းပိတ်လိုက်တော့

ယောက်ျားလေးတွေ အားလုံးဖယ်လိုက် မိန်းကလေးတွေပဲ ခေါ်တော့မယ်

ယောက်ျားလေးတွေ အထုပ်သိမ်းလိုက်တော့ မိန်းကလေးတွေ အရှေ့တက်

ဒါ ဘာသဘောလဲဗျ

ဒီလို ရုတ်တရက်ကြီးထုတ်လိုက်လို့ ဘယ်ဖြစ်မလဲ

ဒီနေ့တော့ မင်းကို သွားကျိုးအောင် လုပ်ပေးရတော့မယ်

- ဘာလဲ ခင်ဗျားက သွားဆရာဝန်မို့လို့လား - သွားဆရာဝန်

အမှုန့်ကြိတ်ပစ်မယ်

ဘာလဲ ခင်ဗျားက ရေခဲခြစ်ရောင်းတဲ့သူမို့လို့လား

ရေခဲခြစ်..

ငါမင်းကို ကောင်းကောင်းပညာပေးရမယ်

ဘာလဲ ခင်ဗျားက ကျောင်းဆရာလား

ကျောင်းဆရာ.. မင်းတော့လား

- ငါ့ကိုလွှတ် ငါ့ကိုလွှတ် - ငါ့ဖုန်းလာနေတယ်

သူ့ကို ထိန်းထားဦး

- ဟဲလို ဟုတ်ကဲ့ လာနေပါပြီ - ငါ့ကိုလွှတ်စမ်း

- ရောက်တော့မှာပါ - ငါ့ကိုလွှတ်

ကျုပ်သာ သွားစရာရှိမနေရင် ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး

သွားစမ်းပါကွာ

အရေးကြီးကိစ္စသာ ပေါ်မလာရင် ခင်ဗျားမလွယ်ဘူးမှတ်ပါ

သွားစမ်း ငါ့ကိုလွှတ်

လျှောက်ပြောနေတယ်

ပြောနေတဲ့ပုံက အလုပ်ကြီးအကိုင်ကြီးလုပ်နေသလိုနဲ့

ဒီကစားပွဲမှာနိုင်အောင် နတ်ဘုရားတွေ ကယ်မတော်မူပါ

အခုဆိုရင် ဘိုရီဗလီအသင်းက ဒုံဘီဗလီ အသင်းကို

အခေါက်ရေ ၁၂၀ နဲ့ စိန်ခေါ်ထားပါတယ်

ဒုံဘီဗလီအသင်းက အဖွင့်ကစားသမား ကွင်းထဲကို ရောက်နေပါပြီ

တစ် နှစ်

ကဲကွာ

ဘာလဲ

ငါ့ကို ဘာလို့ထွက်ခိုင်းတာလဲ

ဘောလုံးကို ထိတယ်လေ

- သူ ဒိုင်လူကြီးမဖြစ်သင့်ဘူး - ထွက်စရာရှိတာထွက်

ဆရာ သူ ဘောလုံးကိုထိအောင် ရိုက်လိုက်တယ်လေ

ဘာမှမပြောနဲ့ မဟုတ်ရင် မင်းကိုပါ ထွက်ခိုင်းလိုက်မယ်

- ဒီလူက ဘယ်လိုကြီးလဲ - ပါးစပ်ပိတ်ထား

ဖမ်းလိုက်

ဘယ်လိုလဲကွ

ဘယ်လိုလဲ

ထွက်

- သေစမ်း - ဘယ်လိုလဲ

ဘယ်လိုလဲ

ဘယ်လိုလဲ

ဘယ်လိုလဲ

ဘယ်လိုလဲ

ဒီမှာ ခင်ဗျားပိုက်ဆံ

အာခီးလ် မင်းဒီနေ့ လူအတော်များများကို စိတ်တိုအောင်လုပ်လိုက်တာပဲ

တကယ်ပါပဲ

မတတ်နိုင်ဘူးဗျာ တခြားအလုပ်တွေကို သွားရဦးမှာလေ

ဒါပေမဲ့ မပြီးသေးဘူးလေ

မင်းတော့ ကိစ္စတုံးပြီမှတ် မင်းကို သေအောင်ရိုက်ပစ်မယ်

ဘာလဲ ခင်ဗျားက ထောင်မှူးလား

မင်းကို လူနာတင်လှည်းပေါ်ရောက်အောင် လုပ်ပေးလိုက်မယ်

ဘာလဲ ခင်ဗျားက ကျန်းမာရေးမှူးလား

မင်း ကိုယ့်နေရာမှန်ကိုယ်သိအောင် ငါ လုပ်ပြမယ်

- ဘာလဲ ခင်ဗျားက ဧည့်ကြိုလား - ဧည့်ကြို..

ချကြကွာ

ဆက်ပြောလေ

ရော့ ဒီပိုက်ဆံတွေ ယူသွား

- ဟေး - ဟေး

- သွားကြမယ် - ငါ့ကို မလုပ်ပါနဲ့

တခြားအလုပ်ပဲ သွားရှာစမ်းပါ

နောက်အလုပ်တစ်ခု

ရှင်က ကျွန်မနဲ့လက်ထပ်ထားတာမဟုတ်ဘဲ အလုပ်နဲ့ လက်ထပ်ထားတာပဲ

နေ့စဉ်နေ့တိုင်း ရှင့်ကို ကျွန်မစောင့်နေခဲ့တယ်

တစ်ခါတလေများ အတူရှိခွင့်ရမလားလို့ မျှော်လင့်ရင်းပေါ့

အခုလည်း ကာဗချော့ ပွဲတော်နေ့ကို ရောက်လာပြီ

ကျွန်မတို့လို အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ နေ့တစ်နေ့ပါ

အရေးအကြီးဆုံးနေ့ရှင့်

ဒါတောင် ရှင်က အိမ်ကို နောက်ကျမှပြန်လာတယ်

ဘာလို့လဲ

ရှင် ကျွန်မကို လက်ထပ်ယူထားတာလေ

ကျွန်မအပေါ် ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ

ပါဗတီ အမှန်တော့အလုပ်ဆိုတာ အကြောင်းပြချက်သက်သက်ပါပဲ

ငါ့မှာ တခြားတစ်ယောက်ရှိနေပြီ

သူက ကာရန်ဂျလီပဲ

- ကျေးဇူးပြုပြီး.. - တော်တော့

ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားတယ်တို့

နတ်ဖက်တဲ့ဖူးစာတို့ဆိုတာ စိတ်ကူးယဉ်တွေပဲ

လက်တွေ့မှာတော့ ရှင်က ကျွန်မကို

သုံးပြီးရင် ပစ်လို့ရတဲ့ ပစ္စည်းတစ်ခုလို သဘောထားတာ

ကျွန်မက ရှင်နဲ့ ခဏလေးပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင် နေချင်ခဲ့တာ

ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်မတို့ အိမ်ထောင်ရေးက

ရှင့်အတွက် ဘာမှမဟုတ်တဲ့ အရာတစ်ခုဆိုတာ သိလိုက်ရပြီ

ရပြီ အရမ်းကောင်းတယ်

ဒီ ကပ်ပါးရပ်ပါးကောင်တွေက ဘယ်သူတွေလဲကွာ

- ဟိုင်း - အားလုံး နေရာပြန်ချကြမယ်

ဆောရီး

ရိုက်ကွင်းမစခင်တွေ့ဖို့ ချိန်းထားတာနော်

ဆောရီးပါ

ဘာလုပ်တာလဲ

ဒီနေ့ မင်းကို အရမ်းဈေးကြီးတဲ့ နေရာတစ်ခုကို ခေါ်သွားချင်တယ်

ဘယ်ကိုလဲ

ဓာတ်ဆီဆိုင်

ဘာလို့လဲဆိုတော့ ဓာတ်ဆီထက် ဈေးကြီးတာ ဘာမှမရှိဘူးလေ

ဦးလေး ဘောလုံး..

ကျေးဇူးပဲ

တစ်ခါတလေ ငါ့ကိုယ်ငါ ဒီဘောလုံးလို ခံစားရတယ်

တွေ့တဲ့လူတိုင်းက ငါ့ကိုကန်ပြီးမှ ငါ ရှေ့ဆက်သွားရတယ်လေ

ဒီလို ကန်ချက်တွေကပဲ ရှင့်ကို လိုရာပန်းတိုင်ဆီခေါ်သွားမှာပါ အာခီးလ်ရယ်

ရှင့်ပန်းတိုင်က ဘာလဲဆိုတာ ကျွန်မ သိတယ်

ရှင့်အဖေကို ကောင်းကောင်းမွန်မွန် ဆေးကုပေးချင်တာမဟုတ်လား

ရှင့်အဖေလည်း တစ်နှစ်ပတ်လုံး ဆေးရုံမှာပဲနေနေရတာ သနားပါတယ်

ရှင့်မှာ သူ့ဆေးဖိုးအတွက် နေ့ရောညပါ အလုပ်လုပ်နေရတာ

ဒါပေမဲ့ ကျွန်မယုံတယ်

တစ်နေ့ကျရင် ရှင့်အဖေ လုံးဝ ပြန်ကျန်းမာလာမှာပါ

တကယ်လား

ကျွန်မ ကျိန်ပြောရဲတယ်

ကျေးဇူးပဲ

ထားလိုက်ပါ သူခိုး

ရှင်က ကျွန်မနှလုံးသားကို ထိအောင်လုပ်နေတာလား

ထိအောင်လုပ်ရအောင် ခုနက ဘောလုံးထင်လို့လား

ကျွန်မအနားမှာပဲ ကပ်နေမှာလား

ငါက ကော်မှမဟုတ်တာ မင်းနဲ့ဘယ်လိုလုပ် ကပ်နေနိုင်မှာလဲ

ကျွန်မကို အနမ်းပေးဦးမှာလား

ငါက ရုပ်ရှင်မင်းသား အန်မရာဟာရှ်မီးနဲ့ တူလို့လား

ပြောပါဦး မင်းက ငါ့ကို ဘာလို့တွေ့ချင်ရတာလဲ

ဒီည ဖယောင်းတိုင်ထွန်းပြီး ညစာစားကြမလို့လား

- အဖေက လျှပ်စစ်မီး ချွေတာသုံး.. - တိတ်စမ်း

မင်းသိထားရမှာက

ငါက အမှောင်ထဲမှာပဲ စကားပြောရတာကြိုက်တယ်

ကပ်စေးနှဲကြီး

ဘာဖြစ်လို့လဲ

ဒီဘက်မှာလိုမျိုး လက်တင်လို့ရတဲ့ဟာ မပါလို့

တစ်ဝက်ဈေးနဲ့ ၀ယ်ထားလို့ တစ်ခြမ်းပဲ ပါတာ

ဘာလုပ်တာလဲ

အဖေရယ် ဒီတစ်ခုလောက်တော့ ဖွင့်ပါရစေ

ကျွန်တော် ဦးလေးသမီးနဲ့ လက်တွဲချင်လို့ လက်ထပ်ခွင့်လာတောင်းတာပါ

ဘာလို့ လက်ပဲတွဲချင်တာလဲ

တခြားအပိုင်းတွေက ဘာဖြစ်နေလို့လဲ

- ဘာကို ဆိုလိုတာပါလဲ - ငါမင်းကို ရှင်းရှင်းပဲပြောမယ်

မင်း ငါ့သမီးကို လုံးဝ လက်မထပ်ရဘူး

ငါ့ကို အသနားလာခံနေလည်း အပိုပဲ

ဘာဖြစ်လို့လဲ ကျွန်တော်က ဦးလေးသမီးနဲ့ မတန်လို့လား

မင်းက လူချမ်းသာတွေဆီမှာတောင် မရှိတဲ့အရာကို ပိုင်ဆိုင်ထားတယ်

- ဘယ်အရာလဲ - ဆင်းရဲတာလေ

Commenti

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left