Pierwsze 200 wierszy.
နှုတ်ခွန်းဆက်သပါတယ် မယ်တော်
နှုတ်ခွန်းဆက်ပါတယ် မိဖုရားဆယ်လီမာ
သင့်ကိုတွေ့ချင်နေတာ ထိုင်ပါဦး
ဖြစ်နေတဲ့ကိစ္စတွေကို ငါသိချင်နေတာ
ဘီနာဇီက အဆိပ်ဒေဝီဆိုတာ သင် သဲလွန်စရှာတွေ့ပြီလား
မတွေ့သေးပါဘူး မယ်တော် သူက ကျွန်မ သံသဖြစ်မယ့်ကိစ္စမျိုး
တစ်ခုမှလုပ်တာမတွေ့သေးပါဘူး
ဒါပေမဲ့ ဂျိုဓာကတော့ သူလုပ်တာတွေ့တယ်
အခု သူက ဘီနာဇီကို မင်းကြီးနဲ့ဝေးအောင်လုပ်နေပါတယ်
ဘယ်လိုလဲ
ဒီလိုပါ မယ်တော်
ဘယ်သွားမလို့လဲ မယ်တော်
ဘီနာဇီဆီက အမှန်တရားသိရအောင် စုံစမ်းမလို့
လက်ထပ်ထိမ်းမြားပွဲမတိုင်ခင်
ဒီကိစ္စပြီးဆုံးဖို့လိုအပ်တယ်
ဂျိုဓာမိဖုရားလုပ်ဆောင်နေပါတယ်
ဒီကိစ္စကို တခြားသူဝင်ရောက်စွက်ဖက်တာ လုပ်ဖို့မသင့်ဘူးလို့ထင်ပါတယ်
ဘာကြောင့်လဲ
ဂျိုဓာမိဖုရားက မင်းကြီးကို..
ချစ်မြတ်နိုးတယ်ဆိုတာ ကျွန်မနားလည်ပြီးသားပါ
ဒါကြောင့်ပဲ သူဒီလိုလုပ်ဆောင်နေတာပါ
မင်းကြီးအနေနဲ့ ဂျိုဓာမိဖုရားက..
သူ့အသက်ကိုကယ်တင်ဖို့ကြိုးစားနေတယ်ဆိုတာ သိစေချင်ပါတယ်
မိဖုရားဆယ်လီမာ သင်က တကယ့်ကြံ့ခိုင်ပါတယ်
ဇနီးသည်တွေက အမြဲတမ်း သူ့ခင်ပွန်းရဲ့ ဒုတိယလူကို မနာလိုဖြစ်တတ်တယ်
သင်ကတော့..
ညီအစ်မလို သဘောမထားလို့
ဒုတိယလူကိုသဝန်တိုကြတာပါ
ဂျိုဓာမိဖုရားက ကျွန်မကို သူ့အစ်မလိုသဘောထားတယ်လေ
ကျွန်မကတော့..
ဂျိုဓာမိဖုရားရော ရကေယျမိဖုရားရော ကျွန်မကို မနာလိုဖြစ်တယ်လို့ မခံစားမိပါဘူး
ဟုတ်တာပေါ့ သင်ပြောတဲ့အတိုင်း လက်ခံပါတယ်
သင်ထင်မြင်ထားတာကို အရှင်လည်းချီးမြှောက်မှာပါ
အာမင်
မင်းကြီးကို ဆေးလိမ်းပေးခဲ့ပြီးပြီလား ဂျိုဓာ
ဘာဖြစ်ခဲ့လို့လဲ ဂျိုဓာ ပြောပါဦး
ငါသွားခဲ့ပါတယ် ဒါပေမဲ့..
ဒါပေမဲ့ ဘာဖြစ်လဲ
ဒါပေမဲ့ ရကေယျမိဖုရားက ငါ့ကို လိမ်းခွင့်မပြုခဲ့ဘူး
ပြောရရင် ငါ့ကို ထွက်သွားဖို့တောင်ပြောခဲ့တယ်
မင်းကြီးကလည်း သူပြောတာကို မတားခဲ့ဘူး
မင်းကြီးက သင့်ကိုဘာလို့တားခဲ့တာလဲ သူ့ကြောင့် သင်စိတ်ထိခိုက်နေရတာလေ
မထိခိုက်ဘူး မိုတီ
ဒါကြောင့်ပဲ မင်းကြီးဆီကို သင်မကြာခဏ
သွားနေတာပေါ့
ဘာကြောင့် သင်စိတ်မကောင်းဖြစ်နေတာလဲ စဉ်းစားကြည့်ပါ သင်က အပြစ်သားမို့လို့လား
သင့်ကို မင်းကြီးက အမျက်တော်ရှနေတဲ့အချိန်မှာ
သူ့ဆီကို သင်ဘာဖြစ်လို့သွားနေတာလဲ
ဘာမှမဖြစ်ပါဘူး မင်းကြီးဒေါသဖြစ်နေပါစေ
သူ့ကို ငါစိတ်မဆိုးပါဘူး
ကောင်းပြီ မင်းကြီးက ဘီနာဇီကို လက်ထပ်တော့မယ်
ဒါတောင် သင်က သူ့ကို စိတ်မဆိုးဘူးပေါ့
တော်လောက်ပြီ မိုတီ
ဒါတွေအားလုံးကသိပြီးသားတွေပဲ ငါ့စိတ်ထိခိုက်အောင်ဘာဖြစ်လို့ပြောနေတာလဲ
နင် ဘာထပ်ကြားချင်သေးလို့လဲ
မင်းကြီးအတွက် ဒါကြောင့် ငါစိတ်ပူနေတယ်ပေါ့
ဟုတ်တယ် မင်းကြီးအတွက် ငါစိုးရိမ်တယ်
အဆိပ်ဒေဝီတစ်ယောက်ရဲ့အကြံအစည်ထဲ မင်းကြီးကျရောက်မှာကို
ကာကွယ်ပေးရမှာ ဇနီးတစ်ယောက်ရဲ့တာဝန်ပဲလေ
ဘာပဲဖြစ်ဖြစ် ငါ့တာဝန်ကို ကျေပွန်အောင်လုပ်မှာပဲ
အချစ်က ခမ်းနားလိုက်တာ
အချစ်ကြောင့် ခံစားနေရတာ နှစ်ယောက်စလုံးပဲ
ဒါပေမဲ့ ဒါကို သူတို့လက်မခံကြသေးဘူး
မင်းကြီးကိုချစ်တဲ့အကြောင်းလည်းမပြောဘူး
သူခံစားနေရသလိုမျိုးလည်း သင်ခံစားနေရတယ်
မိဖုရားရေကယ်
အဆင်ပြေရဲ့လား
စိတ်ဆိုးပြီး အစားလည်းမစားဘူးလို့ ကျွန်မကြားထားတယ်
ဒီမနက်ကတည်းက သင်ဘာမှမစားဘူးလို့ ဟိုရှိယာ ပြောတယ်
မနက်စာလည်းမစားဘူး တခြားဘာမှလည်း မစားဘူးလို့ စားတော်ကဲလည်းပြောတယ်
ဘာများဖြစ်လို့လဲ မိဖုရားရကေယျ
ဘာမှစားချင်စိတ်မရှိလို့ပါ
တကယ်လား သင်ဘာမှစားချင်စိတ်မရှိဘူးပေါ့
သင်က ကျန်းမာပြီးသားပါ မိဖုရား
ဒေါသတွေကို အစားအစာပေါ်မှာ ဖွင့်ချခဲ့မယ်ဆိုရင်
နောက်တစ်ခါ အမဲလိုက်ထွက်တဲ့အချိန်ကျရင်
စိတ်ရှိတိုင်း ပေါက်ကွဲလို့ရမှာပေါ့
ဂျာလာတစ်ယောက်တည်းထွက်သွားတဲ့ အချိန်ကျမှ ဂျိုဓာကို အမဲလိုက်ပစ်မှာ
သူက ဂျာလာရဲ့ခွင့်ပြုချက်တစ်ခုခုရဖို့ အချိန်တိုင်းရှာနေတာ
အခု နားလည်သွားပြီ သင်က အစားအစာကိုဒေါသထွက်နေတာမှမဟုတ်တာ
သင်က မိဖုရားဂျိုဓာကိုဒေါသထွက်နေတာပဲ
အနည်းဆုံးတော့ အစားအစာကို
သင်ဒေါသထွက်နေတာမဟုတ်မှန်းသိရလို့ ကောင်းပါတယ်
ဒါက သူ့အမှားမဟုတ်ပါဘူး မိဖုရား
သူ့ကို ဒေါသမထွက်ပါနဲ့ ကျွန်မခေါ်လိုက်တာပါ
ဒီမှာ
သစ်သီးတွေပါ
ကျွန်မအတွက် တစ်ခုခုတော့စားလိုက်ပါ မိဖုရားရကေယျ
မိဖုရားဂျိုဓာနဲ့ ဆန့်ကျင်တိုက်ခိုက်ရမယ့်အချိန်ကျရင်
ကျွန်မလူက အားနည်းနေတာမျိုး
မဖြစ်စေချင်ပါဘူး
စားလိုက်ပါ
မဟာမန်ဂ
ဒီလိုအရှက်မရှိ ဇွတ်တရွတ်နိုင်တဲ့မိန်းမမျိုး ကျွန်မ မမြင်ဖူးဘူး
ဂျာလာက သူ့ကို အသိအမှတ်တောင်မပြုသေးဘူး
ဒါကို သူက ဂျာလာဆီလာနေတုန်းပဲ
လုပ်ပုံကိုကြည့်ပါဦး ဒီတစ်ခါလည်း မင်းကြီးအတွက် ဆေးယူလာတယ်
သူအပြစ်မရှိကြောင်း တလောကလုံးကို ပြဖို့အတွက်လေ
သူကပဲ ဂျာလာကို အရမ်းစိတ်ပူနေတဲ့ပုံမျိုးနဲ့
- ဟုတ်လား - ဟုတ်တယ်
သူ့နေရာက ဘာလဲဆိုတာ ဂျိုဓာသိအောင်လုပ်ပြခဲ့တယ်
သူယူလာပေးတဲ့ဆေးကို ယူထားလိုက်ပြီး သူ့ကိုထွက်သွားခိုင်းလိုက်တယ်
ပြီးမှ ဂျာလာရဲ့ဒဏ်ရာကို ကျွန်မ အဲဒီဆေးလိမ်းပေးခဲ့တယ်
ဘာဖြစ်တယ်
ဘယ္လိုမ်ားလုပ္လိုက္တာလဲ မိဖုရားရေကယ်
ဂ်ဳိဓာမိဖုရားကို သင္ကူညီလိုက္တာပဲ
အမွားအႀကီးႀကီးလုပ္လိုက္တာပဲ
သူယူလာပေးတဲ့ဆေးနဲ့ ဂျာလာရဲ့ဒဏ်ရာကို သင်လိမ်းပေးလိုက်တယ်
ကျွန်မကို ဒီလိုမျိုးလာမကြည့်နဲ့
စဉ်းစားကြည့်ဦး
ဂျာလာရဲ့ ဒဏ်ရာလိမ်းပေးဖို့ ဒီဆေးကို မိဖုရားဂျိုဓာယူလာပေးတာ
သူလုပ်ရမယ့်အလုပ်ကို သိပ်တော်တဲ့ဂျိုဓာက သင့်ကိုခိုင်းသွားတာ
ဂျာလာအတွက် သူက ဆေးယူတာတယ်
ပြီးတော့ သင့်ကို စိတ်ထိခိုက်အောင်လုပ်နိုင်ခဲ့တယ်
သူ့အလုပ်ကို ပါးပါးနပ်နပ်နဲ့သူလုပ်ခဲ့တယ်
သူက ဂျာလာရဲ့ကရုဏာကိုပါရသွားပြီ
မဟာမန်ဂ..ကျွန်မစိတ်ထိခိုက်နေတာကို အစပြန်မဖော်ပါနဲ့
သင့်မှာ ဖြေရှင်းနိုင်တာရှိရင် ကျွန်မကိုပြောပါ
ဒါမှမဟုတ်ရင်တော့ ဒီကနေ သင်ထွက်သွားလိုက်ပါတော့
တောင်းပန်ပါတယ် မိဖုရားရကေယျ
သင့်ရဲ့စိတ်ထိခိုက်မှုကို ကုစားနိုင်မယ့်ဆေး ကျွန်မမှာမရှိပါဘူး
ဒါပေမဲ့ သင့်ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းတော့ ကျွန်မမှာရှိတယ်
အဲဒါဘာလဲ
မိဖုရားဂျိုဓာကို အာဂရာနဲ့ဝေးတဲ့နေရာကို ပို့လိုက်ပါ
ဂျာလာနဲ့ သူ့ကိုကွဲအောင်လုပ်ပါ
ဒီနည်းလမ်းက ဂျိုဓာကို ဂျာလာမေ့သွားစေမှာပါ
မှော်ပညာနဲ့လား
ဒါက သိပ်မိုက်မဲမှုပဲ
ဒါက မိုက်မဲတာမဟုတ်ဘူး
သင့်စိတ်ထဲကအတိုင်း အရှိကိုအရှိ မြင်ကြည့်စမ်းပါ
အဖြစ်အပျက်အားလုံးက သင့်ရှေ့မှာဖြစ်ပျက်နေတာ
မမှန်မကန်ဘဲနဲ့ ဘီနာဇီက အဆိပ်ဒေဝီအဖြစ် အပြစ်တင်ခံခဲ့ရတယ်
ဒါပေမဲ့ ဂျာလာက ဂျိုဓာရဲ့မှားယွင်းစွာ အပြစ်တင်မှုအပေါ်မှာဘာပြစ်ဒဏ်မှမချမှတ်ခဲ့ဘူး
ဒါက မှော်ပညာမသုံးရင် ဘာလဲ
ဂျိုဓာမိဖုရားရဲ့ ညီမ သျှိဝိနိကလည်း..
ထိမ်းမြားမယ့်ရက်မှာ သူ့ချစ်သူနဲ့ ခိုးရာလိုက်သွားတယ်
ဂျာလာ့အချစ်ဆုံး ညီတော်မယ်ဇဟာကင်ကို လိမ်ပြီးထွက်ပြေးသွားတာလေ
ဒါပေမဲ့ ဘုရင်ဘဟာမဲလ်ကို ပြစ်ဒဏ်ပေးရမယ့်အစား
စိတ်မကောင်းပါဘူးဆိုပြီး သူ့ကိုလွှတ်ပေးခဲ့တယ်
ဒါကိုရော သင်ဘယ်လိုပြောမလဲ သူမှော်အစွမ်းသုံးတာ သက်သေမရှိဘူးပေါ့
အိုးအရှင်
သက်က ဉာဏ်ပညာကြွယ်ဝတဲ့ မိဖုရားပါ
ဂျာလာရဲ့စိတ်ကို ကစားနိုင်တယ်လို့ သင်ပြောခဲ့တယ်လေ
အဲဒီစိတ်နဲ့ ဂျာလာစိတ်ကိုလွှမ်းမိုးထားတဲ့ ဂျိုဓာမိဖုရားရဲ့မှော်အစွမ်းကို
မရမကဖိအားပေးပါ
တစ်ခုခုလုပ်လိုက်ပါတော့ မိဖုရားရကေယျ
သင့်ကိုယ်သင်အတွက်လုပ်ပါ
ဂျိုဓာရဲ့ ဒီမှော်အစွမ်းကို ဖျက်ဆီးပစ်ပါ
နှုတ်ဆက်ခဲ့ပါတယ်
ငါ ဘာအသီးအနှံမှမစားချင်ဘူး
ငါရဲ့ဆေးပဲငါစားချင်တယ်
ဒီဖရဲသီးက သင့်အတွက်မဟုတ်ပါဘူး
ဒါပေမဲ့ဒီထဲမှာပါတဲ့ဟာကိုတော့ သင်စိတ်စားလိမ့်မယ်
နင်ဘာတွေပြောနေတာလဲ
ဒီထဲမှာ ငါစိတ်ဝင်စားတာ ဘာများပါနိုင်မှာလဲ
ပြောလေ
အဲဒါဘာလဲ
မြေပုံတစ်ခုပါ
ဘာမြေပုံလဲ
အကျဉ်းထောင်ပါ
အဘူလ်မာလီရဲ့ သက်တော်ရှည် သစ္စာခံတစ်ယောက်က ဒီစာကိုပို့လိုက်တာ
အဘူလ်မာလီ အကျဉ်းထောင်အတွင်းကနေထွက်ဖို့အချိန်ကျပြီ
အကျဉ်းထောင်ရဲ့မြေပုံကို သင့်ထံ ကျွန်ုပ်ပို့လိုက်တယ်
သင့်ကို အရေးကြီးကိစ္စတစ်ခု ပြောစရာရှိတယ်
ဈေးထဲမှာ ချက်ချင်းလာတွေ့ပေးပါ
ဒါကောင်းတယ်
ငါတို့အချိန်ဖြုန်းလို့မဖြစ်ဘူး
ကာမယ်ခန်ကနေ အဘူလ်မာလီ
လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲသိတာနဲ့
သူလွတ်အောင်ငါလုပ်ရမယ်
တစ်ယောက်ယောက်မသိခင် ဒီကိစ္စကို ပြီးပြတ်အောင် ငါတို့လုပ်ရမယ်
အဲဒီကို ကျွန်မတို့ဘယ်လိုသွားမလဲ ဘီနာဇီ
သင့်ကို လူတွေထပ်ပြီးသတိထားမိသွားရင် ဘာဖြစ်သွားနိုင်လဲ
သင့်ကို သူတို့တိုက်ခိုက်ရင်ကော
အခုအချိန်မှာ ငါ့ကို သူတို့တွေ သတိထားမိမှာမဟုတ်ဘူး
ငါ ဒါဝတ်သွားမယ် ပြီးတော့..
ဒီတစ်ခါတော့ ငါနဲ့အတူ နင်လိုက်ခဲ့လို့မရဘူး
ငါတို့နှစ်ယောက်အတူသွားရင် နှစ်ယောက်စလုံးအတွက် အန္တရာယ်ရှိတယ်
ဂျိုဓာမိဖုရား..သင်နောက်ထပ်လုပ်ဖို့ စဉ်းစားထားတာရှိလား
ဘီနာဇီဘယ်ခြေလှမ်းလှမ်းမယ်ဆိုတာ ကျွန်မမသိသေးဘူး
အချိန်တိုင်း ကျွန်မ သူ့ကိုစောင့်ကြည့်ရမယ်
ဒီအခြေအနေကနေ ပြဿနာအတွက် ဖြေရှာရမယ်
အဲဒါက တကယ်ပဲအကူအညီဖြစ်မှာလား
ဒါတော့မသိဘူး
ဒါပေမဲ့ အနည်းဆုံးတော့
ဘီနာဇီဘာလုပ်မယ် ဘယ်သွားမယ်ဆိုတာ ကျွန်မသိရတာပေါ့
ဒါကလွဲရင် ကျွန်မမှာရွေးချယ်စရာမှမရှိတာ
ဒါပေမဲ့ ဂျိုဓာမိဖုရား ဘီနာဇီက သိပ်ဉာဏ်များတယ်နော်
ငါတို့ကို သူလိမ်သွားမယ်ဆိုရင်ကော
ဒီအတွက် ကျွန်မတို့ ပါးပါးနပ်နပ်နဲ့နေရမယ်
အခြေအနေပေးလာရင်
မင်းကြီးက တင်းကြပ်တဲ့လုံခြုံရေးချမယ်လို့ ကျွန်မမျှော်လင့်တယ်
ဒီအခြေအနေမှာ ဘီနာဇီ အမှားတစ်ခုခုလုပ်နိုင်တယ်
အဲဒီအမှားကို ကျွန်မတို့ရဲ့လက်နက်အဖြစ် ပြန်ပြီးအသုံးချရမယ်
ဂျိုဓာ..ဒီကိုလာပါဦး
ဟိုမှာ..ဘီနာဇီတစ်နေရာသွားနေတယ်
ဟုတ်တယ်..သူ့ကြည့်ရတာ အလျင်လိုနေတဲ့ပုံပဲ
သူက ဘာဖြစ်လို့ အစေခံတစ်ယောက်ရဲ့ဝတ်စုံဝတ်ထားတာလဲ
ဒါမှ သူ့ကိုဘယ်သူမှ မမှတ်မိမှာလေ
ဒါဆို..
No comments yet. Be the first to leave one.