Game of Thrones

Game of Thrones

د Burmese ژباړه ډاونلوډ کړئ

7 فصل

د خپرونې معلومات

Game of Thrones S07E01 WEB h264-MM
د لخوا تبصره aungmyintoo

تګونه

web
په خپور شو: 2017-07-18
ډاونلوډونه: 71
د اوریدلو معیوبیت: No

د Burmese سرليکونو مخکتنه

لومړۍ 200 کرښې.

စစ်ပွဲက ပြီးပြီ .. ဆောင်းတွင်းက လာပြီ

စစ်ပွဲက မပြီးသေးဘူး

ရန်သူအစစ်က မုန်တိုင်းကိုစောင့်မှာ မဟုတ်ဘူး

မြောက်ပိုင်းဘုရင် မြောက်ပိုင်းဘုရင်

ငါတို့ ဦးလေး ယူရွန်က အချိန်တွေကြာပြီးမှ အိမ်ပြန်လာတာ

ငါတို့ အဖေကို သတ်ပြီး ယာရာဆီက ဆားပုလ္လင်ကို ယူခဲ့တယ်

ငါတို့ ဆက်နေရင်လဲ ငါတို့ ကို သူက သတ်မှာပဲ

သင်္ဘောတစ်ထောင်သာ ဆောက်ပေး ငါ မင်းကို ဒီကမ္ဘာကြီးယူဆောင်ပေးမယ်

မုန်တိုင်းက လာနေပြီ

မင်း ဒီညတော့ ခိုလှုံစရာ အမိုးလိုမှာပဲ

ငါ့မှာ သိပ်တော့မရှိဘူး ဒါပေမယ့် ဓါးပြတွေဆီက

ဝှက်ထားတဲ့ ငွေနည်းနည်းတော့ ရှိတယ်

နင် ဘာလုပ်လိုက်တာလဲ

လာမယ့် ဆောင်းတွင်းမှာ သူတို့ နှစ်ယောက်လုံး သေလောက်ပြီ

မြောက်ပိုင်းမှာ လေအေးတွေ တိုက်ခတ်နေပြီ

ငါတို့ ကူဖို့ လူကောင်းတွေ လိုလိမ့်မယ်

မင်း အန္တရာယ်ပေးခဲ့တာတွေ ထက် အများကြီး ကူညီနိုင်ပါသေးတယ် ကလိန်းဂ်

မင်းအတွက် အရမ်း နောက်မကျသေးပါဘူး

ငါ့ကို မြို့ ဟောင်းကို ပို့ ပေး

ငါက မေစတာ အသစ် ဖြစ်လာမှာ

စီဒါတယ်မှာ ကမ္ဘာ့ အကြီးဆုံး စာကြည့်တိုက်ရှိတယ်

အထောက်အကူ ဖြစ်မယ့်အရာတွေ လေ့လာလို့ ရမယ်

သူတို့ လာတဲ့ အခါ

ငါ့ကို လွှတ်ပေး

ဒါအတွက် မင်းအဆင်သင့်ဖြစ်တာ သေချာလား

ကျွန်တော်က မျက်လုံးသုံးခု ကျီးစေ ဒါအတွက် အဆင်သင့်ဖြစ်နေမှ ရမှာ

ဒီစားပွဲကို ဘယ်မှာ ထင်းပြီး ဆေးခြယ်ခဲ့တာလဲ ခင်ဗျားသိလား ဆာဒေဗို

အီဂွန် တာဂါယန်း

အီဂွန် ဒီမှာနေခဲ့ဖူးတယ် ပြီးတော့ တာဂါးယန်းတွေက ဒီရဲတိုက်ကို တည်ဆောက်ခဲ့တယ်

အင်း သူတို့ လုပ်ခဲ့တာ ဆိုပါတော့

ငါတို့ နှစ်ယောက်လုံး အိမ်ပြန်ချင်တာပဲ ဒါပေမယ့် သူတို့ ငါ့ဆီက ဒါကိုယူသွားခဲ့ပြီ

ငါတို့ ဘယ်လို အိမ်ပြန်ကြမလဲ

မင်းအခု ကြီးကျယ်တဲ့ ကစားပွဲ တခုထဲ ရောက်နေပြီ

ကစားပွဲက ကြောက်စရာကောင်းတယ် မင်း ကြောက်နေလား

ကျွန်မ နာမည် အာယာစတာ့ခ် ရှင့်ကို အဲ့ဒါ သိစေချင်တာ

မင်းတို့ အားလုံး ဒီကို ဘာကြောင့်ခေါ်ရလဲ သိချင်နေကြမှာပဲ

ငါတို့ စားသောက်ပွဲကြီး ပြင်ထားတာလေ

ဒီတော့ ၀ယ်လ်ဒါ အိုကြီးက နှစ်ပတ်အတွင်း

ငါတို့ စားသောက်ပွဲ နှစ်ခု ဘာကြောင့်လုပ်ပေးဖူးလဲပေါ့

ရစ်ဗားလန်းရဲ့ သခင်ဖြစ်နေပြီး ကိုယ့်မိသားစုနဲ့ 

အောင်ပွဲ မခံဘူးဆိုရင် ဘာကောင်းဦးမှာလဲ

ငါပြောချင်တာက အဲ့ဒါပါပဲ

ဟုတ်တယ်

ငါ ဖရေး မှန်သမျှ အားလုံးကို စုစည်းရတာက

အခု လာမယ့်ဆောင်းတွင်းမှာ ကြီးမြတ်တဲ့ အိမ်တော်အတွက်

အစီအစဉ်တွေကို မင်းတို့ ကိုပြောပြနိုင်အောင်ပဲ

ပထမဆုံး ခွက်မြောက်လိုက်ရအောင်

ဟို ဒေါနစ်ရှ် မြင်းသေးတွေ မဟုတ်တော့ဘူး

ဒီဟာက အကောင်းဆုံး အာဘော်ရွှေ

တကယ့် သူရဲကောင်းတွေ အတွက် တကယ့်ဝိုင်

အတူတူ ရပ်တည်ကြမယ်

အတူတူ ရပ်တည်ကြမယ်

မင်း မပါဘူး

ဝိုင်ကောင်း တခွက်ကို မိန်းမတယောက် အတွက် မဖြုန်းတီးနိုင်ဘူး

ငါက သဘောကောင်းတဲ့ တယောက် ဟုတ်ချင်မှ ဟုတ်မယ်

အဲ့ဒါကို ငါဝန်ခံပါတယ် ဒါပေမယ့် မင်းတို့ အတွက်တော့ ငါ ဂုဏ်ယူတယ်

မင်းတို့ က ငါ့မိသားစု အနီရောင် မင်္ဂလာဆောင်မှာ

စတာ့ခ် တွေကို ကူညီ သုတ်သင်ပေးခဲ့တဲ့သူ

ဟုတ်တယ် ဟုတ်တယ်

ချီးယား

ရဲရင့်တဲ့သူတွေ .. မင်းတို့ အားလုံးက

ဗိုက်ကြီးသည်နဲ့ သူ့ ကလေးကို အမဲဖျက်ခဲ့တဲ့သူ

ကလေး ငါးယောက် မိခင်ရဲ့ လည်ပင်းကို လှီးခဲ့တဲ့သူ

ကိုယ့် အိမ်ကို ဖိတ်ခေါ်ပြီးမှ အဲ့ဒီ

သတ်ဖြတ်ခဲ့တဲ့ သူ

ဒါပေမယ့် မင်း စတာ့ခ်တွေ အားလုံးကို မသတ်ခဲ့ဘူး

ဟင့်အင်း မဟုတ်ဘူး အဲ့ဒါ မင်းတို့ အမှားပဲ

မင်းတို့ သူတို့ အားလုံးကို အမြစ်ပါမကျန်အောင် သတ်ဖြတ်ခဲ့သင့်တယ်

ဝံပုလွေ တကောင်ကို မသတ်ပဲချန်ထားရင်

သွေးတွေက ဘယ်တော့မှ မလုံခြုံဘူး

ဒီမှာ ဘာတွေဖြစ်သွားတာလဲ လူတွေ မေးလာခဲ့ရင် ဖြေလိုက်ပါ

သူတို့ ကို မြောက်ပိုင်းက အမြဲ သတိရနေတယ်လို့ 

ဖရေး အိမ်တော်အတွက် ဆောင်းတွင်း ရောက်လာပြီလို့  ပြောလိုက်ပါ

မင်းက အရိုင်းအစိုင်းလား

ကျွန်မက မီရာရိဒ် ဟောလန်းရိဒ်ရဲ့ သမီး

ဒါက ဘရန်ဒန်စတာ့ခ်

နက်စတာ့ခ်ရဲ့ သား

အဲ့ဒါ အမှန်လို့ ငါဘယ်လိုသိမှာလဲ

ခင်ဗျားက ပထမဆုံးလူသားတွေရဲ့ လက်သီးမှာ ပါဖူးတယ်

ဟော့ဒ်ဟုမ်း မှာ နေခဲ့ဖူးတယ်

ခင်ဗျား သေသူတွေရဲ့ စစ်တပ်ကို မြင်ခဲ့ဖူးတယ်

ခင်ဗျား ညဘုရင်ကို မြင်ခဲ့ဖူးတယ်

သူ ကျုပ်တို့ ဆီ လာနေပြီ

ကျုပ်တို့ အားလုံးအတွက်

အိုကေ .. လာ

သူတို့ ကို အထဲခေါ်လိုက်ပါ

နဂါးဖန်သားနဲ့ ပတ်သက်ပြီး မြောက်ပိုင်း မာစတာတွေရဲ့ မှတ်တမ်းတွေထဲက

ရှိသမျှ အချက်လက်တွေ အားလုံးကို စုစည်းစေချင်တယ်

နဂါးဖန်သားက အဖြူရောင်လမ်းလျှောက်သူတွေကို သတ်နိုင်တယ်

အဲ့ဒါက ကျုပ်တို့ အတွက် ရွှေထက် ပိုတန်ဖိုးရှိတယ်

ကျုပ်တို့ အဲ့ဒါကို ရှာပြီး တူးဖို့ လိုတယ်

အဲ့ဒီကနေ ကျုပ်တို့ လက်နက်ဖြစ်အောင် လုပ်ရမယ်

၁၀နှစ် ကနေ ၆၀ အထိ လူတွေအားလုံး

နေ့ တိုင်း လှံတွေ ဆူးတွေ လေးတွေ မြှားတွေနဲ့ လေ့ကျင့်ခန်း လုပ်ရမယ်

နွေရာသီရဲ့ ကောင်လေးတွေကို ဘယ်လို တိုက်ခိုက်ရမလဲ သင်ရမယ့် အချိန်ပဲ

ကောင်လေးတွေ ချည်းပဲ မဟုတ်ဘူးနော်

လူဦးရေ တ၀က်လောက်က တိုက်ခိုက်နေရုံနဲ့ 

မြောက်ပိုင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး

ငါ့မြေးမရဲ့ လက်ထဲကို လှံထည့်ပေးဖို့  မင်းက မျှော်လင့်နေတာလား

ယောကျားတွေ တိုက်ခိုက်နေချိန်မှာ ကျွန်မ သိုးမွှေးထိုး မနေနိုင်ဘူး

ကျွန်မက ငယ်ချင်ငယ်လိမ့်မယ် သခင်ဂလိုဗာ ကျွန်မဟာ မိန်းကလေး ဖြစ်နေမယ်

ဒါပေမယ့် ကျွန်မလဲ ရှင်တို့ အားလုံးလို မြောက်ပိုင်းသားပဲ

မှန်ပါတယ် သခင်မ .. ဘယ်သူကမှ ..

မြောက်ပိုင်း အတွက် တိုက်ခိုက်ဖို့ ရှင်ဆီက ခွင့်ပြုချက် မလိုဘူး

ဝက်ဝံကျွန်းပေါ်က ယောက်ျား မိန်းမ ကလေး အားလုံးကို လေ့ကျင့်ပေးရမယ်

ဟုတ်တယ်

ကျုပ်တို့ တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်

ခံစစ်ကိုလဲ အားဖြည့်ထားဖို့ လိုတယ်

သေသူတွေရဲ့ စစ်တပ် ကြားက ခြားနေတဲ့ တခုတည်းသော အရာက နံရံပဲ

နံရံဆိုတာကလဲ ရာစုနှစ်ပေါင်းများစွာ စနစ်တကျ တာဝန်ပေးမှု့ မရှိခဲ့တာ ကြာပြီ

ကျုပ်က လွတ်လပ်သူတွေရဲ့ ဘုရင်တော့ မဟုတ်ဘူး

ဒါပေမယ့် ဒီဆောင်းတွင်းကို ကျုပ်တို့ အတူ ကျော်ဖြတ်ချင်တယ်ဆို

ငါတို့ က မင်းရဲတိုက်ကို တာဝန်ယူစေချင်တာလား

ဟုတ်တယ်

ကျုပ်တို့ ညဘုရင်ကို နောက်ဆုံးမြင်ခဲ့တာ ဟာ့ဒ်ဟုမ်းမှာ

ဟာ့ဒ်ဟုမ်းနဲ့ အနီးဆုံး ရဲတိုက်က ပင်လယ်ဘေးက အရှေ့ ကင်းစင်ပဲ

ဒါဆို အဲ့ဒီကို ငါသွားမယ်

ငါတို့ က ညကင်းသမားတွေ ဖြစ်သွားပုံပဲ

သူတို့ နံရံကို ထိုးဖောက် နိုင်ခဲ့ရင်

ပထမဆုံး သူတို့ လမ်းကြောင်းပေါ်က ရဲတိုက်နှစ်ခုက

ဟာ့သ် နဲ့ ကာဟိုးလ်

အမ်ဘာ နဲ့ ကာစတာ့ခ် တွေက မြောက်ပိုင်းကို သစ္စာဖောက်ခဲ့တယ်

သူတို့ ရဲတိုက်တွေ ကျောက်တုံး တခုတောင် မကျန်အောင်

မြေလှန် ပစ်လိုက်ရမှာ

ရဲတိုက်တွေက ဘာပြစ်မှုမှ မကျူးလွန်ခဲ့ပါဘူး

ပြီးတော့ လာမယ့် စစ်ပွဲအတွက် ငါတို့ ရှိသမျှ ခံတပ်တွေ ရှိနေဖို့ လိုတယ်

လာစ့်ဟာ့သ်နဲ့ ကာဟိုးလ် ရဲတိုက်တွေကို မိသားစု အသစ်တွေကို ပေးရမယ်

ရမ်ဆေးကို တိုက်ခိုက်တုန်းက ငါတို့ ကို အားပေးကူညီခဲ့တဲ့ သစ္စာရှိ မိသားစုတွေ

ဟုတ်တယ်

အမ်ဘာ နဲ့ ကာစတာ့ခ် တွေက

စတာ့ခ် မိသားစုနဲ့ အတူတူ တိုက်ပွဲဝင်ခဲ့တာ ရာစုနှစ်များစွာ ကြာခဲ့ပြီ

မျိုးဆက် တခုပြီးတခု သစ္စာရှိခဲ့တယ် ပြီးတော့

အဲ့ဒီ သစ္စာကို ချိုးဖောက် ခဲ့ကြတယ်

သူတို့ ဘိုးဘွားပိုင် အိမ်တော်တွေကို အဆင်ခြင်မဲ့ သားတချို့ ရဲ့ 

လုပ်ရပ်အတွက် အခြားသူတွေကို မပေးနိုင်ဘူး

ဒီတော့ သစ္စာဖောက်မှုအတွက် အရေးယူခြင်း မရှိသလို

သစ္စာရှိမှုအတွက် ဆုလာဒ် မရှိဘူးလား

သစ္စာဖောက်မှု ပြစ်ဒဏ်ကတော့ သေခြင်းပဲ

စမော့ဂျွန်အမ်ဘာ တိုက်ပွဲမှာ သေခဲ့ပြီ

ဟာရဲကာစတာ့ခ် တိုက်ပွဲမှာ သေခဲ့ပြီ

သူတို့ ရမ်ဆေး အတွက် တိုက်ခိုက်ပြီး သေခဲ့ရတာ

ရဲတိုက်တွေကို နင့်အတွက် တိုက်ခိုက်ပြီး

သေခဲ့တဲ့ သူတွေရဲ့ မိသားစုတွေကို ပေးစမ်းပါ

ငါ ညကြည့်မျှော်စင်ရဲ့ ကွပ်ကဲရေးမှူး ဖြစ်တုန်းက

ငါ့ကို သစ္စာဖောက်ခဲ့တဲ့ သူတွေကို သေဒဏ်ပေးခဲ့တယ်

အမိန့် နာခံဖို့ ဖီဆန်သူတွေကို ကွပ်မျက်ခဲ့တယ်

ငါ့အဖေ အမြဲပြောလေ့ ရှိတာက

ပြစ်ဒဏ်ကို ချမှတ်သူကိုယ်တိုင် စီရင် သင့်တယ်ဆိုတာ

အဲ့ဒီ စကားလုံးတွေ အတိုင်း နေဖို့ ကြိုးစားခဲ့တယ်

ဒါပေမယ့် သားတယောက်ကို သူတို့ ဖခင်ရဲ့  အပြစ်ဒဏ်အတွက် အပြစ် မပေးနိုင်ဘူး

သူတို့ နဲ့ ရာစုနှစ်ပေါင်းများစွာ သက်ဆိုင်ခဲ့တဲ့

သူတို့ မိသားစု အိမ်ကိုလဲ မသိမ်းယူနိုင်ဘူး

ဒါက ကျုပ်ရဲ့ ဆုံးဖြတ်ချက်ပဲ

ပြီးတော့ ဒါက အတည်ပဲ

နက်ဒ် အမ်ဘာ

အလိုင်း ကာစတာ့ခ်

ရာစုနှစ်ပေါင်းများစွာ ငါတို့ မိသားစုတွေက

စစ်မြေပြင်မှာ အတူ တိုက်ခိုက်ခဲ့ကြတယ်

စတာ့ခ် အိမ်တော်ကို နောက်တကြိမ် သစ္စာခံပြီး

ငါတို့ ရဲ့ အလံကိုင်လူတွေ အဖြစ် တာဝန်ထမ်းပေးပါ

ပြီးတော့ ခေါ်ဆိုချိန်တိုင်းမှာ ငါတို့ ကို ကူညီပေးပါ

ထပါ

မနေ့ က စစ်ပွဲတွေက ဘာမှအရေး မပါတော့ပါဘူး

မြောက်ပိုင်း အတူတကွ ရပ်တည်ဖို့ လိုတယ်

မြောက်ပိုင်းသားတွေ အားလုံး အသက်ရှင်နိုင်ရေး

ကျုပ်ဘေးနားမှာ ရပ်မှာလား နက်ဒ် နဲ့ အလိုင်းစ်

အခု ကစပြီး အမြဲတမ်း

အခုကစပြီး အမြဲတမ်းပါ

နင်က ငါ့ညီမဆိုတာ မှန်တယ် ဒါပေမယ့် အခု ငါက ဘုရင်

နင်က သရဖူ စဆောင်းတော့မှာလား

အခြား သခင်တွေ သခင်မတွေ ရှေ့မှာ ငါ့ဆုံးဖြတ်ချက်ကို

မေးခွန်းမေးတာ ငါ့ကို အောက်ခြေက လှိုက်စားတာပဲ

ဒါဆို ငါက နင့်ဆုံးဖြတ်ချက်ကို မေးလို့ မရဘူးလား

မေးလို့ ရတယ်လေ .. ဒါပေမယ့်

ဂျော့ဖရေးက သူ့ အာဏာကို ဘယ်သူ့ ကိုမှ မေးခွန်းမေးခွင့် မပေးခဲ့ဘူး

သူက ဘုရင်ကောင်းလို့ နင်ထင်လား

နင်က ငါ့ကို ဂျော့ဖရေးလို့ ထင်တာလား

နင်က ငါတွေ့ဖူးသမျှထဲမှာ ဂျော့ဖရေးနဲ့ အဝေးဆုံးပါ

ကျေးဇူးတင်ပါတယ်

နင်က ဒီကိစ္စမှာတော်တယ် သိလား

ဘာကိုလဲ ... အုပ်ချုပ်တဲ့ နေရာမှာ

မဟုတ်ပါဘူး

ဟုတ်ပါတယ်

ဟုတ်တယ်

သူတို့ နင့်ကို လေးစားကြတယ် တကယ့်ကို

ဒါပေမယ့် နင့်ဘက်က

နင်က ဘာလို့ ရယ်နေတာလဲ

အဖေ ဘာကိုအမြဲပြောလဲ မှတ်မိလား

ဒါပေမယ့် ဆိုတဲ့ စကားလုံးမလာခင် အားလုံးက အလကားပဲတဲ့

အဲ့ဒါတော့ သူ ငါ့ကိုတခါမှမပြောဖူးဘူး

ဟင့်အင်း သူက မိန်းကလေးတွေ ရှေ့မှာ ဘယ်တော့မှ မဆူတတ်ဘူး

သူ ငါတို့ ကို ကာကွယ်ဖို့ ကြိုးစားခဲ့တာ

ကမ္ဘာကြီးက ဘယ်လောက် ညစ်ပတ်နေလဲဆိုတာ သူ ငါတို့ ကို ပေးမသိစေချင်ခဲ့ဘူး

ဒါပေမယ့် အဖေ ငါတို့ ကို မကာကွယ်နိုင်ခဲ့သလို နင့်ကိုလဲ မကာကွယ်နိုင်ခဲ့ဘူး

ကြိုးစားနေတာ ရပ်ပါတော့

ဟုတ်ပြီ ငါနင့်ကို ကာကွယ်ဖို့ မကြိုးစားတော့ဘူး

နင်လဲ ငါ့ကို အောက်ခြေက လှိုက်စားတာတွေ ရပ်တော့

ငါ နင့်ကို အောက်ခြေက လှိုက်စားနေတာ မဟုတ်ဘူး

နင် အဖေ့ထက်ပိုပြီး ပါးနပ်ဖို့ လိုတယ်

နင် ရော့ဘ် ထက်ပိုပြီး ပါးနပ်ဖို့ လိုတယ်

More Burmese subtitles for Game of Thrones

تبصرې

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left