Bush

Bush

د Burmese ژباړه ډاونلوډ کړئ

د خپرونې معلومات

Over The Garden Wall (Complete Episode)(Burmese)(MMSUB)
د لخوا تبصره PyaePhyoPaingOo
စီးပွားဖြစ်ပြန်လည်အသုံးချခြင်းလုံးဝခွင့်မပြုပါ❗

تګونه

other
په خپور شو: 2021-10-14
ډاونلوډونه: 61
د اوریدلو معیوبیت: No

د Burmese سرليکونو مخکتنه

لومړۍ 109 کرښې.

❗ This Translation Subtitles is for private viewing only. ❗

အခန်း၁ - "ကြိတ်စက်အဟောင်းကြီး"

အချိန်ရာဇဝင်များစွာမှာ တိမ်မြုပ်သွားခဲ့တဲ့နေရာတစ်ခု

အဲ့ဒီနေရာကိုလူနည်းနည်းလောက်သာမြင်ဖူးကြတယ်

ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့အဲ့နေရာကို "အမည်မသိ"နေရာ လို့ခေါ်ကြပါတယ်

လူတွေဒီသစ်တောကြီးကိုဖြတ်သွားတိုင်း

မေ့လျော့နေတဲ့ပုံပြင်များဟာအဲ့ဒီနေရာမှာ တဖန်ပြန်လို့ပေါ်လာပါတော့တယ်

အန်တဲလုပ် ဂူဂန်ဟိုင်းမ်

အဲလ်ဘတ် စလာမီ ဂစ်ဂလီ ဂျန်ပီ

တွန် သောမတ်စ် တမ်ဘောရင်းန် လဂ်ဖေ့စ် မက်ကောလင်း အာတီချုက်

ပင်ဂွင်း ပိ(တ်) စတီဗ်

အဲ့ဒီနာမည်တွေကတော်တော်ဆိုးတဲ့ နာမည်တွေလို့သားထင်တယ်

ဒီဖားလေးကိုနာမည်ပေးဖို့ဆိုရင်လေ

နေဦး ခနနေဦး

အမ် "ဂရက်ဂ်"

ငါတို့တွေဘယ်ရောက်နေတာလဲ

တောထဲမှာလေ

ငါတို့တွေအပြင်ဘာထွက်လုပ်နေကြတာလဲကိုပြောတာ

အိမ်ကိုလမ်းလျှောက်ပြန်နေကြတာလေ

"ဂရက်ဂ်"ရေငါတို့တော့ လမ်းပျောက်နေပြီထင်တယ်

ငါတို့တွေလာတုန်းကသဲလွန်စတို့ဘာတို့ လမ်းပေါ်မှာချန်ထားခဲ့သင့်တယ်

သားဘောင်းဘီထဲကသကြားလုံးတွေကို လမ်းပေါ်မှာသဲလွန်စချန်ထားမယ်လေ

နိုး ငါလမ်းပျောက်နေတာတောင် နာကျင်နေရတဲ့ငါရဲ့နှလုံးသားလေးဟာ

ငါ့ရဲ့အိမ်ကြီးဆီမှာတစ်စစီကွဲကြေလို့နေရဲ့

သုဿန်မြေပေါ်မှာပျောက်ဆုံးသွားတဲ့ ငါ့ရဲ့အချစ်တွေဟာပြန့်ကြဲလို့နေပြီး

ငါ့အတွက်တော့...

အိုး မင်းကြားလိုက်လား

ဟုတ်

အဲ့အမှောင်ထဲမှာပုဆိန်ကိုင်ထားတဲ့ စိတ္တဇအရူးတစ်ယောက်က

အပြစ်မဲ့တဲ့သူတွေကိုဖမ်းဖို့ စောင့်နေတယ်လို့မထင်ဘူးလား

ဂရက်ဂ် ဂရက်ဂ်

ဂရက်ဂ် မင်းငါတို့ကို ပြဿနာတောထဲထပ်ပို့ဦးမယ်

သားတို့သူ့ကိုအကူညီသွားတောင်းသင့်တယ်နော်

မဟုတ်ဘူး ငါတို့သူ့ကို အကူညီသွားမတောင်းသင့်ဘူး

- ဒါပေမယ့် - ရှူး

- ကိုကြီးသာပိတ် - မင်းသာပိတ်

ငါတို့သူဆီကအကူညီတောင်းသင့်တယ်လို့ထင်လား

ငါအကူညီပေးလို့ရနိုင်လောက်မယ်

နင်တို့ကလမ်းပျောက်နေကြတာမလား

အိုး

ဒီလောကကြီးမှာဘာတွေဖြစ်ကုန်တာလဲဟ

အဲ ကိုကြီးကကိုယ့်ပါးကိုရိုက်နေတာလေ

သားကတော့ကိုကြီးမေးနေတာကိုပြန်ဖြေနေတာ

မဟုတ်ဘူး‌လေ"ဂရက်ဂ်"ငှက်တစ်ကောင်က စကားပြောနိုင်လောက်တဲ့

အသိဉာဏ်မရှိဘူးလေ

ဟေး နင်ဘာပြောလိုက်တယ်

ငါပြောချင်တာက နင်ကလေ

ထူးဆန်းတယ် ပုံမှန်မဟုတ်ဘူးလို့

ငါဆိုလိုတာက အိုး အမယ်လေး အဲ့တာကိုစကားပြောနေတာရပ်စမ်း "ဝါ့တ်"

"အဲ့တာ" ဟုတ်လား

မင်းတို့ဒီမှာဘာလုပ်နေကြတာလဲ

မင်းတို့ဘယ်သူလဲပြောစမ်း

နင်တို့နဲ့နောက်မှပဲတွေ့ကြမယ် ဘိုင့်

စိတ်လျှော့ စိတ်လျှော့ ဦးလေး

ဒီမှာဦးလေးဘာပဲလုပ်လုပ် အဲ့တာဦးလေးကိစ္စပါ

ခြေစုံလက်စုံနဲ့ကျတော်တို့ကအိမ်ပြန်ချင်လို့ပါ

ဒီတောကြီးက ကလေးတွေအတွက်မဟုတ်ဘူးကွ

ဒီမှာတောကောင်ကြီးရှိတာ မင်းတို့မသိဘူးလား

တောကောင်ကြီးဟုတ်လား ကျ ကျ ကျတော်တို့ အဲ့ဒီအကြောင်းဘာမှမသိပါဘူးခင်ဗျ

ကျတော်တို့က အိမ်ပြန်ဖို့လုပ်နေတဲ့ လမ်းပျောက်နေတဲ့ကလေး၂ယောက်ပါ

ဒါဆိုလဲ "အမည်မသိ"နေရာကြီးကနေ ကြိုဆိုပါတယ် ကောင်လေးတို့

မင်းတို့ထင်ထားတာထက်တောင် မင်းတို့လမ်းပျောက်နေပြီ

ဒီစွန့်ပစ်ထားတဲ့အိမ်အိုကြီးကိုရှာတွေ့ထားတာလေ

ပြီးတော့ ကြိတ်စက်ကိုလဲ ငါ့အတွက် လိုအပ်လို့ပြန်ပြင်ထားရတယ်

ငါအလုပ်လုပ်နေတဲ့အချိန်ဆို မင်းနဲ့မင်းညီ ဒီမှာဆို

လုံခြုံမှာပါ

သကြားလုံးလမ်းကြောင်း သကြားလုံးလမ်းကြောင်း

ဦးလေးကဘာအလုပ်ကိုလုပ်တာလဲဗျ

လူတိုင်းမှာမီးထွန်းဖို့မီးအိမ်တစ်လုံးဆီရှိကြတယ်

ဒါကတော့ငါ့ဟာပဲ

မီးအိမ်မီးဆက်လင်းနေဖို့ ဒီ အဲဒဲလ်ဝုဒ် အပင်အကိုင်းတွေကို

လောင်စာဆီဖြစ်အောင်ကြိတ်ပေးရတယ်

လောကကြီးမှာလုပ်ရမယ့်ငါ့ရဲ့ကံကြမ္မာ

ဒါငါလုပ်ရမယ့်တာဝန်ပဲ

ဒီလူကြီးကိုကြည့်ရတာစိတ်မနှံဘူးနဲ့တူတယ်

ငါတို့ပြေးလို့ရရင် ဒီကနေ ထွက်ပြေးကြရအောင်လား

ဒါပေမယ့် သူကဒီတောကြီးအကြောင်း ကောင်းကောင်းသိထားလိမ့်မယ်

ဒီတော့ငါတို့တွေသူ့ကိုမေ့လဲသွားတဲ့အထိ ဆော်ပလော်အရင်တီးသွားကြမယ်

ဆိုးဆိုးရွားရွားကြီးလဲ ဖြစ်သွားနိုင်တယ်နော်

ဟုတ်ပါ့ မကောင်းတဲ့အကြံပဲ မကောင်းတဲ့အကြံပဲ

- မေ့ထားလိုက်တော့ မကောင်းတဲ့အကြံကြီး - အိုခေလေ

မင်းတို့တွေတိုးတိုး တိုးတိုးနဲ့ ဘာပြောနေကြတာလဲ

သားတို့ဒီကနေထွက်ပြေးမယ့် အကြောင်းပြောနေကြတာပါ

- ရှူး - ရှူး

သွားချင်ရင်သွားကြလေ

ဒါပေမယ့်မှတ်ထားနော် ဒီတောထဲမှာ တောကောင်ကြီးကလူတွေကိုအမဲလိုက်နေတာ

မင်းတို့လိုလမ်းပျောက်နေတဲ့ သူတွေကိုလိုက်ရှာနေတာ

သားတို့တွေကိုကူညီပေးဖို့လား

မဟုတ်ဘူး မင်းတို့ကို ကူညီပေးဖို့မဟုတ်ဘူးကွ

ကြိတ်စက်ဆီမှာသွားအလုပ်လုပ်ရတော့မယ်

ငါအလုပ်တွေပြီးတာနဲ့ ငါမင်းတို့ကို ငါတတ်နိုင်သလောက်လမ်းပြပေးမယ်

ငါပြန်ရောက်လို့ မင်းတို့ဒီမှာရှိနေသေးရင်ပေါ့

ငါတို့အခုထွက်သွားလို့ရမယ်လို့ထင်တယ်

မသိတော့ဘူးကွာ

- ဂရတ်(ဂ်) - ဘာလဲ

အဲ့အပြင်မှာတောကောင်ကြီး တကယ်ရှိတယ်လို့မင်းထင်လား

ဒါမှမဟုတ်ငါတို့ကိုသက်သက်မဲ့ ဖောရှောလုပ်သွားတာလားမသိဘူး

သူငါတို့ကိုသတ်ချင်တယ်ဆိုရင် အခုလောက်ဆိုသတ်ပြီးလောက်ပြီလေ

သူတကယ်လို့အဲ့လိုလုပ်ချင်တယ်ဆိုရင်ပေါ့ ပြီးတော့သူကမီးလဲဖိုသွားသေးတယ်

- မိုက်တော့မိုက်သားဟ - အွန်း

ငှက်တစ်ကောင်ကတောင် စကားစပြောတယ်ဆိုကတည်းက

အပြင်ဘက်မှာ တောကောင်ကြီး တကယ်ရှိတယ်လို့ငါတော့ထင်တယ်

အင်း

မသိတော့ဘူးကွာ

တခါတလေ ငါ့ကိုယ်ငါ အဆုံးမရှိတဲ့မြစ်တစ်စင်းပေါ်က

လှေလေးတစ်စီးလို့ခံစားမိတယ်

အဆုံးမရှိတဲ့ပင်လယ်နက်ကြီးထဲတရွေ့ရွေ့နဲ့ပေါ့

ငါ့ကိုယ်ငါဘာဖြစ်ချင်တယ် ဘယ်မှာရှိနေချင်တယ်ဆိုတာကနေ

ပေါလောလေးပေါ်နေပြီး အဝေးကိုရောက်နေသလိုပဲ

تبصرې

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left