Vanilla Sky

Vanilla Sky

د Burmese ژباړه ډاونلوډ کړئ

د خپرونې معلومات

Vanilla Sky
د لخوا تبصره Kzinaung

تګونه

other
په خپور شو: 2018-07-16
ډاونلوډونه: 63
د اوریدلو معیوبیت: No

د Burmese سرليکونو مخکتنه

لومړۍ 200 کرښې.

မျက်လုံးတွေဖွင့်လိုက်ပါ

မျက်လုံးတွေဖွင့်လိုက်ပါ

မျက်လုံးတွေဖွင့်လိုက်ပါ

မျက်လုံးတွေဖွင့်လိုက်ပါ

မျက်လုံးတွေ..

မျက်လုံးတွေဖွင့်လိုက်ပါ

မျက်လုံးတွေဖွင့်လိုက်ပါ

ဒေးဗစ် မျက်လုံးတွေ..

ဒီ လူမရှိတဲ့လမ်းတွေကို အထီးကျန်ခြင်းလို့ယူဆတယ်

ခင်ဗျားက စိတ်ရောဂါကု ဆရာဝန်ပဲ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါတယ်

ငါက ဆရာဝန်ပါ တစ်ယောက်နဲ့ တစ်ယောက် ပုံသေမမှတ်ထားကြစို့ကွာ

ချမ်းသာတဲ့သူတိုင်းက မပျော်ကြဘူး

စိတ်ရောဂါကု ဆရာဝန်တိုင်းကလည်း အိပ်မက်တွေကို ဂရုမစိုက်ကြဘူး

မေးချင်တာက မင်းဒီကို ဘယ်လို ရောက်လာတာလဲ ဘာလို့ထောင်ကျတာလဲ

ခင်ဗျားဘာသိချင်တာလဲ ကျွန်တော် ၃၃ နှစ်ပြည့်တော့မှာ

ကမ္ဘာအနှံ့ထုတ်ဝေတဲ့ မဂ္ဂဇင်းတိုက် တစ်ခုမှာ စာစောင် ၃ ခုထုတ်ခဲ့တယ်

အဲဒီရက်တွေတုန်းကတော့ ဒီအရာတွေက

ထာဝရတည်မြဲလိမ့်မယ်လို့ ကျွန်တော် တကယ်ယုံခဲ့တယ်

ငယ်တုန်းမှာတော့ အဲဒီလိုပဲမဟုတ်လား

ကိုယ့်ကိုယ်ကိုယ် ရာဇဝင်ထဲကလူတစ်ယောက်လိုဖြစ်မယ်လို့

တိတ်တိတ်လေး ယုံကြည်နေတာ

ထာဝရရှင်သန်သွားနိုင်မယ့်လူပေါ့

အစောကြီး ဘယ်သွားမလို့လဲ

ကိုယ့်နှိုးစက်မှာ ဘာအသံမှ ထပ်မသွင်းနဲ့ ဟုတ်ပြီလား

ဘာလို့လဲ

တို့တွေကလက်ထပ်ထားတာလို ဘာလိုလို စဉ်းစားမိလာလို့

ဘယ်တော့မှ အဲဒီလိုစကားမျိုးမပြောနဲ့

နောက်ဆို ဒီကိုလာပြီး ကြက်သားစွပ်ပြုတ် မယူလာပေးဘဲ

ရှင့်ကို ရူးသွားအောင်လည်း ဆွဲဆောင်တော့မှာမဟုတ်ဘူးနော်

- မင်းအဖျားရောသက်သာလား - ရှိသေးတယ် ရှင်ကော

- မင်းကြောင့် အဲဒါကိုလုံးလုံးမေ့သွားပြီ - တကယ်လား

ဟုတ်ပြီ

အခုပြောနေတာ ဂျူလီယာနာပါ

မင်္ဂလာပါ ရေနာ ငါ လူရွေးပွဲလွတ်သွားပြီ

ငါ ခေါင်းကိုက်နေလို့

နားထောင် ငါအခုသွားရမယ်

ငါ ဒေးဗစ်နဲ့ အတူတူရှိနေတာ

လိုချင်တာရှိရင် အားမနာနဲ့နော် သန့်ရှင်းရေးလုပ်လိုက်နိုင်သေးတယ်လား

မင်းမသွားခင် နှိုးစက်ပေးခဲ့ပါ ပြီးတော့..

မင်းကတော့ အကောင်းဆုံးပဲ

- တာ့တာ အချစ်ရေ - တာ့တာ အချစ် ကိုယ်မင်းကို ဖုန်းခေါ်လိုက်မယ်

ဘယ်တော့လဲ

- ဘယ်တော့လဲ - မကြာခင်ပေါ့

မင်းရုံးကို ကြိုချိန်းထားပြီးပြီလား

အေးဆေးပေါ့ ငါ ဒီအချိန်မှာ လေးနက်တဲ့ကိစ္စတွေ မပြောချင်ဘူး

စောစောလာခိုင်းရလို့ တောင်းပန်ပါတယ်ကွာ ဒါပေမဲ့ ငါ ၁၀ နာရီ အပြီးလုပ်ရမှာမို့လို့ပါ

ရှင် ၈နာရီ ၄၅ မရောက်ဘူးမဟုတ်လား

- ခင်ဗျားကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ - ဒေးဗစ်အိမ်းစ်

ရှင် အသစ်ထုတ်မယ့် ရိုက်စ်စာစောင်အတွက်

စာတွေရဲ့အရောင်တွေကို စစ်ပေးရမယ်လေ

- ဘာအရောင်တွေလဲ - အဝါနဲ့ အနီ ဒါမှမဟုတ် ထုံးစံအတိုင်းအဖြူရောင်

- စဉ်းစားထားလိုက်ပါ့မယ် - ဒေးဗစ် ကျေးဇူးပြုပြီး

ဘုတ်အဖွဲ့နဲ့တွေ့ဖို့ ၁၀ နာရီထက်တော့ နောက်မကျပါစေနဲ့

ကောင်းပါပြီ ဒါပေမဲ့ ကျွန်တော်ဘယ်မှာလဲဆိုတာ

တခြားသူတွေကို မပြောပါနဲ့ ဘယ်သူခေါ်ခေါ်ဂရုမစိုက်ဘူး

ကျွန်တော် အရမ်း အရမ်း အလုပ်များနေတယ်

မင်း အဲဒီဘုတ်အဖွဲ့ကို ဖြုတ်ပစ်လိုက်လို့မရဘူးလား

လူပုလေး ၇ ယောက်ကိုလား မရဘူး

ဒီလူတွေက မင်းကိုရူးအောင်လုပ်နေတာ

အဲဒါကလည်း သူတို့ကိုငှားခဲ့တဲ့ ငါ့အဖေရဲ့ဆန္ဒပဲ

မင်း ဂျူလီဂျီယာနီနဲ့ အတူနေခဲ့ပြန်ပြီမဟုတ်လား

မင်းကိုဖုန်းခေါ်တဲ့အချိန်မှာ တစ်ယောက်ယောက်ရှိနေတာကို ငါသိတယ်

မင်း အဲဒီလိုလေသံမျိုးပဲ

မဟုတ်ဘူး ဟေ့ကောင် ငါအအေးမိနေလို့ ငါ ဒီနေ့အပြင်မထွက်တော့ဘူး

ငါဖျားနေခဲ့တာ

- ငါတစ်ယောက်တည်းပါ - ရတယ်လေ

မင်းဘဝနဲ့မင်း ဘာပဲလုပ်လုပ်ရတယ်

ဒါပေမဲ့ အချစ်က ဘာလဲဆိုတာ မင်းတစ်နေ့ သိလာလိမ့်မယ်

အဲဒါ ခါးသက်ခြင်းနဲ့ ချိုမြိန်ခြင်းပဲ

ခါးဖူးမှ ချိုတာကိုခံစားတတ်တာ

ဂျူလီဂျီယာနီက သူငယ်ချင်းပါ

တစ်ခါတလေ ငါတို့အတူနေဖြစ်တယ်

ဘာလဲ ဘာလဲ

ငါ့စိတ်ကူးကောင်မလေး ဂျူလီဂျီယာနီက

မင်းနဲ့အတူနေဖော် သူငယ်ချင်းပေါ့

- မင်း ဘာနားထောင်ချင်လဲ - အရှိန်လျှော့ပါကွာ

ဘာအခွေတွေရှိလဲ ဘာစီလိုနာ..

Radiohead နားထောင်မလား

သတိထား

သေပြီ

သေစမ်း

ငါတို့သေတော့မလို့

ငါသိတယ် ငါ့မျက်စိရှေ့တင် သေမင်းရောက်နေတာ

ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိလား မင်းဘ၀အကြောင်းတွေ ငါတွေးမိသွားတယ်

- ဘယ်လိုနေလဲ - သေရရင်တောင် တန်ပါတယ်

ငါတို့ တံခါးဝရောက်ပြီ အခုတက်လာခဲ့မယ်

- မင်္ဂလာမနက်ခင်းပါ ဆရာ ကောင်းကောင်းအိပ်ပျော်ရဲ့လား - ဟုတ်ကဲ့

- တစ်ခုခုစားပြီးပြီလား - မစားရသေးဘူး

ဒေးဗစ် ရှင် ရက်ကက်ဘောကစားနေခဲ့တာလား

ရှင့်အတွက် တစ်နာရီလောက်ကူပြောပေးနေတာကို ရှင်က ရက်ကက်ဘော ကစားနေခဲ့တာလား

ကျွန်မတို့ ဓာတ်လှေကားကနေထွက်လာပါပြီ

ဘုတ်အဖွဲ့က စိတ်မကြည်တော့ဘူး

မင်္ဂလာပါ ဒေးဗစ်

ရှင့်စာရှိတယ် ကော့တ်နေလပ်ဗ်က သူ့အီးမေးလ်ရမရသိချင်လို့ ဖုန်းဆက်တယ်

ပြီးတော့ ဂရေဒွန်ကာတာကလည်း ညစာစားဖို့ သေချာလားလှမ်းမေးတယ်

အနုပညာဌာနက ရေကူးဝတ်စုံစာစောင်အတွက် အရောင်တွေ ဆုံးဖြတ်ပေးဖို့လိုနေတယ်

အ၀ါ အနီနဲ့ အဖြူရောင်

ဘုတ်အဖွဲ့ကစိတ်ပျက်နေကြတယ်လို့ ကျွန်မပြောပြီးပြီလား

ရှင်နောက်ကျတယ်နော်

ဒေးဗစ် နေဦး တစ်ခုရွေးသွားဦး

ခဏလေး ဒီတစ်ခုလား ဒေးဗစ်

သူတို့အားလုံး ရှင့်ကို စောင့်နေကြတယ်

- မင်းဆံပင် တစ်ခုခုလုပ်ထားတယ် - ဟုတ်ကဲ့ ပြီးတော့ ဒေးဗစ်

ထင်မြင်ချက်လေးတွေတော့ ပေးစေချင်တယ်နော်

ဒေးဗစ်

မင်းပြောတဲ့ လူပုလေး ၇ ယောက် ဘုတ်အဖွဲ့အကြောင်း အိပ်မက်မက်ဖူးလား

စနီဇီ ဘတ်ရှ်ဖိုး စလီးပီး

ဟက်ပ်ပီး ဒေါ့ဒ် ဒိုပီ ပြီးတော့ ဂရမ်ပီ

- အက်စပန်က ဘယ်လိုလဲ - ကောင်းပါတယ်

ကျွန်တော် အဖြေတွေလိုချင်တယ် အခုကို လိုချင်တယ်

ဘယ်လိုဖြစ်သွားပြီလဲ

ကျွန်တော် ၁၁ နှစ်အရွယ်တုန်းကလိုမျိုး သူတို့ကြည့်နေကြတုန်းပဲ

သူက အားလုံးကို အမွေဆက်ခံမှာလေ သူ အားလုံးရမှာ

- မင်းအိပ်မက်တွေကို လန့်နေတာလား - အဲဒါက အိပ်မက်ဆိုးပါ

မင်းဘာဖြစ်ခဲ့လဲဆိုတာကို ဒီလိုမျိုးပဲ ရှင်းပြတာလား

မင်းမျက်နှာ ဘာဖြစ်တာလဲ

ကျွန်တော် ခင်ဗျားနဲ့ စကားဆက်မပြောချင်တော့ဘူး

မင်းမျက်နှာကို ငါ့ကို မပြချင်ဘူးမဟုတ်လား

မဟုတ်ဘူး

- မင်းဘာလို့ ဒီရောက်နေလဲ မင်းသိလား - စကားပြောဖို့ ကော်ဖီ..

ဒေးဗစ် ငါတို့ ခုခံ ကာကွယ်နေတာတွေ ငြင်းခုံပြောဆိုနေတာတွေက

ငါတို့တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်းနဲ့သိလာဖို့ပဲ

ဘယ်သူမှမလုပ်နိုင်ဘူး

ငါတို့ဒီအပိုင်းကို ကျော်လိုက်ရအောင်

ဘာလို့လဲဆိုတော့ မင်းကို လူသတ်မှုနဲ့တရားစွဲထားလို့ပဲ

လေးပတ်အတွင်းမှာ တရားသူကြီးက ငါ ဘာရေးထားလဲဆိုတာပေါ်မူတည်ပြီး

မင်းရဲ့ကံကြမ္မာကို ဆုံးဖြတ်မှာ

- အဲဒါကြောင့် မင်း ငါနဲ့ စကားပြောရမယ် - ဘာလူသတ်တာမှမရှိဘူး

ဘာလူသတ်တာမှ မရှိဘူးဗျ

ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး

ကျွန်တော်ဘယ်သူနဲ့မှ စကားပြောစရာမလိုဘူး

- ငါ့အကူအညီလိုလား - ငါနဲ့ဝေးဝေးနေ

အေးဆေးနေ ဟေ့ကောင် မင်းအဖြစ်အပျက်တစ်ခုလုံးက အရှင်းကြီးပဲ

တော်ပါတော့ တော်တော့ ကျေးဇူးပြုပြီးထွက်သွားပါ ငါတာဝန်ယူလိုက်မယ်

ကျေးဇူးပြုပြီး ထွက်သွားပါ သူ့ကို ထိန်းချုပ်ထားပါတယ်

မင်းငါနဲ့တွေ့မယ် အဖေချစ်သား ငကြောက်လေး

- ငါ့မိဘတွေကသေပြီကွ ငကြောင်ရ - တော်လောက်ပြီ

- အမှန်ပဲလား - ရဲကောင်း ရဲဆိုး

မင်းက အဖေချစ်သားလား

စီနီယာဒေးဗစ်အိမ်းစ်ရဲ့ အကြောင်း

ကျွန်တော့်အဖေက ၂၁ ရာစုခေတ်အတွက် မွေးဖွားလာတာမဟုတ်ဘူး

သူ ဘယ်တော့မှ မက်ဂ်ဒေါ်နယ်လ်ကိုမသွားခဲ့ဘူး ဘယ်တော့မှ တီဗီမကြည့်ခဲ့ဘူး

ဒါတောင် သူအကြိုက်ဆုံး မဂ္ဂဇင်းက တီဗီဒိုင်ဂျက်စ် ဖြစ်နေတုန်းပဲ

သူနဲ့ကျွန်တော့်အမေက စာပေလောကမှာ အကြီးကျယ်ဆုံးပါတီကို ကျင်းပခဲ့တယ်

မိုးပျံပူဖောင်းစီးတယ် လေထီးခုန်တယ် သူ စွန့်စားမှုတွေကို ရှာဖွေခဲ့တယ်

သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိက

နယူးယောက်မြို့က ထုတ်ဝေသူတိုင်းရဲ့ လက်စွဲစာအုပ်ဖြစ်လာတယ်

ပိုင်နက်ကိုကာကွယ်ခြင်း လို့ခေါ်တဲ့စာအုပ်ပါ

ငါဖတ်ဖူးတယ် စာမျက်နှာ ၁၂၇

ဒေးဗစ်အသေးစားလေးကတော့ ကလေးဘ၀တုန်းက သိပ်ကိုပျော်တတ်တယ်

ငါတစ်ခုခု ကျော်သွားတာရှိလား သူမင်းအကြောင်းရေးတာ အဲဒါအကုန်ပဲလား

ကျွန်တော် အမြင့်အရမ်းကြောက်တယ်ဆိုတဲ့ အချက်ကိုတော့

သူမေ့နေလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး

လှည့်ကွက်တွေ ဆက်ဖြစ်လာတယ်

လွန်ခဲ့တဲ့ ၁၀ နှစ် နှစ်ကူးအကြိုညမှာ သူနဲ့ကျွန်တော့်အမေကို

မူးနေတဲ့ ဆယ်ကျော်သက်တစ်ယောက်က ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတယ်

သူက သူ့ပိုင်နက်ရဲ့သော့တွေကို ကျွန်တော့်လက်ထဲ

အပ်ခဲ့တယ်

၅၁ ရာခိုင်နှုန်းသော ထိန်းချုပ်မှုပေါ့

၄၉ ရာခိုင်နှုန်းက အဖွဲ့ဝင် ၇ ယောက်ပါတဲ့ ဘုတ်အဖွဲ့ဆီမှာ

သူတို့အားလုံးက သူတို့ကိုယ် သူတို့ ပထမဦးစားပေးလို့ ထင်နေကြတယ်

ပြီးတော့ မင်းက အဲဒီဘုတ်အဖွဲ့ဝင် လူပုလေးခုနစ်ယောက်က

မင်းကုမ္ပဏီကို ထိန်းချုပ်ချင်လို့

မင်းကို ဒီထဲထည့်ထားတယ်လို့ ယုံကြည်ထားတယ်မဟုတ်လား

- ခင်ဗျား ဘာတွေသိချင်နေတာလဲ - ငါတို့စကားပြောရုံပါ

ဒီနေ့ ဗုဒ္ဓဟူးနေ့ညပဲ

ငါက ဗုဒ္ဓဟူးနေ့မှာ ငါ့သမီးနှစ်ယောက်နဲ့ ညစာထွက်စားမှာ

အဲဒါကြောင့် ငါ မကြာခင်သွားရမှာ

ငါတို့အချိန်တွေက အကန့်အသတ်ရှိတယ်ဆိုတာ မင်းနားလည်တယ်မဟုတ်လား

ကျွန်တော်ပြောပြမယ်ဆိုရင်

ခင်ဗျားက ကျွန်တော်ရူးနေတယ်လို့ပဲထင်မှာ

ရာဘာမျက်နှာဖုံးဝတ်ထားပြီး ပူးပေါင်းကြံစည်မှုအကြောင်း ပြောနေတဲ့လူကို

အတတ်နိုင်ဆုံး လေးစားသမှုနဲ့ ပြောရမယ်ဆိုရင် ဒေးဗစ်ရေ

ငါ့ကိုယုံပါ မင်းမရူးသေးပါဘူး

ညစာကောင်းကောင်းစားပါ

ဘဝမှာ အခြေခံ ခံစားချက် ၅ မျိုးရှိတယ် ဒေးဗစ်

သူ ဒီမရောက်ခင် ဘယ်ခံစားချက်တွေက သူ့ကိုစိတ်လှုပ်ရှားစေခဲ့တာလဲ ငါ့ကိုပြောပြပါ

အပြစ်ရှိတဲ့ခံစားချက်မျိုးလား အမုန်းလား

ရှက်တာလား

လက်စားချေချင်စိတ်လား

အချစ်လား

ငါလုံးဝကို စကားလမ်းကြောင်းလွဲနေပြီ ဟုတ်တယ်မဟုတ်လား

ဘယ်သူရေခဲလိုလဲ

- အန်မာ - ဒေးဗစ် ပျော်ရွှင်ဖွယ်မွေးနေ့ပါ

မင်းက ဖိနပ်ရွေးတဲ့နေရာမှာတော့ တကယ်တော်တယ်ကွာ

အန်မာ မင်းလဲနက်နဲ့ တွေ့ဖူးလား

မတွေ့ဖူးဘူး ဒါပေမဲ့ ငါတို့မှာတူတာတွေရှိနေလို့ တုန်လှုပ်မိတယ်

ရှင် နှင်းလျှောစီးအသင်းတစ်သင်းလုံးကို ဖိတ်ထားတာလား

ဒါ ငါ့မွေးနေ့လေ

- ဒေးဗစ်ကို ပျော်ရွှင်ဖွယ်မွေးနေ့ပါလို့ ပြောပေးပါ - ပျော်ရွှင်ဖွယ်မွေးနေ့ပါ

ဂရေ့စ်လန်းမှ ကြိုဆိုပါတယ်

ပျော်ရွှင်ဖွယ်မွေးနေ့ပါ ကောင်စုတ်လေး

ပျော်ရွှင်ဖွယ်မွေးနေ့ပါ

ငါ့သူငယ်ချင်းတွေ

ကဲကြရအောင်

ကြီးမြတ်တဲ့ဂျွန်ကောထရိန် သူတို့ဆောင်းပါးကို ကြိုက်မှာပါ

အရမ်း အရမ်းကိုကောင်းတဲ့ဆောင်းပါးပဲဗျာ

မဟုတ်ဘူး ရပါတယ် ရပြီ

- စာပေလောကရဲ့နတ်ဘုရား ဘရိုင်ယန်ရှယ်ဘီ - ပျော်ရွှင်ဖွယ်မွေးနေ့ပါကွာ

- ပုံမှန်အရှုပ်ထုတ်တွေကော ဘယ်လိုလဲ - စိတ်ကူးအတိုင်း ရှင်သန်နေတယ်ကွာ

تبصرې

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left