Good Behavior

Good Behavior

Burmese 字幕をダウンロード

シーズン 2

リリース情報

Good Behavior S02E06 720p WEB-DL 2CH x265 PSA Farda DL Myanmar(Zawgyi)
解説: kikywebsite

タグ

Web-DL
web-dl
web
WEB-DL
720p
720
x265
2CH
公開日: 2019-07-19
ダウンロード: 25
聴覚障害者向け: No

Burmese字幕のプレビュー

最初の200行です。

အက်ဖ်ဘီအိုင်ကသာ ကိုယ်ပိုင်အဖွဲ့အစည်းကြီးတစ်ခုဆိုရင်

လူဆိုးဖမ်းဆီးပေးတဲ့ အေးဂျင့်အနေနဲ့ ဆုလာဘ်တစ်ခုခုခံစားရမှာပဲ

ရှင်တကယ်ဖြစ်ချင်တာက အက်ဖ်ဘီအိုင်ကို လက်စားချေချင်တာပါ

မင်းဘာတောင်းဆိုနေတာလဲ

ရှင်က အက်ဖ်ဘီအိုင်ထက် အရင်ရောက်အောင်သွားပြီး ငွေတွေသွားခိုး

ကျွန်မတို့ရှင့်အတွက် အကုန်လုပ်ပေးမယ်

နိုက်ကလပ်က ငွေဝှက်ထားတဲ့နေရာကို မင်းတို့သိကြပြီလား

မင်းတို့ ဒီလိုဆင်ကန်းတောတိုး သွားရှာလို့တော့ မဖြစ်ဘူးလေ

ကျွန်မတို့သိရသလောက်က တရားမဝင်ငွေ ဒေါ်လာငါးသိန်းလောက်ကို

အထဲမှာဝှက်ထားတယ်

တစ်နာရီမကြာခင် နင့်ကိုမိသွားလိမ့်မယ်

ရှင်ကူညီရင်မမိဘူး

နင့်ကိစ္စအောင်မြင်အောင် ငါကူညီမယ်

အဲဒီကလပ်က နင်ခိုးသမျှရဲ့ ဆယ်ရာခိုင်နှုန်း ငါယူမယ်

သဘောတူတယ်

မင်းအကြောင်း ငါ့အစ်မကိုပြောဖို့လာတာ

ငါ့ကိုသွားဖို့ လာမပြောနဲ့

ငါ့ကိုဖယ်ထုတ်လို့ရမယ် ထင်နေလား

ဆစ်ကိုသတ်ခဲ့တာမင်းလားကွ လူယုတ်မာ

သူလိမ်ပြောတာဆိုရင်

ရှင့်အကူအညီမပါဘဲနဲ့တောင် အေဗာရိပ်မိနိုင်တယ်

ကျွန်မတို့ဒီပိုက်ဆံကိုခိုးပြီး လက်ရှ်ဗာကိုပေးရမယ်

ပြီးရင် ဂျေးကော့ဘ်ကို သွားခေါ်ကြမယ်

ကျွန်တော်တို့နေရာတိုင်းကို ရှာတာပဲ..ဆရာ ဒါပေမဲ့ ပိုက်ဆံမတွေ့ခဲ့ဘူး

စိတ်ထဲသိပ်မထားပါနဲ့ဟာ

မင်းတို့ အရမ်းတန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခု ရခဲ့တာပဲ

နောက်တစ်ခါဆိုရင် မင်းတို့အထက်အရာရှိက ဆုံးမသွန်သင်တာကို လက်ခံပေါ့ကွာ

အခုလောလောဆယ်မှာ အက်ရှ်ဗီးခန်းမမှာ လုံခြုံရေးငှားနေတယ် ကြားတယ်

ဒေါ်လာငါးသောင်း

ပြန်လာမယ်လို့ပြောသားပဲ

ဂျေးကော့ဘ်ကိုသွားခေါ်ပြီးရင် ဒေါ်လာငါးသောင်းခိုးမယ်ပေါ့ ဟုတ်လား

ကျွန်မတို့မှာ ရွေးချယ်စရာမရှိဘူး

ဒီကနေဆို တစ်နာရီခွဲလောက်ပဲ ကြာတာ

လမ်းလည်းကြုံနေတာပဲ

ဘာလဲ

ရုတ်တရက်ကြီး ငါတစ်ခါမှမကြားဖူးတဲ့ မင်းအဘွားဆိုတာ ပေါ်လာတယ်လေ

- အဲဒီတော့ - အခုငါတို့ဂျေးကော့ဘ်ကို သွားခေါ်တော့မှာလေ

မင်းအဘွားဆီက ဒေါ်လာငါးသောင်း သွားခိုးနေတဲ့အချိန်မှာ

သူ့ကိုငါတို့နဲ့ အတူခေါ်မလာသင့်ဘူး

ကျွန်မတို့ခိုးစရာမလိုပါဘူး

ဒီအတိုင်းရမှာပါ

မင်းတစ်ခုခုကြံနေတာ ငါသိတယ်နော်

ကျွန်မမှာ အဘွားရှိတာတောင် မသိတာများ

သူက အက်စ်တယ်ရဲ့အမေ သူတကယ်ရှိတယ်

ကျွန်မကိုယုံပါ

အဲဒါနဲ့သူက မင်းကို ဒေါ်လာငါးသောင်း ပေးလိုက်ရောလား

ဟုတ်တယ် ဘာလို့လဲဆိုတော့ သူကအရမ်းချမ်းသာလို့

ပြီးရင် လက်ရှ်ဗာကိုပေးလိုက်မယ်

ဒါတွေပြီးသွားရင် ကျွန်မတို့တိုင်ဘီကို ပြန်သွားလို့ရပြီ

- အဲဒါပြီးရင်ကော ဘာဖြစ်မလဲ - အဲဒါပြီးရင်

ကျွန်မတို့အသက်ဆက်ရှင်နေကြမယ်

လက်ရှ်ဗာ

လက်ရှ်ဗာ

ပိုက်ဆံရပြီ မကြာခင်ရောက်မယ်

အခုဂျေးကော့ဘ်ကို သွားခေါ်ရအောင်

နာရီဝက်စောသေးတယ်နော်

ဂျေးကော့ဘ်နဲ့ဗွီဒီယိုဖုန်း ပြောတုန်းက

ရှောင်နဲ့ဘက်သင်နီတို့ ထူးထူးဆန်းဆန်းပါတီတွေ လုပ်နေတယ်တဲ့

ဘယ်လိုထူးထူးဆန်းဆန်းလဲ

မသိဘူးလေ ဒါပေမဲ့ ကျွန်မတို့စောစောရောက်သွားရင်

သူတို့လည်း ဝှက်ချိန်မရဘဲ အငိုက်မိသွားနိုင်တယ်

ရှောင့်ကိုသိရသလောက်တော့ မြေအောက်ခန်းမှာ ဆေးချနေရင် ချနေမှာ

- မင်းတို့စောတာပဲ - လမ်းရှင်းလို့ပါ

ဂျေးကော့ဘ် အထုပ်တွေမသိမ်းရသေးဘူး

ပြဿနာမရှိပါဘူး ကျွန်မတို့စောင့်မယ်လေ

အိမ်လေးကလှတယ်နော်

ဘုရားစောင့်ရှောက်ပါစေ

ဒါနဲ့ ခွေးကြောင့် အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်

ရှင်နဲ့ ဓာတ်မတည့်တာမေ့သွားတယ်

ရပါတယ်ရှင်

သူကအရမ်းချစ်ဖို့ကောင်းတာပဲ

သူ့ကိုအဝတ်လျှော်ခန်းထဲက လှောင်အိမ်ထဲမှာ ထားတာလေ

သူသွားဖို့အသင့်ဖြစ်နေပါပြီ

ဂျေးကော့ဘ်သွားဖို့ အသင့်ဖြစ်ပြီလား

ဂျေးကော့ဘ်ရေ

သိမ်းနေတာပြီးတော့မယ်

သူလည်းမင်းကိုစောစောရောက်မယ် မထင်ဘူး

သူကျောင်းအတွက်လိုအပ်တဲ့ စာအုပ်တွေကို ကျွန်မတို့ဝယ်ထားတယ်

ကျောင်းစာအုပ်တွေအတွက် ဒေါ်လာငါးရာပေးရတယ်

၂၅၀ တော့မင်းပြန်ပေးလို့ရတယ်

ပိုတာပြန်မအမ်းနဲ့တော့

ဟိုလူတွေက ဘယ်သူတွေလဲ

ကျွန်မတို့ဘုရားကျောင်းက အသင်းသားတွေလေ

အပြင်မှာ စုံညီဆုတောင်းပွဲ လုပ်နေတာ

လက်တီ လက်တီ နေဦး

အဲဒါဘာလဲ

ရှင် ညစ်ညမ်းကားရိုက်နေပြန်ပြီလား

ငါတို့ထုပ်လုပ်ရေးနာမည်ကိုလည်း အဲဒါပဲပေးထားတာ

ဂျေးကော့ဘ် ရှင့်အိမ်မှာရှိလျက်နဲ့

မဟုတ်ပါဘူး ဂျေးကော့ဘ်က အဲဒီအကြောင်းမသိပါဘူး

ဘုရားရေ ရှောင်

ကျေးဇူးပြုပြီး အရှင့်နာမည်ကို အကြောင်းမဲ့မရွတ်ပါနဲ့

- ရှင်ဘာပြောတယ် - အားလုံး တရားဝင်လုပ်နေတာပါ

အိုကေ အိုကေ အားလုံးပဲ တော်ပါတော့

စိတ်လျှော့ကြပါ

ညစ်ညမ်းကားပြန်လာပြီက ကျွန်မတို့ရဲ့ အိမ်တွင်းစီးပွား​ရေးပါ

ခရစ်ယာန်စုံတွဲတွေအတွက် ရည်ရွယ်ပြီး လူကြီးကားတွေရိုက်ပေးတယ်

နေပါဦး သူတကယ်ပြောနေတာလား ညစ်ညမ်းကားပြန်လာပြီတဲ့

- အဲဒါဇာတ်ဝင်ခန်းထဲက စကားပါ - ရပါပြီ ကျွန်မသိတယ်

အဲဒါကြောင့် ဧဝက အာဒမ်ကို မဖွယ်မရာလုပ်တော့မှာပေါ့

မယ်ရီနဲ့ ဂျိုးဆက်ပါဟာ

မရတော့ဘူး ကျွန်မ မရတော့ဘူး

တစ်မျိုးဖြစ်နေမယ်ဆိုတာ သိပါတယ်

ဒါပေမဲ့ ကျွန်မတို့က ခရစ်ယာန်မိသားစုတွေကို

ဝန်ဆောင်မှုကောင်းကောင်း ပေးနေတာပါ

ဗွီဒီယိုတွေက လက်ထပ်ပြီးသားစုံတွဲတွေ အတူနေတဲ့အခါ

စိတ်ကိုလှုပ်ရှားအာင် အကူအညီပေးတဲ့သဘောပါ

လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးတာမျိုးလေ

ဟုတ်မှာပါ

ကျွန်မတို့ဘယ်လိုစတွေ့လဲ ဆိုတာ ရှင့်ကို ရှောင်ပြောပြဖူးလား

သူ့ကိုအကြောင်းစုံ မေးကြည့်ဦး

တကယ်ကြည်နူးဖို့ ကောင်းတယ်

သူကျွန်မကို အများကြီးသင်ပေးထားတာ

ဘိန်းဖြူဘယ်လိုထိုးရမယ်ဆိုတာပါ ပါတယ်

ကျွန်မအသက် ၁၉ နှစ်ပြည့် လက်ဆောင်ဆိုပြီး ပေးခဲ့လို့ မှတ်မိနေတာ

သူ့ညစ်ညမ်းဇာတ်ကောင်နာမည် သိချင်ရင် ဂျွန်ဆင်ဘစ်လို့ ဂူးဂဲလ်မှာရှာကြည့်

သိပြီလား

သူ့ခေတ်တုန်းကတော့ သူတော်တော်နာမည်ကြီးတယ်

အခုတော့ ကျွန်မသားကို သွားခေါ်ခဲ့

ဂျေးကော့ဘ်..မင်းသူ့ကို ပေးဖို့နာမည်ရွေးပြီးပြီလား

ဖရက်ဒ်လို့ပေးမယ်

- ဖရက်ဒ် ကောင်းတယ် - ဂျေးကော့ဘ်..နင်များ..

ရှောင်ရဲ့ဂိုထောင်ထဲမှာ ဘာတွေလုပ်နေလဲဆိုတာ မြင်ခဲ့သေးလား

မြင်တယ်လေ အဲဒါတကယ့်ညစ်ညမ်းကားမှ မဟုတ်တာ

တကယ့်ညစ်ညမ်းကား မဟုတ်ဘူးဆိုတာ ဘာကိုပြောတာလဲ

အင်တာနက်ထဲကလို သူတို့က တကယ်အတူနေကြတာမှ မဟုတ်တာ

နင်ကတကယ်ဆိုတာ သိလို့လား

ရှောင်နဲ့ဘက်သင်နီတို့က သူတို့ဘာလုပ်နေတယ်ဆိုတာ ပြောပြတယ်ပေါ့

နင့်ကို ဂိုထောင်ထဲ ပေးဝင်တယ်ပေါ့

မဟုတ်ပါဘူး

သူတို့က သားမသိဘူးထင်နေတာ ဒါပေမဲ့ အသိသာကြီးပါ

- ငါ့ကိုဘာလို့ဖုန်းဆက်ပြီး မပြောတာလဲ - သားမသိဘူးလေ

အမေ့ကိစ္စတွေ လျှို့ဝှက်ပေးထားသလို သူတို့ကိစ္စလည်း လျှို့ဝှက်ထားသင့်တယ်ထင်လို့

ကမ်းခြေအိမ်ကိုရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ

သြော် သားအတွက် အံ့သြစရာတစ်ခုရှိတယ်

လမ်းမှာခဏရပ်ပြီး

သားရဲ့ဘွားဘွားကြီး အဲလစ်ကိုတွေ့ကြမယ်

သားမှာ ဘွားဘွားကြီးရှိတာ သိတောင်မသိဘူး

ငါလည်းမသိဘူး

- အဲဒါစိုက်ခင်းတွေလား - မဟုတ်ဘူး

သားထင်တာ အဲဒါစိုက်ခင်းတွေနော်

သူတို့မှာ စိုက်ခင်းမရှိတော့ပါဘူး

မပူပါနဲ့

သမီးတို့

ရောက်ပြီကိုး

ရိုးလင်းအုတ်စ်စိုက်ခင်းက ကြိုဆိုပါတယ်ကွယ်

သားတို့

အဲလစ်စ်ဂျက်စ်ပါ

တွေ့ရတာဝမ်းသာပါတယ်

သမီးလေး

သမီးကိုလွမ်းနေတာ

သမီးလည်းလွမ်းပါတယ်

သူကတော့ ငါ့ရဲ့မြစ်ကလေးပေါ့လေ

- အဘွားက နာနာရဲ့အမေလား - အဲဒီလိုပါပဲ

ဟုတ်တယ် သူပဲ

သွေးသားအရဆိုရင်ပေါ့

မင်းကခွေးလေးပါ ခေါ်လာတာကိုး

သူ့ကြည့်ရတာ အောင်နိုင်သူလေးအတိုင်းပါလားဟေ့

ရိုက်စ်ဂျက်စ်ပါ ပါ လူတိုင်းကတော့ အာဂျေပဲခေါ်ကြတယ်

လက်တီပါ

သိတယ် မင်းအကြောင်းအများကြီး ကြားဖူးပါတယ်

အကုန်အမှန်တွေပါ

ဟာဗီယာနဲ့ ဂျေးကော့ဘ်

အင်း ငါ့ကိုအဲလစ်စ်ကလည်း အမျိုးစာရင်းပေးထားတော့

နာမည်တွေကိုမှတ်မိပါတယ်

ကဲ လာကြလေ အထဲဝင်ကြ

- ခွေးလေးက ရှူးလျှောက်ပေါက်တတ်လား - ထင်တာပဲ

ကျွန်တော်အပြင်မှာ ဂျေးကော့ဘ်နဲ့ဖရက်ဒ်နဲ့ နေခဲ့မယ်

အကြာကြီးလည်း နေလို့မှမရတာ

မဟုတ်တာ အခုမှရောက်တာကို

- အာဂျေ ရှင်.. - အေး အေး သားတို့လာကြ

လမ်းလေးဘာလေး လျှောက်ကြရအောင်

သမီးတို့ကိုအိမ်လိုက်ပြရမယ်

လူတွေကိုမနာလိုအောင် ပြထားတာလေ

သမီးနဲ့နောက်ဆုံးတွေ့တာ ဘယ်တုန်းကလဲ..လက်တီရှာ

သြော် ဟုတ်ပြီ ငါမှတ်မိပြီ

ငါ့ကား ပေါ်ရှေး ၉၁၁ လေး ပျောက်သွားတုန်းကပဲ

အဘွားမြေးပီသတယ်လေ

စဉ်းတောင်မစဉ်းစားနဲ့

တကယ့်ပစ္စည်းကောင်းတွေကို ငါသော့ခတ်သိမ်းပြီးပြီ

သိပ်လွယ်နေရင် ဘယ်ပျော်ဖို့ကောင်းမလဲ

အဲဒါ ငါပြောနေကျစကား နင်က အကုန်ခိုးတာပဲ

အိမ်မှာအပတ်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လုပ်ကြတယ်

အယ်ဇိုင်းမားရောဂါသည်တွေအတွက် ဆိုလား ဒီနေ့ည ရန်ပုံငွေပွဲရှိတယ်

မမှတ်မိတော့ဘူး

ဟာဗီယာက ပရဟိတဆို အရမ်းစိတ်ဝင်စားတယ်

ကျွန်တော် အရင်က နာမည်ကျော်တွေအတွက်

ရန်ပုံငွေပွဲတွေလုပ်ဖူးတယ်

သိပ်တော့ကောင်းတဲ့ အလုပ်မဟုတ်ဘူး

ဂွင်းနစ်ပက်ထရိုနဲ့တွေ့တော့မှပဲ ကိစ္စပြတ်သွားတော့တယ်

လက်တီရိန်းလုပ်ဖူးသမျှ ပေါက်ကရထဲမှာ

ဒီကိစ္စကမှ အကြီးဆုံးလို့မပြောရင် ဘာသွားပြောရမလဲ

သမီးပြောပြရင်ပိုတောင်ရယ်ရဦးမယ်

ခွင့်ပြုပါဦး

သူကကြည့်ကောင်းသားပဲ

အဘွားလေသံကလည်း ဆိုးလိုက်တာ

အဘိုးက ဝါဂွမ်းစိုက်တဲ့လယ်သမားလား

မဟုတ်ပါဘူးဟ ငါက ဘဏ္ဍာရေးလုပ်တာပါ

ဒါပေမဲ့ ငါ့ဘိုးဘေးတွေကတော့ ဝါဂွမ်းစိုက်ကြတယ်

မြောက်ပိုင်းကျူးကျော်စစ်ပွဲတုန်းကပေါ့ကွာ

コメント

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left