Pierwsze 200 wierszy.
အရှင်မင်းကြီးက သူထိမ်းမြားထားတဲ့သူကို
ချမ်းသာမပေးဘူးတဲ့ ဒါဆိုငါတို့အခြေအနေကဘာလဲ
ခင်ဗျားပြောတာမှန်တယ်
သူ့ဇနီးကို အိမ်မှာ ဘယ်လိုဖမ်းထားနိုင်မှာလဲ
ဘုရင်မဂျိုဓာ ဝတ်ပြုလို့ရအောင်
ဘုရင်ကြီးက ခွင့်ပြုပေးထားတယ်လို့ကြားတယ်
သူတို့က အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့
ဘုရင်မကို လေးစားတယ်ဆိုရင် ဘုရင်မကို စွပ်စွဲတာတွေက
အမှန်ဖြစ်တယ်ဆိုပြီး ဘုရင်ကြီးက ဘာကြောင့်ယုံကြည်နေတာလဲ
ဘာတွေပြောနေတာလဲ
သူက ဧကရာဇ်လေ သူက ပြည့်ရှင်မင်းလေ
ပြည်သူတွေလုံခြုံရေးအတွက် သူတာဝန်ယူထားရတာ
အခု သူ့အကြောင်းကို ဘယ်လိုတွေပြောနေတာလဲ
ဘုရင်ကြီး ဘယ်လောက်ရက်စက်လဲဆိုတာ ခင်ဗျားမသိပါဘူး
သူ့ထက် ဘယ်သူက ပိုသိနိုင်မှာလဲ
သူက ဘုရင်မဂျိုဓာပဲ
- မိဖုရားကြီး - ပြောပါ
ရှင်တို့တွေဆီမှာ မိသားစုရှိသလို ကျွန်မမှာလည်း မိသားစုရှိတယ်
ပြီးတော့ မိသားစုဝင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေရှိတယ်
ဒါက အရမ်းကို ပုဂ္ဂိုလ်ရေးဆန်တဲ့ကိစ္စပဲ
အပြင်လူက ရှင့်မိသားစုအကြောင်းကို ပြောနေရင်
ရှင်ဘယ်လိုခံစားရမလဲ
ဘုရင်နဲ့ ဘုရင်မဆိုတာကလည်း လူသားတွေပါပဲ
သူတို့ကြားမှာ ဘာပဲဖြစ်ဖြစ် အဲဒီအကြောင်းကို မပြောသင့်ဘူး
ဘုရင်ဆိုတာက ရှင်တို့တွေရဲ့ ဖခင်တစ်ဦးလိုပါပဲ
ရှင့်ဖခင်ရဲ့ မကောင်းကြောင်းကို မပြောသင့်ပါဘူး
ခွင့်လွှတ်ပေးပါ ဘုရင်မခင်ဗျား
ကျွန်တော်တို့ အမှားကျူးလွန်မိပါတယ်
စွန့်ကြဲပေးကမ်းကြပါ
တိုင်းပြည်တစ်ခုလုံးကို အုပ်ချုပ်နေတဲ့သူကို ဘာကြောင့်ပေးကမ်းရမှာလဲ
ရှင့်ကို အမ်မာမှာတုန်းက မမှတ်မိခဲ့ဘူး
ဒါပေမဲ့အခုတော့ ကျွန်မကို လှည့်စားလို့မရတော့ဘူး
မင်းက ငါ့ကိုမှတ်မိတယ်ပေါ့
ရှင့်လက်မှာဝတ်ထားတဲ့ လက်ကောက်က..
ကျွန်မတို့ထိမ်းမြားပွဲတုန်းက ရှင့်ကို ခမည်းတော်လက်ဆောင်ပေးခဲ့တာ
ဘုရင်တစ်ပါးက တောင်းရမ်းဖို့အတွက် အဝတ်အစားဝတ်ထားတာနဲ့
မိန်းမဖြစ်သူက သူ့ယောက်ျား တောင်းရမ်းတာကိုမြင်ရတာ မသင့်တော်ပါဘူး
ပေးကမ်းစွန့်ကြဲကြပါ
အသပြာမလိုချင်ပါဘူး
အသပြာမလိုချင်တဲ့ ပထမဆုံးသူဖုန်းစားပဲ
ဘာလိုချင်လို့လဲ
ခင်ဗျားက လက်မှုပညာမှာ ထူးချွန်တယ်လို့ကြားတယ်
ခင်ဗျားရဲ့ဘူးတွေက လက်ရာကောင်းတယ်တဲ့
တစ်ဘူးလောက် လိုချင်ပါတယ်
ဘူးနဲ့ ဘာလုပ်မလို့လဲ
အဖိုးတန်ပစ္စည်းတွေကို ခင်ဗျားဘူးထဲမှာ ထည့်သိမ်းထားလို့ရတယ်ဆို
ဒါကြောင့် တစ်ဘူးလောက်လိုချင်တာပါ
ဒီလိုဟာမျိုးပေါ့
ဒါပေမဲ့ ဒီဘူးကို..
ခင်ဗျားကဘယ်သူလဲ
ဒီဘူးထဲမှာ အဆိပ်ထည့်ပြီး အသတ်ခံခဲ့ရတဲ့
လူ့လောကကို မရောက်သေးတဲ့ကလေးလေ
ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး
အရှင်မင်းကြီးကို ကျွန်တော်မျိုး မမှတ်မိလိုက်ပါဘူး
ကျွန်တော်မျိုးကို ဆင့်ခေါ်လိုက်ပါ လာခဲ့ပါ့မယ်
ဘာဖြစ်လို့ ဒီကို ကြွချီလာတာပါလဲဘုရား
မင်းဒုက္ခမရောက်တော့ပါဘူး
လျှောက်တင်စမ်းပါဦး
ခေါင်းမြီးခြုံထားတဲ့အမျိုးသမီးရဲ့ ပုံစံကို ပြောပြလို့ရမလား
ရပါတယ် အရှင်မင်းကြီး
အရှင်မင်းကြီး
သူပြောပြတဲ့အတိုင်း ကျွန်တော်မျိုးမ ရေးဆွဲပြီးပါပြီ
ဒီမျက်လုံးတွေက တူရဲ့လား
တူပါတယ် အရှင်မင်းကြီး
သေချာလား
သေချာပါတယ် အရှင်မင်းကြီး
ငါဘာတွေတွေ့ရတာလဲ
ဒွေးတော်ရဲ့မျက်လုံးတွေပဲ
ဘုရင်မရဲ့ ကုံကုမံထဲမှာ အဆိပ်ခတ်ခဲ့တဲ့တရားခံက
နင့်အရှေ့မှာရှိနေတယ်
အဲဒီလူက မဂိုတိုင်းပြည်ရဲ့ဝန်ကြီးပဲ
သူ့နာမည်က မာဟမ်အန်ဂါ
ငါ့သားအရင်းလို
ပြုစုပျိုးထောင်ခဲ့ရတဲ့သူရဲ့သားကို သတ်ခဲ့မိပါတယ်
ဒီစွပ်စွဲသံကိုမကြားရခင် အရင်သေသွားရင် ပိုကောင်းလိမ့်မယ်
ရာဟင်
ဟိုနေ့က ပြောပြခဲ့တဲ့ ဘူးအကြောင်း
အရှင်မင်းကြီးကို ပြောပြလိုက်နော်
နားဆင်ပေးကြပါ
ပြည့်ရှင်မင်းကြီး ဂျာလာလူဒင်မိုဟာမက် ကြွချီလာနေပါပြီ
နှုတ်ခွန်းဆက်သပါတယ် အရှင်မင်းကြီး
အရိုအသေပေးဖို့ မေ့နေတာလား ရာဟင်
မင်းကြီးကို နှုတ်ဆက်လိုက်ပါ
နှုတ်ခွန်းဆက်သပါတယ် အရှင်မင်းကြီး
နှုတ်ခွန်းဆက်သပါတယ်
မင်းနဲ့မကစားရတာ အတော်ကြာနေပြီနော်
မင်းနဲ့ အချိန်နည်းနည်းလောက် ဖြုန်းတီးဦးမှပဲ
ငါ့ဆီမှာ ကစားနည်းအသစ်ရှိတယ် ကစားမှာလား
ကဘူးလ်ကလာတဲ့ ဇာလွှားကောင်းသားပဲ ဒါကိုသောက်မှာလား
နေဦး
မင်းက အဲဒီလူမဟုတ်ဘူး
မယ်တော်လေးအနေနဲ့ စိတ်ဆိုးတာ မှန်တယ်ဆိုတာသိပါတယ်
မင်းတို့ ၂ ယောက်ကြားက ပြောစကားတွေအကြောင်း
ငါ့ကို သူမပြောခဲ့သင့်ဘူး
ဘာဖြစ်လို့ပါလဲ အရှင်မင်းကြီး
ကလေးက အမှားကျူးလွန်ခဲ့လို့လား
မဟုတ်ပါဘူး
မယ်မယ်လေးက ကတိကို ချိုးဖောက်တယ်ပေါ့
ဒါပေမဲ့မင်းရဲ့ကတိကိုတော့ မချိုးဖောက်ပါဘူး
မင်းပြောသမျှအားလုံးကို နားထောင်ပေးမှာပါ
မင်းဆီကနေ တစ်ခုခုကြားချင်တယ်
ငါ့ကို အမှန်အတိုင်းပြောမယ်ဆိုတာ ယုံကြည်ပါတယ်
ကျွန်တော်မျိုးကို အပြစ်ပေးပြီး ချုပ်ထားမှာလား
မင်းကို ဘာမှမလုပ်ပါဘူး
ကတိပေးပါတယ် ဘာမှမလုပ်ပါဘူး
ပြီးတော့မင်းအတွက် ကစားစရာအရုပ်တွေ အများကြီးဝယ်ပေးမယ်လေ
အဲဒီအတွက် ငါ့ကို အမှန်အတိုင်းပြောပြရမယ်
ဒီဘူးလေးကို ဘယ်ကနေရတာလဲ
အမှန်အတ်ိုင်းပြောတဲ့ ကလေးတွေကိုဆိုရင်
အရှင်မြတ်က အမြဲတမ်း ချစ်ခင်တယ်လို့ သင်ပေးထားတယ်လေ
ဟုတ်တာပေါ့
ဒါကြောင့် ရာဟင့်အတွက် ဘူးတွေအများကြီးဝယ်ပေးတာပေါ့
ဟုတ်တယ်မဟုတ်လား ရာဟင်
ငါ့ကို အမှန်အတိုင်းပဲပြောပါ
ဒီအရုပ်တွေနဲ့ ဒီဘူးတွေက မင်းအတွက်ချည်းပါပဲ
မင်းရဲ့မယ်မယ်လေးကို ပြောခဲ့တာကို ငါ့ကိုပြောပြစမ်းပါ
ဒါတွေအားလုံးကို အရင်က ဘာဖြစ်လို့ပြောမပြခဲ့တာလဲ
အဲဒီနေ့က ကျွန်တော်မျိုးက ခိုနဲ့ကစားနေတာ
ခိုက အရှင်မင်းကြီးရဲ့ အခန်းထဲဝင်သွားတာ
ခိုနောက်ကို လိုက်သွားတော့ အရှင်မင်းကြီးကိုင်ထားတဲ့ဘူးက
ကျွန်တော်မျိုးယူထားတဲ့ဘူးနဲ့ အတူတူပဲဆိုတာ သိလိုက်တယ်
ကျွန်တော်မျိုးကို အရှင်မင်းကြီး အပြစ်ပေးလိမ့်မယ်ထင်ခဲ့တာ
ဒါကြောင့် အန္တရာယ်ကင်းဖို့ မယ်တော်လေးဆီသွားခဲ့တာ
ဘူးကို ကျွန်တော်မျိုးမခိုးခဲ့ပါဘူး ယူပဲယူခဲ့တာပါ
ဘယ်ကနေယူခဲ့တာလဲ ဘယ်တုန်းကလဲ
ဒီဘူးကို ဘယ်ကနေယူခဲ့တာလဲ
အဲဒီနေ့က ကျွန်တော်မျိုးက..
သားတော်ကို မယ်မယ်က ဘယ်လိုရှာမယ်ဆိုတာ သိရတော့မယ်
ပစ္စည်းတွေကို စစ်ဆေးရဦးမယ်
အပြင်မှာသွားကစားပါ ရာဟင်
အပြစ်ပေးမခံရပါဘူးနော်
ဘုရင်မ..
နားလည်ပါတယ် အရှင်မင်းကြီး
သေရင်သေသွားပါစေ ဒီအကြောင်းကို လုံးဝမပြောပါဘူး
ဒီလှူဖွယ်ပစ္စည်းတွေကို အားလုံးဆီ ဝေငှပေးလိုက်ပါ မိုတီ
မှန်လှပါ
ရာဟင်
နားမလည်နိုင်ဘူးဖြစ်နေတယ် ငါအလှူပေးနေတဲ့အချိန်တိုင်း
ငါ့ဆီဘာဖြစ်လို့ ရောက်ချလာတာလဲ
ကျွန်တော်မျိုးပြေးနေတဲ့အချိန်မှာ မယ်မယ်လေးက
ကျွန်တော်မျိုးအရှေ့မှာ ဘာဖြစ်လို့ ရှိနေတာလဲဆိုတာနားမလည်ဘူး
ဒီကို ဘာယူလာတာလဲ ရာဟင်
မယ်မယ်လေးကို မပြောတော့ဘူး မယ်မယ်လေးကို စိတ်ပျက်တယ်
ကောင်းတာပေါ့ ဒါဆိုရင်မင်းကို စိတ်ဆိုးရတော့မယ်
အဲဒီနေ့က အရှင်မင်းကြီးအရှေ့မှာ မင်းက ဘာမှမပြောပါဘူး
ထွက်ပြေးသွားတာလေ
ဘာဖြစ်လို့ ကတိကို ချိုးဖောက်ရတာလဲ
အရှင်မင်းကြီးကို မပြောပါဘူးဆိုပြီး မယ်မယ်လေးပဲပြောခဲ့တာလေ
မယ်မယ့်ကိုပဲပြောမယ် မယ်မယ်လေးကို မပြောဘူး
အရှင်မင်းကြီးက မယ်မယ်လေးထက် ပိုကောင်းသေးတယ်
သူက သူ့ကတိကို မချိုးဖောက်ဘူး
အရှင်မင်းကြီးက မင်းကို ဘာကတိပေးလို့လဲ
ပြောပြရမှာလား
အရှင်မင်းကြီးကို လျှောက်တင်ခဲ့တာတွေက
အမှန်တွေချည်းပဲဆိုတဲ့ အဓိပ္ပာယ်ပေါ့
ဒီလျှို့ဝှက်ကြံစည်မှုမှာ မာဟမ်အန်ဂါ ပါဝင်တယ်ဆိုတာကို
အရှင်မင်းကြီး သိသွားပြီပေါ့
အမှန်တရားကိုသိရဖို့ အရှင်မင်းကြီးက
အယောင်ဆောင်ပြီး သက်သေရှာနေတာလား
အခု ရာဟင်ကသူ့ကို အမှန်အတိုင်းပြောလိုက်ပြီဆိုတော့..
သူက ငါ့ကို ယုံကြည်နေဦးမှာလား
ဒါမှမဟုတ်သူက မာဟမ်အန်ဂါ့ကို ထပ်ပြီးခွင့်လွှတ်ပေးမှာလား
ထွက်သွားပေးကြပါ
ငါ့ရဲ့ဒွေးတော်အရင်းက ငါ့ကို ဒီလိုလုပ်တယ်ဆိုတာ မယုံနိုင်ဘူး
ဒွေးတော်က ငါ့ကလေးကို ငါ့ဘဝထဲကနေ ဆွဲထုတ်သွားတယ်
ငါ့အသက်ကို ဦးရီးတော်လက်ထဲကနေ ကယ်တင်ခဲ့ပေးတယ်
ပြီးတော့ ဘာကြောင့်များ ဗိုက်ထဲကကလေးကို သတ်လိုက်ရတာလဲ
ဆွေမျိုးအရင်းက နောက်ကျောကို ဓားနဲ့ထိုးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး
ဂျာလာ နေဦး
ငါ့ဂျာလာလေး ဘယ်နေရာမှာပုန်းနေတာလဲ
ဂျာလာလေး ဘယ်နေရာမှာလဲဆိုတာ ဘယ်သူတွေသိကြလဲ
ဂျာလာလေးကို ရှာမတွေ့ဘူး
ငါ့ကို ပုန်းနေတယ်ပေါ့ ဟုတ်လား
စားလိုက်ဦး
မစားတော့ဘူး မစားချင်ဘူး
စားလိုက်ပါ
- မစားချင်တော့ဘူး - ဘာဖြစ်နေကြတာလဲ
ဂျာလာ ဘာဖြစ်လို့ နေ့လယ်စာမစားတာလဲ
- မစားချင်လို့ပါ - အဲဒါကြောင့်လား
ဒီကိစ္စမပြီးသေးဘူး
ဒါကိုမစားရင် သန်မာကြံ့ခိုင်မှုကို ဘယ်ကနေရမှာလဲ
သန်မာကြံ့ခိုင်မှုမရှိရင် ဘယ်လိုလုပ်ပြီး ဘုရင်ဖြစ်မှာလဲ
စားလိုက်ဦး
ဂျာလာ နည်းနည်းစားလိုက်ပါ
ဘာဖြစ်လို့ အဲဒီလိုလုပ်ခဲ့တာလဲ ဒွေးတော်ရယ်
ဒွေးတော်ရဲ့ သားတော်ဆီက ဖြေသိမ့်စရာကို ဆွဲယူသွားခဲ့တယ်
ဘာကြောင့်လဲ
ဘာဖြစ်လို့ အဲဒီလိုလုပ်ရတာလဲ
ကြံ့ခိုင်စမ်းပါ သုကညာရယ်
စေ့စပ်ပြီး မထိမ်းမြားရသေးတာ ကံကောင်းတာပေါ့
ပြီးတော့လည်း..
အားလုံးအဆင်ပြေသွားမှာပါ
ဘာမှအဆင်မပြေဘူး မယ်တော်
ဘာမှအဆင်ပြေမှာမဟုတ်ဘူး
အရှင်မြတ်က သမီးတော်နဲ့
အစ်မတော်ဂျိုဓာတို့ရဲ့ကံကြမ္မာကို တူညီအောင်ဖန်တီးပေးခဲ့တာ
အစ်မတော်ဂျိုဓာ မထိမ်းမြားရခင်မှာ သူရိယဘန်ဘုရင်က..
မဂိုတို့ရဲ့လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတယ်
အခု သမီးတော်မထိမ်းမြားခင်မှာ..
မင်းသားရက်တန်ကလည်း မဂိုတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကိုခံလိုက်ရတယ်
No comments yet. Be the first to leave one.