Le prime 200 righe.
ကျွန်တော့်နာမည် အော်လီဗာကွင်းပါ
ငရဲလိုမျိုးကျွန်းမှာ ငါးနှစ်နေခဲ့ပြီး ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ပြန်ရောက်လာပါတယ်
ကျွန်တော်မြို့ကိုကယ်တင်ဖို့ပါ
ဒီနေ့ကျွန်တော် အဲဒီစစ်ဆင်ရေးကို ရာထူးနှစ်မျိုးနဲ့တိုက်ပွဲဝင်တယ်
နေ့ဘက်မှာ မြို့တော်ဝန်အဖြစ် စတားမြို့ကို အုပ်ချုပ်ပြီး
ညဘက်မှာတော့ ကျွန်တော်က တစ်ခြားတစ်ယောက်ဖြစ်လာတယ်
တစ်စုံတစ်ခုဖြစ်လာတယ်
ကျွန်တော်ဟာ ဂရင်းအဲရိုး
ပြီးခဲ့သောအပိုင်းတွင်
ငါပြောတာလုပ်မလား သေမလား
ဟယ်လိုမစ္စတာကွင်း
ငါနာမည်က တိုင်လျာ
ငါမင်းကိုရှာနေတာကြာပြီ
ကျွန်တော်ဒီထဲက ထွက်တာနဲ့..
ဝေါ်ကာက ကျွန်တော့်ကိုသတ်ဖို့ လုပ်ဇာတ်ထွင်လိမ့်မယ်
ငါဒါကို ကိုယ့်ဘာသာကိုယ် တရားဆွဲရမယ်ထင်တယ်
အချိန်ခဏတော့ကြာနိုင်တယ်
ငါလော်ရယ့်ကို ပေးခဲ့တဲ့ ကတိကိုမတည်နိုင်ခဲ့ဘူး
ဘလက်ကနေရီနောက်တစ်ယောက်ကို လေ့ကျင့်ပေးမှာလား
ငါထင်တာ တခြားတစ်နေရာရာမှာ..
လော်ရယ့်နေရာဆက်ခံမယ့် အမျိုးသမီးတစ်ယောက်ရှိနေလိမ့်မယ်
ငါတို့လုပ်ရမှာက သူ့ကိုရှာဖို့ပဲ
ဒီနေ့ညရဲ့ နောက်ဆုံးအချိန် မတိုင်ခင်အထိ စတားဓာတ်ခွဲခန်းရဲ့..
အငြင်းပွားဖွယ်ရာ အရှိန်မြှင့်စက်ကို ဆက်လက်ဆန္ဒပြနေကြဆဲပါ
စတားဓာတ်ခွဲခန်းတည်ထောင်သူနဲ့ စီအီးအို ဟာရီဆန်ဝဲလ်စ်က..
သိပ္ပံခေတ်သစ်ရဲ့ တိုးတက်မှုက..
လက်ဝယ်ရောက်နေပြီလို့ ကတိပေးထားပါတယ်
ကြည့်ပါဦးကွာ
အနာဂတ်က တစ်နေ့တစ်နေ့ ပိုပြီးတောက်ပလာတယ်
မင်းရောဘယ်လိုထင်လဲ ကောင်မလေး
မင်းကဖွံဖြိုးမှုကို ကြိုက်တဲ့သူလား
ရှင်တို့ ကျွန်မကိုတစ်ခါတည်း ဘာလို့မသတ်တာလဲ
ဒါမှမဟုတ် ကျွန်မကိုမသတ်ရဲလို့လား
အစကတော့ ငါတခြားကိစ္စတစ်ခုလုပ်မလို့ပဲ မင်းကို အနားယူခိုင်းမလို့
ဒါပေမဲ့ ဒီလိုရန်စတော့လည်း ယောက်ျားတစ်ယောက်အနေနဲ့ ဘာလုပ်မလဲ
မင်းဆီကလိုချင်တာကို ရအောင်ယူမှာပေါ့
အံသွားတွေဆိုရင်ရော
သူ့ကိုထားလိုက်
ဟေး တီနာ
မင်းကြည့်ရတာသိပ်မကောင်းဘူး
ဒါပေမဲ့ မင်းကိုပြုံးအောင်လုပ်နိုင်မယ့် လူတစ်ယောက်ပါလာတယ်
ဘယ်သူရောက်လာလဲ ကြည့်စမ်း
ဘုရားသခင်..ဗင်နီ
တောင်းပန်ပါတယ် တီနာ
ကြည်နူးစရာကောင်းလိုက်တာ
မင်းတို့နှစ်ယောက်ကို သာမန်ရဲတွေလို့ပဲထင်ထားတာ
မင်းငါ့ကိုပြောလို့ရတယ် ဗင်
မင်းအဲဒီကောင်မလေးကို ကြိုက်နေတာမဟုတ်လား
မင်းတို့နှစ်ယောက်ထဲက ဘယ်သူ့ကို သတ်ရမလဲလို့ စဉ်းစားနေတာ
ငါ့ကို ဆုံးဖြတ်ချက်သေချာအောင် လုပ်ပေးလို့ ကျေးဇူးပဲ
မလုပ်နဲ့ ကျေးဇူးပြုပြီး
သူ့ကို မလုပ်ပါနဲ့
ပါးစပ်ပိတ်ထား
ခဏလေး ကျွန်မတို့ကိုအခုဆိုရင် ပစ္စည်းကိရိယာတွေဖယ်ဖို့ အမိန့်ပေးထားပါတယ်
မုန်တိုင်းကြောင့် မူလအအေးခံစနစ် ချို့ယွင်းသွားပုံရပါတယ်
အရာရှိတွေက အခုဆိုရင်..
ရှောင် ကျွန်မတောင်းပန်ပါတယ်
မလုပ်ပါနဲ့
မလုပ်ပါနဲ့
မဟုတ်သေးဘူး
မဟုတ်သေးဘူးဆိုတာ ဘာပြောတာလဲ
- သူ့ရဲ့ကိုယ်ရေးအကျဉ်းကို ဖတ်ရောဖတ်ရဲ့လား - ငါဖတ်ပြီးပြီ
သူအီရတ်နိုင်ငံပေါ်မှာ လေယာဉ် အကြိမ်ခြောက်ရာလောက်ပျံပြီး..
မြို့တော်က ဆင်းရဲတဲ့ကလေးတွေ..
လေကြောင်းတက္ကသိုလ်တက်နိုင်အောင် ပရိုဂရမ်တစ်ခုလုပ်ခဲ့တယ်
ခရာ့ဗ်မာဂါကိုယ်ခံပညာလည်းတတ်တယ် ခါးပတ်နက် တတိယအဆင့်ရထားတာ
အတော်ဆုံးလူကိုပဲ ခေါ်တာဆိုရင်..
ကျွန်တော်ဒီအဖွဲ့ထဲကို ဘယ်လိုရောက်လာတာလဲ
- အဲဒါကိုမဖြေနဲ့ - ဒီမှာ
နောက်လူတစ်ယောက်ကို ဘလက်ကနေရီခန့်မယ်ဆို ကိုယ်ရေးအကျဉ်းကို ကြည့်ရုံနဲ့မရဘူး
ခံစားမှုနဲ့ဆိုင်တယ်
အဖွဲ့ဝင်အသစ်ရဖို့..
ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေတာကို ခင်ဗျားက ထိုင်ငြင်းနေသလိုပဲ
ငါလော်ရယ့်ကို သူ့နေရာ လက်ဆင့်ကမ်းဖို့ ကတိပေးထားတယ်
သူ့မှာ ဘလက်ဆိုင်ယန်ဆိုတဲ့နာမည်ပဲ ကျန်ခဲ့တာမျိုးမလိုချင်ဘူး
ဒီအမျိုးသမီးဆိုရင်ရော ဘယ်လိုလဲ
အယ်လီဆင်စလိတ်တာ
သူကထူးချွန်ဆုရ စီအိုင်အေအရာရှိ
ပြီးတော့ ကမ္ဘာ့ဂျူဒိုချန်ပီယံ
မကြိုက်သေးဘူးလား
တာရာမီချယ်ဆိုရင်ရော
အထူးတပ်ဖွဲ့ဝင်
ဒါပေမဲ့ မြို့ထဲမှာဆေးခန်းဖွင့်ပြီးတော့..
အိုးမဲ့အိမ်မဲ့တွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်
အိုကေ ကျွန်မဆက်ရှာလိုက်ဦးမယ်
အိုကေ ခဏလေး ဒီတစ်ယောက်ဆိုရင်ရောဘယ်လိုလဲ
ဒီမိန်းမကအသက် ၂၀ မှာ အင်ဂျင်နီယာဒေါက်တာဘွဲ့ရထားတယ်
အိုလံပစ် ကရာတေးရွှေတံဆိပ်ဆုရှင်
အန်အက်စ်အေနဲ့အာဂတ်စ်က ကမ်းလှမ်းတာကိုငြင်းပြီး
နေ့ဘက်ဆိုရင်နာဆာမှာ အာကာသယဉ်မှူးလုပ်ပြီး ညဘက်ကျတော့..
ဟူစတန်မြို့သားတွေကို တိတ်တိတ်လေးကာကွယ်ပေးတယ်
နင်ဂျာ ပြည်သူ့ဘက်တော်သားပေါ့
သူက စနေနေ့တွေမှာ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ပြီး..
တနင်္ဂနွေနေ့တွေဆိုရင် ပါပီလေးတွေကို ကယ်ဆယ်တယ်
အာကာသမှူးနင်ဂျာပေါ့ မင်းကရှုပ်အောင်ပြောနေတယ်
ဟုတ်တယ် ကရာတေးက၂၀၂၀ အထိ အိုလံပစ်အားကစားဖြစ်ဦးမှာမဟုတ်ဘူး
သဘောပေါက်ပြီလား
လူဆင်းရဲတွေနေတဲ့ဂလိတ်မှာ စာသင်တဲ့အမျိုးသမီးတွေရှိသေးတယ်
- ဒါပေမဲ့ ကျွန်တော်ပြောချင်တာရှိသေးတယ် - ဘာပြောချင်တာလဲ
သူတို့ဘယ်လောက်ပဲတော်တော် ခင်ဗျားအတွက်ကတော့ တော်မှာမဟုတ်ဘူး
ရှင်က သူတို့ကို လော်ရယ်နဲ့ယှဉ်နေတာလေ
မဖြစ်နိုင်တဲ့စံချိန်ကို နည်းနည်း သတ်မှတ်ချက်လျှော့ပေးလိုက်ပါလား
ငါတို့ဆက်ရှာဖို့ပဲလိုတာ
တစ်မျိုးပြောင်းပြီး တွေးကြည့်ဖို့ပဲလိုတာ
ဘယ်လိုတစ်မျိုးပြောင်းတွေးရမှာလဲ
လူတွေယုံနေတဲ့ပုံစံထဲကနေ ကွဲထွက်ပြီးတော့လား
လူတွေယုံနေတဲ့ပုံစံကနေ ကွဲထွက်ဖို့ဆိုရင်တော့
ကျွန်တော့်မှာအကြံရှိတယ်
လူတွေယုံနေတဲ့ပုံစံဆိုတာ ဘာကိုဆိုလိုတာလဲ
ကျွန်တော်ဆိုလိုတာ သူပဲ
သူဆိုတာ ဘယ်သူ့ကိုပြောတာလဲ
တကယ်တော့ သူ့နာမည်ကျွန်တော်မသိဘူး
ဒါပေမဲ့ ကျွန်တော်ဝင်ကြည့်ထားတဲ့ ဝက်ဘ်ဆိုက်အရ..
သူကဘယ်ကပေါ်လာမှန်းမသိတဲ့ လူစွမ်းကောင်းအမျိုးသမီး
ရာဇဝတ်မှုရဲ့သားကောင်တွေကိုကယ်တင်တယ်
- စတားမြို့တော်မှာလား - အမေရိကန်နိုင်ငံအနှံ့ပဲ
နောက်ပြီး ကနေရီငှက်လိုလည်း..
အော်နိုင်သေးတယ်
သူကဒုတိယကမ္ဘာက လော်ရယ်နဲ့ အင်အားတူတဲ့စွမ်းအားရှင်မျိုးလား
လော်ရယ့်နေရာကို သူနဲ့မှအစားမထိုးရင်တော့ ဘာလဲတော့မသိဘူး
- ဘာလဲ - သူပဲဖြစ်မှာပဲ
အာဂတ်စ်ကွန်ရက်ထဲကို ကျွန်မ၀င်ကြည့်တော့..
သူကစင်ထရယ်မြို့တော်မှာ လွန်ခဲ့တဲ့၃နှစ်ကပေါ်လာတာ
စတားဓာတ်ခွဲခန်းပေါက်ကွဲတဲ့အချိန်ပဲ
သူ့မှာ အနက်ရောင်လယ်သာအကျီင်္နဲ့ လော်ရယ်နဲ့အားလုံးတူတယ်
လိုနေတာက ရွှေရောင်ဆံပင်ပဲ
ခင်ဗျားအဲဒါကိုတော့ ဆံပင်တုတက်ပေးလို့ရပါတယ်
ငါဂျွန်အတွက် ကိစ္စတစ်ခုဖြေရှင်းရဦးမယ်
မင်းတို့ပြောတာ အလုပ်ဖြစ်မလားကြည့်ရအောင်
တစ်ခုခုထူးတာနဲ့ ဖုန်းဆက်လိုက်
- ဟေး - ဟေး
ငါအေဒရီယန်ဆီက မက်ဆေ့ခ်ျရတယ် သူဘာပြောလဲမင်းသိလား
ငါ့ကိုဗုံးကျင်းထဲကထုတ်ပြီး ဒီကိုရောက်အောင် ပရိုမီးသီးယပ်စ်က လိုင်လာ့အသံကို..
ဘယ်လိုအတုလုပ်လဲဆိုတာ ရှာတွေ့တာနေမှာပေါ့
မင်းဒီထဲကို ရောက်ရတဲ့အကြောင်းရင်းထက် ဒီထဲကထုတ်ပေးဖို့ကိုပဲစိတ်ဝင်စားတယ်
နောက်ကျသွားလို့တောင်းပန်တယ်
မင်းအခြေအနေဘယ်လိုထိန်းနေလဲ
ဝေါ်လ်ကာကတစ်ပတ်အတွင်း ကျွန်တော့်ကိုဖမ်းဆီးခွင့်ရတော့မှာဆိုတော့
ဝေါ်လ်ကာက ဂျွန်ကိုထိန်းချုပ်ခွင့်ရတာနဲ့ သူ့ကိုနှိပ်စက်တော့မှာ
မဟုတ်လောက်ပါဘူး
အမျိုးသားလုံခြုံရေးအေဂျင်စီမှာ မိတ်ဆွေတစ်ယောက်ရှိတယ်
သူတို့ဗိုလ်ချုပ်ဝေါ်ကာကိုစစ်ဆေးပြီး..
သက်သေရှာခဲ့ကြတယ်
သူ့ရဲ့နျူကလီးယားလက်နက်ကိစ္စ လှုပ်ရှားမှုနဲ့ပတ်သက်ပုံတွေ..
ဒီလောက်နဲ့တောင် ဂျွန့်ကို ထုတ်လို့ရပြီ
အခုလေးတင် သက်သေရှာခဲ့ကြတယ်ဆိုတဲ့ စကားကို မကြိုက်တာကလွဲလို့ သဘောကျတယ်
ဝေါ်ကာမှာ ရာထူးကြီးတဲ့မိတ်ဆွေတွေရှိတယ်
အဲဒီတော့ စုံစမ်းရတာနှေးကွေးနေတယ်
ဒါပေမဲ့ဖိုင်ကတော့ရှိတယ်
ကျွန်တော် သတင်းဌာနကို တောင်းဆိုပေမယ့် ဒါတွေက လျှို့ဝှက်ချက်တွေဖြစ်တဲ့အတွက်..
လတွေနှစ်တွေအတော်ကြာနိုင်တယ်
အချိန်အဲဒီလောက်မရှိဘူး
- သတင်းကောင်းမပေးနိုင်လို့ စိတ်မကောင်းပါဘူး - မဟုတ်ပါဘူး အေဒရီယန်
ခင်ဗျားလုပ်သင့်သလောက်လုပ်ပေးပြီးပါပြီ
- ကျေးဇူးတင်ပါတယ် - အင်း
အန်အက်စ်အေကိုဖောက်ဝင်ရတာကို ဖလက်စတီ သိပ်သဘောကျနေတယ်
ဒါဆို ဘလက်ကနေရီနေရာမှာ အစားထိုးဖို့ လူတစ်ရာလောက်ရှာပေးနေမှာပေါ့
ဒီကိုလာတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး အော်လီဗာ
ဂျွန် ငါလော်ရယ့်ကိုကတိပေးထားထာကို နားလည်တယ်
သူ့နေရာကို အစားထိုးဖို့ အခုငါတို့တက်တက်ကြွကြွလုပ်နေကြတယ်
ဒါက...
တစ်ခုခုမှားနေသလိုပဲကွာ
သူက သူ့နေရာကိုအစားထိုးဖို့ လူရှာစေချင်တာမဟုတ်ဘူး
တာဝန်ယူချင်တဲ့သူကိုပဲရှာစေချင်တာ
ငါရောက်နေတဲ့နေရာကနေဆိုရင်
ကွဲပြားချက်နှစ်ခုတွေ့ရတယ်
အိပ်စက်နေတဲ့ လူချောလေးနိုးလာပြီ
- ကျွန်တော်ဘယ်ရောက်နေတာလဲ - လုံခြုံတဲ့တစ်နေရာမှာပေါ့
ကျွန်တော်ဘရတ်ဗာကို ပြန်သွားမှဖြစ်မယ်
သူတို့မင်းကို သတ်ပစ်လိုက်မှာပေါ့
အဲဒါဂရေဂိုပဲ ဟိုမှာ ကျွန်တော့်ဘက်တော်သားတွေရှိတယ်
ဘရတ်ဗာက အခြေအနေတွေက မင်းထင်တာထက်..
ရှုပ်ထွေးတယ်ဆိုတာ မင်းနားလည်လိမ့်မယ်လို့ထင်တယ်
ခင်ဗျားကျွန်တော့်ကို ဘာလို့ကယ်တာလဲ
ကယ်ဖို့လိုအပ်လိုပေါ့ကွာ
- ခင်ဗျားအဲဒါကို ဘယ်ကရတာလဲ - ဒါကမခက်ပါဘူး
ဘရတ်ဗာကလူတွေရဲ့အတိတ်ကို စုံစမ်းနိုင်တာ ငါ့စွမ်းရည်လို့ပြောရမယ်
ဘာလို့အဲဒီလိုလုပ်တာလဲ
လျံယူနဲ့ သင်္ဘောပျက်တာ
ဟောင်ကောင်ကိုထွက်ပြေးတာ
အိုမီဂါဗိုင်းရပ်စ်
ရှဲဒိုးစပိုင်ယာ
အခုမင်းက ဘရတ်ဗာနဲ့ ကိစ္စတွေရှည်နေတာ
ဒါပေမဲ့ မင်းစတာလင်မြို့ကိုပြန်သွားပြီး..
မင်းရဲ့ပုံစံကို မင်းရဲ့မိသားစုကို ပြဖို့ မင်းလက်မခံနိုင်ခဲ့ဘူး
ခင်ဗျားဒါကို ဘယ်လိုသိတာလဲ
ငါ့အလုပ်ငါလုပ်ခဲ့တာ
ကျွန်တော့်အကြောင်း ဘာလို့စိတ်ဝင်စားတာလဲ
မင်းကငါ့တပည့်တစ်ယောက်ရဲ့ ခေါင်းစွပ်ဝတ်ထားတယ်
ယိုဖေးဂူလုံ
ဂျွန်အကြောင်း ငါပို့တဲ့မက်ဆေ့ခ်ျရလား
ဒစ်ဂယ်လိုတဲ့ဖိုင်ရှာဖို့ လမ်းကြောင်းရှိရင်..
အဲဒါကကွန်ပျူတာရဲ့လုံခြုံရေး ပရိုဂရမ်တွေပဲဖြစ်မှာပေါ့
လုံခြုံရေးပရိုဂရမ်လို့ပြောရမှာထက်..
မီးရဲတိုက် ဒါမှမဟုတ်လည်း မီးတောင်လို့ခေါ်ရမယ်
ဘယ်ကစရမလဲဆိုတာ မင်းဘယ်လိုသိလဲ
ချေ့စ်မှာသဲလွန်စရှိနိုင်တယ်လို့ပဲ မင်းကိုပြောခဲ့တာ
အင်းဟုတ်တယ်..ကျွန်မသူ့ကွန်ပျူတာကို ဖောက်ဝင်လိုက်တယ်
ဒစ်ဂယ်ကိုကယ်ဖို့အနည်းဆုံး ဖက်ဒရယ်ဥပဒေ ၁၂ ခုလောက် ဖောက်ဖျက်ရလိမ့်မယ်
ရှင့်ရဲ့ခရိုင်ရှေ့နေရဲ့ကွန်ပြူတာကို ဖောက်ဝင်ရတာ လွယ်တယ်..ရှင်က မြို့တော်ဝန်လေ
No comments yet. Be the first to leave one.