لومړۍ 200 کرښې.
"လမင်းချစ်သော နေတစ်စင်း" အပိုင်း (၁)
ဟိုးရှေးရှေးတုန်းက
ကောင်းကင်ပေါ်မှာ နေမင်းနှစ်စင်း လကလည်း နှစ်စင်းရှိခဲ့တယ်
ဒါကြောင့် နေ့ဘက်မှာ အရမ်းကိုပူပြင်းပြီး
ညဘက်မှာတော့ အရမ်း အေးချမ်းနေခဲ့တာပေါ့
ကမ္ဘာပေါ်က အရာအားလုံးဟာ ပုံမှန်မဟုတ်တော့ဘဲ
ပြည်သူပြည်သားအားလုံး အကျပ်အတည်းထဲရောက်နေတဲ့ အဲဒီအချိန်မှာ
ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ သူရဲကောင်းတစ်ယောက် ပေါ်လာပြီး
နေနဲ့လတစ်စင်းစီကို မြားနဲ့ ပစ်ခွင်းလိုက်တော့
အဲဒီအချိန်ကစပြီး ကမ္ဘာကြီးက အေးချမ်းသာယာသွားတာပေါ့
ဟုတ်တာပေါ့
ဒုက္ခရောက်တဲ့အချိန်ဆို သူရဲကောင်းကို လိုအပ်တဲ့သဘောပဲလေ
မဟုတ်ဘူးလား တူတော်
အမေမတူဘဲမွေးလာတဲ့ ညီတော်ကိုတောင်မှ
သွေးသားတော်စပ်တယ်ဆိုပြီး
မင်းကြီးက အွီဆွန်းမင်းသားကို အရမ်း ချီးမြှောက်လွန်းတယ်
အဲဒါကြောင့် အီဆွန်းမင်းသားကို မင်းကြီးဖြစ်လာဖို့ ထောက်ခံပံ့ပိုးပေးနေတဲ့
အရှိန်အဝါကြီးမားတဲ့အုပ်စုတစ်ခု ပေါ်ပေါက်လာတာပေါ့
ဒါပေမဲ့ ဘယ်လိုလုပ်မလဲ
သူရဲကောင်းပေါ်လာတဲ့အထိ စိတ်အေးလက်အေးနဲ့ စောင့်နေလို့မရဘူးလေ
စိုးရွံ့မိပေမယ့် ကျွန်တော်မျိုးတော့
မယ်တော်ကြီး ဆိုလိုတဲ့သဘောကို နားမလည်နိုင်ဖြစ်နေပါတယ်
သူရဲကောင်း ဖြစ်လာလိုက်ပါ
သစ္စာတော်ခံဖြစ်လိုက်ပါ
မင်းကြီးက တိုက်ရိုက်ပြောရမှာ တွန့်ဆုတ်နေတာမို့
သူ့ကိုယ်စား သူရဲကောင်းအဖြစ် ထွက်ပြလိုက်ပါ
ကောင်းကင်မှာ နေမင်းဆိုတာတစ်စင်းပဲ ရှိသလို
နဂါးပလ္လင်ကလည်း တစ်ခုပဲ
အွီဆွန်းမင်းသားရဲ့ တည်ရှိနေမှုနဲ့တင်
အရိုက်အရာကို ခြိမ်းခြောက်သလိုဖြစ်နေတဲ့အတွက်
သေချာပေါက် ပစ်ခွင်းပစ်ရမယ့် နေမင်းပါ
ဘယ်သူ့ရဲ့အမိန့်ကို နာခံတဲ့လူလဲ
ဘာဖြစ်တာလဲ
ဘာဖြစ်လို့လဲ
ညကြီးအချိန်မတော် ဘယ်ကိုသွားမလို့လဲ
နင်ရော မခံစားမိဘူးလား
သေချာပေါက် သတ်ဖြတ်တာပဲ
နင်သွားကြည့်လို့လည်း အသုံးမဝင်တော့တဲ့ ကိစ္စပဲ
ဒါပေမဲ့လည်း သွားကြည့်ရမှဖြစ်မယ်
သူက
သူ့မှာ အန္တရာယ်ရှိတယ်
အာရီ
အာရီ
အာရီ
အာရီရေ
ခဏ
မဆုံတာကြာပြီနော်
အွီဆွန်းမင်းသားကြီး
ကျုပ်အိမ်ကို ချောင်းပေါက်မတတ် ဝင်ထွက်သွားလာနေတဲ့လူက
အာဏာအတွက် မျက်စိကန်းပြီး နောက်ကျောကို ဓားနဲ့ထိုးတယ်ဆိုတော့
နည်းလမ်းပြောင်းလိုက်တာလား
မဟုတ်ရင်
တခြား ကျောထောက်နောက်ခံများ ရှာတွေ့သွားတာလားပဲ
ရှာတွေ့ခဲ့ပါပြီ
အခုကစပြီး မင်းကြီးကို ကျောထောက်နောက်ခံထားမလားလို့
အခုတလော ခွေးရောနွားရော အာဏာကို တပ်မက်လာကြပေမယ့်
နိုင်ငံရေးဆိုတာ ဦးဆောင်တဲ့သူပဲ လုပ်ရတာ
ခွေးတွေနွားတွေ လုပ်ရတာမျိုး မဟုတ်ဘူးလို့ ပြောခဲ့တယ်မလား
သစ္စာဖောက်တစ်ယောက်ရဲ့ လုပ်ကြံပြောဆိုမှုမှာ စိတ်ယိုင်မယ့် မင်းကြီးမဟုတ်ဘူး
အရှင်မင်းကြီးက ဘယ်သူ့စကားကို ယုံမယ်ထင်လဲ
နှမြောစရာကောင်းပေမယ့်
လူကြီးမင်းက အရှင်မင်းကြီးကို တွေ့ရမယ့်ကိစ္စမျိုး ရှိတော့မှာမဟုတ်ဘူး
အဲဒီမတိုင်ခင် ကျွန်တော်ကပဲ ကောင်းကင်ခရီးကို ပို့ဆောင်ပေးပါမယ်
အရမ်း မကြောက်နေပါနဲ့
လူကြီးမင်းရဲ့ မိတ်ဆွေကောင်းဖြစ်တဲ့
ဒယ်ဆောင်းလူကြီးမင်းက အရင်သွားနှင့်ပြီမို့လို့
စောင့်နေပါလိမ့်မယ်
ဘာဖြစ်လို့
အဲဒီလူကို ဘာဖြစ်လို့များ
အဲဒီလူ လျှောက်တင်သမျှ အကုန်လုံးက အဆင်မပြေတာမို့
မယ်တော်ကြီးစိတ်ခုတာ အမှားတော့ မဟုတ်ပါဘူး
သာယာလွန်းတဲ့နေ့ပါပဲ
လရဲ့အလင်းရောင်က အဖော်ပြုပေးနေတာမို့
အုတ်ဂူကို သွားရာလမ်းက အဆိုးကြီးတော့မဟုတ်ပါဘူး
လိုက်ဖမ်းကြစမ်း
စုန်းဆုချုံးက နန်းတွင်းသူပဲ
နှံ့နှံ့စပ်စပ် ရှာကြစမ်း
အသက်ရှင်နေရင် အသေသတ်ပစ်ရမယ်
သေသွားပြီဆိုရင်တောင် အလောင်းကို ရှာရမယ်
ဟုတ်ကဲ့
အကြီးအကဲ ရောက်လာပါပြီ
အာရီရော ဘယ်သွားလဲ
အဲဒါက
အာရီ
အာရီတဲ့လား
အကြားအမြင်တော်လွန်းလို့
နိုဂယောင်းလိုပဲ အကြီးအကဲဖြစ်ဖို့ လျာထားခံရတဲ့ နတ်ဝင်သည်လို့ဆိုပါတယ်
ဒဏ်ရာရသွားတယ်ဆိုတော့ အဝေးကြီးအထိ ထွက်မပြေးနိုင်လောက်ပါဘူး
မြို့တော်အနီးတစ်ဝိုက်ကို အသေးစိတ် လိုက်ရှာနေတာမို့
- မကြာခင်မှာ - တော်ဝင်သွေးနဲ့ နတ်ဝင်သည်က
ချစ်ကြိုက်တာတဲ့လား
ကောင်းကင်က ကျွန်မတို့ကို ကူညီနေတာပဲကိုး
ဘာကို ဆိုလိုတာလဲဆိုတာ
အာရီဆိုတဲ့ အဲဒီကလေး
အွီဆွန်းမင်းသားနန်းဆောင်မှာ ခစားဖူးတဲ့ ကလေးပါ
နှစ်ယောက်သားဆက်ဆံရေးက သာမန်ထက်ပိုနေတာကို
အနီးကလူတွေတော့ သိကြမှာပဲလေ
အဲဒါဆို ပိုအန္တရာယ်များတဲ့ကိစ္စ မဟုတ်ပါလား
ဘာဖြစ်လို့များလဲ
ချစ်ရတဲ့သူအတွက် အသက်ဆုံးရှုံးခံတယ်ဆိုတာမျိုးက
မိန်းမမိုက်တွေရဲ့ စိတ်ထားပါ
အကုန်လုံးကို မျက်မြင်တွေ့ပြီးတဲ့ အဲဒီမိန်းကလေးက
အသက်နဲ့ရင်းပြီး ပြေးဝင်မလာဘူးလို့ မပြောနိုင်ပါဘူး
အခုချက်ချင်း အဲဒီမိန်းကလေးကို
- မသတ်ပစ်ရင် - ချစ်ကြိုက်နေတဲ့လူက
နဂါးပလ္လင်ကို ဆက်ခံနိုင်ဖို့ လောဘတက်ခဲ့တဲ့မိန်းကလေးဖြစ်နေရင်
အဲဒီလောဘအတွက် အင်းကွက်ကို သုံးခဲ့တယ်ဆိုရင်
ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါလား
ဒါပေမဲ့ အဲဒီမိန်းကလေးက အင်းကွက်ကိုသုံးခဲ့တယ်ဆိုတဲ့ သက်သေက
စုန်းဆုချုံးရဲ့အကြီးအကဲက ကျွန်မလူပါ
ဘာပြဿနာမှ မရှိပါဘူး
အတူတွဲလုပ်လိုက်ပါ
မင်းမိန့်ကို ပုန်ကန်သူ...
စာလွှာမှာရေးထားတဲ့ အကြောင်းအရာက အမှန်တွေပဲလား
ပုန်ကန်သူတွေကြားထဲ အတွင်းရေး ပဋိပက္ခဖြစ်ကြပုံပဲ
လူကြီးမင်းဟုန်းဘန်းဟိုက သူ့အပြစ်သူ နောင်တရပြီး
ပုန်ကန်သူလီဟန်ကို သတ်ပြီးတော့မှ ကိုယ့်ကိုယ်ကို သတ်သေသွားတာဖြစ်ရမယ်
ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်
ကျွန်တော်မျိုးရဲ့ပေါ့ဆမှုကြောင့် ပုန်ကန်သူတွေအားလုံးကို မဖမ်းနိုင်လိုက်တာပါ
ခွင့်လွှတ်ပေးတော်မူပါ
အရှင်မင်းကြီး စုန်းဆုချုံးရဲ့အကြီးအကဲ လာတွေ့ပါတယ်
အဲဒီအင်းကွက်အကြောင်း
ရှင်းပြစရာ ရှိလား
ဒီအင်းကွက်က
နေမင်းရဲ့စွမ်းအင်ကို ကြီးမားစေတဲ့အရာပါ
သေချာရဲ့လား
အရှင်မင်းကြီးရှေ့မှောက်မှာ ရာရာစစ လိမ်ညာလျှောက်တင်ရဲပါ့မလား
ဒါက နေမင်းရဲ့စွမ်းအင်ကို ကြီးမားစေတဲ့အင်းကွက်ဆိုတာ မှန်ကန်ပါတယ်
ဘယ်သူ့ရဲ့အင်းကွက်လဲဆိုတာပါ အမှန်အတိုင်း လျှောက်တင်လိုက်လေ
စုန်းဆုချုံးက အာရီဆိုတဲ့ကလေးဟာ အင်းကွက်သုံးတာ ကျွမ်းကျင်ပါတယ်
အဲဒီကလေးဟာဆိုတာ မှားစရာမရှိပါဘူး
အဲဒီအာရီဆိုတဲ့ မိန်းမရော အခု ဘယ်မှာရှိလဲ
အခြေအနေကို ရိပ်မိသွားပြီး ထွက်ပြေးနေတုန်းလို့ ဆိုပါတယ်
အဲဒီနတ်ဝင်သည်ကို သေချာပေါက် ဖမ်းဆီးပါ
ဘာကိစ္စလဲ ဘာဖြစ်လို့ အကျယ်ကြီးအော်နေတာလဲ
ဟို ဟိုမှာ ဘာဖြစ်လို့ လူက
မဟုတ်ဘူး ဘာဖြစ်လို့ အလောင်းက
မ မဟုတ်ဘူး လူတစ်ယောက်
အောက်ချပေးစမ်း
ဗိုက်ထဲကသန္ဓေသားလေး လန့်သွားပါဦးမယ် သခင်မကြီး
မြန်မြန် အထဲကိုပြန်ဝင်ပါ
လူတစ်ယောက် သေမလိုဖြစ်နေတာကို ဘယ်လိုလုပ်ပြီး မသိချင်ယောင်ဆောင်ရမှာလဲ
လူ လူကြီးမင်း
ဒီမှာ သတိဝင်ရဲ့လား
ရှင်တို့ရဲ့လုပ်ရပ်ကို သေချာပေါက်
မဖြစ်ပါဘူး အရင်ဆုံး ဝေါယာဉ်ပေါ် တင်ခေါ်လာခဲ့
ရှင် ဘယ်သူမှန်းလဲမသိတဲ့ မိန်းကလေးကို ဘာဖြစ်လို့ ဝေါယာဉ်ပေါ်ကို
ဒီမှာရှင့် ကျွန်မကို နည်းနည်းလောက် ကူညီပေးကြပါ
ရပ်ကြစမ်း
ဘာများဖြစ်လို့ပါလဲရှင်
ထွက်ပြေးနေတဲ့ ပုန်ကန်သူတရားခံကို ရှာနေဆဲဖြစ်တယ်
ဝေါယာဉ်ကိုဖွင့်ပြစမ်း
ပုန်ကန်သူတရားခံလား
မဖြစ်ပါဘူး ဘယ်လိုလုပ်ပြီး အမျိုးသမီးစီးလာတဲ့ဝေါယာဉ်ကို ကြည့်မလို့ပါလဲ
ဟိုလေ
ဘာကိစ္စလဲ ဘာဖြစ်လို့ နှောင့်နှေးအောင်လုပ်နေတာလဲ
ထွက်ပြေးသွားတဲ့ ပုန်ကန်သူတရားခံကို ရှာနေတာပါ
ခဏလောက် ဝေါယာဉ်ပေါ်ကဆင်းပေးရင်
မကြာခင်မွေးဖွားလာမယ့် ကလေးအတွက် ဆုတောင်းဝတ်ပြုပြီး ပြန်လာတာပဲ
လမ်းလျှောက်ဖို့ အဆင်မပြေတာမို့
သံသယဝင်တယ်ဆိုရင်လည်း ကျွန်မအိမ်အထိ အတူတူလိုက်ခဲ့နိုင်တယ်
ဘယ်လိုလုပ်ချင်လဲ
အတူတူ လိုက်ခဲ့မလား
အားနာစရာဖြစ်သွားပါပြီ
သွားကြစို့
ရပ်စမ်း
ခဏလောက် ဆင်းလာပေး
အမယ်လေး
သွေး သွေးတွေ
သမားတော်က သေချာဂရုစိုက်ရမယ်လို့ မှာထားတာကို
မြန်မြန်သွားခွင့်ပေးပါ
ဒီလိုနဲ့ ပြဿနာတက်ပါတော့မယ်
မျိုးရိုးမြင့်လူကြီးမင်းရဲ့ ကလေးပါ
တစ်ခုခုအမှားအယွင်းဖြစ်သွားရင် တာဝန်ယူမှာပါလား
ဖယ်ပေးကြစမ်း ဖယ်ပေးလိုက်ကြ
မြန်မြန်သွားကြရအောင် မြန်မြန်
သခင်မကြီး
ခဏလောက်ပဲ သည်းခံပါ
သခင်မကြီး
ဒီကျေးဇူးကို ဘယ်လိုများ ပြန်ဆပ်ရမလဲရှင်
ဒီဇာတ်နိမ့်သူ ကျွန်မကြောင့်နဲ့ အဝတ်အစားကောင်းတွေလည်း ပေကုန်ပြီး
မွေးဖွားတော့မလိုပါ ဟန်ဆောင်ခဲ့ရတယ်
လိမ်ပြီး ဗိုက်နာတာမဟုတ်ပါဘူး
ခုနတုန်းက တကယ် သေတော့မလိုပဲ
ကျွန်မ မဟုတ်ဘဲ ဒီကလေးက ရှင့်ကို ကယ်ပေးလိုက်တာပါ
လမင်းလိုမျိုး အေးချမ်းလှပတဲ့ သမီးလေးပါလားနော်
ဒါဆို ဒီကလေးလေးက မိန်းကလေးလား
မှန်ပါတယ်
နတ်ဝင်သည်လို့ပြောတာ တကယ်ပဲကိုး
ကျွန်မရဲ့ကလေးကို နတ်တွေရဲ့ အစောင့်အရှောက်မျိုး စေချင်တာ
တကယ့်ကို တိုက်ဆိုင်လိုက်တာ
ဟုတ်ပါတယ်
သူက တကယ့်ကိုချမ်းသာကြွယ်ဝပါလိမ့်မယ်
ဘာဖြစ်လို့များလဲ
မဟုတ်ပါဘူး ခဏလောက် မိုက်ခနဲဖြစ်သွားလို့ပါ
တကယ် ဒီအတိုင်း တစ်ယောက်တည်းနဲ့ အဆင်ပြေပါ့မလား
အဆင်ပြေတာမို့ မစိုးရိမ်ပါနဲ့ရှင်
ဒီနေ့ သခင်မကြီး ကူညီလိုက်တဲ့ကျေးဇူးကို သေတဲ့အချိန်ထိ မမေ့ပါဘူး
ကျွန်မက နတ်ဝင်သည်တော့ မဟုတ်ပေမယ့် လူကောင်းဟုတ်မဟုတ်တော့ ကြည့်ရုံနဲ့သိတယ်
ရှင်က မကောင်းတဲ့လူမဟုတ်တာ ကျွန်မပြောနိုင်ပါတယ်
No comments yet. Be the first to leave one.