لومړۍ 179 کرښې.
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်
ပင်လယ်ကမ်းရိုးတန်းနား အကျဉ်းသား ကျောက်တုံးပေါ်မှာရပ်နေပြီး
ပင်လယ်ကြီးကိုငေးကြည့်နေမိတယ်...
အဝေးဆီကနေပြီး ငါ့နိုင်ငံတော်ကို လှမ်းမျှော်ကြည့်တယ်...
ငါ ငေးကြည့်နေခဲ့တဲ့ အကွာအဝေးမှာ...
ငါ့လူတွေကို မြင်ခဲ့ရတယ်...
ရေခဲနဲ့ မီးတို့ ရဲ့ တိုက်ပွဲကြား သေဆုံးခဲ့ရတဲ့အဲဒီလူတွေ
အိမ်ရှေ့ မင်းသား နှင်းခြင်္သေ့နဲ့  ကစားနေပြန်ပြီလား
ရှင် သူ့ ကိုဖျက်ဆီးသလိုဖြစ်မှာနော်
မြင့်မြတ်တဲ့မင်းသား ဒီနေ့ က မင်းသားရဲ့ အသက် ၁၃၀ ပြည့်တဲ့နေ့ ပါ
လူကြီးမင်းအားလုံးက မင်းသားရဲ့ မွေ့ နေ့ပွဲကို ကျင်းပဖို့  နှင်းနန်းတော်ထဲ ရောက်နေကြပါပြီ
မင်းသား အ၀တ်အစားပြင်ဆင်ဖို့  အချိန်ရောက်ပြီလို့ ကျမထင်တယ်
ရင်းကုန်ရှီ အဆင်သင့်ပြင်ထားပြီးပြီလား
သူ အပြင်ထွက်ပြန်ပြီမလား
ရှီမင်းသားလေးက ဒီလိုပွဲလမ်းသဘင်မျိုးကို မကြိုက်မှန်းလည်း မင်းသားသိသားနဲ့ 
အဖွား
မြူနှင်းတောက ကလေးတွေ ကစားတဲ့နေရာ
မင်းလိုအရွယ်ရောက်ပြီးသားက ဘာလို့  ဒီထဲကိုဝင်လာရတာလဲ
ဖွားဖွား သားက ကာဆောလေ
ကာဆုံလား
ကာဆုံက ဒီလောက်တောင် အရွယ် ရောက်နေပြီလား
အဖွား မေ့နေပြီလား ဒီနေ့  ကျနော့်အသက် ၁၃၀ ပြည့်တဲ့နေ့ လေ
သား အရွယ်ရောက်နေပါပြီ
အမလေး အသက် ၁၃၀ နှစ်တောင်ရှိသွားပြီလား
၁၃၀ နှစ်...
- ဒီလောက်တောင်အိုနေပြီလား - ဖွားဖွား
ဖွားဖွား ရင်းကုန်ရှီကို တွေ့ မိလား
ရင်းကုန်ရှီလား
အော် ပာိုဘက်မှာ
ရပ်လိုက်စမ်း
ရပ်လိုက် မပြေးနဲ့ 
သူခိုး
- မပြေးနဲ့  - ရပ်လိုက်
ပစ္စည်းပြန်ပေးစမ်း သူခိုးကောင်
- ပာုတ်တယ် ပြန်ပေးပါ - ပြန်ပေးပါ
မင်းတို့  သူခိုးတွေ
ငါတို့ နှင်းငှက်ကို ခိုးသွားတာ မင်း
- မှန်တယ် - မင်း ခိုးသွားတာ
မင်းတို့ ကောင်တွေ ငှက်သိုက်ကနေ ခိုးလာမှန်း ငါ မသိဘူးများ မင်းတို့ ထင်နေလား
မကြောက်ပါနဲ့  ငါ ခုချက်ချင်းပဲ မင်းကို ပြန်ပို့ ပေးမယ်
မင်းက ဘာအစွမ်းမှ မတတ်ဘဲနဲ့ များ
မင်း ငှက်သိုက်ပေါ်ကို ဘယ်လိုတက်မှာလဲ
ပာုတ်တယ်
- မင်းက ဘာအစွမ်းမှမတတ်ဘဲနဲ့ များ - ပာုတ်တယ်
ငါ လုပ်နိုင်တယ်
မပြေးနဲ့ 
- ရပ်လိုက် - ဒီကိုပြန်လာခဲ့
ရပ်လိုက်စမ်း
မင်းမှာ ဘာအစွမ်းတန်ခိုးမှ မတတ်ဘဲနဲ့ 
လူသားတစ်ယောက်တောင် မင်းထက် ပိုပြီးကြမ်းတမ်းတယ်
မင်းက မင်းသားမဖြစ်သင့်ဘူး
မှန်တယ် မင်းက မင်းသားဖြစ်ဖို့ မထိုက်တန်ဘူး
- မင်းက လူသားထက်တောင်ပိုဆိုးတယ် - မင်းသားဖြစ်ဖို့ မထိုက်တန်ဘူး
ညီအစ်ကိုတို့  အသင့်ပြင်ထားကြ
- ပြေး - မြန်မြန်
ပြေး
အစ်ကို ကျုပ် ဘာမှမဖြစ်ဘူး
သူတို့ တွေတာတွေက အမှန်တွေချည်းပဲ
ကျုပ် ကျင့်သားရနေပါပြီ
အစ်ကို မြန်မြန်လာ
အစ်ကို ပြီးသွားပြီ
ရင်းကုန်ရှီ ဒီနေ့ က ငါရဲ့ ပျိုဖော်ဝင်တဲ့နေ့ ကို ကျင်းပတဲ့နေ့ 
မင်း တကယ်ပဲ မလာတော့ဘူးလား
ရင်းကုန်ရှီ...
ကြည့်လိုက်လေ မြင့်မြတ်တဲ့မှော်အစွမ်းကျမ်းထဲမှာ
"တံလျှပ်" လို့ အဓိပ္ပာယ်ရတယ်
ဒါကြောင့် ကျုပ်ရဲ့ ဘ၀က တံလျှပ်လိုပါပဲ
တကယ့်ရှိသလိုထင်ရပေမဲ့ တကယ်တော့ ရှိမနေပါဘူး
အစ်ကို ခင်ဗျားဖာသာခင်ဗျားပဲ ပြန်လိုက်ပါတော့
အစ်ကို... ခင်ဗျားတကယ်ပဲ သွားတော့မှာလား
ကိုယ်စောင့်နတ်တမန်တော်တွေအတွက် စာနပ်ရိက္ခာတွေကို ၃ ရက်လုံးလုံး ထောက်ပံ့ပေးမယ်
လက်ရွေးစင်ကိုယ်စောင့်တမန်တွေအတွက်
ရိက္ခာတွေကို ရာသီဥတုကန်တော့ပွဲမှာ သွားယူကြပါ
တစ်ခုတည်းစည်းမျဉ်းကတော့ မင်းတို့ရဲ့ အစွမ်းအစနဲ့ လုပ်ဖို့ ပဲ
အားလုံး ကံကောင်းကြပါစေ
ရန်းဒန်
ရိက္ခာရရှိရေးအတွက် လီလျို ပါဝင်ယှဉ်ပြိုင်မယ်လို့ 
ငါ လုံးဝထင်မထားမိဘူး
လုကျောက် သူက ယောကျာ်းတွေထက် ပိုပြီးသန်မာတယ်ဆိုတာ နင် ဒီနေ့ မှသိတာလား
ဒါကြောင့် ယူမယ့်ယောကျာ်းမရှိတာ
လီလျိုကို လှောင်သလိုမပြောပါနဲ့ 
သူက ယောကျာ်းတွေပိုပြီးကြမ်းတမ်းရတာက
သူက ကိုယ်စောင့်နတ်တမန်တွေအားလုံးမှာ အထူးချွန်ဆုံးဖြစ်ခဲ့တဲ့အတွက်ကြောင့်
နင် ပြုတ်သွားပြီ
ဘာကြောင့်လဲ
မင်းမှာ ကိုယ်စောင့်နတ်ရဲ့ စိတ်ထားမရှိလို့ ပဲ
ကိုယ်စောင့်နတ်တမန်တစ်ယောက်အနေနဲ့ 
လူသားနဲ့ ဘုရားတွေကြားထဲမှာ ငြိမ်းချမ်းရေးကိုတည်မြဲဖို့  နဲ့ တရားမျှတဖို့  ထိန်းသိမ်းရမှာက ငါတို့ ရဲ့ တာဝန်ပါ
ပြီးတော့လည်း ကျူးကျော်မှုဖြစ်ပေါ်လာရင် အတူတူ ကာကွယ်ရမှာ ငါတို့ တာဝန်
ဒါပေမဲ့ နင့်ကိုယ်ကျိုးအတွက်ကြောင့် နင့်ရဲမက်တွေကို အန္တရာယ်ဖြစ်စေတယ်
နင့်မှာ ကိုယ်စောင့်နတ်တမန်ဖြစ်ဖို့  မထိုက်တန်ဘူး
င့ါကိုမထိုက်တန်ဘူးလို့ ပြောရအောင် မင်းက ဘယ်သူလဲ
ဒီနေ့  ငါ မင်းကိုအနိုင်ယူပြီး စစ်သူကြီးခေါတူဆီမှာ ဆုလာဘ်ရယူမယ်
အိမ်ပြန်ပြီးကောင်းကောင်းလေ့ကျင့်လိုက်ဦး
မုန်လာဥဖြူ သွားကြမယ်
- ခင်ဗျား ဘာဖြစ်သွားလဲ - ခင်ဗျား ထိခိုက်သွားလား
မင်း ကာဆုံကို ဘယ်လိုမြင်လဲ
ဘာလို့ လဲ မယ်ကြီးရေသူမ သူ့ ကိုသဘောကျလို့ လား မယ်ကြီးကိုယ်စား ကျမ လေ့လာပေးမယ်လေ
လျှောက်ပြောမနေနဲ့ 
ရေသူမမျိုးနွယ်အားလုံးထဲမှာ ငါ့ကို ဒီလို
ပြောရဲတာ မင်းတစ်ယောက်ပဲရှိတယ်
ကာဆုံ မင်း ဘယ်ရောက်နေတာလဲ
ပာုတ်တယ် ရှင်ဘယ်ရောက်နေတာလဲ
မြန်မြန် အခမ်းအနားက စတင်နေပြီ
အထဲကိုမြန်မြန်ဝင်တော့
ပာုတ်တယ်..ဖခမည်းတော်က နင့်ကို ခုလေးတင် မေးနေတာ
ဒါတွေက မင်းအပြစ်တွေကြောင့်ပဲ
မင်းသားကာဆုံ
ရေခဲမျိုးနွယ်ရဲ့ မင်းကြီးနဲ့ မိဖုရား ရောက်လာပါပြီ
အရင်ဆုံး
နှင်းခဲမြို့ တော်ကို အားလုံးကို ရောက်လာတဲ့အတွက် ကျေးဇူးတင်စကားပြောချင်ပါတယ်
ကျုပ်ရဲ့ သားကာဆုံရဲ့ ပျိုဖော်ဝင်ကျင်းပပွဲကို တင်ရောက်ပေးကြတဲ့အတွက်
အားလုံးကိုကြိုဆိုပါတယ်
ဝမ်းသာစရာပဲ
အရမ်းကိုလှတာပဲ
ရပ်လိုက်
မင်းတို့ မီးမျိုးနွယ်တွေ ဒီကိုဘာလာလုပ်တာလဲ
မင်းတို့ တွေက တကယ့်ကိုစစ်မှန်တဲ့ ကိုယ်စောင့်နတ်တမန်တော်တွေပါပဲ
ငါ့ကို မီးမျိုးနွယ်ရဲ့ မင်းသားမှန်း လွယ်လွယ်နဲ့ သတိထားမိသားပဲ
ဘာကိစ္စရှိလို့ ရောက်လာတာလဲ
စိတ်မလောပါနဲ့ ..ငါ့ဖခင်ရဲ့ အမိန့် အရ မင်းသားကာဆုံရဲ့ မွေးနေ့ ပွဲကို တက်ရောက်ဖို့ လာတာ
ရှီ အခု မယ်တော်နဲ့ အတူ အရင်ပြန်ရအောင်
ကြာဖြူ
ဒီနေ့  မျိုးနွယ်စုပေါင်းစုံကဧည့်သည်တွေ ရောက်နေတော့
နင်ခဏ...
ကျမ သိပ်ပြီးနေမကောင်းလို့ ပါ
မီးမျိုးနွယ်ရဲ့ မင်းသားရှင်းဂျူ ရောက်လာပါပြီ
- သူ ဒီကိုဘာလာလုပ်တာလဲ - မင်းသားရှင်းဂျူ
သူ ဒီကိုဘာကိစ္စနဲ့ လာတာလဲ
မင်းသားရှင်းဂျူ ဒီကိုဘာအတွက်ရောက်လာတာလဲ
ပာုတ်တယ်မလား
ဒါက ဘာသဘောလဲ
မယ်ကြီးရေသူမ ရေခဲမျိုးနွယ်နဲ့ မီးမျိုးနွယ်တို့ က ကမ္ဘာ့ ရန်သူတွေမပာုတ်လား
ဆုံးခန်းတိုင်အထိ ရေသူမမျိုးနွယ်တွေ ဘက်မလိုက်ဘူး
ဆိုးရွားတဲ့အခြေအနေမဖြစ်သေးသရွေ့ ပေါ့
ဒီအတိုင်းပဲ ရပ်ကြည့်နေပါ စကားတစ်ခွန်းမှ ၀င်မပြောပါနဲ့  နားလည်လား
မင်းသားရှင်းဂျူ ငါတို့ ရဲ့ နှင်းခဲမြို့ တော်ကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး
မီးဘုရင်ရဲ့ အမိန့် အရ
အသက် ၁၃၀ နှစ်ပြည့်ပြီးဖြစ်တဲ့ မင်းသားကာဆုံအတွက်
မီးမျိုးနွယ်ရဲ့ ရတနာကို လက်ဆောင်ပေးဖို့  ကျုပ် ဒီကိုရောက်လာတာပါ
မီးဘုရင်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်
မင်းသားရှင်းဂျူ ဒီကိုရောက်လာပေးလို့ လည်း ကျေးဇူးတင်ပါတယ်
လက်ဆောင် မပေးခင်မှာ ငါ့မှာ မင်းကို တောင်းဆိုစရာအချက်တစ်ချက်ရှိတယ်
ပြောပါ
နှင်းခဲမျိုးနွယ်စုမှာ ရေခဲအစွမ်းကို နိုင်နင်းစွာ
ကိုင်တွယ်နိုင်ဆုံးသူက မင်းပဲလို့ ငါကြားထားတယ်
ငါတို့ ချစ်ကြည်ရေးပွဲတစ်ပွဲလောက် ကျင်းပနိုင်မလား
ချစ်ကြည်ရေးပွဲပာုတ်လား
- အဲဒါ သိပ်မပာုတ်ဘူး - မင်းပြောတာမှန်တယ်
ကာဆုံ သူ့ အလိမ်အညာထဲကို မ၀င်စေနဲ့ 
ဘယ်လိုလဲ
ရေခဲမျိုးနွယ်စုရဲ့ အစွမ်းတွေက လှောင်ပြောင်စကား တစ်ခွန်း မပိုလို့ လား
တရားလွန်လိုက်တာ...
- သူ တော်တော်ရိုင်းတာပဲ - တကယ်ပါပဲ
ကောင်းပြီလေ
မင်းသားရှင်းဂျူရဲ့ သဘောအတိုင်း ငါတို့  ပွဲတစ်ပွဲ ကျင်းပကြတာပေါ့
မင်းသားကာဆုံ ဘာလက်နက်ကိုသုံးမှာလဲ
ကျုပ် ဘာလက်နက်မှမလိုအပ်ဘူး
ဒါဆို မင်းငါ့ကိုအထင်သေးတာပေါ့
ငါ မင်းနဲ့ တိုက်ခိုက်မှာမပာုတ်ဘူး
မင်း ဘာကိုဆိုလိုတာလဲ
တိုက်ပွဲမဖြစ်စေဘဲ ကျုပ်တို့  အစွမ်းတွေနဲ့  ပွဲတစ်ပွဲယှဉ်လို့ ရတာပဲလေ
ခင်ဗျားရဲ့ အရှေ့ မှာရှိတဲ့ ရေခဲအိုင်ကို ကြည့်လိုက်
ကျုပ်တို့ ၂ ယောက်လုံးရဲ့ အစွမ်းတွေကိုသုံးပြီး
မင်းသားရှင်းဂျူကသာ ရေကန်ထဲကရေကို အရင်ဆုံး ဆူပွက်အောင်လုပ်နိုင်မလား
ဒါမှမပာုတ် ကျုပ်ကပဲ အရင်ဆုံးခဲအောင် လုပ်နိုင်မလားဆိုတာ ကြည့်တာပေါ့
တကယ်လို့ မင်းရှုံးရင် ငါ့မီးတောက်ကို မငြင်းဆန်ဘဲ သုံးကြိမ်တိတိ ဂါရ၀ပြုရမယ်
ရှင်းဂျူက တိုက်ခိုက်ဖို့ အတွက်ပဲ ရောက်လာတာ
ကာဆုံ နိုင်ခဲ့ရင်တောင်
မီးမျိုးနွယ်တွေ အရှက်သိက္ခာရရှိခြင်းအတွက်ကြောင့် ပြဿနာ ရှာမှာပဲ
ဒီလိုဆိုရင် ကာဆုံ သူ့ ကို အနိုင်မယူသင့်ဘူး
ဒါပေမဲ့ သူရှုံးခဲ့ရင် သူ ချေမှုန်းခံရလိမ့်...
ဘာလုပ်ကြမလဲ
ငါတို့ အချိန်ကောင်းကိုစောင့်ဆိုင်းပြီး လိုအပ်သလိုလုပ်ဆောင်ကြမယ်
ငါနဲ့ ဒီဘက်လိုက်ခဲ့ကြ
အရမ်းပျော်ဖို့ ကောင်းတာပဲ
ကလေးတို့ တွေ
မင်းသားရှင်းဂျူက ရေခဲကန်ကို ရေနွေးကန် အဖြစ်ပြောင်းလဲပေးထားတယ်
အခု မင်းတို့ အထဲကို ၀င်ကစားလို့ ရပြီ မင်းသားကို မြန်မြန်ကျေးဇူးမတင်ကြဘူးလား
No comments yet. Be the first to leave one.