لومړۍ 200 کرښې.
Hovitos (ဟိုဗီတို) တွေနဲ့ နီးလာပြီ
အဆိပ်က လတ်ဆတ်နေသေးတယ် သုံးရက်လောက်ပဲရှိဦးမယ်
သူတို့ ကျွန်တော်တို့နောက်ကို လိုက်လာတာ
ငါတို့ဒီမှာဆိုတာ သူတို့သိရင် ငါတို့ကိုသတ်ပြီးနေလောက်ပြီ
တောင်အမေရိက ၁၉၃၆ ခုနှစ်
ဒီနေရာပဲ
Forrestal (ဖော်ရက်စတယ်) အမြတ်ထုတ်သွားတဲ့နေရာပဲ
- ဆရာ့သူငယ်ချင်းလား - ပြိုင်ဘက်တစ်ယောက်ပါ
သူကတော်တယ်
သူ အရမ်းအရမ်းတော်ခဲ့တာ
ဆရာ..အဲဒီကနေဘယ်သူမှ အသက်ရှင်လျက် ပြန်ထွက်မလာဖူးဘူး
မသွားပါနဲ့..
ဆရာ
ရပ်
အလင်းရောင်ထဲမနေနဲ့
Forrestal (ဖော်ရက်စတယ်) ပဲ
မြန်မြန်သွားရအောင် ဒီမှာဘာမှကြောက်စရာမရှိဘူး
ငါကြောက်တာအဲဒါပဲ
ဒီမှာနေခဲ့
ဆရာနေခဲ့စေချင်ရင် နေပါ့မယ်
ငါ့ကို ကျာပွတ်ပေး
ကျွန်တော့်ကိုရုပ်တုပစ်ပေးလိုက်
ငြင်းဖို့အချိန်မရှိဘူး
ရုပ်တုပစ်ပေးလိုက် ကျွန်တော်ကျာပွတ် ပြန်ပစ်ပေးမယ်
ငါ့ကိုကျာပွတ်ပေး
နှုတ်ဆက်ခဲ့ပါတယ် ဆရာ
နှုတ်ဆက်ခဲ့ပါတယ် Satipo (ဆာတီပို)
Dr. Jones. (ဒေါက်တာ ဂျုန်းစ်)
ခင်ဗျား ပိုင်သမျှပစ္စည်းတွေအကုန် ကျုပ် မသိမ်းနိုင်တာမရှိသလိုပဲနော်
ကျွန်တော် လက်လျှော့လိုက်ပြီလို့ ထင်တယ်ပေါ့
ခင်ဗျားမိတ်ဆွေပေါင်းမှားတာပဲ
ဒီတစ်ကြိမ်တော့ ခင်ဗျားနစ်နာသွားပြီ
ဟိုဗီတိုတွေက ခင်ဗျားအကြောင်းကို
ကျွန်တော့်လောက် မသိတာ ဆိုးတာပဲ..ဘဲလော့ခ်
အင်း အရမ်းဆိုးတာပဲ
ခင်ဗျားသာဟိုဗီတိုလို ပြောတတ်ရင်
သူတို့ကို သတိပေးနိုင်မှာပေါ့
Jock (ဂျော့ခ်) အင်ဂျင်နှိုးထားလိုက်
နှိုးထားလိုက်
Jock (ဂျော့ခ်)..အင်ဂျင်
အင်ဂျင်နှိုး Jock (ဂျော့ခ်)
လေယာဉ်ထဲမှာ မြွေကြီးတစ်ကောင် ရောက်နေတယ် Jock (ဂျော့ခ်)
အဲဒါက ငါမွေးထားတာမြွေ Reggie (ရက်ဂျီ)
ငါမြွေတွေကို မုန်းတယ် Jock (ဂျော့ခ်)
မုန်းတယ်
မကြောက်ပါနဲ့ကွာ သတ္တိရှိစမ်းပါကွာ
"Neo (နီယို)" က အသစ်လို့အဓိပ္ပါယ်ရတယ် ပြီးတော့ "Lithic (လစ်သစ်) က..
"I-T-H-I-C (အိုင်-တီ-အိတ်ချ်-အိုင်-စီ) က ကျောက်တုံး လို့အဓိပ္ပါယ်ရတယ်
ကောင်းပြီ ဒီတည်နေရာကိုပြန်သွားရအောင်
Hazelton (ဟက်ဇဲတန်) နားမှာရှိတဲ့ Turkdean (တက်ဒင်း) မြေအုပ်ပုံမှာ
အလယ်ထွက်ပေါက်ရှိတယ် ပြီးတော့ အခန်းသုံးခန်း ဒါမှမဟုတ် အိတ်တွေ..
အဲဒါကို ဓါးပြတိုက်တာနဲ့ မရောပါနဲ့..ဒီမှာဆိုလိုတာက
မြေပုံထဲမှာရှိနေတဲ့အရာတွေကို ဖယ်ရှားလိုက်တာဖြစ်တယ်
ဒီတည်နေရာက ဘာတွေပြသေးလဲဆိုတော့..
ရှေးဟောင်းသုတေသနရဲ့ ကြီးမားတဲ့ အန္တရာယ်ကိုပြတယ်
အမြဲတော့ မဟုတ်ပေမဲ့ တစ်ခါတစ်လေ အသက်အန္တရာယ် ရှိတယ်
ဆရာကရှေးဟောင်းပုံပြင်တွေ အကြောင်း ပြောနေတာပါ
ဒီကိစ္စမှာတော့ ဒေသအစဉ်အလာအရ..
အဲဒီတည်နေရာမှာ ရွှေအခေါင်း မြှုပ်ထားတယ်တဲ့
ဒါကြောင့်မလို့ ဒီမြေပုံမှာ တူးဆွထားတဲ့ ကျင်းပုံတွေ ပါနေတာပါ
ရှာဖွေတွေ့ရှိမှုက မကောင်းပါဘူး
ဒါပေမဲ့ အခန်းနံပါတ်သုံးကတော့ မူလအတိုင်း ရှိနေပါတယ်
အဲဒီ မူလအတိုင်းရှိနေတဲ့ အခန်းနဲ့ အုတ်ဂူထဲကပစ္စည်းတွေကို
တခြားနေရာမှာတွေ့ပါတယ်
အဲဒီနေရာမှာ ဆရာတို့ ဒီတွေ့ရှိမှုကို
သက်တမ်းသတ်မှတ်ဖို့..
ဆရာတို့ အကြောင်းရှိလာပါတယ်
ဒါဆိုမေးစရာရှိလား
မရှိဘူးပေါ့ ဒါဆိုဒီနေ့ဒီလောက်ပါပဲ
နောက်အချိန်ကျရင် Michaelson (မိုက်ကယ်လ်ဆန်) အခန်းနံပါတ် ၄ နဲ့ ၅ ကိုပြောမယ်၊ မမေ့နဲ့နော်
ပြီးတော့ ရုံးခန်းမှာ ကြာသာပတေးနေ့ ရှိနေမယ် ဗုဒ္ဓဟူးနေ့တော့မရှိဘူး
ငါ ရခဲ့တယ် Marcus (မားကပ်စ်)
အဲဒါ ငါ့လက်ထဲရောက်ခဲ့တယ်
- ဘာဖြစ်သွားတာလဲ - မှန်းကြည့်လေ
- Belloq (ဘဲလော့ခ်)? - မင်း အဲဒီအကြောင်းသိချင်လား
မသိချင်ဘူး
မင်းပြတိုက်အတွက် လုပ်တာမှန်သမျှ
အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းအမွေထိန်းသိမ်းရေး စာချုပ်နဲ့ ကိုက်ညီနေမှာ သေချာပါတယ်
အဲဒါက လှတယ်.. Marcus (မားကပ်စ်) ငါပြန်ယူလို့ရတယ်
ငါစဉ်းစားပြီးပြီ သူရောင်းလို့ရတဲ့နေရာဆို Marrakech (မာရာကပ်)ပဲ ရှိတာ
- ငါ ဒေါ်လာ ၂၀၀၀ လိုတယ် ဒီမှာ.. - ငါပြောတာနားထောင်
- မင်းနဲ့တွေ့ဖို့ ငါလူတွေခေါ်လာတယ် - ဒီမှာ
ငါ့မှာ ဒီအပိုင်းတွေရှိတယ်
တန်ဖိုးကြီးတဲ့ အပိုင်းအစလေးတွေ.. Marcus (မားကပ်စ်)
- ကြည့် - Indiana (အင်ဒီယာနာ)
ပြတိုက်က ဒါတွေကိုပုံမှန်အတိုင်း ဘာမှမမေးဘဲ ဝယ်မှာပါ
- အေး..ဒါလေးတွေ ကောင်းသားကွ - သူတို့ကအနည်းဆုံး..
Marrakech (မာရာကပ်) ကိုသွားဖို့ လက်မှတ်တစ်စောင်ဖိုးတော့ ရမှာပါ
ဒါပေမဲ့ ငါခေါ်လာတဲ့လူတွေက အရေးကြီးတယ် သူတို့စောင့်နေတယ်
ဘယ်သူတွေလဲ
စစ်ဘက်အကြံပေးက လူတွေ
မင်းလာမယ့်အကြောင်း ငါမသိခင်ကတည်းက သူတို့ကသိပြီးသား
အကုန်လုံးသိနေတယ်ထင်တယ်
သူတို့ဘာလိုချင်လဲ ငါ့ကိုပြောမှာမဟုတ်ဘူး
ငါက သူတို့ကိုဘာလို့တွေ့ရမှာလဲ
ဘာလဲ ငါ ပြဿနာတက်နေပြီလား
ဟုတ်တယ် Dr. Jones (ဒေါက်တာဂျုန်းစ်) ခင်ဗျားနဲ့ပတ်သက်ပြီး အများကြီးကြားဖူးပါတယ်
ဟုတ်လား
ရှေးဟောင်းသုတေတနပါမောက္ခ
ရှေးဟောင်းလျို့ဝှက် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တယ်
ပြီးတော့ ဘယ်လိုပြောရမလဲ
ရှာပါး ရှေးဟောင်းပစ္စည်း ရှာဖွေစုဆောင်းသူပေါ့
အဲဒီလိုပြောလည်း ရပါတယ် ထိုင်ကြပါဦးလား
ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့
- ကျေးဇူးပါ - ကျေးဇူးပါ
ခင်ဗျားမှာ အရည်အချင်းတွေ အများကြီး ရှိတာပဲ
ခင်ဗျားက Chicago (ချီကာဂို) တက္ကသိုလ်က ပါမောက္ခ Ravenwood (ရေဗန်ဝုဒ်) ဆီမှာ ပညာသင်ခဲ့တယ်ဆို
ဟုတ်ပါတယ်
အခု သူဘယ်မှာရှိနေလဲ ခင်ဗျားသိလား
အင်း ကောလဟာလတွေတော့ ကြားမိတယ် အာရှတိုက် တစ်နေရာရာမှာလို့ထင်တယ်
ကျွန်တော်သူနဲ့စကားမပြောဖြစ်တာ ၁၀ နှစ်လောက်ရှိပြီ
အရင်ကကျွန်တော်တို့သူငယ်ချင်းတွေ ဒါပေမဲ့ စိတ်သဘောထား မတိုက်ဆိုင်တော့
Dr. Jones (ဒေါက်တာဂျုန်းစ်) အခုခင်ဗျားနားလည်ထားရမှာက ဒီကိစ္စက လုံးဝပေါက်ကြားလို့မရပါဘူး
ကျွန်တော်နားလည်ပါတယ်
မနေ့နေလယ်က Cairo (ကိုင်ရို)က နေ Berlin (ဘာလင်)ကို ပို့လိုက်တဲ့ သတင်းကို ကျွန်တော်တို့ ဥရောပဌာနက
ကြားဖြတ်ယူနိုင်ခဲ့တယ်
- အခု Cairo (ကိုင်ရို)ကို.. - ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း
နာဇီ တွေက ကမ္ဘာတစ်ဝှမ်းမှာ ရှေးဟောင်းသုတေတနပညာရှင်အသင်းတွေ စေလွတ်ထားတယ်
ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေ မှန်သမျှ လိုက်ရှာနေတယ်
Hitler (ဟစ်တလာ)က ဒီကိစ္စကို ရူးသွပ်နေပြီ
သူကရူးနေတာလေ
သူက ဂမ္ဘီရပညာတွေကို အရမ်းစွဲလန်းနေတယ်
အခုကြည့်ရတာ
ဂျာမန်ရှေးဟောင်းသုတေတနပညာရှင် တချို့က Cairo (ကိုင်ရို) အပြင်ဘက်က
သဲကန္တာရထဲမှာ တူးဖော်နေတယ် ထင်တယ်
အခု ကျွန်တော်တို့ သတင်းတချို့ရထားတယ်
ဒါပေမဲ့ ကျွန်တော်တို့ ဘာမှနားမလည်ဘူး ခင်ဗျားကတော့နားလည်နိုင်မယ် ထင်တယ်
Tanis ဖော်ထုတ်ရေး ဆက်လုပ်ကိုင်နေသည်
Ra (ရာ) ရဲ့တောင်ဝှေးမှ ခေါင်းပိုင်းကို ရယူပါ
Abner Ravenwood (အက်ဘနာရေဗန်ဝုဒ်) အမေရိက
နာဇီ တွေ Tanis (တာနစ်) ကိုရှာတွေ့သွားပြီ
Tanis (တာနစ်)က ဘာကိုပြောတာလဲ
Tanis (တာနစ်)မြို့က ပျောက်ဆုံးနေတဲ့ ရွှေသေတ္တာရှိနေနိုင်သေးတဲ့ နေရာတစ်ခုပဲ
ပျောက်ဆုံးနေတဲ့ ရွှေသေတ္တာ
ဟုတ်တယ်..ဓမ္မကျမ်း ထည့်ထားတဲ့ သေတ္တာလေ
Hebrews တွေသုံးတဲ့ ပညတ်တော်ဆယ်ပါးကို ထည့်ထားတဲ့ သေတ္တာ
ဘာပညတ်တော်တွေကိုပြောတာလဲ
ငါတို့ရဲ့ ပညတ်တော်ဆယ်ပါးအကြောင်း ပြောနေတာလား
ဟုတ်တယ် တကယ့်ပညတ်တော်ဆယ်ပါးအစစ်
ခင်ဗျားတို့ ယုံပါ့မလားတော့ မသိဘူး
Moses (တမန်တော် မော့ဆက်စ်)က Horeb (ဟောရပ်) တောင်ပေါ်ကနေ ယူလာပြီး
ခွဲပစ်လိုက်တဲ့ မူရင်းကျောက်စာချပ်တွေ ပါတယ်
ခင်ဗျားတို့တွေ တနင်္ဂနွေနေ့ဘုရားကျောင်း မသွားဘူးလား
- အင်း ကျွန်တော်တို့.. - ဒီမှာ
Hebrews (ဟီဘရူး) တွေက ကျိုးပဲ့နေတဲ့အပိုင်းတွေယူပြီး သေတ္တာထဲ ပြန်ထည့်ထားတယ်
သူတို့ Canaan (ကန်နမ်) မှာ အခြေချတော့
သူတို့က Solomon (ဆော်လမွန်) ဘုရားကျောင်းမှာ သေတ္တာကိုသိမ်းထားထားတယ်
Jerusalem (ဂျေရုစလင်) မှာပေါ့
အဲဒါက အဲဒီမှာ အကြာကြီးရှိနေခဲ့တယ်
နောက်တော့ ရုတ်တရက်ကြီး ပျောက်သွားတယ်
ဘယ်မှာလဲ
ဘယ်မှာလဲ ဘယ်တုန်းကလဲ ဘယ်သူမှ မသိဘူး
ဒါပေမဲ့ Egypt (အီဂျစ်) ဖာရိုဘုရင်
- Shishak (ရှီရှက်) - ဟုတ်တယ်
သူက ဘီစီ ၉၈၀ လောက်က Jerusalem (ဂျေရုစလင်) မြို့ကို ကျူးကျော်တိုက်ခိုက်ခဲ့တယ်
ပြီးတော့ သူက Tanis (တာနစ်) မြို့ကို သေတ္တာကြီးပြန်သယ်သွားခဲ့ပုံရတယ်
ပြီးတော့ အဲဒါကို ဝိညာဉ်ရေတွင်းလို့ ခေါ်တဲ့ လျှို့ဝှက်ခန်းထဲမှာ ဝှက်ထားခဲ့တယ်
လျှို့ဝှက်ခန်းဟုတ်လား
ဖာရိုဘုရင် Egypt (အီဂျစ်) ကိုပြန်သွားပြီး နောက်တစ်နှစ်မှာ
ကန္တာရထဲက သဲမုန်တိုင်းတစ်ခုကြောင့် တာနစ်မြို့ကြီး ပျောက်ကွယ်သွားတယ်
အဲဒီသဲမုန်တိုင်းက တစ်နှစ်လုံးကြာအောင် တိုက်ခဲ့တယ်
ဘုရားသခင်ရဲ့အမျက်ဒေါသကြောင့် အစရှာမရအောင် ပျောက်သွားတယ်
ခင်ဗျားတို့ဆီ လာခဲ့တာ မှန်သွားပြီ
ခင်ဗျားတို့က Tanis (တာနစ်) အကြောင်း အကုန်သိပုံရတယ်
မသိပါဘူး အကုန်မသိပါဘူး
Ravenwood (ရေဗန်ဝုဒ်)ကမှ တကယ်ကျွမ်းကျင်တာပါ
သူပဲ Tanis (တာနစ်) နဲ့ပတ်သက်ပြီး ပထမဦးဆုံး သေချာလေ့လာခဲ့တာ
အဲဒီကအမွေအနှစ်တွေကို စုဆောင်းခဲ့တယ်
အဲဒါသူ့ရဲ့ ရူးသွပ်မှုတစ်ခုပေါ့
ဒါပေမဲ့ သူ Tanis (တာနစ်) မြို့ကို ရှာမတွေ့ခဲ့ဘူး
ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ Mr. Ravenwood (မစ္စတာရေဗန်ဝုဒ်)ကို သံသယရှိတယ်
သူက လျှို့ဝှက် နာဇီ ကြေးနန်းမှာ ထင်ထင်ရှားရှား ဖော်ပြခံရတဲ့ အမေရိကန်လူမျိုး
မဟုတ်တာပဲ
Ravenwood (ရေဗန်ဝုဒ်)က နာဇီမဟုတ်ပါဘူး
ဒါဆို နာဇီတွေက သူ့ကိုဘာလို့ လိုချင်တာလဲ
Ra (ရာ) ရဲ့တောင်ဝှေးထိပ်က ကြေးပြားကို နာဇီတွေက ရှာနေတာသိသာတယ်လေ
သူတို့က Abner (အက်ဘနာ) ဆီမှာ အဲဒါရှိတယ်လို့ ထင်နေတယ်
Ra (ရာ) ရဲ့တောင်ဝှေးထိပ်က ကြေးပြားဆိုတာရော ဘာလဲ
တောင်ဝှေးက တုတ်ချောင်းတစ်ခုပါပဲ
ဒီလောက်ကြီးရှိမယ်ထင်တယ် ဘယ်လောက်မြင့်လဲ ဘယ်သူမှမသိဘူး
ပြီးတော့ အဲဒီထိပ်က ကြေးပြားကို သေချာစီခြယ်ထားတယ်
နေပုံစံနဲ့ အလယ်မှာက ကျောက်တစ်ခုရှိတယ်
ပြီးတော့ ခင်ဗျားလုပ်ရမှာက အဲဒီတောင်ဝှေးကို Tanis (တာနစ်)မှာရှိတဲ့ အထူးခန်းထဲ ယူသွားရမယ်
အထူးခန်းထဲက ကြမ်းပြင်ပေါ်မှာ မြို့ပုံစံအသေးလေးကို မြေပုံဆွဲထားတယ်
တောင်ဝှေးကို ထားရမယ့်နေရာမှာ
ထားရမယ့်အချိန် ထားလိုက်ရင် နေရောင် ဒီနားကိုဖြတ်သွားတဲ့အခါ
အလင်းတန်းက ကြမ်းပြင်ပေါ်ကျလာပြီး..
ဝိညာဉ်ရေတွင်းရှိတဲ့နေရာ အတိအကျကို ပြလိမ့်မယ်
ဓမ္မကျမ်းသေတ္တာကြီး ထားတဲ့နေရာပေါ့
အခု နာဇီတွေရှာနေတာ အဲဒီပစ္စည်းပဲ
အဲဒီသေတ္တာက ဘယ်လိုပုံစံလဲ
ဒီမှာ အဲဒီသေတ္တာပုံရှိတယ်
ဒါပဲ
ဘုရားသခင်ရေ..
အင်း Hebrews (ဟီဘရူးတွေ)ထင်တာ အဲဒီလိုပဲ
အဲဒီကနေထွက်လာမှာက ဘာလဲ
မိုးကြိုး
မီး
ဘုရားသခင်စွမ်းအား ဒါမှမဟုတ် တစ်ခုခုပေါ့
ဘာလို့ Hitler (ဟစ်တလာ) ဒါကိုစိတ်ဝင်စားလဲ ငါသဘောပေါက်လာပြီ
No comments yet. Be the first to leave one.