Indiana Jones and the Kingdom of the Crystal Skull

Indiana Jones and the Kingdom of the Crystal Skull

د Burmese ژباړه ډاونلوډ کړئ

د خپرونې معلومات

Indiana Jone 5(Zawgyi)
د لخوا تبصره victoryzf

تګونه

other
په خپور شو: 2017-08-04
ډاونلوډونه: 70
د اوریدلو معیوبیت: No

د Burmese سرليکونو مخکتنه

لومړۍ 200 کرښې.

အင်ဒီယာနာဂျုန်းစ် နှင့် သလင်းကျောက်ဦးခေါင်းခွံနိုင်ငံတော်

ဟေး ဟေ့လူတွေ

မြန်မြန်လေး

မင်းတို့ အဲဒီအောက်မှာဘာဆွဲထားတာလည်း

- ပြိုင်မောင်းချင်လို့လား - လုပ်လိုက်စမ်းပါ

- လာလေ - လာလေ သွားရအောင်

လုပ်စမ်းပါ

- လုပ်ပါ - လုပ်စမ်းပါ သွားရအောင်

လာလေ သွားမယ်

မြန်မြန်လေးမောင်း မြန်မြန်လေး

နီဗာဒါမြို့ ၁၉၅၇ ခုနှစ်

စိတ်မကောင်းပါဘူး လူကြီးမင်းတို့

ဒီနယ်မြေမှာ လက်နက်စမ်းသပ်မှုတွေ လုပ်မှာမို့လို့ ၂၄နာရီ ပိတ်ထားပါတယ်

ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် လုံးဝအဝင်မခံပါဘူး

မင်္ဂလာနေ့လည်ခင်းပါ ဆရာ

ဗိုလ်မှူးလည်း ၀င်လို့မရပါဘူး ပင်တဂွန်ဌာနချုပ်ကနေ ထုတ်ပြန်ထား..

ကန့်သတ်နယ်မြေ

ရုရှားတွေပဲ

လွယ်မယ့်ပုံတော့ မပေါ်ဘူးနော်

အရင်ကလည်းလွယ်ခဲ့တာမှမဟုတ်တာ

- ဒီ့ထက်ဆိုးတာတွေတောင်ဖြတ်ကျော်လာပြီးပြီပဲ - အင်း ဘယ်တုန်းကလဲ

ဖလန်းစ်ဘက်ခ်ျမှာတုန်းက နှစ်ကြိမ်တောင်ကြုံခဲ့တာလေ

- ကျုပ်တို့ငယ်ငယ်ကပေါ့ - အခုလည်း ကျုပ်ငယ်သေးတယ်လေ

ကျုပ်တို့ဆီမှာ သေနတ်တွေပါတာပဲ

ခင်ဗျား လက်ကြီးအောက်ချထားစမ်းပါ ရှက်စရာကောင်းအောင်လို့

ကျုပ်တို့ဒီက လွတ်နိုင်မလွတ်နိုင် ဒေါ်လာ၅၀၀ကြေးလောင်းမလား

၁၀၀ကြေးပဲလောင်းတော့တာပေါ့

ခင်ဗျား ဒီအဆောက်အဦးကို မှတ်မိတယ်မဟုတ်လား

သွားသေလိုက်လေ

ကျုပ်တောင်းပန်ပါတယ်ဗျာ

ကျုပ်ပြောချင်တာက လဲသေလိုက်ဖို့ပြောတာပါ ရဲဘော်

- သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ - မက္ကဆီကိုမှာပါ

သူတို့ဒီပစ္စည်းကိုမြေကြီးထဲမှာ တူးပြီးရှာနေကြတာ

ခင်ဗျားက ဒီဒေသက မဟုတ်ဘူးမဟုတ်လား

ကျွန်မ ဘယ်ကလာတယ်လို့ ရှင်ထင်လို့လဲ ဒေါက်တာဂျုန်းစ်

ခင်ဗျားစကားပြောတဲ့ လေယူလေသိမ်းကို ကြည့်ရတာတော့

အရှေ့တိုင်းယူကရိန်းသူလို့ထင်တာပဲ

အမှတ်ပြည့်ပေးတယ်

ဗိုလ်မှူးကြီး ဒေါက်တာအိုင်ရင်းနားစပဲလ်ကိုပါ

သုံးကြိမ်ရှိသွားပြီ ရုရှားကွန်မြူနစ်ခေါင်းဆောင်ဘွဲ့တံဆိပ်ရတာ

ပြီးတော့ ဆိုရှယ်လစ်ဝါဒီသူရဲကောင်း ဆုတံဆိပ်ကိုလည်းရထားသေးတယ်

အဲ့ဒါ ဘာဖြစ်လို့လဲ

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက တခြားလူတွေထက် အကုန်သိနေတာမို့လို့

ကျွန်မ မသိသေးတဲ့အရာဆိုရင်လည်း ကျွန်မက လေ့လာဖော်ထုတ်တတ်တယ်

အခု ကျွန်မသိချင်နေတဲ့အရာက ဒီထဲမှာရှိတယ်

ရှင့်စိတ်ကို ဖတ်ဖို့သိပ်ခက်တာပဲ ဒေါက်တာဂျုန်းစ်

ကဲ ဒါဆို ကျွန်မတို့ ခေတ်ဟောင်းနည်းလေးအတိုင်းပဲ လုပ်ကြတာပေါ့

ကျွန်မတို့ကို ရှင်ပြောပြပေးရမယ် ကျွန်မတို့ရှာနေတာကို ကူပြီးရှာပေးရမယ်

ဒီဂိုဒေါင်ကြီးထဲမှာ ရှင်နဲ့ရှင့်ရဲ့အစိုးရတို့ရဲ့

လျှို့ဝှက်ချက်တွေအားလုံး ဖွက်ထားကြတာမဟုတ်လား

ဒါက စစ်တပ်ပိုင်ဂိုဒေါင်ပါ ကျုပ်ဘ၀မှာ ဒီကိုတစ်ခါမှမရောက်ဖူးဘူး

ကျွန်မတို့ရှာနေတဲ့အရာက ထောင့်မှန်စတုဂံပုံ သေတ္တာ

အဲ့ဒါက ၆၆စင်တီမီတာရှိတဲ့မီတာဝက်ပတ်လည် ထုထည်က၂ မီတာရှိတယ်

သေတ္တာထဲမှာဘာပါလဲဆိုတော့ ဆေးရည်နဲ့စီမံထားတဲ့ ရုပ်အလောင်း

ဒါမျိုးက ရှင်နဲ့ အကျွမ်းတ၀င်ရှိပြီးသားပါ

ခင်ဗျားပြောနေတဲ့သေတ္တာအကြောင်း ကျုပ်သိတယ်လို့ဘာဖြစ်လို့ထင်တာလဲ

ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့၁၀နှစ်က

အဲ့ဒါကိုစစ်ဆေးလေ့လာမှုလုပ်တဲ့ထဲမှာ ရှင်က အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့လို့

ဒီမှာ

ခင်ဗျားပြောနေတာတွေ ကျုပ်သိမယ်ဆိုရင်တောင်

အဲ့ဒါကိုရှာဖို့ ကျွန်မတို့ကို ကူညီပေးရလိမ့်မယ်

သံလိုက်အိမ်မြှောင် သံလိုက်အိမ်မြှောင်လိုတယ်

- မြောက်..တောင်..အရှေ့ - အနောက်

သံလိုက်အိမ်မြှောင်မရှိဘူးလား

ဒါဆို ခင်ဗျားရဲ့ကျည်တောင့်တွေလိုတယ်

အဲ့ဒီသေတ္တာထဲမှာပါတဲ့အရာက သံလိုက်အားအရမ်းကောင်းတယ်

ဒါကြောင့် ယမ်းမှုန့်တွေလိုတယ် ကျုပ်အကူအညီလိုချင်လား မလိုချင်ဘူးလား

ကျွန်မကိုလာမကစားနဲ့နော် ဒေါက်တာဂျုန်းစ် ရှင်ဘာတွေလုပ်နေတာလဲ

သံလိုက်ဓာတ်သာရှိဦးမယ်ဆိုရင်

ယမ်းမှုန့်မှာပါတဲ့သတ္တုဓာတ်က ဘယ်မှာရှိလဲဆိုတာ ညွှန်ပြပေးလိမ့်မယ်

ကျည်ခွံ..ကျုပ်ကိုသေနတ်ကျည်ဆံခွံနည်းနည်းပေး

ပလာယာပေး

ရော့စ်ဝဲလ် နယူးမက္ကဆီကို ၁၉၄၇ ခုနှစ်

သေနတ်တွေအောက်ချလိုက် မဟုတ်ရင် ဒေါက်တာစပဲလ်ကို သေပြီပဲ

ဘာလို့လဲ မက်ခ်

အင်း ငါဘယ်လိုပြောနိုင်မှာလဲ ဂျုန်းစ်

ကျုပ်က အရင်းရှင်ဝါဒီသမား တစ်ယောက်

သူတို့က ကျုပ်ကို ငွေပေးတယ်

နှစ်တွေအကြာကြီး ကျုပ်တို့ ကွန်မြူနစ်ကောင်တွေကို စပိုင်လုပ်ခဲ့ကြတယ်

ကျုပ် ခင်ဗျားကို မိတ်ဆွေလို့ထင်ခဲ့မိတယ် မက်ခ်

ကျုပ်လည်း ဒီနောက်ပိုင်း လောင်းကစားကြောင့် ဒုက္ခတွေရောက်နေခဲ့လို့ပါ

တော်တော်ဒုက္ခရောက်နေတာ တော်တော့်ကို ဒုက္ခရောက်နေတာ

ကျုပ်အိမ်ကို ထပ်ပြီး လက်ဗလာနဲ့ ပြန်စရာမလိုတော့ဘူး

ဘာများပြောချင်သေးလဲ ဒေါက်တာဂျုန်းစ်

ကွန်မြူနစ်တွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ သမ္မတကြီးကို ထောက်ခံပါတယ်

သေနတ်အောက်ချလိုက်

ကဲ..ရော့

သေစမ်း ပိုပြီးနီးသွားပြီထင်တာ

လုပ်စမ်းပါ လုပ်စမ်းပါ

ဒီကနေ သူအသက်ရှင်လျက် မထွက်သွားစေနဲ့ ထွက်ပေါက်တွေအကုန် ပိတ်ပစ်ခဲ့

လူတတ်ကြီးသိပ်လုပ်မနေနဲ့ ဘိုးရစ် မင်းသူ့အကြောင်းမသိသေးပါဘူး မင်းမသိဘူးနော်

မင်းသူ့အကြောင်းမသိဘူး မင်းမသိဘူး

သူ့အကြောင်းမင်းမသိဘူး သူ့အကြောင်းမင်းမသိဘူး

ရှင်လုပ်တာကောင်းတယ်

လူရှိလား ဘယ်သူရှိလဲ

လူရှိလား

ဟေး ကျုပ် တံခါးခေါက်ပါသေးတယ် ခင်ဗျားတို့က..

နေစမ်းပါဦး

စလိုက်ရအောင်

ဒါကောင်းတဲ့အသံတော့ မဖြစ်နိုင်ဘူး

တပ်သားများအားလုံး အခု အချိန်၁မိနစ် စသတ်မှတ်ပါတော့မယ်

ရေကာမျက်မှန်တပ်ထားကြပါ မဟုတ်ရင် အမြန်ဆုံးထွက်ခွာပါတော့

ရေကာမျက်မှန်ကိုမချွတ်ကြပါနဲ့ ပထမမီးလင်းပြီး၁၀စက္ကန့်ကြာရင် ပေါက်ကွဲပါမယ်

လုံးဝအခြေအနေမကောင်းတော့ဘူးပဲ

နေဦး နေဦး နေကြပါဦး

ကောင်းရောပဲ ကျုပ်ကိုမစောင့်ဘူးပေါ့

၁၅စက္ကန့်ပဲလိုပါတော့တယ်

၁၀စက္ကန့်ပဲလိုပါတော့တယ်

၉...၈..၇..၆..

၅..၄..

၃..၂..၁..ဝ

မက်ခ်က သူလျှိုဆိုတာ ကျုပ်ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး

ကျုပ်ယူအက်စ်သတင်းထောက်လှမ်းရေးမှာတုန်းက သူက အင်္ဂလိပ်လျှို့ဝှက်ထောက်လှမ်းရေးက

ကျုပ်တို့ဥရောပမှာရော ပစိဖိတ်မှာရော မစ်ရှင်၂၀..၃၀လောက် အတူတူတွဲလုပ်ခဲ့တာ

ကျုပ်တို့ကို ခင်ဗျားရဲ့စစ်ပွဲမှတ်တမ်းတွေ လာမပြောစမ်းပါနဲ့ ဗိုလ်မှူးဂျုန်းစ်

ကျုပ်တို့အားလုံးလည်း တာဝန်ထမ်းဆောင်ခဲ့ရတာပဲ

လာနောက်နေတာလား ခင်ဗျားက ဘယ်ဘက်ကနေခဲ့တာလဲ

ခင်ဗျားအခြေနေကဘယ်လောက် အရေးကြီးနေလဲ ခင်ဗျားမသိသေးဘူးထင်တယ်

ခင်ဗျားက ရုရှားအေးဂျင့်တွေကို အားပေးကူညီခဲ့တယ်

သူတို့က စစ်တပ်အဆောက်အဦးမှာထားထားတဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကို လာဖောက်တာလေ

ကျုပ်တိုင်းပြည်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အလယ်ထိလာပြီးတော့ပေါ့

သူတို့ယူသွားတဲ့ သံသေတ္တာထဲက ပစ္စည်းက ဘာပစ္စည်းလဲ

ခင်ဗျားပြောပြလေ အဲဒါကို ခင်ဗျားမြင်ဖူးပြီးသားပဲလေ

ခင်ဗျားပြောချင်တာက ၁၉၄၇ခုနှစ်က ကျရှုံးခဲ့တဲ့လေတပ်အကြောင်းလား

မှန်တံခါးအမည်းကြီးတွေနဲ့ ဘတ်စ်ကားတစ်စီးထဲ ကျုပ်ကိုအတင်းဆွဲခေါ်သွားတယ်

လူအယောက်၂၀ပါတယ် ကျုပ်ကိုစကားပြောလို့မရအောင်လုပ်ထားတယ်

ဘယ်နေရာမှန်းမသိတဲ့ ညလယ်ကြီးမှာ ဆွဲခေါ်ခံခဲ့ရတာ

တော်တော်အရေးကြီးနေတဲ့ပုံပဲ

အပျက်အစီးအပိုင်းအစတွေနဲ့

ကိုယ်လက်အင်္ဂါဖြတ်တောက်ထားတဲ့ရုပ်အလောင်းကို ဖုံးထားတဲ့သံလိုက်အားကောင်းတဲ့ အ၀တ်စ

ဘယ်သူမှ အဲ့ဒါကို အပြည့်အစုံ မမြင်ဖူးဘူး

ကျုပ်တို့ဒီအကြောင်းပြောနေတာ နိုင်ငံတော်သစ္စာဖောက်မှုပဲနော်

အဲ့ဒါကြောင့် ကျုပ်ကိုပြောပြ သေတ္တာထဲမှာ ဘာပါလဲ

အင်ဒီရေ တော်ပါသေးရဲ့ကွာ

ရေခဲသေတ္တာထဲဝင်တာ ဘယ်လောက်အန္တရာယ်များလဲ မသိဘူးလား

အဲ့ဒါတွေက မရဏထောင်ချောက်တွေကွ

ကျုပ်လည်း တွေ့ရတာဝမ်းသာပါတယ် ဘော့

အေးဆေးပေါ့ကွာ ဒေါက်တာဂျုန်းစ်ကို ငါအာမခံပါတယ်

ဘာတွေဖြစ်နေတာလဲ

ရုရှားစုံထောက်တွေ အမေရိကန်မြေပေါ် ရောက်နေတာလား အဲ့ဒီအမျိုးသမီးကရောဘယ်သူလဲ

သူ့ပုံစံကို ပြောပြကြည့်

ပိန်ပိန်ပါးပါး အသက်၃၀လောက်

ဦးချွန်နှစ်ဖက်သွားပုံစံ ၆လက်မရှိတဲ့ ဓားရှည်မျိုးလည်း ပါသေးတယ်

အင်း ဟုတ်တယ် သူပဲ

သူ ဒီရောက်နေတာသေချာလား

ဒီရောက်လာပြီး ပြန်ထွက်သွားပြီ သူကဘယ်သူလဲ

အိုင်ရင်းနားစပဲလ်ကို.. သူကရုရှားကွန်မြူနစ်ခေါင်းဆောင်

သူ့အကြိုက်ဆုံးသိပ္ပံပညာကျ သဘာဝလွန်သုတေသနသိပ္ပံပညာလို့ပြောလည်းရပါတယ်

ဗိုလ်ချုပ်ရော့စ်...

သူက ရုရှားကနေပြီးတော့ တစ်ကမ္ဘာလုံးက သူ့အဖွဲ့တွေကို ဦးဆောင်နေတာ

သူက စစ်တပ်မှာအသုံးပြုလို့ရတဲ့ သဘာဝလွန် ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာနေတာ

- ဗိုလ်ကြီးရော့စ် - အသာနေစမ်းပါ ပေါလ်

စစ်တပ်ထဲကလူတွေအကုန်လုံး ကွန်မြူနစ် မဟုတ်ပါဘူး အင်ဒီကပိုပြီးတော့သေချာတာပေါ့

နျူကလီးယားပေါက်ကွဲမှုမှာ အသက်ရှင်နေလို့ ဆိုတာအပြင် တခြားဘာနဲ့ကျုပ်ကိုစွပ်စွဲနေတာလဲ

အခုထိတော့ သေချာမသိရသေးဘူး

ဒါပေမဲ့ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားကဂျော့ခ်ျမိုက်ကယ်နဲ့ဆက်သွယ်မှုရှိတယ်

စစ်ကြီးအတွင်းက အဲ့ဖြစ်ရပ်တွေအပါအဝင် ခင်ဗျားရဲ့ လုပ်ရပ်တွေက သံသယဖြစ်စရာကြီးပဲ

မင်းတို့ ရူးနေလား

ဒီကောင် ဆုတံဆိပ်တွေ ဘယ်လောက်ရထားလဲသိလား

အများကြီးပဲရထားတာ သေချာပါတယ်

ဒါပေမဲ့ သူက အဲ့ဒါတွေနဲ့ ထိုက်တန်ရဲ့လား

ဒေါက်တာဂျုန်းစ် အခုအနေနဲ့ပြောရရင် ဗျူရိုက ခင်ဗျားကို လုံးဝစိတ်ဝင်စားနေကြတယ်

တကယ့်အကြီးကြီး စိတ်ဝင်စားနေကြတယ်

မြောင်းပုံပါတဲ့ကြွေထည်တွေက ခေတ်သစ်ရေနုတ်မြောင်းဓလေ့မှာ အစပြုခဲ့တယ်

အဲ့ဒါတွေကို စကော့တလန်အနောက်ဘက်ကမ်းခြေ စကာရာဘရေးမှာ တွေ့နိုင်တယ်

စကာရာဘရေးရဲ့သက်တမ်းက ဘီစီ၃၁၀၀ရှိနေပြီ

အဲ့ဒါက နောက်နှစ်ပေါင်း ၆၀၀ အထိ ဆက်လက်တည်ရှိခဲ့တယ်

မြို့ပျက်သွားတဲ့ ဘီစီ၂၅၀၀လောက်အထိပေါ့

အဲ့ဒီမှာနေထိုင်ခဲ့တဲ့လူသားတွေက ဘာ့ကြောင့် ဒီ့လောက်ကောင်းတဲ့နေရာကို

စွန့်ခွာသွားကြလဲဆိုတာတော့ ဘာအထောက်အထားမှမရှိခဲ့ဘူး

- ခဏလောက် အချိန်ပေးလို့ရမလား ပရော်ဖက်ဆာ - ရပါတယ်

အခန်း၎ရဲ့ မိုက်ကယ်ဆန်အကြောင်း ဖွင့်ဖတ်ထားကြ

ဆရာပြန်လာရင် နေထိုင်ခြင်းနဲ့ထွက်ခွာခြင်းရဲ့ ခြားနားချက်ကိုဆွေးနွေးမယ်

ဘာပြောတယ်

အုပ်ချုပ်ရေးအဖွဲ့က ဘယ်လောက်ဖိအားပေးနေလဲ ခင်ဗျားမသိပါဘူး

ဒီမနက်အက်ဖ်ဘီအိုင်ကလူတွေ ခင်ဗျားရုံးခန်းထဲက ဖိုင်တွေအားလုံး မွှေနှောက်ရှာဖွေသွားကြတယ်

ခင်ဗျားက တက္ကသိုလ်ဌာနမှူးကြီးလေ သူတို့ကိုဘာဖြစ်လို့ မတားတာလဲ

သူတို့မှာ အဲ့ဒီလိုလုပ်ပိုင်ခွင့်မှမရှိတာ

သူတို့မှာလုပ်ပိုင်ခွင့်အားလုံးရှိတာပေါ့ သူတို့က လူရမ်းကားတွေမှမဟုတ်တာ

သူတို့က ရှာဖွေခွင့်ဝရမ်းပါတဲ့ ဗဟိုအစိုးရအေးဂျင့်တွေ

တက္ကသိုလ်က အဲ့ဒီလိုကိစ္စမျိုးတွေ စွဲချက်တင်ခံရတဲ့အခြေနေတွေနဲ့

အမှုပတ်တာမျိုး လုံးဝလက်မခံနိုင်ဘူးလေ

ဒါဆို အခု ကျုပ်ကို အလုပ်ဖြုတ်နေတာလား

ခွင့်မဲ့တစ်ရက်ပျက်ကွက်ရင် ပြီးသွားပြီ ဒါကြောင့် အချိန်အကန့်အသတ်မရှိပျက်ကွက်လိုက်

- ခင်ဗျားက ကျုပ်ကိုအလုပ်ထုတ်နေတာပဲ - သူတို့က...အချိန်အတိုင်းတာတစ်ခုထိ

ခင်ဗျားလစာကို ဆက်ပြီးပေးနေဖို့ သဘောတူလိုက်တယ်

ကျုပ် သူတို့ပိုက်ဆံလည်းမလိုချင်ဘူး

အရုးမထစမ်းပါနဲ့ကွာ

ခင်ဗျားအတွက် ကျုပ်ဘာပေးဆပ်လိုက်ရလဲ ခင်ဗျားမသိပါဘူး

ခင်ဗျားက ပေးဆပ်တယ်ဟုတ်လား

ဘာများပေးဆပ်လိုက်ရလဲ ချာလီ

ဟင်နရီ...

ကျုပ်အလုပ်ထွက်ခဲ့တယ်

ဘယ်သွားမလို့လဲ

ရထားနဲ့ နယူးယောက်ကိုသွားရင် လန်ဒန်ကိုညတွင်းချင်းရောက်မယ်

လိုက်ပ်ဇစ်မှာ ကျုပ်စာသင်လို့မရတော့ဘူးလေ ဟိန်းရစ်ခ်ျ ကျုပ်ကိုကမ်းလှမ်းထားတာရှိတယ်

ကျုပ်နေရာအတည်တကျဖြစ်သွားရင် ခင်ဗျားကို ကြေးနန်းရိုက်လိုက်မယ်

ကျုပ်ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပို့ပေးလိုက်ပေါ့

ခင်ဗျားကို ဒီမှာနေဖို့ ဆက်ဆွဲထားလို့ မရတော့ဘူးထင်တယ်

ကျုပ် ဒီနိုင်ငံကို မေ့ပစ်လိုက်တော့မယ်

More Burmese subtitles for Indiana Jones and the Kingdom of the Crystal Skull

تبصرې

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left