Dungeons & Dragons: Honor Among Thieves

Dungeons & Dragons: Honor Among Thieves

Muat Turun Sari Kata Burmese

Maklumat siaran

Dungeons&Dragons:HonorAmongThieves(2023)
Ulasan oleh ThwinThit

Tag

other
Diterbitkan pada: 2023-05-15
Muat Turun: 58
Masalah Pendengaran: No

Pratonton sari kata Burmese

200 baris pertama.

သူတို့ပဲ

အသင့်ပြင်

အကျဉ်းသား နောက်နှစ်ယောက်လာနေပြီ

ဆိုက်ဖို့ အသင့်ပြင်

နေရာယူ

ဖြည်းဖြည်း

တံခါးနဲ့ ဆက်မိပြီ

အကျဉ်းသား လာနေပြီ

ကောင်းရော နောက်ထပ် အခန်းဖော်တစ်ယောက်

စော်ကားတာမဟုတ်ပါဘူး မင်းက ခင်ဖို့ကောင်းပုံပါပဲ

မင်းကို အနီးအနားပတ်ပြမယ်လေ နေရာလေးပေးမယ်

အဲဒီပုံးထဲမှာ ငါတို့သေးတွေ အေးခဲခံတာလေ

အင်း... ဒါပဲ

မင်းနာမည် ဘယ်သူလဲ

သူက ဟိုဂါ ငါက အက်ဂင် မင်းကရော

ငါ အချုပ်ခန်းအတော်များများကိုရောက်ဖူးပါတယ် မိန်းမတစ်ယောက်နဲ့တော့ အတူမကျဖူးဘူး

ငါတော့ ပျော်ရတော့မယ်ထင်တယ်

အကြံပေးမယ်နော်

ဟိုဂါက သူ အားလုံးစားနေတဲ့အချိန် နှောင့်ယှက်တာမကြိုက်ဘူး

တစ်နေ့တာအတွင်း သူ့ရဲ့အကောင်းဆုံးအချိန်မို့လေ ပါးစပ်ပိတ်ထား

ဒါပေါ့ သဘောပဲလေ

ရှက်နေတာလား

ငါနဲ့ ခင်လာရင် ငါက သိပ်မဆိုးတာ သိလာမှာပါ

ဒီလိုကြီးမလုပ်ပါနဲ့

ငါတို့တွေ အရမ်းပျော်ပျော်ကြီး

ငါ ဒါကို လက်ချောင်းတွေမပါဘဲ လက်အိတ်လုပ်မလားလို့လေ

ငါ ဘယ်သူ့ကို အထင်ကြီးအောင် လုပ်ပြစရာရှိလို့လဲ

စည်းစိမ်ချမ်းသာတွေလည်း မတွေ့ ကံကလည်း မကောင်း

ဝိုင် အရက်လေးကို သောက်ဖို့ပဲ

ချယ်ရီလေးတွေနဲ့ မြည်းလိုက်မယ်

စားပွဲထိုးကို မုန့်ဖိုးပေးရင်း အချိန်ဖြုန်းလိုက်မယ်

ဟေ့ သီချင်းဆိုတာ ရပ်စမ်း

အေးပါ တိုဘိုင်းရက်စ်

မနက်ဖြန် လွတ်ငြိမ်းကောင်စီစမယ်တဲ့

သိပ်မျှော်လင့်မထားနဲ့ အက်ဂင်

နင် ဘာလို့ဒီလိုပြောတာလဲ

ဂျာနသန်က ကောင်စီမှာပါတယ်လေ သူက အာရာကိုကရာလေ

ငါတို့ကို လွှတ်ပေးနိုင်တဲ့သူဆိုလို့ သူ တစ်ယောက်ပဲရှိတာ

ဖြစ်မလာဘူး

ငါပြောမယ် ဟိုဂါ ဒီနေ့ နင် ရေခဲခွဲရတာ နောက်ဆုံးနေ့ပဲ

ဘုရင့်အာဏာအရ

ဒီကောင်စီဟာ

အက်ဂင်ဒါးဗစ်နဲ့ ဟိုဂါကဲလ်ဂိုးတို့ရဲ့အမှုကို အမိန့်ချမယ်

ဖောက်ထွင်းခိုးယူလိမ်လည်မှုတွေနဲ့

အကျဉ်းချထားတဲ့ ဒုတိယနှစ်ပဲ

ဒီကောင်စီဟာ မင်းတို့ကို လွတ်ငြိမ်းခွင့်ပေးဖို့ ဆုံးဖြတ်ရမှာဖြစ်တယ်

မင်း ဘာပြောစရာရှိလဲ

ကျေးဇူးပါပဲ အမတ်ကြီးအန်ဒါတန်နဲ့ ဂုဏ်သရေရှိကောင်စီလူကြီးမင်းများ

ကျွန်တော် စမပြောခင်မှာ အမတ်ကြီးဂျာနသန်ကို မတွေ့သေးတာ သတိထားမိပါတယ်

ကျွန်တော်တို့ စောင့်ဦးမလား

အမတ်ကြီးဂျာနသန်က မုန်တိုင်းကြောင့် နောက်ကျနေတယ် ရှင် စပြောလို့ရပြီ

သိပါပြီ ကျွန်တော်ကလေ...

ကျွန်တော်တို့က သူ့ကို တကယ်မျှော်နေတာပါ

မစရင် ပြောခွင့်အချိန်ကုန်ပြီ

ကောင်းပါပြီ

ကျွန်တော် ခင်ဗျားတို့ကိ‌ေ နောက်ကြောင်းလေး အရင်ပြောပြပါရစေ

ကျွန်တော်က အရင်ကတည်းက သူခိုးလုပ်ခဲ့တာမဟုတ်ဘူးလို့ပြောရင် အံ့ဩသွားမလား

ဟိုးအရင်နှစ်တွေတုန်းက ကျွန်တော်ဟာ စောင်းသမားများအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတယ်

အာဏာရှင်ဆိုးတွေကို တိုက်ခိုက်ဖို့ သစ္စာပြုထားတဲ့ သူလျှိုအဖွဲ့ပေါ့

ဖိနှိပ်ခံရသူတွေကို ကာကွယ်ပေးပြီး ဘာအကျိုးအမြတ်မှ မယူတဲ့အဖွဲ့ပါ

ကျွန်တော့်မိန်းမ ဇီရာက ကျွန်တော့်ဆုံးဖြတ်ချက်ကို အန္တရာယ်ရှိတာသိလျက်နဲ့ သဘောတူခဲ့တယ်

နေ့ဘက်ဆိုရင် ကြေးစားတွေဆီက သတင်း ခိုးနားထောင်တယ်

ဓားပြတွေကို ပေးတယ်

သယ်ယန်စုန်းနီတွေကိုတောင် ဖမ်းပေးခဲ့တယ်

ညဘက်ဆိုရင် ကျွန်တော်ချစ်တဲ့ဇနီးနဲ့ သမီးလေး ကီရာရှိတဲ့အိမ်ကို ပြန်လာတယ်

အမှန်ပြောရရင် ကျွန်တော် တစ်ခါတလေမှာ

ဘာအကျိုးအမြတ်မှ ပြန်မယူဘူးဆိုတဲ့ကိစ္စကို ပြန်စဉ်းစားမိတယ်

ဒါပေမဲ့ ကျွန်တော့်ဇနီးက အမြဲပြောတယ်

ရှင် ကျွန်မတို့ကို အရာရာပေးဖို့မလိုပါဘူး ရှင့်ကိုယ်ရှင် ပေးထားဖို့ပဲလိုတာပါတဲ့

ဒီတော့ ဂျာနသန်က လာပြီလား

နီးပြီလား ကျွန်တော် စောင့်နိုင်ပါတယ်နော်

ငါတို့ပြောတာ မကြားဘူးလား အင်း... မုန်တိုင်း ဟုတ်သားပဲ

ကျွန်တော် ဂျာနသန်အကြောင်း သိသလောက်ဆိုရင်

သူက ကျွန်တော့်ဇာတ်လမ်းကို အရမ်းကြားချင်မှာပဲ

ကျွန်တော် နောက်ထပ်တစ်နှစ်ထပ်စောင့်ရမှာကို

ဆက်ပြော

ဟုတ်ကဲ့ပါ ပြောပါမယ်

စောင်းသမားဖြစ်လာတဲ့အခါ ရန်သူတွေလည်း ပေါလာတာပေါ့

တစ်ခါတလေ အဲဒီရန်သူတွေက လက်စားလာချေတတ်ကြတယ်

စုန်းနီတစ်ယောက်ရဲ့ဓားဒဏ်ရာကို ဘယ်ဘုန်းတော်ကြီးမှ မကုပေးနိုင်ဘူး

သူ့ကို ပြန်ရှင်အောင်လုပ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး

ဇီရာ သေသွားတော့ ကျွန်တော် ဆက်ပြီးသစ္စာမစောင့်တော့ဘူး

တောင်းပန်ပါတယ် ဒီအကြောင်းတွေကို

ဂျာနသန်မရှိဘဲပြောရတာ အရမ်းခံစားရလို့ပါ လာပြန်ပြီလား

ဒါပေမဲ့ သူက ကျွန်တော့်ရဲ့အရေးကြီးတဲ့နောက်ကြောင်းကို လွတ်သွားမှာပေါ့

သူက ကျွန်တော် လုပ်ရတဲ့အကြောင်းရင်းကိုမသိဘဲ ဘယ်လိုဆုံးဖြတ်မလဲ

ငါတို့တွေ ဂျာနသန်မပါဘဲ မင်းအမှုကို စီရင်နိုင်တယ်

ဆက်ပြောစမ်း ဟုတ်ကဲ့ ဘယ်ရောက်သွားပါလိမ့်

ညဘက်ဆိုရင် ကျွန်တော်ချစ်တဲ့ဇနီးနဲ့ သမီးလေး ကီရာရှီတဲ့အိမ်ကို ပြန်လာတယ်

မင်း ပြောပြီးသားကြီးကွ အချိန်မဆွဲနဲ့

ဟုတ်ကဲ့ စိတ်မကောင်းပါဘူး အင်း... အကြမ်းဖျဉ်းပေါ့

နောက်ပိုင်းလတွေကတော့ ကျွန်တော့်ရဲ့ ရှက်စရာအကောင်းဆုံးလတွေပါပဲ

အဲဒီမှာ ကျွန်တော် ဟိုဂါနဲ့ တွေ့တာပဲ

သူက ကျွန်တော့်ကို သနားသွားတယ်လေ

အင်း သူက ကလေးကိုသနားတာပါ

ဟိုဂါကလည်း ကျွန်တော့်လို ဘဝပျက်နေတဲ့သူတစ်ယောက်ပါပဲ

လွန်ခဲ့တဲ့နှစ်အတော်ကြာက သူ့ကို အပြင်လူတစ်ယောက်နဲ့ ချစ်ကြိုက်လို့ဆိုပြီး

သူ့မျိုးနွယ်က နှင်ထုတ်လိုက်တာလေ

ကျွန်တော်တို့က မောင်နှမတွေလို ဖြစ်လာကြတယ်

ယုံကြည်မှုနဲ့ အပြန်အလှန်လေးစားမှုတွေနဲ့ ဆက်ဆံကြတာပေါ့

ကျွန်တော်တို့နှစ်ယောက်လုံးမှာ ရိုးရိုးသားသားငွေရှာစရာ ဘာနည်းလမ်းမှမရှိခဲ့ဘူး

ဒီတော့ ကျွန်တော်တို့ ရိုးသားတာကိုစွန့်လွှတ်ပြီး အသစ်တစ်ခု ကြိုးစားကြည့်ခဲ့တယ်

ဘဝမှာ အလိုချင်ဆုံးအရာတွေကို

မလုပ်ဖြစ်အောင် တားဆီးထားတဲ့အရာက မှန်ပြားလေးလောက်ပဲ ပါးလွှာတယ်ဆိုတာ သိလိုက်ရရင်

အဲဒီအရာတွေကို အရမ်းကိုယစ်မူးသွားစေတယ်လေ

ကျွန်တော်တို့ ဒီလိုလူဆိုးဘဝကို အိမ်က သမီးလေးနဲ့အတူ

ဘယ်လိုဖြတ်သန်းလည်း သိချင်မှာပေါ့

အင်း... သူ့ကို ကျွန်တော်တို့အိမ်မှာ မထားခဲ့ဘူးလေ

အမြန် ပြေး ပြေး

အဖွဲ့ဝင်သစ်က ကီရာတစ်ယောက်တည်းမဟုတ်ခဲ့ပါဘူး

ကျွန်တော်တို့မှာ မှော်ဆရာပါဆိုတဲ့ဆိုင်မွန်လည်း ရှိတယ်

ဖို့ဂျ်ဆိုတဲ့ လူလိမ်ကြီးကလည်း ကျွန်တော်တို့ကို ပိုပြီးအောင်မြင်အောင် အားဖြည့်ပေးတယ်လေ

သိပ်မကြာခင် ကျွန်တော်တို့အဖွဲ့တစ်ခုဖြစ်သွားတယ်

အင်း... ကျွန်တော်တို့တွေက သူခိုးတွေပါ

ဒါပေမဲ့ ကျွန်တော်တို့တွေ အဆင့်တစ်ခုတော့ ရှိအောင်ထားတယ်

ကျွန်တော်တို့ ဘယ်သူ့ကိုမှအန္တရာယ်မပေးဘူး

ကျွန်တော်တို့တွေ ခိုးလိုက်လို့ ဘာမှမထိခိုက်လောက်တဲ့လူတွေဆီကပဲ ခိုးတယ်

ဒါပေမဲ့ ကျွန်တော်တို့ ဆိုဖီနာဆိုတဲ့စုန်းနဲ့ တွေ့တဲ့အချိန်မှာ အကုန်ပြောင်းလဲသွားတာပဲ

သူ့အကြောင်း ကျွန်တော်တို့ ဘာမှကိုမသိတာ

ကိုရန်ရဲတိုက်ကို ဝင်ခိုးဖို့ ကျွန်တော်တို့အကူအညီကို လိုတယ်ဆိုတာပဲပြောတယ်

အဲဒါက စောင်းသမားတွေရဲ့ခံတပ်လေ ခင်ဗျားတို့ ကြားဖူးမလားတော့မသိဘူး

ဂျာနသန်ကတော့ ကြားဖူးမှာပဲ

အဲဒီရဲတိုက်ထဲမှာ မသမာသူတွေလက်ထဲမရောက်အောင် အဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းပစ္စည်းတွေကို သိမ်းဆည်းထားတာ

စောင်းသမားတွေပဲ အလုံခန်းထဲကိုဝင်ခွင့်ရှိတယ်

ဒါကြောင့် ဆိုဖီနာက ကျွန်တော်တို့ကို လာရှာတာပဲ

အစကတော့ ကျွန်တော် ငြင်းခဲ့တာပေါ့ ကျွန်တော် ဒီလောက်မယုတ်မာချင်ဘူးလေ

ဒါပေမဲ့ ဖို့ဂျ်က ပြောတယ် အဲဒီကိုရင်ရဲတိုက်က ပစ္စည်းတွေထဲမှာ

ပြန်လည်နိုးထခြင်းကျောက်ပြား ရှိတယ်တဲ့

သေသွားတဲ့လူတစ်ယောက်ကို ပြန်ခေါ်ပေးနိုင်စွမ်းရှိတယ်တဲ့

စုန်းနီရဲ့ဓားနဲ့ အသက်ခံရရင်တောင် ရတယ်တဲ့

ဒီလောက်ဆို ခင်ဗျားတို့လည်း သိနေလောက်ပါပြီ

ဘာလို့ သမီး မလိုက်ရတာလဲ ဆောရီး ကီရ် ဒီနေရာက အရမ်းအန္တရာယ်များတယ်

ဒါဆို အဖေလည်း မသွားနဲ့လေ

သမီးတို့လိုအပ်တာ အကုန်ရှိနေတာပဲ

အကုန်မဟုတ်သေးဘူး ဒါပေမဲ့ ဒီတစ်ခုက နောက်ဆုံးပါ

ယုံပါ

အားတင်းထား ကလေးမ ငါတို့ပြန်လာမယ်

ကျွန်တော် သူ့ကို ကျောက်ပြားအကြောင်း မပြောလိုက်ဘူး

မအောင်မြင်ခဲ့ရင် သူ အရမ်းကြေကွဲရမှာစိုးလို့လေ

အင်း

မအောင်မြင်ခဲ့ပါဘူး

မကြာခင်တွေ့တာပေါ့ အချစ်ရာ

ကျူးကျော်သူတွေ

ဟိုမှာဟေ့

ငါတို့ ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူး

သူ အချိန် ရပ်ခံလိုက်ရပြီ ပြန်ဖြည်လိုက် ဆိုင်မွန်

မရဘူး ဆိုဖီနာက အရမ်းစွမ်းအားကြီးတယ်

ကျောက်ပြားကိုယူသွား ကီရာ့ကို စောင့်ရှောက်ပါ

ငါကတိပေးတယ်

အမှန်တော့ ဒီကောင်စီက ကျွန်တော့်ကို နောက်ထပ် ၂ နှစ် ထပ်ချချ

နှစ် ၂၀ ပဲ ချချ

ကျွန်တော်လုပ်ခဲ့တဲ့အပြစ်အတွက် မလုံလောက်သေးပါဘူး

ကျွန်တော့်သမီးကို သူ့အဖေနဲ့ ကွဲကွာစေတဲ့အပြစ်ပါ

ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော့်ကိုလွှတ်ပေးမယ်ဆိုရင်

ကျွန်တော် တစ်သက်လုံး ဒီအမှားကို အမှန်ဖြစ်အောင် ပြန်ပြင်ပါ့မယ်

ဘာဖြည့်ပြောချင်သေးလဲ

တော်ပါပြီ

ခင်ဗျားတို့ ဆုံးဖြတ်ချက်ကို မပြောခင်

ကျွန်တော် တောင်းပန်ပါတယ် စောင့်ပေးပါ

ဂျာနသန် နောက်ကျသွားတာ ခွင့်လွှတ်ပါ

ခင်ဗျားကိုတွေ့ရတာ အရမ်းကိုဝမ်းသာ... ဖယ်စမ်း

ဟိုဂါ လုပ်တော့ အစောင့်တွေ

ကျွန်တော့်ကိုလွှတ်ပေးပါ ဆရာ

သူ အာလူးတွေနဲ့ပေါက်နေတယ်

ဂျာနသန်ရာ

ဒါပေမဲ့ ငါတို့မင်းကို လွတ်ငြိမ်းခွင့်ပေးပြီလေ

ပျံထား ငှက်ကြီး

သူ အသက်ရှင်နေတုန်းပဲ

သူ ငါတို့ကို လွတ်အောင်လုပ်ပေးမှာပါလို့ ပြောသားပဲ

ကီရာ့ကိုတွေ့လား

လူ မနေတာ အတော်ကြာပြီပဲ

ဖို့ဂျ် သူ့ကို ဘယ်ခေါ်သွားမယ်ထင်လဲ

သူ ဓားကမ်းရိုးတမ်းကနေ ထွက်သွားမှာမဟုတ်ဘူး သူက မြို့တွေကိုကြိုက်တာ

ခင်ဗျားနဲ့ ခင်ဗျားမိန်းမအတွက် တစ်ခုခုမှာဦးမလား

ဘာ မဟုတ်တာ သူက ငါ့မိန်းမ မဟုတ်ပါဘူး ငါက ဒါကြီးနဲ့လား

ဒီနှုတ်ခမ်းကြီးတွေနဲ့လား ရွံစရာကြီး သောက်စရာပဲပေးပါ

ဒီတော့ ငါတို့ ဘော်ဒါဂိတ်ကို လှေနဲ့သွားမယ်

ပြီးရင် မြောက်ပိုင်းကိုဆက်မယ်

ငါတို့ ဖို့ဂျ်ကိုရှာရင်းနဲ့ မာလမင့်ဆီကို ဝင်လည်ဦးမယ်

နင် ဒါတွေ ထပ်ပြီးခံစားချင်သေးလို့လား

သူ နင်နဲ့ စကားမပြောချင်ရင်ရော ဒါက သူ့အတွက်မဟုတ်ဘူး

အေးပါ ငါ့စိတ်ထဲ ရှင်းအောင်လို့

သူက နင့်ယောက်ျားမဟုတ်တော့ပါဘူးဆိုတဲ့ စာကိုပို့လိုက်တာလေ

ဒါက စိတ်ထဲမရှင်းဘူးလား

နင် နားမလည်ပါဘူး မလည်ဘူး

ငါ လုံးဝကိုမလည်ဘူး

ဒါက

ခွေးမသား

ဖို့ဂျ်က နဲဗားဝင်းတားရဲ့အရှင်သခင်ပါလား

အဲဒီလူပြက်ကောင် ဘယ်လိုဖြစ်သွားတာလဲ

ကဲ... သူ့မှာ ကီရာရှိနေရင် ကျန်တာ ဂရုမစိုက်ဘူး

လာ... သွားမယ်

ကျေးဇူးပဲ သူငယ်ချင်း ငါ့နှုတ်ခမ်းတွေက ဘာဖြစ်လို့လဲ

နင့်မျက်နှာနဲ့ မလိုက်အောင်ကို ကြီးနေတာ ဘာ...

ငါ့နှုတ်ခမ်းကို လူအတော်များများကြိုက်တယ်

ဒီနေရာ အရင်က ဒီလောက်လူမရှုပ်ပါဘူး

နေကစားပွဲအတွက် လာတာဖြစ်မယ်

အင်း... ဒီပွဲကို တရားမဝင်မကြေညာခင်က ငါ့အဖေ ငါ့ကို နောက်ဆုံးတစ်ပွဲလိုက်ပြဖူးတယ်

ဘယ်သူနိုင်သွားလဲ

အင်း... ပြိုင်ပွဲဝင်တစ်ယောက်တော့ နောက်ဆုံးအဆင့် ရောက်သွားပါတယ်

Komen

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left