Marvel's Agents of S.H.I.E.L.D.

Marvel's Agents of S.H.I.E.L.D.

Burmese 字幕をダウンロード

シーズン 1

リリース情報

Marvel's Agents of S H I E L D - First Season (2013)
解説: KMH2017
Season 1 Complete

タグ

other
公開日: 2017-11-16
ダウンロード: 68
聴覚障害者向け: No

Burmese字幕のプレビュー

最初の200行です。

ယခင်အပိုင်းများမှ

မင်းသေသွားတာ ရက်ပိုင်းကြာတယ်

- အဲဒီတုန်းက သေချင်ခဲ့တာ - ငါတို့လည်း သေခိုင်းလိုက်ရမှာ

မင်းကို သာယာဖွယ် အမှတ်တရလေးတွေ ပေးခဲ့တာ

ကျွန်းလှလှလေးနဲ့ပေါ့

နင်က သင်တန်းကျောင်းမှ မတက်ခဲ့တာ

ငါက နင်တို့ရဲ့ ရှီးလ်ဆိုလား

ဟော့ဝပ်ဆိုလားဘာလား အဲဒါမှ မတက်ခဲ့ရတာ

အိုအိတ်ခ်ျဖိုးက ဘာလဲ

ဇာစ်မြစ်မသိတဲ့ အရာတစ်ခုပေါ့ မင်းလိုပဲ

စကိုင်းက သူ့ကို မိဘမဲ့ဂေဟာပို့ပေးခဲ့တဲ့ အေးဂျင့်ကို လိုက်ရှာနေတယ်

ငါတို့မှာ လျှို့ဝှက်ထားဖို့ တာဝန်ကလည်းရှိတော့..

ဒီကိုဘာလာလုပ်တာလဲ ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်

ပုဂ္ဂိုလ်ရေးတွေ မဖယ်ထားနိုင်ရင်

ဒီမှာ မနေနဲ့

နူမန်စွမ်းအင်အကြောင်း မေးခွန်းမှာ ငါတော့ သွားတာပဲ

ရူးလောက်စရာ သာမိုဒိုင်နမစ်ပညာရပ်ပဲ

စာမေးပွဲက ပြီးသွားပြီပဲ ကယ်လီရာ ထားလိုက်ပါတော့

နင်က ဒီလိုပြောမှာပေါ့ အပိုင်ဖြေလာတာကိုး

နင့်အတွက် အာရုံပြောင်းစရာ လိုနေပြီ

ဒါလေးရှိရင် ငါ့အတွက် လုံလောက်ပါပြီ

အေးပါ နင့်သဘောပဲ

လာပါ ကယ်လီရဲ့ ဘဝကတိုတိုလေးပါ

ဘာကိုစောင့်နေတာလဲ

ကယ်လီ ပျော်ပျော်နေစမ်းပါ

ဟုတ်တယ် ငါတို့ပင်ပန်းနေခဲ့တာ

လာစမ်းပါ ပျော်ရမယ့်အချိန်ပဲ

လာပါ ဆင်းခဲ့တော့

သူငယ်ချင်းတို့ တက်ခဲ့တော့

ဒီကိုမလာဖို့ ငါတို့ကို မတားနိုင်ပါဘူး

အခု လာခဲ့တော့

ငါ့ကိုဆွဲတင်ပေး

- ဆက်သ် ဆွဲလေ - ဆွဲနေတာပဲ

ငါ့ခြေထောက်

လုပ်လိုက်

ဒီထက်ပိုဆိုးတာ မရှိတော့ဘူး

အဖြစ်ဆိုးနဲ့ ကြုံလိုက်ရတယ် ဘာမှန်းလည်း မသိလိုက်ဘူး

ဒီအရာရှိလောင်းတွေ သေသွားနိုင်လောက်တယ်

ဟိုးအရင်တုန်းက ငါတို့ရေးဆွဲခဲ့တဲ့ အယူအဆတွေပဲ

အဲဒီလို သုံးကြလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး

ဒါက ရေခဲကန်ထဲမှာ ရှာတွေ့ခဲ့တဲ့ပစ္စည်းလား

မှားသွားလို့ ရေကူးကန်ကနေပြောင်းသွားတဲ့ မိုးလုံလေလုံရေခဲကန်

အရင်ရက်တွေကတည်းက ရေစစ်ဇကာထဲမှာ တပ်ထားတာဖြစ်မယ်

တစ်ယောက်ယောက်က ဒီလူသစ်တွေကို စောင့်နေသလိုပဲ

ဒီပစ္စည်းမှာ သူထီထွင်ထားတဲ့

နျူကလိယပုံဆောင်ခဲဖြစ်စဉ်ကို အသုံးပြုထားတာ

ပြီးတော့ သူတီထွင်ထားတဲ့စက်လည်းပါတယ်

ဒါကြောင့် ဒီစုံစမ်းမှုအတွက် ငါတို့ကို အကြံဉာဏ်လာတောင်းတာ

- ဒါဆို ငါတို့သင်တန်းကျောင်းသွားရမှာလား - သိပ္ပံနဲ့နည်းပညာဌာန

ဒီအဖြစ်အပျက်ကြောင့် ကျောင်းသားတွေ ကြောက်နေကြတယ်

သူတို့ စိတ်အေးသွားအောင် စွမ်းရည်အကြောင်းရှင်းပြပေးဖို့

- မင်းတို့ကို အေးဂျင့်ဝီဗာဖိတ်ထားတယ် - အင်း

ဟောပြောပွဲ ငါတို့အားလုံး နားထောင်ခဲ့ရတယ်

- ငါတော့ မပါပါဘူး - အခုတော့ ပါပြီလေ

သင်တန်းကျောင်းအကြောင်း အများကြီး ကြားဖူးထားတယ်

တကယ်ရောက်တော့မှာမို့လို့ စိတ်လှုပ်ရှားနေပြီ

ငါရောပဲ အရင်က တစ်ခါမှမရောက်ဖူးဘူး

မရောက်ဖူးဘူးလား

ရှီးလ်သင်တန်းကျောင်းတွေက တစ်ခုနဲ့တစ်ခု အဆက်အဆံမရှိဘူးလား

သိပ်မရှိဘူး ဆက်သွယ်ရေးသင်တန်းကျောင်းကလွဲလို့ပေါ့

သူတို့က အကြီးဆုံးဌာနပဲ ဒေတာခွဲခြမ်းစိစစ်ရေးပဲ အဓိကသင်တာ

- ပျင်းစရာကြီး - ဝင်ဖို့အလွယ်ဆုံးအပိုင်းပဲ

- အဲဒါ နင်ရောက်မယ့်နေရာပဲ စကိုင်း - ကျေးဇူးပဲ

စစ်ဆင်ရေးက အဆိုးဆုံးအပိုင်းပဲ

စစ်ဆင်ရေးအပိုင်းကလူတွေက တခြားနေရာထက် ပိုအ၀င်အထွက်များတယ်

ဒါဆို ဘယ်အပိုင်းက ၀င်ဖို့အခက်ဆုံးလဲ

သိပ္ပံနဲ့စစ်ဆင်ရေးနှစ်ခုကို ယှဉ်ပြီးရွေးလိုက်မယ်

ရှင်နဲ့ကိုလ်ဆင်ရော မသွားဘူးလား

ဝါ့ဒ်အတွက် လာဘ်ကောင်သွားခိုးပေးမလို့လား

ဘယ်မှမသွားပါဘူး နင့်ကို ချပေးပြီးရင်

ကိုလ်ဆင်နဲ့ငါ့မှာ လုပ်စရာတွေ အများကြီးရှိတယ်

အခုတလော ကိုလ်ဆင် ရုံးခန်းထဲကနေ ထွက်မလာဘူး

- သူ အဆင်ပြေတယ်ထင်လား - သူစိတ်ဓာတ်ကျနေတယ်

အဆင်မပြေလောက်ဘူး သူတို့လာတာ ကိုလ်ဆင့်အတွက်ပိုခက်ခဲတယ်

အဆင်ပြေသွားမှာပါ အချိန်ပဲပေးလိုက်

သူ့အတွက် အချိန်ပေးထားတုန်း

သင်တန်းကျောင်းမှာ ဖြစ်နေတာတွေကို ငါတို့စုံစမ်းရမယ်

ဒါက ရှီးလ်မပေါ်ခင်ကတည်းကရှိနေတဲ့ အက်စ်အက်စ်အာ အဆောက်အအုံပဲ

အက်စ်အက်စ်အာဆိုတာက

မဟာဗျူဟာမြောက်သိပ္ပံတပ်ဖွဲ့ ငါသိပါတယ်

နင်တို့ဒေါက်တာဘွဲ့တွေကို ဒီကနေပဲ ရတာလား

မဟုတ်ဘူး ဒေါက်တာဘွဲ့တစ်ခုရပြီးမှ ဒီထဲဝင်လို့ရမှာ

သိပ္ပံနဲ့နည်းပညာက ခင်ဗျားအကြိုက်ဆုံးမဟုတ်လား အေးဂျင့်ဝါ့ဒ်

ဟုတ်တယ် ယူနီဖောင်းလည်းမလိုဘူး စစ်ရေးလေ့ကျင့်ဖို့လည်း မလိုဘူး

ကြွက်သားကြံ့ခိုင်ရေးအတွက်လည်း မလိုဘူး စစ်ချီဖို့လည်းမလိုဘူး

ဉာဏ်ရည်မှာ ဂဏန်းနှစ်လုံးနဲ့လူလည်း မရှိဘူး

ရောက်ပြီလား ပြန်တွေ့ရတာ ၀မ်းသာပါတယ်

- အရင်လိုနုနေတုန်းပဲနော် - ဟုတ်တယ်

ကျေးဇူးပဲ

အေးဂျင့်ဝါ့ဒ် တွေ့ရတာ ၀မ်းသာပါတယ်

အေးဂျင့်ဝီဗာ သံသယရှိသူတွေစာရင်း ရပြီလား

ဉာဏ်ရည်တိုင်းတာမှုအပေါ် အခြေခံပြီး အဆင့်ခွဲလိုက်တော့

ကျောင်းသားတွေရဲ့တစ်ဆယ်ရာခိုင်နှုန်းထိ လျှော့ချလိုက်နိုင်ပြီ

သန္ဓေမကောင်းတဲ့သူပါနေမှာပဲ စိုးရိမ်တယ်

စစ်ဆင်ရေးနဲ့ သိပ္ပံဌာနက မတူဘူး

သန္ဓေမကောင်းတဲ့သူဆိုတဲ့ အသုံးအနှုန်းအပေါ် သတိထားပုံခြင်းတော့တူတယ်

ငါတို့ပေးလိုက်တဲ့ပညာကို အသုံးချချင်တဲ့လူ..

သန္ဓေမကောင်းတဲ့သူဆိုတာ ရှီးလ်အသုံးအနှုန်းမဟုတ်ပါဘူး ၀ါ့ဒ်

ဝေါဟာရတစ်ခုပါ

ဆက်သ်ဒေါ်မာကို ခင်ဗျားမေးပြီးပြီဆိုပေမယ့်

ကျွန်တော်ကိုယ်တိုင် နည်းနည်း ထပ်မေးချင်သေးတယ်

သူအတန်းပြီးသွားရင် စကားပြောလို့ရအောင် စီစဉ်လိုက်ပါမယ်

အေးဂျင့်ဖစ်ဇ်နဲ့ ဆင်မွန်တို့ ဟောပြောခန်းထဲ လိုက်ခဲ့လို့ရပါပြီ

သူပဲ

ကြည့်ပါဦး

နာမည်ကြီးပဲ ဘယ်သူသိမှာလဲ

ငါသိတယ်

လာပါ အချိန်ရတုန်း

မင်းကြည့်ချင်နေတာကို လိုက်ပြမယ်

- အာဇာနည်တံတိုင်း - ဖတ်ဖူးတယ်ပေါ့

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အေးဂျင့်တွေအတွက်

ရှီးလ်အဆောက်အအုံတိုင်းမှာ အထိမ်းအမှတ်တွေရှိတယ်

ရှီးလ်ရဲ့သမိုင်းကြောင်းကို ဒီမှာ ပြန်အစကောက်လို့ရတယ်

ဘက်ကီဘမ်းစ်

အကောင်းဘက်က ရှုမြင်ပါ ငါတို့အလုပ်က ဒါပဲ

ရှင်တို့တွေတော့ အရမ်းဂုဏ်ယူရမှာပဲ

ဒီသမိုင်းကြောင်းထဲမှာ ကျွန်မလည်း ပါဝင်ချင်တာ

ကိုယ့်ကိုယ်ကိုယ် သနားနေတာမဟုတ်ဘူး

ဒီကလူတွေအကုန်လုံး ဒီလိုပဲဖြစ်သင့်တာ

ဒီလိုအဖော်ပြခံထိုက်တယ်

ကျွန်မအကြောင်း ကျွန်မတွေးမိတယ်

သစ္စာဖောက်မိသလို ခံစားရတယ်

ပိုကောင်းအောင်လုပ်ချင်တဲ့ စိတ်ဆန္ဒပဲ လိုအပ်တာပါ

မင်းနဲ့တွေ့တဲ့အချိန်မှာ ကိုလ်ဆင်က ဒါကိုခံစားမိခဲ့တာပဲ

အဲဒီစာအုပ်ကို ချထားလိုက်သင့်ပြီ

ဘယ်လိုလုပ်ရမှာလဲ နင်က ဖတ်ပြီးပြီလေ

နင်က ဆက်ဖတ်နေတုန်းပဲလေ

ငါ့စိတ်ကို ဒီထဲနှစ်ထားလို့မရဘူး

ဖြစ်ခဲ့တာတွေဆီပဲ စိတ်ရောက်နေတယ် နာကျင်မှုတွေ..

ပြီးတော့ တာဟီတီကိုလည်း သတိရနေတယ်

ဖိုင်ထဲမှာပါတာတွေက အမှန်ပဲ

ဘယ်သူပြောတာလဲ

ညွှန်ကြားရေးမှူးဖျူရီ

ငါသာမတောင်းဆိုခဲ့ရင် သူ ယူသွားလောက်ပြီ

ငါ ဘာမှသိရမှာမဟုတ်ဘူး

အခု သိတော့ရော နေလို့ကောင်းလား

မေ့လိုက်တော့

မက္ကဆီကိုကို ဘာလို့သွားတာလဲ

နင့်ကို အာရုံပြောင်းမလို့

နင်ပြောတဲ့အတိုင်း

စကိုင်းကို မိဘမဲ့ဂေဟာမှာထားခဲ့တဲ့ အေးဂျင့်အကြောင်းကို စုံစမ်းပြီးပြီ

အေးဂျင့်အေဗရီ သူက အသတ်ခံခဲ့ရတာ

သူ့ခင်ပွန်းကတော့ မသေသေးဘူး ပျောက်နေတာ

- ရစ်ချတ်လန်မလေ - လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက ပျောက်သွားတာ

အေဗရီ အသတ်ခံရပြီးနောက်နေ့ပဲ

ပြန်ပေါ်လာသေးလား

ပြီးခဲ့တဲ့ သုံးလေးရက်တုန်းက မက္ကဆီကိုကောင်လေးတစ်ယောက်က

ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတစ်ပုံတင်လိုက်တယ်

သူကုန်စုံဆိုင်က ထွက်လာတဲ့ပုံက ဓာတ်ပုံထဲမှာပါလာတယ်

ရှီးလ်အဖွဲ့ဆီကနေ အကြာကြီးပုန်းနိုင်တဲ့သူဆိုတော့

ဒါကိုလည်း သိမှာပဲ

သူ ပြန်လှုပ်ရှားလိမ့်မယ်

စဉ်းစားစရာက နည်းနည်းပဲရှိတယ်

အေးဂျင့်အေဗရီကို သူသတ်သွားတာဖြစ်မယ်

ဒါမှမဟုတ်ရင် သူလည်း အသတ်မခံရချင်လို့ပဲ

သူ့ကိုတွေ့ရင် အဖြေသိပြီ လေယာဉ်ဆိုက်ဖို့ ဘယ်လောက်လိုသေးလဲ

မိနစ်လေးဆယ် ကားကို ဂတ်စ်သွားဖြည့်လိုက်ဦးမယ်

ရှီးလ်သင်တန်းကျောင်းက လူတော်နှစ်ယောက်နဲ့ ပြန်ဆုံခွင့်ရလို့ အရမ်းဝမ်းသာပါတယ်

အသက်အငယ်ဆုံးဘွဲ့ရတွေပါ

အားလုံးလည်းသိပြီးသားပါ

အေးဂျင့်လီယိုပိုဖစ်ဇ်နဲ့ အေးဂျင့်ဂျမ်မာဆင်မွန်ကို ကြိုဆိုပါတယ်

ကျေးဇူးတင်ပါတယ် အေးဂျင့်ဝီဗာ ပြန်ဆုံရတာဝမ်းသာပါတယ်

ကံမကောင်းချင်တော့ အခြေအနေကိုမူတည်ပြီး ပြောရလိမ့်မယ်

အခုအချိန်ထိ ရှီးလ်သမိုင်းကြောင်းကို မသိသေးရင်တော့

ဘာဆင်ခြေမှမလိုတော့ဘူး

သေချာတယ် အားလုံးက

ပါမောက္ခဗွန်းအတန်းချိန်မှာ အိပ်ငိုက်နေလို့ပဲ

သိပ္ပံပညာရှင်တွေအနေနဲ့ ကျွန်မတို့က ရှေ့ဆက်ပြီး

အကောင်းဆုံးနဲ့အမြန်ဆုံး လုပ်ဆောင်သွားရမှာပါ

ဒါပေမဲ့ လတ်တလော အဖြစ်အပျက်တွေက

ကျွန်မတို့ရဲ့သမိုင်းကြောင်းကို ပြန်ပြီးအမှတ်ရစေပါတယ်

အတော်ဆုံးကျောင်းသားတွေက

ဘာလို့ မင်းနဲ့ပူးပေါင်းချင်နေတာလဲ

မဟုတ်ပါဘူး သူတို့က ကျွန်တော့်သူငယ်ချင်းတွေပါ

ဒီမှာ အပြိုင်အဆိုင်တွေရှိပါတယ် ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရတော့မပါဘူး

စိတ်တော့မရှိပါနဲ့ ဒါက စစ်ဆင်ရေးမဟုတ်ဘူးလေ

ရပါတယ်

သူတို့က မင်းသူငယ်ချင်းတွေလား

ဒွန်နီဂေးလ်မပါဘူး သူ့ကို သိပ်မသိဘူး

သူက စကားလည်းမပြောဘူး

- သူလည်း ရေကူးကန်မှာရှိနေခဲ့တယ် - စာလုပ်နေတာပါ

သူ့ကို တရားခံလို့မထင်ဘူး

သူက ဉာဏ်ရည် ၁၇၀ အောက်နိမ့်တဲ့လူနဲ့ သိပ်မပေါင်းတတ်တာလေးတစ်ခုပါ

ရှီးလ်အဖွဲ့အစည်းက ဟိုက်ဒရာလို့ လူသိများတဲ့အဖွဲ့ကို

အက်စ်အက်စ်အာက နှိမ်နင်းပြီးတဲ့အချိန်မှာ တည်ထောင်လိုက်တဲ့ အဖွဲ့အစည်းပဲ

ဟိုက်ဒရာ ကင်းခြေများနဲ့ အိန်းမ်အဖွဲ့အစည်းတွေမှာလည်း

အရမ်းတော်တဲ့ သိပ္ပံပညာရှင်တွေရှိတယ်ဆိုတာ မေ့နေတတ်ကြတယ်

အဲဒီလူတွေကလည်း မင်းတို့ငါတို့လို စွမ်းရည်တွေနဲ့ပဲ စခဲ့ကြတာ

စွမ်းရည်က တစ်ခါတလေမှာ အန္တရာယ်ဖြစ်စေနိုင်တယ်

ပလူတိုနီယမ်က မြို့တစ်မြို့လုံးကို စွမ်းအင်ပေးနိုင်သလို

နျူကလိယဗုံးကိုလည်း ဖြစ်ပေါ်စေနိုင်တယ်

ဒီသင်ခန်းစာကို အတွင်းကျကျသင်ယူနိုင်မယ့်

ဇာတ်လမ်းလေးတချို့ကို ဝေမျှပေးချင်ပါတယ်

ပြီးတော့ မစမ်းသပ်ရသေးတဲ့ နည်းပညာနဲ့ ဇီဝဗေဒတွေ

မသမာတဲ့လူတွေဆီ ရောက်သွားရင် ဖြစ်လာမယ့် အကျိုးဆက်တွေအကြောင်းရောပဲ

မပူပါနဲ့ ဓာတ်ပုံတွေပါ ယူလာပါတယ်

အမယ်လေး အမယ်လေး

ဘာကြီးလဲ ဘာဖြစ်တာလဲ ကယ်ပါဦး ဖယ်ပေးပါ

တားပေးပါဦး

ကယ်ပါဦး ဒါကြီးကိုဖယ်ပေးပါ တားပေးပါဦး

More Burmese subtitles for Marvel's Agents of S.H.I.E.L.D.

コメント

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left