The Killing of a Sacred Deer

The Killing of a Sacred Deer

د Burmese ژباړه ډاونلوډ کړئ

د خپرونې معلومات

The Killing of Scared Deer(2017)
د لخوا تبصره Snoopy6

تګونه

other
په خپور شو: 2022-07-03
ډاونلوډونه: 43
د اوریدلو معیوبیت: No

د Burmese سرليکونو مخکتنه

لومړۍ 200 کرښې.

- နာရီက ကောင်းသားပဲ - ကျေးဇူးပဲ

- ရေစိုဒဏ် ဘယ်လောက်အထိ ခံနိုင်လဲ - မီတာ ၂၀၀ အထိ

- ရက်စွဲကိုပါ ပြတယ်ပေါ့ - ဟုတ်ပါတယ်

ကျွန်တော်သာဆို သားရေလက်ပတ်အစား သတ္ထုလက်ပတ်ကို ရွေးမှာ

- ဟုတ်လား - အင်း

သတ္ထုလက်ပတ်ဆို ကျွန်တော်ပိုကြိုက်တယ်

ဒီနာရီပတ်လာတာ နှစ်တော်တော်ကြာပြီ အသစ်အတိုင်းပဲ

- ရေစိုဒဏ် ဘယ်လောက်ခံနိုင်လဲ - မီတာ ၁၀၀

- ပတ်တာ ဘယ်နှစ်နှစ်လောက် ရှိပြီလဲ - ၉ နှစ်လောက်

ပြောရရင် ဒီနာရီကို နည်းနည်းတော့ ငြီးငွေ့နေပြီ

အခု အသစ်တစ်လုံးဝယ်ဖို့ စဉ်းစားနေတာ ကြာပြီ

ဟုတ်ပြီ ဒါဆိုဒီလိုလုပ်မယ် ကျွန်တော် နာရီဝယ်တဲ့ဆိုင်ကို သွားကြမယ်

ခင်ဗျားက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေပါလို့ ပြောလိုက်ရင်

ခင်ဗျားကို ဈေးလျှော့ပေးမှာ သေချာတယ်

ဆိုင်ရှင်ရော သူ့အဖေရောက ကျွန်တော့်လူနာတွေဆိုတော့

ကျွန်တော်က သူတို့နဲ့ တော်တော်ရင်းနှီးတယ် စဉ်းစားကြည့်ပေါ့

- ဟိုင်း - ဟိုင်း

စောင့်ခိုင်းထားရတာ တောင်းပန်ပါတယ် ဘာစားပြီးပြီလဲ

အခုပဲ ပန်းသီးပိုင်မုန့်တစ်ခု စားထားတယ်

မသွားခင် ကျွန်တော်တစ်ခုခု စားလို့ရမလား ဗိုက်အရမ်းဆာနေလို့ပါ

ရတယ်လေ စားပါ ဘာမှမဖြစ်ပါဘူး

ဦးလေးရော ဘာမှမစားတော့ဘူးလား ကြက်တောင်ပံတို့..

ရတယ် မစားတော့ဘူး မင်း ပိုက်ဆံရှိလား ငါ့ဆီက ယူလို့ရတယ်နော်

ဟုတ်ကဲ့ ရှိပါတယ် ကျေးဇူးပဲ ပြန်လာခဲ့မယ်နော်

- မင်း ဆံပင်ညှပ်ထားတာလား - ဦးလေး ကြိုက်လား

ကြည့်ကောင်းပါတယ်

အာလူးကြော်တွေ မစားဘူးလား

- နောက်ဆုံးမှစားမလို့ ချန်ထားတာပါ - ဘာလို့လဲ

ကျွန်တော်က အာလူးကြော်ကို အရမ်းကြိုက်တာ အမြဲတမ်းနောက်ဆုံးမှစားဖို့ ချန်ထားတတ်တယ်

ဦးလေးလည်း အဲဒီလိုမျိုးပဲ

ကျွန်တော်ဒီနေ့ နောက်ကျသွားတာ တောင်းပန်ပါတယ် စတီဗင်

ရပါတယ် ဘာမှမဖြစ်ပါဘူး

သူငယ်ချင်းတစ်ယောက်အိမ်ကို သွားလည်နေလို့ပါ

သူ ဆိုင်ကယ်အသစ်တစ်စီး ရထားလို့ သွားကြည့်တာပါ

သူနဲ့အတူ ဆိုင်ကယ်လိုက်စီးခိုင်းနေလို့ နောက်ကျသွားတာ

ရပါတယ်

သူကျွန်တော့်ကိုတောင် ခဏပေးမောင်းသေးတယ်

မင်းတို့ ဦးထုပ်ဆောင်းကြမယ်လို့တော့ မျှော်လင့်ပါတယ်

အင်း ဆောင်းတာပေါ့ သိပ်မြန်မြန် ကြီးလည်း မမောင်းခဲ့ပါဘူး

မင်းအတွက် လက်ဆောင်ဝယ်ထားတယ်

ကျေးဇူးအများကြီး တင်ပါတယ် ဘာများလဲ

ဘာများလဲ

အရမ်းကောင်းတာပဲ

ကျွန်တော် ဦးလေးကို ဖက်လို့ရမလား

ကျေးဇူးအရမ်း တင်ပါတယ်

အရမ်းမိုက်တယ် ရေအောက် မီတာ ၂၀၀ အထိ ရေစိုခံတယ်

သတ္ထုက အရောင်ပြယ်မှာလား

ကျွန်တော်က သားရေလက်ပတ်ကို ပိုသဘောကျတယ်

အရောင်တော့ ပြယ်လိမ့်မယ် မင်းကြိုက်တဲ့လက်ပတ် တပ်လို့ရပါတယ်

ဒါပေမဲ့ သတ္ထုက ပိုအကြမ်းခံတယ် အဲဒါကြောင့် သတ္တုလက်ပတ် ဝယ်ခဲ့တာ

ပိုပြီးတော့လည်း ဈေးကြီးတယ်

အဖေ

သမီးတို့ကျောင်းက ကလဲယား ကို မှတ်မိလား

- အင်း - သူ့မွေးနေ့ရှိလို့

သူ့အိမ်မှာ ၂ ပတ်အတွင်း မွေးနေ့ပါတီလုပ်မှာ

တစ်တန်းလုံးနီးနီး ဖိတ်ထားလို့ သွားလို့ရမလား

အင်း ကြည့်ကြတာပေါ့

အဖေ ကင် သွားရင် သားပါ လိုက်သွားလို့ ရမလား

မပြောတတ်ဘူး သား..

မင်း မေမေနဲ့ဖေဖေတို့ တိုင်ပင်ပြီးရင် ဆုံးဖြတ်တာပေါ့

သူတို့သွားကြပါစေ ကလဲယား က တကယ်လိမ္မာတဲ့ ကလေးပါ

ကုန်တိုက်မှာ သူတို့မိသားစုနဲ့ ဆုံတုန်းက

ဆရာဝန်ဖြစ်ချင်တဲ့အကြောင်း ပြောပြတဲ့ ကောင်မလေးလေ

နှလုံးအထူးကု ဖြစ်ချင်တယ်ဆိုတဲ့ တစ်ယောက်ပေါ့

အင်း ကိုယ်မှတ်မိပါတယ်

ဒီနေ့ အလုပ်ဘယ်လိုလဲ

ကောင်းပါတယ် မင်းရော

ကျွန်မ ဆေးခန်းမှာ အပြောင်းအလဲ နည်းနည်းလုပ်ဖို့ ဆုံးဖြတ်ထားတယ်

ဆေးခန်းကို ဆေးပြန်သုတ်ပြီးတော့ ဆိုဖာအသစ်တစ်ခု ဝယ်မလားလို့

ကြည့်ပါဦး လက်ပြင်ကြီး ကိုင်းနေတာ

မေမေ ဘယ်နှစ်ခါပြောရမလဲ အဲဒါ ခါးနာလိမ့်မယ်လို့

ဆံပင်ကလည်း ပန်းကန်ထဲမှာ တန်းလန်းကျနေပြီ

ဘော့ဘ် သား ဆံပင်ညှပ်မယ်လို့ အဖေ့ကို ကတိပေးထားတယ်မလား အခုထိ မညှပ်ရသေးပါလား

- ညှပ်ပါမယ် - မနက်ဖြန်သွားလိုက်

မနက်ဖြန်တော့ မရဘူး အဖေ ပါတီပြီးမှပဲ သွားတော့မယ်

ကျွန်မတော့ သူဆံပင်အရှည်ထားတာကို ကြိုက်တယ် သူ့ဆံပင်က အရမ်းကောင်းတယ်

- သမီးကရော - သမီးလည်း ကောင်းပါတယ်

အမေတို့အားလုံး ဆံပင်ကောင်းကြတယ်

ရှင်သဘောကျတဲ့ဝတ်စုံ ဝယ်လာခဲ့တယ်

မနက်ဖြန်ကျရင် ရှင့်အတွက် ဝတ်ခဲ့မယ်

ပြင်စရာတွေ ရှိသေးလို့ လောလောဆယ်တော့ ဝတ်ပြလို့မရသေးဘူး

မနက်ဖြန် သွားရွေးရမယ်

- အနက်ရောင်ဝတ်စုံလား - ရှင် သဘောကျတာ

- အနက်ရောင်မလား - အင်း

နောက်တစ်ထည်ကလည်း မင်းနဲ့ လိုက်ပါတယ်

ဒါပေမဲ့ အနက်ရောင်ကတော့ ပြောစရာမရှိအောင်ကို လှတယ်

နည်းနည်းများ တိုနေမလားလို့တော့ စိုးရိမ်မိတယ်

ဒူးအောက်ရောက်နေမယ်ဆိုရင် ပိုကောင်းတယ်

ဝတ်စုံက တိုတိုရှည်ရှည် မင်းက အရမ်းလှပါတယ်

မနက်ဖြန် ကျွန်မ သံပုရာကိတ်မုန့် ဖုတ်မယ်

ရှင်ကလွဲပြီး တစ်ခြား ဘယ်သူ့ကိုမှ မကျွေးဘူး

ကလေးတွေကိုရောလား

- ကလေးတွေကိုရောပဲ - သနားစရာ ကလေးတွေပဲ

သူ မျက်လုံးအထူးကု ဖြစ်ချင်တယ်လို့ ဘော့ဘ်

ဟိုနေ့က ပြောခဲ့တာကို ရှင့်ကို ပြောပြပြီးပြီလား

အင်း ပြောပြီးပြီ

မင်းက ကျောက်မီးသွေးတူးတဲ့သူဆို ဘော့ဘ် လည်း အဲဒါ လိုက်လုပ်မှာပဲ

မီးလေး နည်းနည်းထပ်ဖွင့်ပေးပါဦး

မေ့ဆေးအကြောင်းလား

မေ့ဆေးအကြောင်းပဲ

ဘယ်လိုနေလဲ

အပြစ်ပြောစရာကို မရှိတာ

- မာတင် - အင်း

ဦးလေးကို ကြိုမပြောဘဲ ဆေးရုံကို မလာတာ

အကောင်းဆုံးပဲလို့ ဦးလေး ပြောမထားဘူးလား

ဟုတ်ပါတယ် ဦးလေးမှန်ပါတယ် ဆောရီး နောက်ထပ်ကျေးဇူးတင်ချင်လို့ လာခဲ့တာပါ

ပြီးတော့ နာရီအတွက် အသစ်ဝယ်ထားတဲ့ လက်ပတ်ကိုလည်း ပြချင်လို့ပါ

ကျွန်တော် သတ္ထုလက်ပတ်ကို သားရေနဲ့ လဲလိုက်တယ်

တောင်းပန်ပါတယ် ဦးလေးကို စိတ်မသက် မသာဖြစ်အောင် တမင်လုပ်တာ မဟုတ်ပါဘူး

သွားလိုက်ဦးမယ်

မာတင် ဒီကိုလာပါဦး

ဘယ်လိုလက်ပတ် ဝယ်ခဲ့တာလဲ

- အညိုရောင်သားရေပါ - ဦးလေးကို ပြပါဦး

- အရမ်းကောင်းတယ် - တကယ်လား

- ဒါမှဟုတ် ဒီအတိုင်းပြောလိုက်တာလား - မဟုတ်ဘူး ဦး တကယ်ကြိုက်တာပါ

နောက်တစ်ခါဒီကို လာချင်ရင် ဦးကိုအရင် ဖုန်းကြိုဆက်နော်

ဦးလေးဖုန်းနံပါတ်မင်းဆီမှာ ရှိသားပဲ

မင်းအတွက် ပြောတာပါ

ဦးက လူနာကြည့်နေတာတို့ ခွဲခန်းဝင်နေတာတို့ အစည်းအဝေးတက်နေတာတို့ ဖြစ်နိုင်တယ်လေ

ဦးလေးထွက်မတွေ့နိုင်ဘဲ မင်းစောင့်နေရတာက ဘာအဓိပ္ပါယ် ရှိမှာလဲ

မင်းအတွက် ပြောတာပါ မင်္ဂလာနံနက်ခင်းပါ

မင်္ဂလာနံနက်ခင်းပါ စတီဗင် ဆေးစစ်ချက် အဖြေတွေရပြီ

ခင်ဗျားစားပွဲပေါ် တင်ထားလိုက်ရမလား

အဲဒီလိုပဲ လုပ်ပေးပါ ခဏနေရင် ကျွန်တော်ကြည့်လိုက်ပါမယ်

- ခဏနေရင် လာခဲ့ပါမယ် - ကောင်းပါပြီ

ကျွန်တော်တို့နာရီတွေ ဆင်တူတာပဲ

မိတ်ဆက်ပေးပါရစေ

ဒီကလေးက ကျွန်တော့်သမီးရဲ့ အတန်းဖော်ပါ

မာတင် နဲ့ သူ့မိဘတွေကို ပြီးခဲ့တဲ့အပတ်က ကုန်တိုက်မှာ အမှတ်မထင် ဆုံခဲ့တယ်

သူက ဆေးပညာကို အရမ်း စိတ်ဝင်စားတယ်လို့ ပြောတယ်

သူက နှလုံးအထူးကု ဖြစ်ချင်တာတဲ့

အဲဒါကြောင့် တစ်ခါတစ်လေ ဒီကိုလာခဲ့ဖို့ ကျွန်တော်ပြောထားတာ

ဒါဆိုရင် ဆရာဝန်အလုပ်က ဘယ်လို လုပ်ရလဲဆိုတာ သူသိသွားတာပေါ့

မာတင် ဒါက ဦးရဲ့မိတ်ဆွေ မက်သရူး ပါ ဦးရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပေါ့

ပြီးတော့ အရမ်းလည်းတော်တဲ့ မေ့ဆေးဆရာဝန်

ကောင်းပါတယ်

တွေ့ရတာ ဝမ်းသာပါတယ်

တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျား အဆင်သင့်ဖြစ်ရင် ပြောပါ

ဦးလေး ပြန်ဝင်ရတော့မယ်

နောက်တစ်ခါတွေ့ဖို့ကို ဖုန်းနဲ့စီစဉ်မယ် ဟုတ်ပြီလား

ဟုတ်ကဲ့ပါ သွားလိုက်ဦးမယ်

ဒီ ၃ လအတွင်း သမီး အများကြီး တိုးတက်လာတယ်

တေးသံစုံဝိုင်း ဒါရိုက်တာလည်း အဲဒီလိုပဲ ပြောတယ်

အရှေ့နဲ့ ပိုနီးတဲ့နေရာမှာ ထားပေးဖို့ သူ့ကို ပြောဖြစ်သေးလား

ဟုတ်ကဲ့ ပြောလိုက်ပါတယ် သူ တတ်နိုင်တာ လုပ်ပေးပါမယ်တဲ့

ဘော့ဘ် ရေ ပန်းပင်တွေ ရေလောင်းပြီးပြီလား သား

မေမေက သူလောင်းလိုက်မယ်တဲ့

သားအမေက အလုပ်အရမ်းလုပ်တာ

အဲဒါကြောင့် ဖေဖေတို့ တတ်နိုင်သလောက် ကူညီရမယ်လို့ ပြောထားတယ်မလား

ဒါကြောင့် ကင် က ခွေးနဲ့ လမ်းလျှောက်ထွက်ပေးမယ်

သားက ပန်းပင်ရေလောင်းပေးမယ်လို့ သဘောတူထားတယ်လေ

သားက ခွေးနဲ့လမ်းလျှောက်ထွက်ပြီး ကင် က ပန်းပင်ရေလောင်းလို့ မရဘူးလား

ညဘက်တစ်ယောက်တည်း လျှောက်သွားလို့ မရသေးဘူး သားကအရမ်း ငယ်သေးတယ်လေ

- ဘီးအတွက် ကျေးဇူးပဲ - ရပါတယ်

သွားကြရအောင်

နေစောင်းသွားပြီဆိုတော့ ပန်းပင် ရေလောင်းဖို့ ဘော့ဘ် ကို ပြောလိုက်ဦး

ကျွန်မလောင်းပြီးပါပြီ လာ နောက်ကျနေပြီ သွားရအောင်

- ဂွတ်နိုက် သမီး - ဂွတ်နိုက်

ပထမဆုံး နှလုံးသွေးကြောပိတ်ကုသနည်းကို ဂျာမနီလူမျိုး အန်ဒရီရတ်ဂရန်စစ် က

ပြုလုပ်စမ်းသပ်ခဲ့တာဟာ ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ဆိုရင်

နှစ်ပေါင်း ၄၀ တိတိ ကြာမြင့်ခဲ့ပါပြီ

ဒီနေ့မှာ အဲဒီလူနာဟာ ကောင်းကောင်းမွန်မွန် အသက်ရှင် နေထိုင်နေပါတယ်

ဒေါက်တာ ဂရန်စစ် ကတော့ ကံမကောင်းစွာနဲ့ မတော်တဆမှုတစ်ခုကြောင့်

အချိန်မတိုင်ခင် ကွယ်လွန်သွားခဲ့ပါပြီ

အတိုချုပ်ရရင် သူ့အဖြစ်က ခွဲစိတ်မှု အောင်မြင်လိုက်ပေမဲ့

ဆရာဝန်ကတော့

အသက်မမှီလိုက်ဘူးလို့ ပြောနိုင်တဲ့

ရှားပါးဖြစ်ရပ်တွေထဲက တစ်ခုပေါ့

အဲဒီပထမဆုံး နှလုံးသွေးကြောပိတ်ကုသမှု အပြီး နောက် နှစ် ၄၀ အတွင်းမှာ

ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်

နည်းပညာနဲ့ သိပ္ပံဆိုင်ရာ တိုးတက်မှု အသစ်အသစ်တွေကနေတဆင့်..

စီးကရက် သွားသောက်လိုက်ဦးမယ် ဘားမှာ ရှိနေမယ်

အင်း

ကြွက်သားတွေကို ထိခိုက်မှု အနည်းအကျဉ်းသာ ဖြစ်စေတဲ့ ခွဲစိတ်မှုတွေ

နှလုံးရပ်တန့်မှုအတွက် နည်းလမ်းသစ်တွေ ကုသမှုသစ်တွေပါ တွေ့ရှိခဲ့ပါတယ်

အဲဒီထဲမှာ ပါဝင်တာက စတမ်းဆဲလ်နဲ့ ဝဲဘက်သွေးပြန်ကြော ပြန်လည်ပြင်ဆင်မှုနဲ့

တွေ့ကြတဲ့အတိုင်းပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေကြတဲ့

သွေးလည်ပတ်ခြင်းကို စက်ပစ္စည်းနဲ့ ထောက်ကူမှုတွေပေါ့

ဖျော်ပေးတဲ့လူက အဲဒီထဲမှာ ဘာတွေပါလဲ ဆိုတာကို ပြောပြပါတယ်

အခု မမှတ်မိတော့ပေမဲ့ သောက်လိုက်ရတာ လူကတော့ တော်တော်လန်းသွားတယ်

- သောက်ဦးမလား - မသောက်တော့ပါဘူး ကျေးဇူးပဲ

သောက်ကြည့်ပါ တကယ်အရသာရှိတယ်

ဒီပိုက်နဲ့ သောက်လို့ရတယ် ကျွန်တော် မထိရသေးဘူး

သူ ဘာမှမသောက်တာ ၃ နှစ်ရှိပြီလေ

မဟုတ်ရင် GGT တွေမြင့်ပြီး အမိုင်နို အက်ဆစ်ကို ပြောင်းပေးတဲ့

အမ်ဇိုင်းတွေ မြင့်တက်လာရော

အင်း မသောက်တာ ကောင်းတာပေါ့

ကျွန်တော်ကတော့ ကော့တေးလ်တစ်ခွက် လာပေးရင် ငြင်းမှာမဟုတ်ဘူး

ဒါပေါ့ အခုချက်ချင်း ယူလာပေးပါမယ်

- ကျွန်မတို့ ခဏနေရင် သွားကြမယ် - အင်း

- စောပါသေးတယ် - မနက်ဖြန်မနက် သူခွဲခန်း ဝင်ရဦးမယ်လေ

- သူ အိပ်ဖို့ လိုသေးတယ် - စောပါသေးတယ်

ကျွန်တော်တို့ မနက်ဖြန်ကျရင် ခွဲခန်း ဝင်ရဦးမယ်

ဟုတ်ပါပြီ

- ကလေးတွေရော ဘယ်လိုလဲ - အရမ်းအဆင်ပြေပါတယ်

ဘော့ဘ် က စန္ဒရား စသင်နေပြီ ဆရာကသူ့ကို အရမ်းတော်တယ်လို့ ချီးမွမ်းတယ်လေ

သူအိမ်မှာ လေ့ကျင့်လို့ရအောင် ကျွန်မတို့က သူ့အတွက် စန္ဒရားတစ်လုံး ဝယ်ပေးရတော့မှာ

အဲဒီဘက်ကို မလှည့်ဖြစ်သေးတာနဲ့ပဲ ကျွန်မက ဆေးခန်းကို ပြန်ပြင်ဆင်နေတာလေ

ကျွန်တော်ဆို တစ်နေကုန် ဖုန်းကိုင်ထားရတယ် ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့သမီး

- ရာသီသွေး စလာတယ် - ကောင်းတာပေါ့

تبصرې

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left