Le prime 200 righe.
- ဟိုင်း ဟိုင်း ဟိုင်း - ဟေး
- ရှင် ကတော့.. - ဘီလ်
- ဟုတ်ကဲ့ - ဟိုင်း
ဟိုင်း ဘက်ကီ
ညစာကို အစောကြီးလာစားပေးလို့ကျေးဇူးပဲနော် အဆင်မပြေတာကို နားလည်ပါတယ်
မဟုတ်ပါဘူး အဲဒါက..
စိတ်ဝင်စားစရာ လူတွေပဲ
ဟုတ်တယ် ကျွန်မအလုပ်က ပြဿနာပဲ
ကျွန်မအလုပ်က ဂွတ်မောနင်းနယူးဂျာစီ နဲ့
- ဟုတ်သားပဲ ချန်နယ်လ်နိုင်းမှာ မဟုတ်လား - အင်း ဟုတ်တယ်
ကျွန်မတို့က အစောကြီးအလုပ်ဆင်းရတော့ အစောကြီးအိပ်ရတယ် ပြီးတော့
ပုံမှန်ဆိုမနက် ၅ နာရီ စတယ် ဒါပေမဲ့ နောက်ပိုင်းကျတော့
ကုမ္ပဏီကြီးတစ်ခုက ဝယ်လိုက်ပြီး သတင်းထုတ်ပြန်တာတွေ လုပ်ရတယ်
အဲဒါနဲ့ဝင်ငွေတွေ နည်းနည်းပိုဝင်လာတယ် ဆိုပါတော့
အခုတော့ မနက် ၄ နာရီ ဖြစ်သွားပြီ
ဆောရီး ကျွန်မ ဖုန်းပိတ်ထားလိုက်မယ်
ဆောရီး လူတွေ အဲဒီလိုလုပ်ရင်
အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ တစ်ချက်ကြည့်လိုက်ဦးမယ်
စိတ်မရှိပါနဲ့ ဒီဖုန်းကို ထပ်မကိုင်တော့ဘူး
ရပါတယ် ကိစ္စမရှိပါဘူး
ရပါတယ်
ကျွန်မ..
ရှင် ဒီနေရာကို ရွေးထားတာ တကယ်ဝမ်းသာမိတယ်
ဝါ့လ်ဒ်ဝစ်ခ် က မက်သယူး ကိုတောင် သတိရမိတယ်
သူတို့ဆီမှာ အရမ်းမိုက်တဲ့ အရသာရှိတဲ့ ထူလည်းထူ ကြီးလည်းကြီး သွားရည်ကျချင်စရာ
ဘယ်လ်ဂျီယံ ဝေဖာတွေအများကြီးပဲ သကြားရည်ဆမ်းထားပြီးတော့
ပြီးတော့
ထားပါတော့ စိတ်ဝင်စားစရာမကောင်းဘူး
ဒါနဲ့ရှင်က ဘာအလုပ် လုပ်တာလဲ
- အန်နာ ကပြောတယ် ရှင်က.. - အရောင်းအဝယ်
- အင်း - အာမခံကုမ္ပဏီအတွက်
နောက်ပြီးတော့ ကြွေထည်မြေထည်တွေလည်း လုပ်တယ်
ကိုင်လိုက်ပါ
စိတ်မရှိပါနဲ့ ကျွန်မသူဋ္ဌေး ဆက်တာ
- ရပါတယ် ကိုင်လိုက်ပါ - တကယ်လား
- အင်း - ကျေးဇူးပါပဲ
ခဏလောက်ပဲ ကတိပေးတယ်
ဟိုင်း ဟုတ်ကဲ့
ဟုတ်ကဲ့ သူ့ရှေ့နေဆီကို စာသုံးစောင်ပို့ထားတယ် ကျွန်မ မသိဘူး
သူဖုန်းပြန်မဆက်ရင် ကျွန်မကပဲ သူ့ရုံးရှေ့မှာ သွားစောင့်နေလိုက်မယ်
- ဂွတ်ဒ်မောနင်း ဘက်ကီ - ဂွတ်ဒ်နိုက် ဂျင်မ်
ဂွတ်ဒ်မောနင်း နယူးဂျာစီ မနက် ၂ နာရီ ရှိပါပြီ
ဂါးဒမ်းစတိတ်ထ် ရဲ့ တစ်ထောင့်တစ်နေရာမှ အသံလွှင့်နေပါတယ်
မိနစ် ၂၀ နောက်ကျမည်ဖြစ်ကြောင်း
နယူးဂျာစီ အကူးအပြောင်းဋ္ဌာနမှကြေငြာနေပါတယ်
ပါဝါဘော ထီကံစမ်းမဲ..
ဋ္ဌာနချုပ်မှာ..
မှန်တယ် ဒါပေမဲ့ အကောင်းဆုံး လုပ်ပေးခဲ့တယ်လေ
စက်အသေးတစ်လုံးငှားပြီး လုပ်ဆောင်ချက်တွေကို အနီးကပ်ရိုက်ပါ
စင်အလယ်မှာ တစ်ယောက်ယောက်ကို ထားရင်ကောင်းမလားလို့ တွေးနေတာ
- ၄ ၃ - ကျေးဇူးတင်ပါတယ်
ဂျစ်ဘ် ကိုရိုက်ဖို့အဆင်သင့်ပြင်ပါ ဂျစ်ဘ် ရေ အဆင်သင့်ပြင်
ထုတ်လွှင့်ဖို့ ၁၀ စက္ကန့်ပဲ လိုပါတော့တယ်
ရိုက်ဖို့အဆင်သင့်ပြင်ကြပါ
၃ ၂ ၁
စက်ကိုရွှေ့ပြီး ရုပ်ကြည်လာအောင်ရိုက်ပါ
မင်္ဂလာနံနက်ခင်းပါ နယူးဂျာစီ ယခုမနက် ၄ နာရီနဲ့ ၃၈ မိနစ် ရှိပါပြီ
ယာဉ်လမ်းကြောင်းကိုကြည့်မယ်ဆိုရင်
ကားအကြီးတစ်စီး လမ်းလယ်မှာ တိမ်းမှောက်နေမှုကြောင့်
ဟော်လန် ဥမင်လိုဏ်ခေါင်းထဲမှာ ကားတွေ နောက်ပြန်ဆုတ်နေရပါတယ်
အာဏာပိုင်တွေက တစ်နာရီအတွင်းမှာ ရှင်းလင်းသွားမယ်လို့ပြောပါတယ်
အဲဒီတော့ ရစ်ဂ်ျဖီးပါ့ခ် ရွာကနေ စောင့်ဆိုင်းရုံအပြင် မရှိပါဘူး
- ဒါပေမဲ့ အဲဒါမတိုင်ခင်တော့.. - အဲဒါဟောက်သံလား
ဒုက္ခပဲ ထပ်မဖြစ်ပါစေနဲ့ ရာ့ဖ် တစ်ယောက်တည်းကို ကွက်ရိုက်လို့ရလား
- ဟယ်ရီ - အမြန်ကြည့်
- အောက်ဖက်ကသုံးမဟုတ်ဘူး - အမြန်ကြည့်
မမြင်ရတဲ့ အန္တရာယ်တွေက လူကြီးမင်းတို့အိမ်မှာလည်း ရှိနေနိုင်ပါတယ်
ခုတစ်ခါမှာတော့ အားကစားသတင်းဖက်လှည့်ရအောင်လား
မင်္ဂလာ နံနက်ခင်းပါ နယူးဂျာစီ မှာ ကျွန်မတို့နဲ့အတူ ဆက်ရှိနေကြနော်
ဘုရားရေ
- အပစ်ကောင်းတယ် ဘရတ်ရေ - ပြဿနာမရှိပါဘူး
ကုန်တိုက်သွားရင် မိုးရွာမယ်
ပြီးရင်တော့ ကြည်လင်လာပြီး နေထွက်လာမယ်
တစ်ညလုံးတော့ ၅၀ အောက် ခန္ဓာကိုယ်ကိုလှုပ်လိုက်ပါ
အိတ်ခ်ျအာရ်က ရေမွန် နဲ့စကားပြောခဲ့တယ် ကုမ္ပဏီ အသစ်ပြန်ဖွဲ့စည်းမယ်လို့ သူပြောနေတယ်
စီနီယာပရိုဂျူဆာအသစ်ခန့်ဖို့ ဋ္ဌာနတွေအားလုံးရဲ့ ဘဏ္ဍာရေးလျှော့ချမယ်တဲ့
သူတို့ဆီမှာ နင့်အချက်အလက်တွေ အကုန်ရှိနေတာပဲ ဒီတစ်ခေါက်တော့ အဆင်ပြေပြီ
နောက်ဆုံးတော့ နင်အလုပ်ရပြီပေါ့
ဟေး ကောင်မလေး ဒီအစီအစဉ်ပြီးရင် ရုံးခန်းခဏလာခဲ့ပါ
- ကျွန်မလား - ငါ မဟုတ်ဘူး မင်း
ဟုတ်ကဲ့
ဒီခွေးလေးကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ကျော်တန်ဖိုးရှိပါတယ်
သွားနေ သွားနေ
ပြီးတော့ ဒီနေ့ နယူးဝါ့ခ် မြို့မှာ ရဲတွေ ဖမ်းဆီးလိုက်တဲ့ အဖွဲ့ဝင် ၁၂ ယောက်...
အဲဒါ ဘာတွေလဲ
ဒါလိုအပ်မယ်ထင်လို့
ကွန်ဒုံးဘူး ထပ်မပေးတာတော့ အကောင်းဆုံးပဲ အရင်ဟာတောင် မသုံးရသေးဘူး
မဟုတ်ဘူး နင်ဒါတော့သုံးမှာပါ
- ဂုဏ်ယူပါတယ် - ဂုဏ်ယူပါတယ်
ချစ်စရာကောင်းလိုက်တာ
ဘက်ကီရေ ငါတို့မင်းကို လက်လွှတ်မှ ဖြစ်တော့မယ်
တကယ် စိတ်မကောင်းဖြစ်မိပါတယ် ကလေးရယ်
ကုမ္ပဏီက အထွေထွေအသုံးစရိတ်ကို လျှော့ချစေချင်တယ်
လူအကြီးအကျယ်လျှော့ချနေရတယ် ပြီးတော့ စီနီယာပရိုဂျူဆာအသစ်ခန့်ဖို့ ပြောနေတယ်
စီးပွားရေးအတွေ့အကြုံ ပိုရှိပြီး အစီအစဉ်ကို လက်လွှဲလို့ရမယ့်သူမျိူးပေါ့
ဒါပေမဲ့ အဲဒီလိုတော့ မလုပ်ဘူးလို့ ပြန်ပြောလိုက်တယ် မဟုတ်လား
အကြောင်းက ကျွန်မဒီမှာလုပ်တာ အရမ်းကြာပြီ အရမ်းလည်း ကြိုးစားခဲ့တယ်
သူ့နာမည်က ချစ်ပ်
သူက ချစ်ပ် က တနင်္လာနေ့ အလုပ်စဝင်မှာ
သူ့မှာ အမ်ဘီအေ ဘွဲ့နဲ့ ကိုလံဘီယာ ကရတဲ့ စာနယ်ဇင်းနှင့်သတင်းပညာဒီဂရီလည်းရှိတယ်
သူ့ကို လာမယ့်နှစ်အနည်းငယ်အတွင်း ဋ္ဌာနကိုအုပ်ချုပ်နိုင်အောင် လေ့ကျင့်ပေးမှာ
အဲဒီအချိန်အတွင်း မင်းတို့နှစ်ယောက်လုံးကို ခန့်ဖို့တော့ အဆင်မပြေဘူးလေ
- ဘက်ကီ ဒီကိုကြည့် ငါတကယ်.. - ဒုက္ခပဲ
ဘက်ကီ ငါ တကယ် စိတ်မကောင်းပါဘူး
- သူတို့ကို ငါတတ်နိုင်သလောက် ပြောပါသေးတယ် - ဒါတော့ များလွန်းတယ်
အခွင့်အရေးတွေ အများကြီးရှိပါသေးတယ် ချစ်ပ် ကိုပဲကြည့် ခုအခွင့်အရေးရပြီ
အဲဒီတော့ ဒါကငါ့အတွက် တွန်းအားတစ်ခု အနေနဲ့ဖြစ်မှာပါ
နောက်တစ်ဆင့်တောင် ထပ်မြင့်သွားနိုင်သေးတယ် ဆက်သွယ်ရေးအစီအစဉ်ပဲဖြစ်ဖြစ် ဒါမှမဟုတ်..
- ဟုတ်တယ် - ငါပြောချင်တာက အဲဒီလိုမဟုတ်ဘူး
ငါ့ဘဝတစ်လျှောက်လုံးက အလုပ်တွေပဲ လုပ်လာရတာ
လျော်ကြေးငွေကော ရခဲ့သေးလား
မနှစ်ကလည်း ဘဏ္ဍာရေး လျှော့ချတာတွေ ရှိခဲ့တော့
သူတို့ မပေးဘူးလေ
အခုတော့ တခြားလုပ်စရာတွေ ရှာနေတယ်
- အင်း ကောင်းတယ် - တူဒေးရှိုးက သမီးကို
အလုပ်ရပြီလို့ ဖုန်းဆက်ပြောမယ်ထင်နေတာလား သမီး ၈ နှစ်ကတည်းက စိတ်ကူးယဉ်ခဲ့တာက
- မဖြစ်နိုင်တော့ဘူးလေ - သမီးသိတယ် သမီးနားလည်ပါတယ်
အမေ့အမှားလည်း ပါပါတယ်
သမီးမျှော်လင့်ချက်တွေကြီးမားလာအောင် သမီးအဖေ မြှောက်ပေးတာကို အမေလက်ခံခဲ့မိတယ်
သူကပျော်တတ်တဲ့လူစား မဟုတ်တာတော့ လက်ခံလိုက်ရအောင်ပါ
သမီးရည်မှန်းချက်တွေ ပိုကြီးလာလေလေ သူ့ကိုယ်သူ ပိုတော်တယ်လို့ခံစားရလေလေပဲ
- အဲဒီတော့ အမေ ဘာမှမပြောခဲ့ဘူး - အမေ ဘာတွေပြောနေတာလဲ
သမီးမှာ အိပ်မက်ရှိတယ်
သမီးအသက် ၈ နှစ်တုန်းကတော့ အဲဒါက ချစ်စရာကောင်းတယ်
၁၈ နှစ်အရွယ်မှာတော့ အားကျစရာကောင်းတယ်
၂၈ နှစ်အရွယ်မှာတော့ ကြားရတာ ရှက်စရာကောင်းပါတယ်
မနာကျင်ရခင်မှာ သမီးကို အမေ ရပ်လိုက်စေချင်တယ်
ကျွန်မပို့ထားတဲ့ အီးမေးလ်ရောက်ကြောင်း ဘလက်ဘယ်ရီဖုန်းမှာ ပြနေတယ်
ကျွန်မသိချင်တာက အကယ်၍
ဟုတ်တယ် ဖွင့်ကြည့်ထားမထား ပြန်ပေါ်တယ်
ဟယ်လို
ဘက်ကီဖူးလာ ဟုတ်ကဲ့
ကျွန်မပို့ထားတဲ့ ကိုယ်ရေးအချက်အလက် ရောက်မရောက် မေးကြည့်တာပါ
ရပြီလား ကောင်းတယ်
ဘက်ကီဖူးလာ ပါပဲ ကျွန်မသိချင်တာက အကယ်၍
ဟုတ်တယ် မနေ့က ဖုန်းဆက်သေးတယ် မနေ့ညက ကိုယ်ရေးအချက်အလက်ကို အသစ်ထပ်ဖြည့်ထားတယ်
နောက်ပြီးတော့ ထင်တာက..
အလုပ်နေရာအတွက် ဖုန်းဆက်တာပါ
အဲဒါအဆင်ပြေပြီလားလို့..
- ဟိုင်း ဘက်ကီဖူးလာ - ဟိုင်း
နယူးယော့ခ်အိုင်ဘီအက်စ် က ဂျယ်ရီဘမ်စ်ပါ
- ကောင်းပါတယ် - ကောင်းတယ် ခုဖုန်းဆက်တာက
မင်းရဲ့ကိုယ်ရေးအချက်အလက်တွေကို ရပါတယ် ၅ စောင်လုံး ရတာပါ
အဲဒီလိုပဲဖြစ်သွားတယ်
အခုချိန်မှာ ငါတို့လူရှာနေပါတယ်
ကျွန်မလုပ်မယ်
ခဏနေပါဦး ဘာအလုပ်ဆိုတာတောင် မပြောရသေးဘူးလေ
- စိတ်မရှိပါနဲ့ - ကောင်းပြီ မနက်ပိုင်းအစီအစဉ်မှာ
- အလုပ်တစ်ခုရှိတယ် အဲဒီတော့.. - ကျွန်မလုပ်မယ်
လူတချို့ကို အင်တာဗျူးနေတယ် မင်းလည်း အဆင်ပြေရင် လာဖြေလို့ရပါတယ်
- ဆွေးနွေးလို့ရတာပေါ့ - သေချာပေါက် လာခဲ့ပါ့မယ်
ဘယ်ကိုသွားရမလဲနဲ့ ဘယ်သူနဲ့ ပြောရမလဲဆိုတာပဲ ကျွန်မကိုပြောပါ
လိပ်စာအတိအကျကို အီးမေးလ်ပို့လိုက်မယ်
- စိတ်မရှိပါနဲ့ - အဲဒီတော့ ၃ နာရီလောက် တွေ့မလား
ကျေးဇူးတင်ပါတယ် ကျေးဇူးပါပဲ
မင်းက အရမ်းတော်ပြီး အလုပ်သိပ်ကြိုးစားတယ်လို့ အော်စကာ ကပြောတယ်
သူအလုပ်ဖြုတ်ခဲ့တဲ့ ပရိုဂျူဆာတွေထဲမှာ မင်းကအလားလာအရှိဆုံးပဲလို့လည်း ပြောသေးတယ်
ဟုတ်ပါတယ် အဆင်ပြေလိမ့်မယ်လို့ ထင်တာပါပဲ
မင်းက ငါတို့မနက်ပိုင်းအစီအစဉ်ရဲ့ ပရိသတ်တစ်ယောက်ပဲလား
- တော်တော်များများတော့... - ဆိုးဝါးမှန်းတော့ သိပါတယ်
ဂွတ်မောနင်း အမေရိက က စီဘီအက်စ် မှာပြနေတဲ့
အစီအစဉ်တွေရဲ့နောက်မှာ စတုတ္ထနေရာမှာပဲ အမြဲဆက်ရှိနေတယ်
အမြဲဟာသ အလုပ်ခံနေရသလိုပဲ
ပြီးခဲ့တဲ့နှစ်က ရုပ်သံအဖွဲ့ဘောလုံးပွဲမှာ စီဘီအက်စ်အသင်းရဲ့ ဦးထုပ်မှာ ရေးထားတာက
အနည်းဆုံးတော့ ငါတို့က ဒေးဘရိတ်ခ် မဟုတ်ဘူး တဲ့
အစီအစဉ်တင်ဆက်သူတွေက ဆက်ဆံရခက်ပြီး ပင်ကိုယ်စွမ်းရည်လည်း နည်းတယ်
- ကောလင်းပက်ခ် ကို တော်တယ်လို့ထင်ထားတာ - တခြားစီပဲ
- ပေါလ်မက်ဗီး ကတော့ သတင်းထောက်ကောင်းပါ - မဟုတ်ဘူး
ဒါဆို ဒေးဘရိတ်ခ် အစီအစဉ်ကညံ့တယ်ပေါ့ ဟုတ်တယ်
ဒါပေမဲ့ အဲဒီအစီအစဉ်က ရုပ်သံလိုင်းပေါ်မှာ တခြားရုပ်သံလိုင်းလည်း မဟုတ်ဘူး
ရုပ်သံလွှင့်သမိုင်းတစ်လျှောက်မှာ ဒီအစီအစဉ်က အထင်ကရအဖြစ်ဆုံးပဲ
တကယ်တော့ ဒေးဘရိတ်ခ်ကို ယုံကြည်တဲ့ လူတစ်ယောက်ယောက်ကိုပဲ လိုတာပါ
ပြည်တွင်းအစီစဉ်တွေထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့အရင်းအမြစ်တစ်ခုလိုမျိုး
မမြင့်မားပေမယ့် ဘယ်အစီအစဉ်ထက်မဆို နိမ့်ကျမနေဘူးဆိုတာ နားလည်မယ့်သူမျိုးလိုအပ်နေတာ
မင်းသီချင်းဆိုတော့မှာလား
ဒီမှာ မစ္စတာဘမ်းစ် ဂျယ်ရီ
ဒေးဘရိတ်ခ်ရဲ့ဝန်ဆောင်မှုတွေက ခေတ်နောက်ကျနေတယ်
ဝန်ထမ်းမလုံလောက်ဘူး ငွေကြေးမလုံလောက်ဘူး ပြီးတော့ လခက..
သိပ်မကောင်းဘူး
နယူးဂျာစီ မှာ မင်းရခဲ့တာရဲ့ တစ်ဝက်ပဲရနိုင်မယ်
မင်းက တစ်ခါမှ အမှုဆောင်ပရိုဂျူဆာ မလုပ်ဖူးသေးဘူး မင်းသိပ်ငယ်လွန်းတယ်
မင်းကို ဘယ်သူမှမသိဘူး ပြီးတော့ မင်းပညာရေးက ၃ နှစ်
တီးနက်ခ် မှာရှိတဲ့ ဖယ်လ်လေဒစ်ကန်စန် မှာ ၄ နှစ်မဟုတ်ဘူး
မျှတတယ် ရယ်ရတယ်လို့ လူတွေသိကြတယ် တခြား ငါမသိတာရှိသေးလား
ကျွန်မလိုအပ်တာကို ဒေးဘရိတ်ခ်ကလည်း လိုအပ်နေတယ်
အောင်မြင်မယ်လို့ ယုံကြည်နေတဲ့ သူတစ်ယောက်ယောက်ပေါ့
ကျွန်မကိုယုံကြည်ပါ ယုံကြည်စရာ အကြောင်းပြချက်မရှိဘူးဆိုတာ သိပါတယ်
ဒါပေမဲ့ ကျွန်မက တခြားသူတွေထက် အလုပ်ပိုကြိုးစားတယ်
အလုပ်ကို စောလာပြီး နောက်ကျမှ ပြန်တယ်
ဆေးခြောက်အိုးရှူဖို့ အဲဒါနဲ့ပတ်သက်တာတွေ ဟားဗက် မှာပြောဖို့ အဖေက
ပိုက်ဆံပေး ထောက်ပံ့ထားတဲ့သူတွေထက် ကျွန်မက သတင်းအကြောင်းအများကြီးပိုသိတယ်
ကျွန်မက အလုပ်နဲ့ပက်သက်ပြီးလုံး၀ သစ္စာရှိတဲ့သူ အဲဒါကျွန်မအလုပ်ပဲလေ
အဲဒါ ကျွန်မပဲ
လူတိုင်းကို မေးကြည့်လို့ရပါတယ်
အင်း ခက်တော့တာပဲ
အိုကေ
ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ
ကျေးဇူးတင်ပါတယ် အဲဒါအတွက်..
ကျေးဇူးတင်ပါတယ်
ခလုတ်တွေက ဒီမှာနော်
No comments yet. Be the first to leave one.