Thoroughbreds

Thoroughbreds

Scarica il sottotitolo Burmese

Informazioni sulla release

Thoroughbreds 2017 720p BluRay x264-[YTS ME] MM
Un commento di CodeMaster
Zawgyi One https://www.facebook.com/groups/1140648716100063/

Tag

BluRay
x264
720p
720
TS
YTS
Pubblicato il: 2019-03-30
Download: 34
Sottotitoli per non udenti: No

Anteprima dei sottotitoli in Burmese

Le prime 200 righe.

ဒီမှာစောင့်နော်

လီလီ

လာပြီ

လီလီ

လီလီရေ

လီလီ

ဟေ့ လီလီ

ဟေ့

စိတ်မရှိပါနဲ့နော် နင်က

ဒါနင့်ဓားလား

ဟင့်အင်း

အဲဒါ

ငါ့ပထွေးဟာ

နင်ရုပ်ပြောင်းသွားတယ်

ဟုတ်လား

ချောလာတယ်

ကျေးဇူး

ဒါဆို နင်

ကဲ ငါတို့စကြမလား

အဲဒီနယ်ပယ်ဟာ သူ့အတွက် အစိမ်းသက်သက်ဆိုပေမဲ့

အလုပ်အတွက် ဂျဲရက်ဒ်ဆီကရတဲ့ အကူအညီတွေကတော့

တစ္ဆေလိုပဲတဲ့

အဲဒါ အဓိပ္ပာယ်ရှိလို့လား

ဂျဲရက်ဒ်က တစ္ဆေတစ်ယောက်လား

- မဟုတ်ဘူး - နင်ကဘယ်လိုသိလဲ

သူ့ကိုတစ္ဆေမဟုတ်ဘူးလို့ မရေးထားပါဘူး

ဒါဆို အဖြေက ဘီပေါ့

သိသိသာသာပဲ

- မေးခွန်းကခက်လိုက်တာ - နင်ဖြေတာကောင်းပါတယ်

ငါကအသုံးချဘာသာတွေမှာပိုကောင်းတယ်

- ငါ့မှာစီးပွားရေးဦးနှောက်ရှိတယ်လေ - ဒါပေါ့

ဒီလိုအခြေအနေမှာ ငါ့အတွက်အကောင်းဆုံးက

ကောလိပ်မတက်ဘဲ စီးပွားရေးတစ်ခုခုလုပ်ပြီး

ဘ၀ကိုကျောင်းမလားလို့ စတီးဗ်ဂျော့ဘ်စ်လိုပေါ့

- ကောင်းသားပဲ - နင်က ဘယ်ဆိုးလို့လဲ

ငါ့ကျူတာထက်တောင်တော်သေးတယ် နင်ဘယ်လောက်ယူလဲ

နင်ဘာတွေပြောနေတာလဲ

ငါနင့်ဆီက ပိုက်ဆံမယူပါဘူး

ငါတို့ကသူငယ်ချင်းတွေလေ

ကဲပါ ဒါဆို

ဖတ်စာလေ့ကျင့်ရအောင်

နင်ဖတ်မလား ငါဖတ်ပြရမလား

နင်အရင်ဖတ်

ဟုတ်ပြီ

ပေါလ်ရီဗဲရာကနေ မာလ်ဘိုရိုမန်းအထိ

အမေရိကန်တွေရဲ့စိတ်ကူးထဲမှာ

ပုံရိပ်တစ်ခုက အမြစ်တွယ်နေပါတယ်

လွတ်လပ်ခြင်းကို ကိုယ်စားပြုတဲ့ အလံတွေ လင်းယုန်ငှက်တွေ

မြင်း..

တကယ်တော့ ဒါကနည်းနည်းရှည်တယ်

တိုတာဖတ်ရအောင်

စားစရာရှိလား

ဟုတ်တယ်

စာသင်ခန်းပြင်ပသင်ယူရေးကို

တန်ဖိုးထားတဲ့ကျောင်းကိုတက်ခွင့်ရတာ ငါကံကောင်းတယ်

နင့်ကျောင်းစာတွေအားလုံး အစောကြီးပြီးနေတာလား

- အင်းပေါ့ - ခက်လား

ဟင့်အင်း

အာမခံကြေးတွေ ကြွေးဝယ်ကတ်ဒ်ဖိုးတွေပေးဖို့

စဉ်းစားရတာမှ ငါ့အတွက်ခက်တာ

ဒါဆို

စကြမလား

ထားခဲ့ပါ

ငါတောင်းပန်ပါတယ်နော်

အဲဒီစာပိုဒ်ဖတ်တုန်းက

ငါ့အမူအရာတစ်မျိုးဖြစ်သွားရင်ပေါ့

တမင်မလုပ်ရင်တော့ ဘာမှမဖြစ်ပါဘူး

နင်များ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး

ပြောချင်စိတ်မရှိဘူးလားလို့ပါ

- ဘာလို့လဲ - ဒီလိုလေ

ငါထင်တာက နင့်မှာ

လောလောဆယ်

ခံစားချက်တွေ ရှုပ်ထွေးနေတယ်

လောလောလတ်လတ်ဖြစ်ထားတာလေ

တကယ်တော့ အံ့သြဖို့ကောင်းတယ်

- ငါတကယ်ဘာမှမဖြစ်ဘူး - ဘာမဖြစ်တာလဲ

မခံစားရဘူး

ခံစားရလွန်းလို့ ထုံသွားတာလား

မကောင်းတဲ့ဘက်က ဘာခံစားချက်မှ မရှိတာလား..

ဘယ်လိုခံစားချက်မျိုးမှ ငါ့မှာမဖြစ်ဖူးဘူး

- ဘယ်ဟုတ်ပါ့မလဲ - ငါပြောချင်တာက

တစ်ခါတလေတော့ ဗိုက်ဆာတာတို့ ပင်ပန်းတာတို့ ရှိတာပေါ့

ဒါပေမဲ့ ပျော်ရွှင်မှုတို့ နောင်တတို့

အဲဒီလို ဘာခံစားချက်မျိုးမှ မရှိတာကိုပြောတာ

ငါနားမလည်ဘူး

ရှင်းပြရခက်တယ် ငါ့ကိုယ်ငါတောင်နားလည်တာ

သိပ်မကြာသေးဘူးလို့ပြောရမယ်

ဘာလို့လဲဆိုတော့ ငါကလူတွေကိုကြည့်ပြီး

သူတို့ခံစားချက်တွေကို လိုက်တုတဲ့နေရာမှာ သိပ်မြန်တယ်

အဲဒီလိုနည်းနဲ့ ခံစားတတ်တဲ့လူတစ်ယောက်လို

ငါ့ကိုယ်ငါသတ်မှတ်ခဲ့တယ်

ဒါပေမဲ့ငါမခံစားတတ်ဘူး

ဒါဆို အဲဒါ

ဘာလဲ

ရောဂါတစ်မျိုးလား

အင်း

စိတ်ရောဂါကုဆရာဝန်ကတော့ အဲဒီလိုပဲသတ်မှတ်ချင်တယ်

အစကတော့ ပင်ကိုစရိုက်မတည်ငြိမ်တဲ့ လက္ခဏာပေါ့

နောက်တော့ ပြင်းထန်တဲ့ စိတ်ကျရောဂါတဲ့

မနေ့က သူဘာပြောလဲဆိုတော့ စိတ်ကစဥ့်ကလျားဖြစ်တတ်တဲ့

လူ့ဘောင်နဲ့အံမဝင်တဲ့ စိတ်ရောဂါတဲ့

သူသင်ခဲ့ရတဲ့စာတွေထဲက တွေ့သမျှရောဂါတွေခေါင်းစဉ်တပ်ပြီး

ငါ့ကို ဆေးတွေတိုက်ပါလေရော

ဒါပေမဲ့ ငါဦးနှောက်ကောင်းပါတယ်

ငါ့ဦးနှောက်က ခံစားချက်တွေကို ထည့်မထားတတ်တာပါ

အဲဒီအတွက်နဲ့တော့ ငါ့ကို လူဆိုးတစ်ယောက်လို့မသတ်မှတ်သင့်ဘူး

လူကောင်းတစ်ယောက်ဖြစ်ဖို့ ငါ့အတွက် သာမန်လူတွေထက်

နည်းနည်းလေး ပိုအားစိုက်ဖို့ပဲလိုတာပါ

- နှစ်နာရီလား - အင်း

ငါနဲ့တွေ့တဲ့အချိန်

၂ နာရီထက်မပိုအောင် နှိုးစက်ပေးထားတာ ကောင်းပါတယ်

မဟုတ်ပါဘူး ငါပြောတာက

ငါ့မှာအကျင့်တစ်ခုရှိလို့ပါ

ငါ့အမေရဲ့အီးမေးလ်စကားဝှက်ကို ငါသိတယ်

- ဘာ - သူ့စာတွေကို

ငါနေ့တိုင်းဝင်ဖတ်တယ်

နင်နဲ့ပြောထားတာတွေငါတွေ့ပါတယ်

ဒီလိုလုပ်ပေးဖို့ တစ်နာရီစာအတွက် ဒေါ်လာ ၁၀၀ နဲ့ ၂၀၀ ကြား

နင့်ကိုသူ ပေးမယ်ဆိုတာရောပေါ့

နောက်တစ်ခါ နင်ပိုက်ဆံမယူဘူးလို့မပြောပါနဲ့

သူက ငါ့အတွက်အဖော်တစ်ယောက်ကို အသည်းအသန်ရှာနေတာ

သူရှာနေတာ ၂ ပတ်လောက်ရှိပြီ

နင်သာဈေးကိုင်ထားနိုင်ရင် ၅၀၀ လောက်တောင်

သူ့ဆီက တောင်းလို့ရတယ်

ဒါပေမဲ့ လေယာဉ်ပေါ်ကဆင်းလိုက်တဲ့အချိန်မှာ တွေ့ရတဲ့ အမေရိကဟာ

အမေ့ပုံပြင်တွေနဲ့တော့ တခြားစီဖြစ်လို့နေပါတယ်

မချောမွေ့တဲ့လမ်းမတွေပေါ်မှာ ယာဉ်ကြောတွေလည်းပိတ်ဆို့နေတယ်

လက်ပြင်ကုန်းကုန်းနဲ့ လမ်းသရဲတွေကလည်း

လမ်းကြိုလမ်းကြားမှာ အန်စာခေါက်နေတယ်

အမေလိမ်ခဲ့တာကိုပဲ စိတ်နာရမလား

ဒီနယ်မြေအသစ်မှာ ဘယ်လောက်ပဲ

အဆင်မပြေမှုတွေရှိနေပါစေ သူဒါကိုမြင်သွားခွင့်မရတော့တာကိုပဲ

ဝမ်းနည်းရမလား မတွေးတတ်တော့ပါဘူး

ဟုတ်ပြီ ဒီစာပိုဒ်ကို နင်ဘယ်လိုအကျဉ်းချုံးမလဲ

- ညံ့တယ် - မဟုတ်ဘူးလေ

အကဲဖြတ်ခိုင်းတာမဟုတ်ဘူး

အကျဉ်းချုံးခိုင်းတာ

ဒီတစ်ခေါက် ဖုန်းနဲ့တောင်းလိုက်တာလား

- ဘာကိုပြောတာလဲ - အီးမေးလ်နဲ့မဟုတ်ဘူးလေ

ငါ့အမေဆီနဲ့ ပိုက်ဆံကိစ္စကိုပြောတာ

ဒီတစ်ခေါက် ငါပိုက်ဆံမတောင်းပါဘူး

ငါ အခကြေးငွေမလိုချင်ဘူး

နင်ကဘာလိုချင်တာလဲ

ဘာမှမလိုချင်ပါဘူး နင်နဲ့တွေ့ချင်ရုံပါပဲ

လီလီ

စက်ဘီးသွားနင်းလိုက်ဦးမယ် မင်းအမေကိုပြောပေးပါလား..

အမန်းဒါ အဲဒါ မားခ်လေ

မားခ် ဒါ အမန်းဒါတဲ့

တွေ့ရတာဝမ်းသာပါတယ်

အေးပါ

ဘာကိစ္စရှိသေးလဲ

မရှိတော့ပါဘူး

ဟုတ်ပြီလေ

ဟုတ်ပြီ

ကဲ ဒါဆို မေးခွန်းနံပါတ် ၉

သူ့အမေရဲ့ကျောက်စိမ်းဘူးအပေါ် စာရေးသူရဲ့သဘောထားကို

ဖော်ပြပါဆိုရင်

ဘာဖြစ်လို့လဲ

နင်သူ့ကိုမုန်းနေတာပဲ

အေက လေးနက်ခြင်း

ဘီက အထင်သေးခြင်း

နင်သူ့ကိုအထင်သေးနေတယ်

မဟုတ်ပါဘူး ငါတို့

အမြင်မတူတာတွေရှိတယ်လေ

ဒါပေမဲ့ သူနဲ့အဆင်ပြေပြီး

ရင့်ကျက်တဲ့ဆက်ဆံရေးတစ်ခု

ငါတည်ဆောက်ဖို့ကြိုးစားနေပါတယ်

စီက သရော်ခြင်း

ဒီက မတင်မကျဖြစ်ခြင်း

သူက ချမ်းသာလို့လား

- ဘာပြောတယ် - သူနင့်ကို

ငွေတွေတစ်ထပ်ကြီးပေးခဲ့လို့လား

အဲဒါ ငါ့လက်ပ်တော့ပြင်ဖို့ပါ

သူငါ့ကို ငွေတွေတစ်ထပ်ကြီး ပေးခဲ့တာမဟုတ်ပါဘူး

အေးပါ ဒါပေမဲ့ သူ့ကိုစိတ်ကြည်အောင်ထားရင်

အကျိုးရှိမယ်ဆိုတာတော့ နင်နဲ့နင့်အမေသိတာပဲ

ဟုတ်ပြီ ငါ.. ငါတို့ ဒီလောက်နဲ့တော်သင့်ပြီ

ဘာဖြစ်လို့လဲ

မသိဘူး

နင့်ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်း ပြောရင်ပိုကောင်းမယ်

မဟုတ်ရင် တခြားနည်းလမ်းတွေနဲ့ စိတ်ကိုထွက်ပေါက်ပေးမိလိမ့်မယ်

ဥပမာ နင့်ရဲ့လူမှုရေးခေါင်းပါးတဲ့သူငယ်ချင်းကို

အိမ်ကိုအလည်ခေါ်ပြီး သူစိတ်တိုအောင်လုပ်တာမျိုးပေါ့

- အဲဒါကြောင့်နင့်ကိုခေါ်တာမဟုတ်ဘူး - ဟုတ်တာပေါ့

နင်အဲဒီလိုထင်နေရင်လည်း နင့်အတွက်သူငယ်ချင်းအသစ်တစ်ယောက်

ဝယ်ပေးဖို့နင့်အမေကို သွားပူဆာပါလား

နင့်မှာတခြားရွေးချယ်စရာရှိတာပဲ

အဖြေက ဒီ

မတင်မကျဖြစ်တာ

မှန်သားပဲ

ငါ့သူငယ်ချင်းက အဲဒီနည်းကို သင်ပေးထားတာလေ

အက်စ်အေတီမေးခွန်းမှာ မတင်မကျဆိုတာပါတာနဲ့

အဲဒါအဖြေပဲတဲ့

နင်မခံစားရဘူးလား

၆ တန်းကတည်းက နင်ငါ့ကိုပြောဖူးသမျှထဲမှာ

အဲဒါပထမဆုံး ရိုးသားတဲ့စကားပဲ

နင့်ပုံစံက ထူးဆန်းပြီး ကြောက်စရာကောင်းတယ်

ဒီလိုမှပေါ့

စိတ်ဝင်စားဖို့တော့ကောင်းပါတယ်

ယူကျုဘ်ဗွီဒီယိုထဲမှာ ၀က်ခြံအကြီးကြီးတစ်လုံးဖောက်တာမျိုး

Commenti

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left