Heropanti

Heropanti (हीरोपंती)

د Burmese ژباړه ډاونلوډ کړئ

د خپرونې معلومات

Heropanti
د لخوا تبصره alba100

تګونه

other
په خپور شو: 2017-11-19
ډاونلوډونه: 38
د اوریدلو معیوبیت: No

د Burmese سرليکونو مخکتنه

لومړۍ 200 کرښې.

သေချာချိန်ဟေ့ကောင် ကင်မရာချိန်တာကြာလိုက်တာ

အသံစစ်ကြည့်လိုက် အေဘီစီ တစ်နှစ်သုံး

ကျုပ်အတွက် အပြန်လေယာဉ်လက်မှတ် မှာပြီးပြီလား

ရမှာပေါ့

ရမှာပေါ့မလုပ်နဲ့ မြန်မြန်လုပ်

ပြီးတော့ အထူးတန်းနော် ကျုပ်က အထူးတန်းပဲစီးတယ်

ခရိုင်ဝန်နဲ့ အတိုက်အခံပါတီခေါင်းဆောင်အပြင်

မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးများအားလုံး

ချောင်ဓရီဆူရာ့ဂ်ျဆင်းန်ကို ဂုဏ်ပြုဖို့ ကြွရောက်လာကြပါတယ်

ဘာလို့လဲဆိုတော့ ဒီနေ့က သူ့သမီးရဲ့မင်္ဂလာပွဲလေဗျာ

မင်္ဂလာပါ ၀န်ကြီး ကြွပါ

ပုရွက်ဆိတ်က တောင်ပေါ်ကိုတက်တယ်

ပုရွက်ဆိတ်က တောင်ပေါ်ကိုတက်တယ်

ပုရွက်ဆိတ်က တောင်ပေါ်ကိုတက်တယ်

ဘယ်တော့ရောက်မှာလဲကွာ

ရောက်တော့မယ်

ပုရွက်ဆိတ်က ဆန်တစ်စေ့အတွက် တောင်ပေါ်ကို တက်တယ်

လူငယ်တွေကတော့ အချစ်လမ်းမှာ သူတို့ရဲ့ပန်းတိုင်ကို ရှာတွေ့သွားကြတယ်

ဟေ့ကောင် ဒါဟယ်ကရီရွာ

ဂျတ်နယ်မြေ

ဒီမှာ အချစ်ဆိုတာ မင်္ဂလာဆောင်ပြီးမှဖြစ်လာတာ

ကလေးနှစ်ယောက်ရပြီးမှ မိန်းမနာမည်ကိုမေးတယ်

ထွက်သွား

ဦးလေး ရိုးရာအတီးအမှုတ်တွေ စတော့

ပက်ပီဂျတ်မဟုတ်လား

ဒီအယ်လ်အက်ဖ်ကုမ္ပဏီကြီးရဲ့ နာမည်ကြီး လူမိုက်

သူက မစ္စတာ ချောင်ဓရီရဲ့ညီ

သတို့သမီးရဲ့ အကြီးဆုံးဦးလေး

ကျုပ်သတင်းစာမှာဖတ်မိတာတော့ သူထောင်ကျနေတာမဟုတ်လား

ဟုတ်တယ် အမှန်က သူထောင်ထဲမှာရှိရမှာ

သူကဘယ်သူလဲ

မင်္ဂလာပွဲဗီဒီယိုရိုက်ဖို့ မွမ်ဘိုင်းက ခေါ်ထားတာ

ချန်ကီပန်ဒေနဲ့ ဗီဒီယိုသုံးကားရိုက်ဖူးတယ်

ကြိုးသိုင်းဘောင်းဘီလေ

မိုက်တယ်

ဗီဒီယိုသေချာရိုက်နော်

လေယာဉ်လက်မှတ် မြန်မြန် စီစဉ်ပေးပါ ရိုးရိုးတန်းဆိုလည်းရတယ်

သူက နာမည်ကြီး ရာဇ၀တ်နှိမ်နှင်းရေးအရာရှိ

လက်ဖြောင့်ဘူပီ ခေါ် ဘူပန်ဒါဆင်းန်ချောင်ဓရီ

သူက သတို့သမီးရဲ့ နံပါတ်နှစ်ဦးလေး

လူ ၄၂ ယောက်လောက် ပစ်သတ်နှိမ်နင်းဖူးတယ်

ကျုပ်သာအလုပ်မပြုတ်ရင်

အယောက် ၅၀ ပြည့်သွားမှာဗျ

ကျုပ်ကို အလုပ်ဖြုတ်ပါဗျာ ရထားလက်မှတ်ပေးပါ

ဘူပီ

သူက မာဖီးယားဂိုဏ်းက ရာဂျိုဖူဂျီ

ရာဂျို

ဦးလေးပက်ပီ

သူတို့အားလုံးတပ်ထဲကလား

မဟုတ်ဘူး သူတို့မှာ ကိုယ်ပိုင်တပ်ရှိတယ်

ဒေလီနဲ့ ဟာယနက ကလပ်တွေမှာသုံးဖို့ လူမိုက်တွေ ငှားတယ်

ပိုင်ရှင်က သဘောမတူဘူးဆိုရင်

ပက်ပီနဲ့ ဘူပီက အဲဒီကလပ်ကိုသိမ်းတယ်

ကလပ်က ပိတ်လိုက်ရတယ်

ကျုပ် ဘတ်စ်ကားပဲစီးပြန်တော့မယ်ဗျာ ကားနံပါတ်သာပြောပါ

တန်နေး

ဟုတ်ကဲ့

တန်နေးလား

- ဆရာ - အရက်ဘယ်မှာလဲ

ထုံးစံအတိုင်းပါ

အဘိုးက ဒီမိသားစုမှာ အသက်အကြီးဆုံး

အဘိုးစသောက်

ဆုခိ သူကငါ့သားမက်လေ

သူ့အရင်သောက်လို့ဖြစ်မလား

- ဘာလို့မသောက်သေးတာလဲ - ဘယ်သူမှကျုပ်ကိုမလေးစားကြဘူး

- ဘာဖြစ်လို့လဲ ယောက်ဖ - ဘာဖြစ်လို့လဲ

ဒါဘာလဲ

- ကျုပ်ဒါမသောက်ဘူး - ဒါဆိုဘာသောက်ချင်တာလဲ

စကော့ဝီစကီ

ဒီမှာ ရှင်အ၀တ်လဲဦးလေ

ဧည့်သည်တွေရောက်လာတော့မယ်

ဒီမှာဝတ်ထားတာပဲ သွားစမ်းပါကွာ

ငါတို့ယောက်ဖသာမဟုတ်လို့ကတော့

သူ့ကို သတ်ပစ်လိုက်ပြီ

သောက်ပါ ယောက်ဖ

စကော့ဝီစကီမလာခင် ဒါလေးအရင်သောက်ထားပါ

- ကြိုက်သွားလိမ့်မယ် သောက်ကြည့် - သောက်လိုက်

ကောင်းပြီ

အရင် ဂုဏ်ပြုရအောင်

ကြီးပွားပါစေ

အောင်မြင်ပါစေ

တိုးတက်ပါစေ

ဆရာချောင်ဓရီ လာနေပြီ ဆရာချောင်ဓရီ လာနေပြီ

မြန်မြန်ဝှက်

မှားသွားပါတယ် သား နောက်မဖြစ်စေရပါဘူး

မစ္စတာ ချောင်ဓရီ

- မစ္စတာချောင်ဓရီကို ချိန် - မင်္ဂလာပါ အဘ

- မင်္ဂလာပါ - ကျန်းမာချမ်းသာပါစေ

- အဆင်ပြေရဲ့လား - ဟုတ်ကဲ့ ပြေပါတယ်

ဘာလို့သူ့ကို အဘ အဘလို့ ခေါ်နေကြတာလဲ

သူတို့က မိဘမဲ့တွေလေ

ဆရာချောင်ဓရီက သူတို့ကျောင်းစရိတ်

နေစရိတ် စားစရိတ် အကုန်ထောက်ပံ့ထားတာ

ဒီလူက အဲဒီလောက်တောင် ရက်ရောသလား

အင်း တကယ်တော့ ဆရာချောင်ဓရီက သူတို့အဖေတွေကို သတ်ခဲ့တာ

ဘယ်လိုမိသားစုလဲ

မူကေ့ရှ်

စက်ဘီးတစ်စီးလောက် အပေါက်ဝမှာ မတွေ့မိဘူးလား

သမီးသိလား ရီနု

သမီးအမေ ဒီအိမ်ကို ရောက်လာတုန်းက

သမီးလို ပုံမျိုးလေးပဲ

ဒင်ပီကော

ဒင်ပီက ရီနုပစ္စည်းတွေနဲ့အလှတွေပြင်ပြီး ဓာတ်ပုံတွေရိုက်နေတယ်

သူ့အစ်မ မင်္ဂလာဆောင်တာ သူက ပိုပျော်နေတယ်

သူ့ကို သွားခေါ်လိုက်

ရီနု

အစ်ကိုကတော့လေ

သူ့ကို စိတ်မချဖြစ်နေတယ် မဟုတ်လား

သမီးကိုသိပ်ချစ်တာကိုး

၃၆ ရွာကလူတွေအားလုံး အစ်ကို့ကိုအတုယူနေရတာ

ဘာလို့သူ့ကို မခွဲနိုင်ဖြစ်နေရတာလဲ

ရီနု သမီးအဆေီက ဆုတောင်းမေတ္တာ ခံယူလိုက်

ဘာဖြစ်လို့လဲ

ဘာမှမကြောက်နဲ့

သမီးအတွက်အိမ်ထောင်ဖက်ကို အဖေသေချာရွေးထားတာ

မိကောင်းဖကောင်း ဂုဏ်သိက္ခာရှိအသိုင်းအ၀ိုင်းကပါ

သမီးကို ၀ိုင်းချစ်ကြလိမ့်မယ်

သိပ်မကြာခင် သမီးအဖေကိုတောင် မေ့သွားမှာ

မင်္ဂလာအချိန်ရောက်နေပြီ

ဓလေ့ထုံးစံတွေလုပ်ရတော့မယ်

သွား

အဆင်သင့်ပြင်

ပိတ်လိုက်စမ်း

သွားစမ်း

မျက်နှာပြစမ်း ပြောနေတာမကြားဘူးလား

သူ့ကို မီးထဲထည့်လိုက်

ကျောင်းဆရာရဲ့သားက ငါတို့သမီးကို ခိုးပြေးရဲတယ်

ရာကေ့ရှ် အခုလိုလုပ်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး

ကျွန်တော်သာကြိုသိရင်

သူ့ကို သတ်ပစ်ပါတယ်

ထစမ်း

သူက ဘယ်သူလဲ

ရာကေ့ရှ်သူငယ်ချင်း

လွန်ခဲ့တဲ့သုံးနှစ်က သူတို့ဒေလီမှာကျောင်းအတူတူတက်ခဲ့တာ

- တိတ်စမ်း - လူတစ်ယောက် မိန်းမခိုးရင်

သူ့သူငယ်ချင်းတွေက မသိဘဲမနေဘူး

- ဘယ်သူလဲ - ဘာတွေဖြစ်နေတာလဲ

- ခင်ဗျားတို့က ဘယ်သူတွေလဲ - မင်းက ဂျီတေ့ရှ်လား

ဟုတ်ကဲ့

ငါ့နာမည် ကရန်

နာမည်ကြားဖူးမှာပေါ့ ငါက ရုပ်ရှင်သရုပ်ဆောင်လေ

ဇာတ်လမ်းတွဲနှစ်ခု ရုပ်ရှင်နှစ်ကားမှာ ပါဖူးတယ်

ဒီတီးလုံးကြိုက်တယ်

ဒီကလပ် မိုက်တယ်

ဘာဖြစ်..

ရာကေ့ရှ် ဘယ်မှာလဲ

- ကျွန်တော်တို့ဘာမှမသိပါဘူး - အမှန်အတိုင်းပြောစမ်း

တောင်းပန်ပါတယ် တကယ်မသိတာပါ ကျွန်တော့်ကိုမရိုက်ပါနဲ့

ပြော ရာကေ့ရှ်ဘယ်မှာလဲ

- ပြောလေ မင်းကိုရိုက်မှာ - မလုပ်ပါနဲ့

ပြောလေ

ရာကေ့ရှ်ဘယ်မှာလဲ ပြော

ကျွန်တော်တို့ဘာမှမသိဘူး ဗာဗလူး..

ဗာဗလူးသိတယ်

ဗာဗလူးသိတယ်

ခဏလေး

ဗာဗလူးကို မေးကြည့်ပါ

သူတို့ အဲဒီနာမည်ပဲရွတ်နေတယ် ဗာဗလူးက ဘယ်သူလဲ

အဲဒီကောင်က တော်တော်လည်ပုံပဲ

အရမ်းသွက်တယ်

ကျွန်တော်တို့လူလွှတ်ပြီးရှာခိုင်းတယ် သူက ဘယ်တော့မှအိမ်မှာမရှိဘူး

- ခေါ်လာခဲ့ - ဟုတ်ကဲ့

ဆုခိ

ကားသွားထုတ်

လူများများခေါ်သွား

ဘာပြောတယ်

လူများများခေါ်သွားလို့ပြောတာ

လူများများခေါ်သွား

မင်းဗာဗလူးက ဆရာကြီးမို့လို့လား

ဆရာကြီးမဟုတ်ဘူး ဆရာ့ဆရာကြီး

မင်းက ဗာဗလူးလား

နာမည်လေးမေးတာ ဒီလောက်ဝိုင်းထားဖို့လိုလို့လား

- ရာကေ့ရှ်ဘယ်မှာလဲ - ဘယ်ရာကေ့ရှ်လဲ

ရာကေ့ရှ် ဂုပ္ပတလား ရာကေ့ရှ် တိဝါရိလား

ရာကေ့ရှ် ရိုရှန်လား

ဘယ် ရာကေ့ရှ်လဲ

မင်းနဲ့ကျောင်းအတူတူတက်ခဲ့တဲ့ ရာကေ့ရှ်

ငါတို့တူမကို သူခိုးပြေးသွားတယ်

ဘာပြောတယ်

အဲဒီ ရာကေ့ရှ်ကို

ရာကေ့ရှ်က မိန်းမခိုးပြေးသွားတယ်

ဂုဏ်ပြုပွဲလုပ်ရမှာပေါ့ ကျန်တဲ့လူတွေကို သတင်းပေးလိုက်ဦးမယ်

ဒီမှာ

ဒါ ဘီဘီသေနတ်

မလွဲဘူး တည့်တည့်မှန်တယ်

မတွန်းပါနဲ့ဗျာ

စကားနဲ့ပြောရင်ရရဲ့သားနဲ့ ဘာလို့လက်ပါတာလဲ

ဘာလို့လဲ ပါတော့ဘာလုပ်ချင်လို့လဲ

ပြန်ပါမလို့လား

လုပ်လေ ချလေကွာ

အစကတော့ ရည်ရွယ်ချက်မရှိဘူး

အခုတော့ရှိရတော့မယ်

မင်းက လူစွမ်းကောင်းဖြစ်ချင်တာပေါ့

ဘယ်တတ်နိုင်မလဲ

မဖြစ်မနေအကြောင်းဖန်လာမှတော့

ဖြစ်ရတော့မှာပေါ့

လိမ္မာစမ်းပါ ကောင်လေးရာ မဟုတ်ရင် မင်းနာလိမ့်မယ်

ကောင်းပြီလေ

အိုကေ

ပြောပြမယ်

تبصرې

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left