De eerste 200 regels.
၂၀၁၅ အောက်တိုဘာ ၃၀ ရက်နေ့တွင် ဘူချားရက်စ်မြို့ရှိ
ကော်လက်တိဗ်ကလပ်တွင် ဖျော်ဖြေပွဲတစ်ခုလုပ်နေစဉ် မီးမတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်
လူငယ်လူရွယ် ၂၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၈၀ ဒဏ်ရာရှိခဲ့ပါတယ်
နာမည်ကြီးကလပ်ဟာ အရေးပေါ်ထွက်ပေါက်မထားရှိဘဲ ဖွင့်လှစ်ထားတာကြောင့် လူအများဒေါသထွက်ခဲ့ရပြီး
တာဝန်ပျက်ကွက်သော အာဏာပိုင်များအား ဆန့်ကျင်ရန် လူအများလမ်းပေါ်ဆန္ဒပြလာခဲ့ကြတယ်
နိုင်ငံနဲ့အဝန်း ဆန္ဒပြသူများဟာ ဆိုရှယ်ဒီမိုကရက်တစ် အစိုးရအား နှုတ်ထွက်ရန် အပြင်းအထန်ဆန္ဒပြကြတယ်
ပြည်သူများရဲ့ဒေါသကို ပြေစေရန်အတွက်
နိုင်ငံရေးအမှီအခိုကင်းသည့် တက်ကနိုခရက်အစိုးရ ယာယီပေါ်ပေါက်လာခဲ့တယ်
၎င်းအစိုးရမှာ နောက်ထပ်ရွေးကောက်ပွဲ မကျင်းပမီ တစ်နှစ်တာအုပ်ချုပ်ခွင့်ရခဲ့ပါတယ်
မီးလောင်ခံရသူ နောက်ထပ် ၃၇ ဦးမှာ
ကော်လက်တိဗ်မီးလောင်မှုဖြစ်အပြီး လေးလအတွင်း ဆေးရုံများ၌ ထပ်မံကွယ်လွန်ခဲ့ရပါတယ်
ကျွန်တော်ချစ်ရတဲ့ မယ်ဒလီနာ ကို ဆုံးရှုံးခဲ့ရတယ်
ကျွန်တော်တို့အားလုံးအတွက် နာကျင်ဆို့နစ်ခဲ့ရပါတယ်
ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစနစ်က
ပိုပြီးတော့ သုံးမရဖြစ်လာခဲ့တယ်
အချို့လူတွေက မီးဘေးကနေ လွတ်လာခဲ့ပြီး ၁၂ ရက်အကြာမှ
ဘာလို့ ထပ်ပြီးသေဆုံးနေကြသေးတာလဲ
မင်္ဂလာနေ့လယ်ခင်းပါ
ကျွန်တော့်သားလေး...
၄ ရက်နေ့မှာ ဗီယင်နာပြည့်သူ့ဆေးရုံကြီးက ကျွန်တော့်သားကို ခေါ်လာဖို့ လက်ခံခဲ့တယ်
သူတို့က လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာ
ဘူချားရက်စ်ဆေးရုံက လူနာကို လွှဲပြောင်းပေးဖို့ကို ငြင်းဆန်ခဲ့တာ
ဆေးရုံရဲ့ စီမံကွပ်ကဲမှုကြောင့်လေ
ဗီယင်နာကို ၇ ရက်နေ့ ညနေမှာ ကျွန်တော့်သားလေး ရောက်သွားတော့
သူ့တစ်ကိုယ်လုံး ရောဂါပိုးတွေ ပျံ့နှံ့နေပြီ
ဘာလို့များ လွှဲပြောင်းပေးဖို့ကို ရူးကြောင်ကြောင်နဲ့ ကြန့်ကြာနေခဲ့တာလဲလို့ မေးတော့
ဆက်သွယ်မှု ချို့ယွင်းချက် ရှိလို့ပါတဲ့
အဲဒီ ဆက်သွယ်မှု ချို့ယွင်းချက်က ကျွန်တော့်သားကို သတ်သွားခဲ့တာ
ကျွန်တော်က လော်ရင်တု အစ်တလာတေး ပါ
ကျွန်တော်က ဘူချားရက်စ်ဆေးရုံတင်ပြီး ၁၃ ရက်အကြာမှ
ဒုက္ခဆင်းရဲကြီးစွာနဲ့ ဆုံးသွားရတဲ့
ကလေးတစ်ယောက်ရဲ့ ဖခင်ပါ
အာဏာပိုင်တွေက ကျွန်တော်တို့ကို လိမ်ခဲ့တာ
လူနာတွေကို နိုင်ငံခြားကို အချိန်မီ လွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာ
လွှဲနိုင်ခဲ့လို့ရှိရင် အကုန်လုံးအသက်ရှင်ကြမှာ
မီးဘေးကနေ အကုန်လုံး မလွတ်မြောက်ခဲ့ကြပေမယ့် နောက်ထပ် ၃၇ ယောက် ကို
ထပ်ဆုံးရှုံးစရာမရှိဘူးဆိုတာတော့ သေချာပါတယ်
ကျွန်တော်က ဂါဇဲ့ အားကစားဂျာနယ်က ကတလင် တိုလွန်တန် ပါ
မီဒီယာနဲ့ အစိုးရတွေပြောနေကြတာက အာဏာပိုင်တွေက
ဒီအခြေအနေတွေကို အပြစ်ကင်းတဲ့ပုံနဲ့ စီမံနေပြီး
အတတ်နိုင်ဆုံး အကောင်းဆုံး ကုသမှုတွေကို ပေးနေခဲ့တာလို့ပြောတယ်
- ခင်ဗျားတို့ကိုလည်း ဒီအတိုင်းပဲ ပြောခဲ့တာလား - ဟုတ်ပါတယ်
ဒါဆို ခင်ဗျားတို့လည်း ကျွန်တော်တို့လိုပဲ ထင်နေကြမှာပေါ့
ဆေးရုံတွေအကုန်လုံးက ဒီအဖြေတစ်ခုတည်းပဲ ပြောနေကြတာ
သူတို့မှာ လိုအပ်တာအကုန်ရှိတယ် ကျွန်တော်တို့သားသမီးတွေကို ဂျာမနီမှာထက်ပိုကောင်းတဲ့
ကုနည်းတွေနဲ့ ကုပေးနေပါတယ်တို့ဘာတို့ပေါ့
- သတင်းတွေမှာ ဖော်ပြနေတဲ့အတိုင်းပဲပေါ့ - ဟုတ်တယ်
ကျွန်တော်တို့ကို ကျန်းမာရေးဝန်ကြီးဌာနက
ဖြေပေးခဲ့တဲ့အဖြေနဲ့ တစ်ထပ်တည်းပါပဲ
စောက်သုံးမကျတဲ့ မင်းတို့လုပ်ပုံတွေ အကုန်လီးပဲ
အစကတည်းက ဒီအချိုးပေမဲ့ ငါတို့က မမြင်နိုင်ခဲ့
အချိန်တိုင်းမှာ ငါတို့တွေ ငရဲခန်းထဲရောက်နေရသလို
ငါတို့ရဲ့မျှော်လင့်ချက်တွေ ကြိုးစင်ပေါ် ဆွဲခံထားရသလို
ငါတို့ကို သော့ပိတ်ပြီးထားထားခဲ့တဲ့ ဒီလိုအချိန်တွေအားလုံးအတွက်
ဘာမှလည်း ပြောစရာစကားမကျန်တော့ဘူး
ဒီနေ့မတိုင်ခင်အထိပဲ
ချီးယားစ်
တစ်ယောက်ချင်းစီကို
ဒီည ဒီကိုလာခဲ့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
ဟိုမှာ မီးစွဲနေပြီ
ဒါအစီအစဉ်ထဲမှာ မပါဘူး
မီးသတ်ဆေးဗူးရှိလား
ဖြည်းဖြည်း ဖြည်းဖြည်း
ထွက်ကြ
ရိုမေးနီးယားအစိုးရဟာ မီးဘေးသင့်သွားသူတွေရဲ့ မိသားစုတွေဆီ ဝမ်းနည်းပူဆွေးကြောင်း ပို့ခဲ့ပါတယ်
အခုလက်ရှိ ဆေးရုံတင်ခံထားရတဲ့ လူတိုင်းကိုကယ်နိုင်ဖို့ အကုန်လုံးစီစဉ်လုပ်ဆောင်ထားပြီးပါပြီ
လောလောဆယ် လိုအပ်တဲ့ ဆေးဝါးကုထုံးတွေအားလုံးလည်း ရှာတွေ့ထားပြီးပါပြီ
ဂျာမနီမှာ ကုနိုင်တဲ့နည်းတွေအားလုံး ဒီမှာလည်း
တစ်ယောက်ချင်းစီအတွက် အားလုံးစီစဉ်ထားပြီးပါပြီ
၈၀ ကနေ ၉၀ ရာခိုင်နှုန်းသော လူနာတွေက အရေးပေါ် သို့မဟုတ် ပြင်းထန်လွန်းတဲ့ အခြေအနေမှာပါ
ဥရောပစံစနစ်နဲ့အညီ အကောင်းဆုံးကုထုံးတွေကို ကုပေးနိုင်ဖို့အတွက်
အရာအားလုံး စီစဉ်ထားပြီးပါပြီ
ကော်လက်တိဗ်
ရထားတဲ့အရင်းအမြစ် အချက်အလက်တွေက ကျွန်တော်တို့ကို ကြောက်လန့်သွားစေခဲ့တယ်
- ကျွန်တော်တို့ဘယ်သူ့ကိုမှ အသက်အန္တရာယ်ထဲ မထားချင်ပါဘူး - မှန်ပါတယ်
ကျွန်မပြောနိုင်တာက
သူတို့အားလုံးဟာ အမျိုးမျိုးသော ရောဂါပိုးတွေဝင်လို့ သေဆုံးကုန်ကြတာပါပဲ
အဲဒီထဲမှာ ပိုင်ရိုဆိုင်ယာနစ်ပိုးကတော့ အဆိုးဆုံးပဲ
သူတို့က ဒါကို ဖုံးကွယ်ထားခဲ့ကြတာ
- ဆေးရုံကနေ ပိုးဝင်တာလား - ဟုတ်တယ်
- ဒါဆို ပိုးဝင်လို့ သေကြတာပေါ့ - ဟုတ်တယ်
အခြားဆေးရုံတွေမှာလည်း ပိုးဝင်လို့ပဲ သေကြတာပဲလား
ဟုတ်တယ် ကျွန်မတို့ဆေးရုံတွေက မီးလောင်လူနာတွေအတွက် ဘေးမကင်းဘူး
ပိုးအကူးခံရလို့ကတော့ ရှင်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး
- တကယ်လား - ၄၈ နာရီအတွင်းမှာ
ကျွန်မလူနာတွေထဲက တစ်ယောက်က ပိုးနှစ်မျိုးအကူးခံရတယ်
ဒါကို ရေငုံနှုတ်ပိတ်နေမယ်ဆိုရင်တော့ ကျွန်မတို့လည်း အသိတရားကင်းမဲ့လို့ပဲ
ဆရာဝန်တွေအနေနဲ့ ကိုယ့်ရဲ့ကိုအသိတရားရှိတာ မရှိတာနဲ့ အတင်းလာဖိအားပေးလို့မရဘူးလေ မဟုတ်ဘူးလား
အမှန်တရားကတော့ အမှန်တရားပဲလေ
မီးလောင်လူနာတွေကို မိလ္လာကန်ရှိတဲ့ ပတ်ဝန်းကျင်မှာ ထားထားတာ
ပြီးတော့ ဥရောပဆေးရုံတွေမှာ အသက်ပြင်းဆုံး ပိုးရှိတဲ့ နေရာတွေမှာ ထားထားတာ
ဒါအမှန်တရားပဲ
အပြင်းအထန်မီးလောင်ခံထားရတဲ့ လူနာတွေကို မကုပေးနိုင်တဲ့ ဆေးရုံတွေကို
ဒီလိုမျိုး အတင်းလုပ်ခိုင်းထားကြတာလေ
ဆရာဝန်တွေလည်း သူတို့ရဲ့ကုထုံးတွေကို ပိုကောင်းမွန်အောင် လုပ်ဖို့လိုတာပေါ့
ဆေးရုံတွေမှာသုံးတဲ့ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်လို့ ပြဿနာတွေရှိဖူးတာ ခင်ဗျားကြားဖူးလား
အရည်အသွေးညံ့ဖျင်းတာတို့ ဘာတို့ပေါ့
ကြည့်ကြည့်
သူနောက်တစ်ထုပ် ထပ်ဆွဲလာရင် ငါကားနည်းနည်းရွှေ့တော့မယ်
ဟိုမှာ နောက်တစ်ယောက်
'ဟက်စီရို-ဘီ' တဲ့
'ဟက်စီရို-ဘီ' ဆိုတာ ဘာတံဆိပ်လဲဆိုတာသိအောင် ရှာကြည့်ရဦးမယ်
- တွေ့လား တံဆိပ်တွေက မတူဘူး - တစ်ခုက အမည်း တစ်ခုက အဖြူ
ဘာကြီးလဲ
'ဟက်စီ' ဆေးထုတ်လုပ်တဲ့ကုမ္ပဏီပဲ
- ငါတို့ရှာနေတဲ့ အရင်းအမြစ်က ဆေးထုတ်လုပ်တဲ့ကုမ္ပဏီလား - ဟုတ်တယ်
သူတို့က ဆေးရုံပေါင်း ၃၅၀ အတွက် ပိုးသတ်ဆေးထုတ်လုပ်နေတာနော်
အဲဒီနေရာပဲ ဟုတ်တယ်
ဆက်သွား
- ငါတို့ ဒီလူရဲ့ဓာတ်ပုံ ရိုက်လာခဲ့တာ - ကျော်လိုက်
- သူတို့သယ်လာတာ ပိုးသတ်ဆေးတွေလား - ဟုတ်တယ်
ကားပေါ်တင်နေကြတာ
- ကုမ္ပဏီပိုင်ရှင်ဓာတ်ပုံရော ရလာခဲ့လား - အင်း အကြာကြီးစောင့်ပြီး ရိုက်ခဲ့ရတာ
- ဒါကုမ္ပဏီပိုင်ရှင်ရဲ့ကားလေ - ပေါ်ရှေးပဲ
- ဟုတ်ပြီ အထဲက သူလား - ဟုတ်တယ် သူပဲ
- ဆရာဝန်လေ - သူ့မျက်နှာကြည့်ရအောင်
ပထဆုံး ဓာတ်ပုံတွေ ရိုက်ပြီးကတည်းက
အဲဒါသူလားလို့ သေချာရှာမေးကြည့်ပြီးပြီ
ဟုတ်တယ် သူပဲတဲ့ နာမည်က ဒန်ကော်ဒရာ
အဲဒီလူပဲ
ဟုတ်ပြီ... ဆိုတော့ အကြောင်းရင်းကဒီလို ရိုမေးနီယား ဆေးထုတ်လုပ်သူတစ်ယောက်က
ဆေးရုံတွေကို ပိုးသန့်ဆေးတွေ တင်သွင်းနေတယ်
အဲဒီဆေးတွေက အဆင့်မမီဘူး
ထုတ်ကုန်တွေကိုကြည့်ရရင် မမီတာမှ တော်တော်ကိုနိမ့်တာ
ခင်ဗျားရဲ့ ပထမဆုံးရှာတွေ့တဲ့သူက ဘာပြောလဲ
ပိုးသတ်ဆေးတွေမှာ ပါဝင်နေတဲ့ပစ္စည်းတွေက အာနိသင်မရှိဘူး
ကိုက်ညီမှု မရှိဘူးတဲ့
သူပထမဆုံးပြောတာ အဲဒါလား
သူက ဒီထုတ်လုပ်တဲ့ ဖော်မြူလာတွေကို ပေးလိုက်တာလေ
ပါဝင်ပစ္စည်းတွေကို တစ်ချက်ကြည့်ကြည့်ပါတဲ့
ပိုးသတ်ဆေး ၆၀၀ ကီလိုဂရမ်အတွက် ၆၀ ကီလိုဂရမ်ပဲ သုံးထားတာ
အာနိသင်က ၁၀ ရာခိုင်နှုန်းပဲ ရှိတာပေါ့ ပုလင်းမှာရေးထားတဲ့စာကို ပြန်ဖတ်ကြည့်လိုက်တော့
၁၅ ရာခိုင်နှုန်း ပါပါတယ်တဲ့
ဒီတစ်ခုလည်း အတူတူပဲ
အဲဒီဖော်မြူလာက ကော်လက်တိဗ်မီးဘေးဖြစ်ပြီးတာတောင် မပြောင်းဘူးလို့ ဟိုလူက ပြောလိုက်တာလား
ဟုတ်တယ် သူပြောလိုက်သေးတယ်
ဒီဆေးတွေက ရောဂါပိုးတွေကို မသတ်ဘူး လူတွေကိုသတ်တာတဲ့
နောက်တစ်ယောက်ကိုမေးတော့လည်း ဒီအတိုင်းပဲပြောတယ်
သူက လူသတ်သမားမဟုတ်ဘူး သူ့အလုပ်က လူတွေသေတာကို တားနိုင်ဖို့တဲ့
ဒါကြောင့် သူဒီကုမ္ပဏီကနေ ထွက်လိုက်တာတဲ့
သူတို့ 'ဟက်စီ' ဆေးဝါးထုတ်ကုန်တွေကို ဘယ်လိုကြေညာနေတာလဲ
ဝယ်လက်ပေါင်း တစ်ထောင်ကျော် ခွဲစိတ်ခန်းပေါင်း နှစ်ထောင်ကျော်
ကျွမ်းကျင်သူ တစ်သိန်းလေးသောင်း
- ခွဲစိတ်ခန်းပေါင်း နှစ်ထောင်ကျော်တဲ့လား - ဟုတ်တယ်
ဒါဆို အဲဒီခွဲစိတ်ခန်းပေါင်း နှစ်ထောင်ကျော်က
အာနိသင်မရှိတဲ့ ပိုးသတ်ဆေးတွေ သုံးနေကြတယ်ပေါ့
ငါတို့ကို အလိမ်အညာစာတမ်းတွေ ထုတ်ပေးတဲ့ ဒီကောင်တွေက
အသိတရားကင်းမဲ့အောင် ဆိုးကြတာပဲ
တော်တော်များများက ဘာပြန်ပြောလဲသိလား
ပိုးသတ်ဆေးတွေကို ဓာတ်ခွဲခန်းထဲယူသွားပြီး စမ်းကြည့်လိုက်တဲ့
အိုက်စ်ချင်မ် ရောဂါရှာဖွေရေးနှင့် စမ်းသပ်ရေးဌာန
ဒါကျွန်မ ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တော့ ကျွန်မ မှတ်ချက်ပေးလို့မရဘူး
ကျွန်မနားလည်ပါတယ် ဒါပေမဲ့ ဒါကကြောက်စရာကောင်းနေတယ်လေ
ဒီပိုးသတ်ဆေးတွေက ဘာအတွက်သုံးတာလဲဆိုတာကိုလေ...
အဲလိုမျိုး...
- ဒီရလဒ်တွေအတွက် သူ့ကိုလက်မှတ်ထိုးခိုင်းရမှာလား - ဟင့်အင်း
ဓာတုဗေဒနှင့် အသက်
နားမလည်တာက အာနိသင်ကို ဘာလို့ ၁၀ ဆတောင် လျှော့ထားရတာလဲဆိုတာပဲ
ကျွန်မအဲဒါကို သေချာအောင်အတည်ပြုချင်တယ်
ဆေးရုံမှာလုပ်တုန်းက ကျွန်မတို့တွေ လုပ်ခဲ့တာကိုလည်း မှတ်မိတယ်မလား
ဆေးရုံတွေမှာက
ပိုးသတ်ဆေးကို ထပ်ပြီးရေနဲ့စပ်ကြသေးတယ်လေ သုံးပုံသုံးနည်း မမှန်လို့လည်း ပါမလားပဲ
အဲဒါပဲပြောတာပေါ့ စာထဲမှာပါတာထက် ပိုပြီးပျော့အောင် စပ်လိုက်ကြသေးတယ်
ပိုင်ရိုဆိုင်ယာနစ်ပိုးကို ပိုးသတ်ဆေးထည့်တဲ့ ဗူးတွေမှာတွေ့တာလည်း အထူးအဆန်းတော့မဟုတ်ဘူးပဲ
ကျွန်မသိပြီ
ခွဲစိတ်ဆရာဝန်ကတော့ထင်မယ် ဒီဆေးက အရေပြားကို ပိုးသတ်ဖို့ မိနစ် ၃၀ ကြာမယ်ပေါ့
ဒါပေမဲ့ သန့်ရှင်းနေတဲ့အရေပြားက ပိုင်ရိုဆိုင်ယာနစ်ပိုး ကပ်သွားပါလေရော
ကဲ ငါတို့ရှာတွေ့သွားပြီ
ဥပမာ အရေပြားပိုးသတ်ဆေးကို သူတို့ ၁၀ ဆ အာနိသင် လျှော့ထားတယ်
ဒါတွေက ခွဲစိတ်ခန်းတွေမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေ
ဒါက ဆေးရုံတွေမှာ ကော်လက်တိဗ်မီးဘေးသင့် လူနာတွေအတွက် သုံးနေတာတွေပဲ
စိန့်ဂျွန်းဆေးရုံ ပန်တယ်လီမွန်ဆေးရုံ ဘန်းဆေးရုံ
အဲဒီဆေးရုံတွေအတွက် 'ဟက်ဆီဖာမာ' ဆေးဝါးကုမ္ပဏီက လှူဒါန်းထားတာ
ရိုမေးနီးယားအာဏာပိုင်တွေက ပြည်သူတွေရဲ့ ဘေးကင်းမှုကို
အာမခံနိုင်ဖို့ ပျက်ကွက်ခဲ့တယ် အဲဒီ လူစိတ်မရှိတဲ့ကောင်လား...
လူသတ်သမားလားအတွက်နဲ့...
ကျွန်မတို့ရဲ့ ပထမဆုံးအတွေးက စစ်ဆေးကြည့်ဖို့ပဲ
အမှန်ပဲ
ခေါင်းထဲမှာ ပထမဆုံးပေါ်လာတဲ့ အတွေးပဲ
အမှန်ပဲ ပုလင်းပေါ်မှာပါတဲ့စာနဲ့ ပုလင်းထဲမှာပါတဲ့ဆေး ကိုက်ညီမှုရှိမရှိ စစ်ရတော့မှာပေါ့
အာဏာပိုင်တွေက ကိုက်ညီမှုရှိမရှိ စစ်ဖို့တောင် တစ်ခါမှ တွေးခဲ့ပုံမပေါ်ဘူး
ဆေးရုံတိုင်းကို လိုက်ပို့နေတဲ့ အဲဒီလူစိတ်မရှိတဲ့ကောင်ကို စစ်ဖို့
ဆေးရုံတိုင်းက အသုံးပြုနေတဲ့ ဒီဆေးတွေကို တစ်ခါလောက်လေးစစ်ဖို့
စာမျက်နှာတွေ ခွဲလိုက်ရအောင်
- ခေါင်းကိုက်နေတာလား - မကိုက်ပါဘူး
ကျန်းမာရေးဝန်ကြီးကို ဖုန်းဆက်ရအောင်
- ညနေ ၆ နာရီတောင် ထိုးတော့မယ် - ၆ နာရီတောင် ထိုးတော့မှာလား
ကုမ္ပဏီအလုပ်သမားတစ်ဦး၏ သံဝေဂတရား
ကျွန်တော်တို့ အခုလူသိရှင်ကြား ဖြန့်ချီဖို့လုပ်နေတာ
ဝန်ကြီးဌာနက မှတ်ချက်မပေးဘူးဆိုတော့ ပြဿနာပါပဲ
'ဟက်ဆီဖာမာ' က ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ဆေးရုံပေါင်းများစွာနဲ့ စာချုပ် ၇၉၆ ခု ချုပ်ဆိုထား
ဝန်ကြီးခင်ဗျား
ကျွန်တော်က သတင်းထောက် ကတလင် တိုလွန်တန် ပါ
ကျွန်တော်တို့ရဲ့ ရှာဖွေမှုတွေအပေါ် ဝန်ကြီးရဲ့ ထင်မြင်ချက် လိုအပ်လို့ပါ
အာဏာပိုင်တွေက ဘာမှမလုပ်ဘူး
အာဏာပိုင်တွေက ဘာဆိုဘာမှမလုပ်တာ
ပိုးသတ်ဆေးများ အာနိသင် ၁၀ ဆ လျှော့ထားမှု
တိုက်ရိုက်တင်ဆင့်မှု ပြန်စတင်ပါပြီ
ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေမှာ အသုံးပြုနေတဲ့
ပိုးသတ်ဆေးတွေကို စပြီးတော့ စစ်ဆေးတော့မှာပါ
No comments yet. Be the first to leave one.