Winter Sonata

Winter Sonata (겨울연가)

Burmese 자막 다운로드

릴리스 정보

Winter Sonata 2002 Episode 01-10 Myanmar(Zawgyi)
다음의 해설 kikywebsite

태그

other
게시일: 2019-05-20
다운로드: 25
청각 장애인용: No

Burmese 자막 미리보기

처음 200줄입니다.

အပိုင်း ၁

ဆန်းယော့ရေ

ဆန်းယော့

ဆန်းယော့

ငါတို့ နောက်တော့မကျပါဘူးနော်

ခဏလေး

ဘတ်စ်ကားလာပြီ ကားလာပြီ သွားကြမယ်

တွန်းထား တွန်းထား

မြန်မြန်တွန်းပြီး တက်တော့

ဝင် ဝင်

နင်လည်း တက်ရမှာပေါ့ ဦးလေးကြီး ခဏနေပါဦး

သွားနှင့် သတိထားနော် ကောင်းကောင်းသွား

ကားဆရာကြီး

ဘယ်နေရာ ရောက်နေပါလိမ့်

ဘာလို့ ငါ့ကို မနှိုးရတာလဲ

နင် ဘယ်အတန်းကလဲ

အငယ်တန်းက

နင် ဂါဂါမဲမှော်ဆရာကြီးကို မကြောက်ဘူးလား

အငယ်တန်းတစ်တန်းလုံးမှာလေ

နင့်လောက်မိုက်တဲ့လူ မတွေ့ဖူးသေးဘူး

ဘာရပ်လုပ်နေတာလဲ

ပိုက်ဆံကုန်သက်သာအောင် တက္ကစီ ပေါင်းစီးရမယ်လေ

နင် မြန်မြန်မလာဘဲ ဘာလုပ်နေတာလဲ

တကယ်ပါပဲနော်

ဂျောင်ယူဂျင်း

ကျောင်းနောက်မကျတော့ပါဘူး

ကျောင်းနောက်မကျတော့ပါဘူး

ငါ့ပုံမှန်ဖောက်သည်လေးကို မျက်စိဒေါက်ထောက်ကြည့်နေတာ ကြာလှပြီ

ဟိုမှာ လက်သွားမြှောက်

ငါ ၁ မိနစ်နဲ့ စက္ကန့် ၅၀ ပဲနောက်ကျတာ

ရက်စက်လွန်းတယ် မထင်ဘူးလား

ဂါဂါမဲ သက်ညှာပေးတာ ဘယ်နှခါရှိလို့လဲ

ဒါနဲ့ ဆန်းဟျော့ကတော့ နောက်မကျပါဘူး

နင်က ဘာလို့ နောက်ကျရတာလဲ

မပြောချင်တော့ပါဘူး

အဲဒီ ဘယ်ကမှန်းမသိတဲ့ကောင်ကြောင့်..

မင်း

ဘယ်အချိန်ရှိပြီ ထင်နေလဲ

သူဟဲ့

ကျောင်းသားတစ်ယောက်ရဲ့တာဝန်တွေ ပျက်ကွက်ခဲ့တယ်ဆိုတာ ဆင်ခြင်မိပါပြီ

စာလည်း သေချာမလုပ်ခဲ့ဘူးဆိုတာ ကောင်းကောင်းသိပါပြီ

ဒါကြောင့် အဲဒီအပြစ်မျိုး နောက်ဘယ်တော့မှ မကျူးလွန်မိအောင် ကြိုးစားသွားပါ့မယ်

ကျယ်ကျယ်ပြော

နောက်ဘယ်တော့မှ အဲဒီလိုမလုပ်မိအောင် နေပါတော့မယ်

ထပ်ကျယ်ဦး

ဆရာ ဒီတစ်ခေါက်လေးပဲ ခွင့်လွှတ်ပေးလို့ မရဘူးလားဟင်

ဒီလိုအရာတွေက ဖြစ်တတ်တာပဲဟာ

ဆရာလည်း ကျောင်းသားဘဝတုန်းက ကျောင်းပြေးခဲ့မှာပဲလေ

ငါ တစ်ခါမှ ကျောင်းမပြေးဖူးဘူး ဟေ့ကောင်

မင်း အခုထိ စိတ်မှတ်မရှိသေးဘူးပဲ

- မင်္ဂလာပါ - အသစ်တစ်ယောက် ပြောင်းလာလို့

ကဲ ဒီနေ့ ကျောင်းသားသစ်တစ်ယောက် ရောက်လာပါတယ်

ဝင်လာခဲ့

ငါတို့ မနက်ကတွေ့ခဲ့တဲ့တစ်ယောက် မဟုတ်ဘူးလား

ဆိုးလ်သိပ္ပံအထက်တန်းကျောင်း

သိပ္ပံကျောင်းကနေ ပြောင်းလာတာ

မင်းနာမည်က..

ဂန်ဂျွန်ဆန်းပါ

ဟုတ်တယ် ဂျွန်ဆန်းတဲ့

ကလေးတို့

နှုတ်ဆက်ရမှာပေါ့

သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ရအောင်

မင်း အဲဒီနောက်နားမှာ ထိုင်လို့ရတယ်

အတန်းခေါင်းဆောင်

ဟုတ်ကဲ့

ကျောင်းသားသစ်အတွက် လော့ကာရှာပေးလိုက်နော်

နောက်ပြီး ကျောင်းခေါ်ချိန်သွင်းပြီးတာနဲ့ ရုံးခန်းလာပို့

ဟုတ်ကဲ့ပါ ဆရာ

ဒီနေ့တော့ ဒီလောက်ပဲ

သတိ

ဦးညွှတ်

ကျေးဇူးတင်ပါတယ်

ချောလိုက်တာ

ဘယ်သူ့ကို ပြောနေတာလဲ

ကျောင်းသားအသစ်လား

ဒီလောက်ကြီးလည်း ကြည့်မကောင်းပါဘူး

ငါတို့အတန်းထဲကကောင်တွေကိုလည်း သေချာကြည့်လိုက်ဦး

သူ့လောက်နီးနီးချောတဲ့လူ ဘယ်သူရှိလဲ

သိပ်ရှိတာပေါ့

ဘယ်သူလဲ

ရူးနေပြီ

တကယ်ပါပဲဟယ်

ဘာလို့လဲ ငါ တကယ်ပြောနေတာကို

ငါ စောစောက ဆရာတွေအခန်းသွားရင်းနဲ့ တစ်ခုကြားလာတယ်

အဲဒီဂျွန်ဆန်းက သိပ္ပံကျောင်းမှာ အတော်ဆုံးကျောင်းသားတဲ့

ဘာပါလိမ့်

အမျိုးသားသင်္ချာအိုလံပစ်ပြိုင်ပွဲဆိုလား

နင် သင်္ချာအိုလံပစ်ပြိုင်ပွဲကို ပြောချင်တာထင်တယ်

ထားပါတော့

သူက အဲဒီပြိုင်ပွဲမှာ ပထမရထားတာတဲ့

မတော်လွန်းဘူးလား

ဂန်ဂျွန်ဆန်း သူက ငါ့လူနော် ဟုတ်ပြီလား

စွေတောင်မကြည့်ကြနဲ့

မင်္ဂလာပါ ငါ့နာမည်က အိုချယ်ရင်းပါ တွေ့ရတာဝမ်းသာပါတယ်

တွေ့ရတာ ဝမ်းသာပါတယ်

ငါ့နာမည်က ကင်ဆန်းဟျော့ပါ

ရင်းရင်းနှီးနှီးနေကြတာပေါ့

မင်း ဘယ်ကလပ်ထဲဝင်မလဲ ရွေးရမယ်

အထွေအထူး သဘောကျတာများရှိလား

စိတ်မဝင်စားဘူး

ဂန်ဂျွန်ဆန်း

ငါ့ကိုပေး ငါသွားပြောမယ်

ဂန်ဂျွန်ဆန်း

ပထမဆုံး ကျောင်းပြောင်းလာတဲ့နေ့မှာ ကန့်လန့်တိုက်လို့ ဘယ်ဖြစ်ပါ့မလဲ

အတန်းခေါင်းဆောင်ကို အခက်တွေ့အောင် လုပ်နေတာ

ဘယ်ကလပ်ထဲဝင်မှာလဲ

နင် ကျောင်းမှာတော့ မအိပ်ဘူးပေါ့နော်

ဘာ

နင် သိပ္ပံကျောင်းကနေ ပြောင်းလာတယ်ကြားတယ်

သိပ္ပံအသင်းထဲဝင်ရင် ဘယ်လိုလဲ

ဘေ့စ်ဘောကစားသမားတွေက ဝါသနာအနေနဲ့ ဘေ့စ်ဘောကစားတာ မြင်ဖူးလား

ဟုတ်လား

ဒါဆိုလည်း ငါ ရှိရှိသမျှကလပ်နာမည်တွေ ထိုင်ရွတ်ပြမယ်

ကြိုက်တဲ့တစ်ခုရွေးလိုက်ပေါ့

သီချင်းကလပ် ဘတ်စ်ကတ်ဘောကလပ် စားပွဲတင်တင်းနစ်ကလပ် လက်ရေးလှကလပ်..

သူ ဘယ်ကလပ်ဝင်ထားလဲ

ဘယ်သူလဲ ကင်ဆန်းဟျော့လား

အင်း

အသံလွှင့်ကလပ်

အသံလွှင့်ကလပ်

ဟုတ်ပြီလေ ငါလည်း အဲဒီထဲပဲဝင်မယ်

ဒုက္ခတော့ရောက်ပြီထင်တယ် ဘာအသံမှ မထွက်တော့ဘူးလား

ပျက်သွားတာလား မနေ့ကအထိ အကောင်းကြီးပဲဟာ

ချယ်ရင်း ကလိနေတာ မြင်လိုက်သလိုပဲ

မဟုတ်ဘူးနော် ငါ လုံးဝမဟုတ်ဘူး

ငါ မထိခင်ကတည်းက ပျက်နေတာပါဆို

ပလပ်ပြုတ်နေတာကော မဖြစ်နိုင်ဘူးလား

သွားမထိနဲ့ ဂျင်ဆု

ကြိုးတွေ ဟိုရွှေ့ဒီရွှေ့လုပ်လိုက်လို့ ပိုဆိုးသွားမှာထက်စာရင်

ဆရာ့ကိုပဲ သွားပြောပြရအောင်

မဖြစ်ဘူး ဂါဂါမဲက ဒီအတိုင်း လွှတ်ပေးမှာမဟုတ်ဘူး

လုံးဝပြောလို့မဖြစ်ဘူး

ဟုတ်တယ် သူ့ကိုတော့ အသိမပေးဘဲထားရအောင်

မဖြစ်ဘူးလေ

အမှန်အတိုင်းပြောပြရင် ငါတို့ကို ဆူချင်မှဆူမှာပါ

ပြောလို့မဖြစ်ပါဘူးဆို

ပြင်လို့တော့ရမှာပဲ

ချယ်ရင်း ကမူးရှူးထိုးသွားမလုပ်လိုက်နဲ့

နေပါဦးဟ

ခဏလောက်

မင်း ဘာလုပ်မလို့လဲ

ဒါပေါက်နေတဲ့ ဖြစ်နေတာ

အဲဒီကြိုးတွေပေး

တစ်ချက်သွားစမ်းကြည့်

အင်း

ပြန်ကောင်းသွားပြီ ယုံတောင် မယုံနိုင်ဘူး

တကယ်မယုံနိုင်စရာပဲ

ဂန်ဂျွန်ဆန်း နင် အရမ်းတော်တယ်

ဂန်ဂျွန်ဆန်း ဘယ်သွားမလို့လဲ

ဆန်းဟျော့..ဂျွန်ဆန်းက နည်းနည်းထူးဆန်းတယ် မထင်ဘူးလား

ဘာလို့လဲ သူဖြေရှင်းပေးလိုက်တာကြောင့်လား

အဲဒါရောပဲ ဒါပေမဲ့..

သူ အသံလွှင့်ကလပ်ထဲကိုဝင်လာတာ နင့်ကြောင့်လို့ ငါ သံသယရှိနေတယ်

မဖြစ်နိုင်တာ

ငါတို့က ဒီနေ့မှတွေ့ကြတာကို

ဟုတ်တယ်နော် မဖြစ်နိုင်ဘူးမဟုတ်လား

ယူဂျင်း သတိထားလေ ဆင်းခဲ့

မဆင်းချင်ပါဘူး

ဒီနေ့တော့ ငါ အဆုံးထိရောက်အောင် လျှောက်မှာ

နင် ဆယ်လှမ်းတောင် မလှမ်းနိုင်ဘဲနဲ့များ

ငါလုပ်နိုင် မလုပ်နိုင်စောင့်ကြည့်လိုက်

ငါး

ခြောက်

သတိထားပါဆို

ယူဂျင်း ငါ့လက်ကိုင်လိုက်

မကိုင်ချင်ဘူး

နင်က ငါ့ချစ်သူမို့လို့လား

ငါက လူတိုင်းရဲ့လက်ကို ကိုင်စရာလား

ငါ့လက်လေးကို တစ်ယောက်တည်းသောသူကိုပဲ ပေးကိုင်မှာ

တွေ့ပြီဟုတ်

ဂန်မီဟီး

ကင်ဂျင်ဝူး

- နားလည်လား - နားလည်ပါတယ်

ဟုတ်ပြီ

ဒါဆို တစ်ခေါက်ထပ်ရှင်းပြမယ်

ဒါ ဖျက်လို့ရပြီလား

ပါမောက္ခ

ခဏလေးပါ

ဘာလို့ ဖျက်လိုက်တာလဲ

လိုက်ကူးရေးပြီး အလွတ်ကျက်မယ့်အစား

မင်းတို့ခေါင်းသုံးပြီး ဖြေရှင်းစေချင်တာ

ဖတ်စာအုပ်နောက်ဘက်မှာ ဖော်မြူလာတွေ ရှာလို့ရတယ်လေ

သင်္ချာဘာသာရပ်မှာ အရေးကြီးဆုံးက

ဖြေရှင်းပြီးသား ဖော်မြူလာတွေကို မှတ်မိနေဖို့မဟုတ်ဘူး

သိချင်စိတ်အပြည့်နဲ့ စိတ်ကူးဉာဏ်ကွန့်မြူးဖို့ပဲ

ဒီကျောက်သင်ပုန်းလွတ်ကြီးမှာ တွေးလို့ရသမျှ တွေးကြည့်စေချင်တာ

အခု ပုစ္ဆာဖြေရှင်းရမယ့်အချိန်ပဲ

ဘယ်သူ ထွက်တွက်ချင်လဲ

နောက်ဆုံးကကျောင်းသားလေး

တွက်ပြပါလား

မင်း ဖော်မြူလာတွေကို ဘယ်လောက် နားလည်လဲ သိချင်ရုံပါ

အရမ်း စိတ်ညစ်မသွားနဲ့

ဒီဖော်မြူလာမျိုး တစ်ခါမှမတွေ့ဖူးဘူး

ဘယ်သူထွင်တာလဲလို့ မေးလို့ရမလား

ဘယ်သူထွင်လဲက အရေးကြီးလို့လား

အရေးကြီးတယ်တော့ မဟုတ်ပေမဲ့..

ကျွန်တော့်နည်းလမ်းနဲ့ကျွန်တော် ဖြေရှင်းထားတာပါ

မင်းက..

မင်းက အထက်တန်းကျောင်းသားလား

အထက်တန်းကျောင်းသားက ဒီလိုပုစ္ဆာတွက်နိုင်တာ တွေးကြည့်လိုက်တော့

More Burmese subtitles for Winter Sonata

댓글

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left