لومړۍ 200 کرښې.
"ကိုယ်စောင့်နတ်လို ကိုယ့်ချစ်သူ" အပိုင်း (၁)
ထယ်ယန်း
ထယ်ယန်း
မစ္စထယ်
ရှင်
ဒီနေ့ နေ့လည်က အခန်း ၄၀၄ က လူ ထပ်ပြီး အခန်းအပ်သွားပြန်ပြီ
သန့်ရှင်းရေး လုပ်ပေး
၄၀၄ လားဟင်
အဲဒီအခန်းမှာ ဘာလို့ဘယ်သူမှ ကြာကြာမနေနိုင်တာလဲ မသိဘူး
ကျိန်စာသင့်နေတာလား ဘာလား
ထယ်ယန်း အဲဒီအခန်းက ပန်းကန်စင်ကိုလည်း အပြင်ထုတ်ထားလိုက်
ဟုတ်ကဲ့
မမြင်ချင်ယောင်ဆောင်ရမယ် မမြင်ချင်ယောင်ဆောင်
သွားပါ
သွားပါဆို
ဒီမှာ...
အဖွားက ဒါလေးပေးပေးပါဆိုလို့
ကျွန်တော့်အမေကလား
ပိုက်ဆံတွေ...
သိန်းတစ်ရာတောင် ကျော်တာပဲ
တကယ်ပဲ အမလေး
အသုဘစရိတ်ပေးပြီး
ကျန်တာတွေကို အကြွေးဆပ်တဲ့နေရာမှာ သုံးလိုက်ပါတဲ့
အမေ...
ပြီးတော့ ထပ်ပြီး ပြောခိုင်းလိုက်တာ ရှိသေးတယ်
ပြောပါ
ဒီပုပ်သိုးမယ့်ကောင်ရဲ့...
နင်နောက်တစ်ခါ လောင်းကစားထပ်လုပ်ရင်
ငါလာပြီး နင့်လက်ကောက်ဝတ်ကို ဖြတ်ပစ်မယ် ဒီကောင်စုတ်ရဲ့
လောင်းကစားမလုပ်နဲ့ ကောင်စုတ်ရဲ့
လို့ ပြောလိုက်ပါတယ်
ကြည့်ရအောင်
တကယ် အမေ့ရဲ့ဘဏ်အကောင့်ပဲ
ငါ့နှယ် သိန်းတစ်ရာတောင်ကျော်တာပဲ သူ့မှာဘယ်လိုလုပ် ဒီလောက်ပိုက်ဆံတွေရှိနေတာလဲ
ပေး
အဲဒါအကုန်လုံး အစ်ကို့ဟာမဟုတ်ဘူးနော် တစ်ဝက်က ငါ့ဟာနော်
ဒါက ဘယ်လိုလုပ် နင့်ဟာဖြစ်မလဲ
အမေက ငါ့ကိုပေးလိုက်လို့ ပြောလိုက်တယ်မဟုတ်လား
ပိုက်ဆံတွေ ဟိုဖြုန်းဒီဖြုန်းလုပ်ပြီး
ဒါကိုလည်း ယူဦးမလို့လား
တစ်ဝက်က ငါ့ဟာဆို
နင်က ဘာလုပ်ခဲ့တာရှိလို့ တစ်ဝက်က နင့်ဟာလဲ
နင်အမေ့အတွက် လုပ်ပေးခဲ့တာ ဘာရှိလို့လဲ
အဲဒါဆို အစ်ကိုကရော ဘာများလုပ်ပေးခဲ့လို့လဲ
လောင်းကစားကြွေးတွေကြောင့် အကုန်ရောင်းပြေးပြီး
အကြွေးရှင်တွေကြောင့်
ငါ ကွာရှင်းခံလိုက်ရတယ်လေ
ကွာရှင်းခံရတာ ငါ့တာဝန်လား ငါ့ကြောင့်လား
အစ်ကို့တာဝန်ပေါ့
ဘယ်သူ့တာဝန် ဖြစ်မလဲ
နင့်ကြောင့်နဲ့ ငါလက်ချောင်းပြတ်သွားတယ်မလား
နင့်လက်ပြတ်တာ ငါ့အမှားလား
ကောင်းတယ် အဲဒီလက်နဲ့ ရိုက်လေ
ရိုက်လိုက်
ရိုက်
ယောင်းမက ဘာတော်တာရှိလို့ အစ်ကို့ကို ပြန်ပြောနေရတာလဲ
အစ်မလည်း အဲဒီလိုလုပ်လို့မဖြစ်ဘူးနော်
သူ့ကို အာမခံပေးထားတာ ဘယ်သူလဲ
အဲဒါဆို အစ်ကို့ကို သေပါစေဆိုပြီး ပစ်ထားလိုက်ရမှာလား
အရင်ဆုံး ကယ်ရမှာမဟုတ်လား
သေချင်တယ် တကယ်
ယောင်းမလေး အစ်ကိုက ယောင်းမလေးအပေါ် ဘယ်လောက်ကောင်းလိုက်လဲ
အခု ဒီမှာ သေသွားတဲ့သရဲရှိတယ်လို့ ပြောနေတာလား
ဟုတ်ပါတယ်
သေသွားတဲ့ ဇနီးက အခုထိ ဒီအိမ်မှာ ရှိနေပါသေးတယ်
သားသမီးတွေအတွက် ဒီအိမ်ကို ရောင်းဖို့ စဉ်းစားခဲ့ပါသေးတယ်
ဒါပေမဲ့ သေသွားတဲ့ဇနီးက အဲဒီလိုမလုပ်စေချင်ဘူး
ကျွန်တော့် ဂေါ့ဖ်ကွင်းအလယ်တည့်တည့်မှာ
မရောင်းဘူးဆိုပြီး တောင့်ခံမယ်ပေါ့လေ
ကောင်းပါပြီ
ညှိကြတာပေါ့
ဇနီးက အခုဒီမှာရှိနေတဲ့ဟာကို
ဘယ်လိုလုပ် မောင်းထုတ်နိုင်ပါ့မလဲ
သေသွားတဲ့သူက...ဒီမှာရှိနေသေးတယ် ဟုတ်လား
ကောင်းပါပြီ
တကယ်ရှိနေတယ်ဆိုရင် အတူတူ ညှိနှိုင်းကြတာပေါ့
သူက ဘာပြောလဲ
အဲဒီပန်းကိုကြည့်ရင် သိမှာပါ
အဲဒီပန်းကို ဇနီးက အရမ်းတန်ဖိုးထားပြီး ကိုယ်တိုင်စိုက်သွားတာပါ
ကျွန်တော် ဒီအိမ်ကို ရောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တုန်းက
အဲဒီပန်းညှိုးကျသွားပြီး သေတော့မလိုဖြစ်သွားပါတယ်
ဒါပေမဲ့ မရောင်းတော့ဘူးလို့လည်း ဆုံးဖြတ်လိုက်ရော
အဲဒီပန်းက ပြန်ပြီး လန်းဆန်းလာပါတယ်
အဲဒီပန်းကနေတစ်ဆင့် ဇနီးက သူဘယ်လိုခံစားရတယ်ဆိုတာကို ပြောတယ်ပေါ့
အဲဒီ သဘောမဟုတ်လား
ဟုတ်ပါတယ်
အဲဒါဆိုရင် အဲဒီပန်းနဲ့ ညှိနှိုင်းရင်ရပြီပေါ့
ဇနီးသည်ပန်းလေး သေချာနားထောင်ပြီး ထင်မြင်ချက်ကို ပြောပြပေးပါ
သူက ဒီအိမ်ကို မရောင်းချင်ဘူးတဲ့
ကျွန်တော်က ဒီအိမ်ကို ဝယ်မှဖြစ်ပါမယ် လုံးဝ မရောင်းနိုင်ဘူးလား
အဲဒီလိုဆိုရင် ပန်းရဲ့ခေါင်းကို ငြိမ့်ပြပေးပါ
မဟုတ်ရင် ကျွန်တော်က ပန်းရဲ့ခေါင်းကို ဖြတ်ပေးပါ့မယ်
အခု ဒါဘာလုပ်နေတာလဲ
ညှိနှိုင်းနေတယ် မဟုတ်ပါလား
သုံးစက္ကန့်ပေးပါ့မယ်
၁
၂
၃
ခင်ဗျား ရူးနေလား
ရူးနေတာ ခင်ဗျားလေ
အသက်ရှင်နေတဲ့သူတွေ ပြောထားပြီးတဲ့ကိစ္စကို
သေသွားတဲ့သူကို ဆွဲထည့်ပြီး မရှိသလို လုပ်လိုက်မယ်ဆိုတာ
အရူးအလုပ် မဟုတ်ဘူးလား
သေသွားတဲ့ဇနီးရဲ့ ထင်မြင်ချက်ကို ကျွန်တော် ဖြတ်တောက်လိုက်ပြီဆိုတော့
အသက်ရှင်နေတဲ့ သားသမီးတွေရဲ့ ဆန္ဒကို လိုက်လျောပေးပါ
လက်မှတ်...ထိုးလိုက်ပါ
ရက်စက်တဲ့ကောင်...
မင်းဘာပဲပြောပြော ငါ့ဇနီးက ဒီမှာရှိတယ်
မရှိပါဘူး
သတိထားပါဦး
မျက်လုံးနဲ့ မမြင်ရဘူးဆိုပြီး လူတစ်ယောက်ရဲ့စကားကို လှောင်ပြောင်ပြီး
လစ်လျူရှုရင်
မိုးကြိုးပစ်ခံရလိမ့်မယ်ကွ
ကျွန်တော် ရှေ့ဆက်ပြီးလည်း ထက်ထက်မြက်မြက်နဲ့ ကောင်းကောင်းမွန်မွန်
မမြင်ရတာတွေကို လစ်လျူရှုပြီးနေသွားမှာပါ
ကျွန်တော်ပြောတာ မှားတယ်ဆိုရင် မိုးကြိုးပစ်ခံတာပေါ့
ကျွန်တော့်ကို မိုးကြိုးလည်းမပစ်ပါလား
ဒါပေမဲ့ ဒီနေ့ခင်ဗျားတို့မိသားစု ငွေမိုးရွှေမိုး ရွာသွားတယ်မလား
ဂုဏ်ပြုပါတယ်
သရဲရှိတယ်ဆိုရင် မင်းလိုကောင်ဆီကို သေချာပေါက် လာလိမ့်မယ်
ဆရာက တကယ်ပဲ သရဲတွေကို နည်းနည်းလေးတောင် မကြောက်ဘူးလား
သေသွားတဲ့လူကို ဘာလို့ကြောက်ရမှာလဲ
ရှင်နေတဲ့သူကမှ ကြောက်ဖို့ကောင်းတာပေါ့
စာချုပ်ကို ထပ်ပြီးအတည်ပြုမှဖြစ်မယ်
အသံသွင်းထားတာ ပေးပါ
ဟုတ်ကဲ့
အားလုံးအသံသွင်းထားပြီး ဖိုင်နံပါတ် ၄ မှာ ထည့်ထားပါတယ်
ကင်းဒမ်း ဂေါ့ဖ်ကွင်းမြေကွက်စာချုပ်
ရောင်းသူ ကင်ဟန်ဟီး
ရောင်းဖို့သဘောတူပါတယ်
ဝယ်သူ ကင်းဒမ်း ဝယ်ဖို့သဘောတူပါတယ် ဈေးနဲ့ ကျန်တဲ့ညှိနှိုင်းစရာတွေကို စပါတော့မယ်
ဟိုဟာ ဘာပါလိမ့်
လူလား
သူ လမ်းကြုံလိုက်ချင်လို့ထင်တယ်
ရပ်လိုက်ရမလား
ဒီအတိုင်းလစ်လျူရှုပြီး ဆက်သွားပါ
ဘာလဲဗျ
ရုတ်တရက်ကြီး လင်းခနဲ ဖြစ်သွားလို့ပါ
လျှပ်စီးလက်တာများလား
လန့်လိုက်တာ
ဘာလဲဟ
ကျေးဇူးတင်ပါတယ်
ဘာလဲဟ
ကျွန်မကို မတွေ့ဘဲ ကျော်သွားပြီလို့ထင်တာ
တွေ့သွားတာပဲ
ဘယ်လိုလုပ်ရမလဲ
ဒီအတိုင်း သွားလိုက်ပါ
ဘယ်အချိန် ကားလာမယ်ဆိုတာသိလို့
အဲဒီလို ရပ်နေရတာလဲ
အဒေါ်ကြီးတစ်ယောက်က အဲဒီမှာရပ်နေရင် ကားလာလိမ့်မယ်လို့ ပြောသွားလို့ပါ
အဲဒီအဒေါ်ကြီးက တကယ်သရဲလိုပဲ မှန်သွားတာပဲ
ဟုတ်တာပေါ့ သရဲပဲပေါ့
မိုးကြိုးပစ်တာကို ရှောင်နိုင်ရင်တောင်
ကျွန်မကို မရှောင်နိုင်ဘူးလို့ ပြောသွားတာ
အဲဒီစကားက မှန်နေတာပဲ
ဒါနဲ့ ဒီကား ဆိုးလ်ကိုရောက်လားမသိဘူး
ဟုတ်ကဲ့
မရောက်ပါဘူး
အနီးတစ်နေရာမှာ ချပေးလိုက်
ဟုတ်ကဲ့ သူဌေး
ကင်းဒမ်း ဒီဟာရဲ့သူဌေးလား
အခုလေးတင် မီးပွင့်သွားတယ် ဟုတ်တယ်မလား
မဟုတ်ပါဘူး
အခုလေးတင် ခပ်ပြင်းပြင်း မီးပွင့်သွားတယ်ထင်တယ်
တော်တော်ပြင်းပြင်း ဟုတ်တယ်မလား
မဟုတ်ပါဘူး
မဟုတ်မှလွဲရော အဲဒီကင်းဒမ်းက
တော်တော်ကြီးတဲ့ ရှော့ပင်းမော်လ်ကြီး အဲဒါမလားဟင်
ကျွန်မ အဲဒီအနားလေးမှာတင်နေတာပါ အဲဒီကို သွားနေတာဆိုရင်...
လမ်းဆုံလောက်ဆိုရင် အဆင်ပြေလောက်ပြီထင်တယ်
အဲဒီမှာပဲ ဆင်းလိုက်ပါ
ဟုတ်ကဲ့ အဲဒီလိုလုပ်ပါ့မယ်
ဒီအတိုင်း သွားပါ
ကျွန်မကို ဒီကနေ မြန်မြန် ခေါ်ထုတ်သွားပေးပါ
မိန်းကလေး
မိန်းကလေး
အဆင်ပြေရဲ့လား
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
ခဏလေးနော်
အဲဒီမိန်းမ အော်လိုက်လို့
လန့်ဖြန့်ပြီး ဒီအထိခေါ်လာခဲ့တယ်
ဆင်းလို့ပြောလိုက်လို့
တမင်သက်သက်အော်ပြီး ဉာဏ်များတာ မဟုတ်ဘူးလား
အဲဒီလိုတော့ မဟုတ်ဘူးထင်တယ်
ဘာကိုမြင်ပြီး အဲဒီလောက်ထိ ကြောက်သွားတာဖြစ်မလဲ
ဘာလဲဟ
အရက်မူးပြီး မတော်တဆမှုဖြစ်သွားတာဆို
ဘာလို့အရက်ကို ထပ်ပြီးလွမ်းနေလဲဆိုတာ တကယ် နားမလည်နိုင်ဘူး
မဟုတ်တာ ကျွန်မကတော့ တော်ပါပြီ
အခုတော့ မသောက်နိုင်ပါဘူး တောင်းပန်ပါတယ်
ရပြီမလား
ကျွန်မလည်း လက်မထပ်ရသေးပါဘူး
မလှပါဘူးရှင်
တကယ်လား
ခဏလေး
လိုက်မလာပါနဲ့ သွားပါတော့
လိုက်မလာပါနဲ့ဆို
မလိုက်လာတော့ဘူး
သွားပြီ
ငါ မုန်းတာ ၂ ခုပဲ ရှိတယ်
No comments yet. Be the first to leave one.