De eerste 200 regels.
ငါ့အဖေဆီက တော်တော်သင်ခဲ့တာပဲ
သူငါ့ကိုလုပ်ခိုင်းတာမှန်သမျှ ငါလုပ်ရတယ်
သူကသတ်လို့ပြောရင်
ငါသတ်တယ်
တီယိုက အဖေနဲ့ဒေးဗစ်ဆီမှာ အလုပ်လုပ်တာ
သူကပဲမူးယစ်ဆေးကို ဒီမှာပြန်ဖြန့်တာ
ဆစ်ကို တီယိုသတ်ခဲ့တာ
ကားလို့စ်
မင်းဒီမှာဘာလုပ်နေတာလဲ
အဖေနဲ့ဒေးဗစ်နဲ့
သူတို့အသတ်ခံရတာ
ဂျေးကော့ဘ်ကိုကျော်ပြီး ဟာဗီယာကိုရွေးခဲ့တာ မဟုတ်ဘူး
သမီး သူတို့နှစ်ယောက်လုံးနဲ့ကို မနေသင့်တာ
ငါ မင်းအတွက်ကောင်းတာပဲ ဖြစ်စေချင်တယ် ဂျေးကော့ဘ်
မင်းကိုဘေးကင်းစေချင်တယ်
သမီးဘယ်သူနဲ့မှ မနေသင့်ဘူး
၁၁၂၁ ကိုလွှဲပေးပါ
ကိုကင်းထပ်ဝယ်ရအောင်
နင်အတည်ပြောနေတာလား
ရှုခင်းက အရမ်းလှတယ်
- လှပါတယ် - အင်း
ရှင်တစ်သက်လုံး နေချင်သွားလိမ့်မယ်
ပုံမှန်ဆိုရင်တော့ ကိုယ်ရေးကိုယ်တာကိစ္စကို ဒီလိုနည်းနဲ့မဖြေရှင်းပါဘူး
ဒါပေမဲ့ အခုဟာက..
အဖြေက မျှတမှုရှိတယ်ဆိုတော့
ပြီးခဲ့တဲ့နှစ်လမှာ ငါ ၁၅ ပေါင်လောက်ကျသွားတယ်
အဲဒီကစပြီး ငါလည်း ဂယောင်ချောက်ချားဖြစ်နေတာ
ငါ့မှာကိုယ်ပိုင်ဓာတ်ခွဲစမ်းသပ်ခန်း တစ်ခုရှိတယ်
မင်းကိုင်ထားတဲ့စာရွက်က ဓာတ်ခွဲခန်းစစ်ချက်ရလဒ်ပဲ
- ပြဒါး - အင်း
ငါ့သွေးထဲမှာ ပြဒါးအဆိပ်တွေ့တယ်လေ
ကြားရတာတော့ မကောင်းဘူး
ဟုတ်တယ်
ဒါကသေလောက်တယ်လေ
စိတ်မကောင်းပါဘူး
ခင်ဗျားသတ်စေချင်တဲ့ မိန်းမက
ငါ့မိန်းမလေ
ခင်ဗျားမိန်းမက အဆိပ်ခတ်တာပေါ့
သိပ်သေချာတယ်
သူကဓာတုဗေဒပညာရှင်လေ အရမ်းလည်းတော်တယ်
ဒီအလုပ်လုပ်တာနှစ်ချီလာတော့
နှလုံးရောဂါပေးပြီးသတ်ရတာ အကောင်းဆုံးနည်းလမ်းပဲ
ငါသတ်ချင်တာက တစ်မျိုးကွ
အဲဒီလိုလုပ်လို့မရဘူး
ငါလည်းအဲဒီလိုမထင်ပါဘူး ဒါပေမဲ့
ငါဘာလို့ ဒီလောက်ပေးထားလဲဆိုတာလည်း ထည့်တွေးဦးမှပေါ့
တွေးပါတယ်
ကိုးသိန်းခွဲ
ကိုးသိန်းခွဲဟုတ်လား
အဲဒီဈေးနဲ့မရဘူးရှင့်
ငွေသားပဲပေးမှာနော်
ခင်ဗျားပြောသလိုသတ်ရမယ်ဆိုရင်
ခင်ဗျားဒီထက်ပိုပေးရလိမ့်မယ်
ဈေးပြောကြည့်လေ
တစ်သန်း
တကယ်ပြောနေတာပေါ့
ငွေအကျေ အရင်ချေရမယ်
သူတို့ အဲဒီလောက်ဈေးလျှော့ပါ့မလား မသိဘူး
မေးကြည့်လိုက်ပါလား
အဲဒီဈေးနဲ့မရပါဘူးဆိုရှင်
အိမ်ကရောင်းဖို့ဈေးခေါ်ထားတာ နှစ်ပတ်တောင်ရှိပြီ
ဈေးစကားပြောဖို့တော့ သူတို့ငြင်းဆန်မယ်မထင်ပါဘူး
ဖုန်းခေါ်ကြည့်မယ်လေ
တစ်သန်းအကျေပေးမယ်
ကျွန်မပြောသလိုပဲ သူတို့ ဒေါ်လာ ၁၁ သိန်းဈေးခေါ်ထားတယ်
အဲဒီထက်ပိုမလျှော့နိုင်ဘူးတဲ့
ကိုးသိန်းခွဲကတော့ ရောင်းမှာမဟုတ်ဘူး
ဒါပေမဲ့ တစ်သန်းဆိုရင်တော့ ရလောက်ပါတယ်
ငွေသားပဲလား
အိမ်ပိုင်ပြီလို့သာ တွေးလိုက်တော့
လက်တီ မင်းဘာလုပ်နေတာလဲ
သားကိုဖုန်းဆက်နေတာလေ
မင်း ဘယ်လိုထင်ပြီးလုပ်နေတာလဲ
မင်းပဲသူ့ကို ငါ့ဆီပြန်လာအပ်သွားတယ်
မင်းမစောင့်ရှောက်နိုင်ဘူးလို့ မင်းပြောတယ် အဲဒါကရတယ်
ငါမင်းကိုမအော်ခဲ့ဘူး ဘာမှထပ်မပြောခဲ့ဘူး
မင်းဖုန်းဆက်ချင်တိုင်း သူ့ကိုဆက်လို့တော့ မရဘူးလေ
အဲဒီလောက်မရိုးရှင်းဘူး
မင်းသူနဲ့ပြောချင်တာ ငါနားလည်တယ်
ဒါပေမဲ့ မင်းသူ့ကိုမခေါ်နဲ့ ငါ့ကိုပဲခေါ်
သူနဲ့ပြောဖို့ အချိန်ကောင်းဟုတ်မဟုတ် ငါမင်းကိုပြန်ပြောမယ်
- ဒါမှမဟုတ်ရင် - နားလည်ပါပြီ
အခုသူဘယ်လိုနေလဲ
ငါမသိဘူး
သူငါ့ကို သိပ်စကားမပြောဘူး
ဘာပြောချင်တာလဲ
မနေ့တုန်းက မင်းသူ့ကိုဝယ်ပေးထားတဲ့ ခွေးလေးမစင်တွေကို
သူ့ကိုရှင်းခိုင်းတယ်
သူ မလုပ်ချင်ဘူးတဲ့
သူလုပ်ချင်ချင် မလုပ်ချင်ချင် ငါဂရုမစိုက်ဘူးလို့
မြက်ခင်းပေါ်မှာ မစင်တွေ စွန့်လို့မရဘူးလို့
အဲဒါနဲ့သူငါ့ကိုအော်ပါလေရော
အမေဘာတွေပြောနေတာလဲ ဂျေးကော့ဘ်က အဲဒီလိုမအော်တတ်ပါဘူး
ငါသိပါတယ်
အဲဒါဆိုသူဘာလို့ ဒီလောက်ဒေါသထွက်တာလဲ
ဒေါသထွက်လို့ အော်တာမျိုးမဟုတ်ဘူး
ဘာကြောင့်လဲတော့ ငါမသိဘူး
- သမီးဖုန်းချတော့မယ် အမေ - လက်တီ
အခန်းသန့်ရှင်းရေးပါ
ဟင့်အင်း ရတယ် အခုမလာနဲ့
လွန်ခဲ့တဲ့ ၂ နာရီတည်းက အခန်းဖယ်ပေးရမှာ မဝင်လာဖို့ ရှင့်မှာပြောခွင့်မရှိဘူး
ကျွန်မ မထွက်သေးဘူး
ဒါဆိုလည်း ကောင်တာကိုသွားပြီး နောက်တစ်ညအတွက် ထပ်ပေးလိုက်ပါ
ဒါမှမဟုတ် ရှင့်အမှိုက်တွေကိုရှင်းဖို့ ထွက်ပေးပါ
ကောင်းပြီလေ နောက်တစ်ညအတွက် ထပ်ပေးလိုက်မယ်
ဘာလုပ်တာလဲ
သန့်ရှင်းရေးဆီက ပိုက်ဆံခိုးတယ်ပေါ့
မဟုတ်ဘူးလေ ကျွန်မပိုက်ဆံကိုရှာနေတာပါ
နောက်တစ်ညအတွက်ပေးဖို့ ရှင်ပဲ ပြောတယ်လေ
ရမ်းပြီးစွပ်စွဲတာတော့ မကောင်းဘူးပေါ့
ငါနင့်ကိုမှန်ထဲက မြင်လိုက်ရတာ
- မဟုတ်ပါဘူး - ငါမြင်လိုက်တယ်
ကျွန်မရှင့်မန်နေဂျာနဲ့ ပြောချင်တယ်
ပိုကောင်းတဲ့လူနဲ့တွေ့ပေးမယ် ပိုင်ရှင်ဆိုရင်ကော
- ကောင်းတာပေါ့ ပိုင်ရှင်ကိုခေါ်လာခဲ့ - ဒီမှာလေ
ဒီလိုနဲ့ လူတွေအိမ်ရာမဲ့ဖြစ်ကုန်တာ
လှလှလေးနေ
ဒေ့ဗ် ငါလက်တီပါ
ငါအလုပ်တွေများနေလို့ပါ
ဒီရက်ပိုင်း နင်ဘယ်မှာရှိလဲ
ငါမင်းကိုမသိဘူးနော်
ဟုတ်ပါတယ်
ငါနဲ့မသိဘူးဆိုရင် ငါ့အိမ်ကိုဘာလာလုပ်တာလဲ
ဒါရှင့်ရဲ့အိမ်လား
အိမ်က မလှလို့လား
လျှောက်ကြည့်ချင်လို့လား
ရှင်ကြိုက်တဲ့ပုံစံဆောက်ထားတယ် ထင်တယ်
အင်း ဒါကရိုးရိုးအိမ်မဟုတ်ဘူး နွေးထွေးတဲ့အိမ်
ကောင်းသားပဲ ကျွန်မက ဒေ့ဗ်သူငယ်ချင်းပါ သူအပေါ်မှာရှိလား
ဒေ့ဗ်
ဒီချစ်စရာမိန်းကလေးက မင်းအသိလား
- လက်တီ - ဒေ့ဗ်
- ဘွန်နာ သူ့ကိုအပေါ်တက်ခိုင်းလိုက် - ငါတို့မှာ စည်းကမ်းရှိတယ်လေ
ပါတီလုပ်ချင်တဲ့သူမဟုတ်ရင် ဘယ်သူမှဝင်ခွင့်မရှိဘူး
ကျွန်မက ပျော်ဖို့ပါးဖို့အသင့်ပဲ
တစ်ကြောင်းတော့ သက်သေပြလေ
- ဘာတစ်ကြောင်းလဲ - ကိုကင်းတစ်ကြောင်းလေ
မသိပါဘူး ကျွန်မကပြေးခိုင်းမယ်ထင်နေတာ
ရှင့်နာမည်က ဘွန်နာလား
- ငါ့အလယ်နာမည်ပါ - အင်း
အပေါ်ကိုတက်ခဲ့ဟေ့
ငါ နင့်ကိုသတိရတယ်
ငါလည်းသတိရတယ်
ငါအရမ်းလွမ်းတယ်ဟာ
ငါသိတယ် အတူတူပါပဲဟာ
ကြည့်ပါဦး
ဒီမှာ ဒရမ်တွေလေ
ဟိုမှာ ချိုချဉ်တွေ
အားဖြည့်အချိုရည်ကဒီမှာ
အရသာအသစ်တွေချည်းပဲနော်
သြော် ဒီဟာကိုလာကြည့်ဦး
ကမ်းခြေဘောလုံးလေးတွေလည်း ရှိတယ်
- အရမ်းမိုက်တယ် - အင်း
အဲဒါ နိုအာလေ နိုအာ
- ညကျရင်မအေးဘူးလား - မအေးပါဘူး
- ကိုယ်ငွေ့နဲ့ နွေးအောင်နေကြတယ်လေ - ကောင်းလိုက်တာ
အင်း
အင်္ကျီဝတ်
သွားကြမယ်
- နင့်အသားအရေလှသားပဲ - ငါကမသေမျိုးမို့လို့လေ
ငါကနင့်ကိုအသည်းပုံပေးတယ် ငါ့ကိုကျ မျဉ်းကြောင်းပဲလား
ငါ့အိမ်အသစ်မှာ မင်းကပထမဆုံးဧည့်သည်ပဲ
ဒါက ယာတောထဲမှာ ဝက်တွေကိုချည်တုပ်တဲ့နည်းပဲ
မင်းကဘယ်လိုသိတာလဲ
ငါကြေးစားမဖြစ်ခင် အရမ်းဆိုးရွားတာတွေ လုပ်ခဲ့ဖူးတယ်
ကဲ အခုလိမ်နေတာတွေ ရပ်လိုက်တော့
ငါ့အဖေက ငါ့ကိုသတ်ဖို့ မင်းကိုမငှားဘူးဆိုတာ ငါသိတယ်
မင်းသူ့ကိုသတ်လိုက်တာ
ဒေးဗစ်ကော
ဆစ်ကော
မင်းအကုန်သတ်ခဲ့တာ
အေဗာ မင်းကိုပြန်မကြိုက်ခဲ့တာ
ငါ စိတ်မကောင်းဘူး
ဒီလောက်နှစ်တွေကြာသွားမှ
သူ့ဘဝထဲကလူတွေအားလုံးကို ဆွဲထုတ်သွားပြီးတော့
မင်းကို သူပြန်သဘောကျအောင် လုပ်လို့ရမယ် ထင်တယ်ပေါ့
မင်းလုပ်တာမပိရိဘူး
အေဗာ အကုန်သိပြီးပြီ
သူမသိပါဘူး
မင်းလည်းမသိဘူး
ကောင်းတယ်
ကော်ဖီဖျော်စက်လာပို့တာပါ
- ငါသိတယ် လာပါ အထဲဝင်ပါ - ဟုတ်ကဲ့
အရသာမျိုးစုံ ဖျော်လို့ရတဲ့စက်ပေါ့နော်
အက်စပရက်ဆို ကော်ဖီဖျော်စက်ပါ
သစ်အယ်သီးလိုပေါ့
မဟုတ်ပါဘူး အက်စပရက်ဆိုပါပဲ
သစ်အယ်သီးအရသာကိုလည်း ကော်ဖီရောင်းတဲ့သူတွေ ထွင်သင့်တယ်
မင်းတို့သွားလို့ရပါပြီ
ဟုတ်ကဲ့
သောက်လို့ကောင်းမှာပါ
အင်း
မင်းကပိုပိုလန်းလာတယ်
ဘာ
နင်ကပိုပိုလန်းလာတယ်လို့
ဒါတောင်ရေမချိုးရသေးဘူး
လက်တီ
ငါတို့ခင်လာတာ တော်တော်ကြာနေပြီ
မှတ်မိလား စူပါမာရီယိုဂိမ်းတွေကစားပြီး
ငါ့မိထွေးနဲ့ ကလူးဆိုတဲ့အရက်တွေ အတူသောက်ကြတာလေ
No comments yet. Be the first to leave one.